မန်မာနိုင်ငံ ဂီတအစည်းအရုံး အဆိုပြိုင်ပွဲတွင် မိန်းကလေးတစ်ဦး ဓားထိုးခံရ၍ သေဆုံး

အားကစား ရင်ပြင် အတွင်း အဆိုပြိုင်ပွဲ ကျင်းပပြုလုပ်နေသော စင်မြင့်နဘေးတွင် ပြိုင်ပွဲဝင် အမျိုးသမီးငယ် တစ်ဦး နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈း၀၀ အချိန်ခန့်က ဓားထိုးခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး ရံပုံငွေ (ထားဝယ်) အဆိုပြိုင်ပွဲနှင့် ကုန်စည်ပြပွဲတွင် မိန်းကလေးတစ်ဦး ဓားထိုးခံရ၍ သေဆုံး
ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစား ရင်ပြင် အတွင်း အဆိုပြိုင်ပွဲ ကျင်းပပြုလုပ်နေသော စင်မြင့်နဘေးတွင် ပြိုင်ပွဲဝင် အမျိုးသမီးငယ် တစ်ဦး နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈း၀၀ အချိန်ခန့်က ဓားထိုးခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဓားထိုးခံရပြီး သေဆုံးသူမှာ နော်ချစ်ပန်းတိုင် အမည်ရှိ ပိတောက်ရွှေဝါလမ်း ကရပ်ပြင်မြောက် တွင် နေထိုင်သူ အသက် ၂၁ အရွယ် အမျိုးသမီးဖြစ်ပြီး လည်ပင်း ထိုးသွင်း ဒဏ်ရာ နဖူးပြတ်ရှဒဏ်ရာများ ရရှိကာ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ရရှိဒဏ်ရာများဖြင့် ကွယ်လွန် ခဲ့သည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး ရံပုံငွေ(ထားဝယ်) အဆိုပြိုင်ပွဲနှင့် ကုန်စည်ပြပွဲတွင် ဈေးဆိုင်ခန်းပေါင်း (၁၀၀)ခန်း ရှိပြီး (၁၈-၁၁-၂၀၁၆)မှ (၂၁-၁၁-၂၀၁၆) ရက်နေ့အထိ (၄)ရက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...