အနာဂတ်ရဲ့ အူဝဲ ဖြစ်လာမယ့် ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုး ဆိုတာ အားလုံး သဲသဲလှုပ်ချစ်ရတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ပါ။ နာမည်ကြီး အကယ်ဒမီရုပ်ရှင်မင်းသား လွင်မိုးရဲ့ သမီးကြီးဖြစ်ပြီး အနုပညာသွေးနှောသူမို့ အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လို့နေပါတယ်။ ပုရိသ ပရိသတ်တွေကြားမှာတော့ "ခေး" ဆိုပြီး နာမည်အရမ်းကြီးတဲ့ သူမဟာမကြာခင်မှာနိုင်ငံခြားသို့သွားရောက်ပညာသင်ယူတော့မှာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားခြင်းမရှိပေမယ့် မဂ္ဂဇင်းကာဗာတွေ ပိုစတာတွေ ကြော်ငြာတော်တော်များများမှာတော့ ပါဝင်ရိုက်ကူးထားတာတွေ တွေ့ရပါတယ်။ ယခုအချိန်မှာတော့ ငယ်သေးတာမို့ အနုပညာအလုပ်ကို လုပ်ကိုင်ဦးမှာ မဟုတ်သေးတဲ့ သူမဟာ မကြာခင်ပြည်ပမှာ သွားရောက်ပညာသင်တော့မှာဖြစ်ပြီး မိဘတွေနဲ့ တိုင်ပင်ကာ အနုပညာအလုပ်တွေ လုပ်ဖြစ်မလုပ်ဖြစ်ကိုတော့ စဉ်းစားသွားဦးမယ် ဆိုပြီး ပြောသွားပါတယ်။

သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ အနုပညာအလုပ်တွေလုပ်ပါဦး လို့ ပြောဆိုနေကြပြီး သူမသာ အနုပညာလောကထဲ ဝင်လာမယ်ဆိုရင် အနာဂတ်ရဲ့ အိန္ဒြာကျာ်ဇင်(အူဝဲ) ဖြစ်လာမှာပါ ဆိုပြီး ပြောဆိုသံတွေ ကြားနေရပါတယ်။

Credit:Myanmarload

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...