ခဏတစ္ျဖဳတ္… ထို ကိစၥ… သိၿပီးရင္ေတာ့ တစ္ခုခု ေျပာခဲ့ပါဦးေနာ္။


တဏွာဆိုတဲ့ တပ္မက္ျခင္း မွာ အေၾကာင္းအရာ ေတြမ်ားျပား လွပါတယ္။ စားခ်င္၊ ဝတ္ခ်င္၊ လွပခ်င္၊ လိုခ်င္၊ ပိုင္ဆိုင္ခ်င္၊ ခ်မ္းသာခ်င္စသည့္ တပ္မက္မႈ တဏွာမ်ားစြာ ေတြထဲက ကာမ တဏွာက လည္းအပါ အဝင္ျဖစ္ ပါတယ္။ လူ႔ေလာကမွာ အဖိုနဲ႔ အမ ႏွစ္မ်ိဳးရွိၾကသလို တိရိစၦာန္ သတၲဝါေတြ ထဲမွာ အဖိုနဲ႔အမ သာ ရွိၾကတာ သိၾကၿပီးသားပါ။ အဖို အမ ေပါင္းစပ္မႈေၾကာင့္သာ ေမြး ဖြားေပါက္ဖြား လာခဲ့ၾကတာပဲျဖစ္ ပါတယ္။
အသိဉာဏ္ ရွိေသာလူသား ေတြ အလုပ္အကိုင္ ရွာေဖြစား ေသာက္ၾကရာမွာ လုပ္ငန္းမ်ိဳးစံုရွိ တဲ့အထဲက ကိုယ္ခႏၶာကို ရင္းႏွီး ရွာေဖြစားေသာက္ ၾကရတဲ့ အမ်ိဳး သမီးေတြ ရွိသလို အဲဒီမိန္းကေလး ေတြကို စီမံအုပ္ခ်ဳပ္ လုပ္ငန္းခြဲ ေဝ ဆက္သြယ္ ေဆာင္ရြက္ေပး ရတဲ့ ‘ေဂါင္း’လည္း ရွိလာျပန္ပါ တယ္။ လူေတြဟာ ကာမတဏွာ နဲ႔ပတ္သက္လာရင္ အလြန္အမင္း ထက္သန္တဲ့ ေယာက်ာ္းေတြ မိန္းမေတြလည္း ရွိတတ္ၾက ပါေသး တယ္။ သံဝါသကိစၥမွာ အလြန္ ေပ်ာ္ေမြ႕ ေပ်ာ္ပိုက္ တတ္ၾကတဲ့ သူေတြျဖစ္ၾကပါတယ္။
အနည္းငယ္ ျဖတ္ၿပီးေျပာ လိုက္ပါဦးမယ္။ လူေတြကို ” ဒု၊ သ၊န၊ေသာ”ေရွာင္ဖို႔ ဗုဒၶဘုရားရဲ႕ တရားေတာ္မွာ တိုက္တြန္းထား ေပမယ့္ ကာမတဏွာ ေၾကာင့္ မေမွ်ာ္လင့္ေသာ အေၾကာင္းကိစၥ ေတြ ျဖစ္လာတတ္ ၾကပါ တယ္။ ဒါေၾကာင့္လည္း တရားဥပေဒမွာ လင္ခိုးမႈ၊ မယားခိုးမႈ ဆိုတဲ့ အမႈ ကိစၥေတြအတြက္ဥပေဒပုဒ္မေတြ ထားၾကရတာေပါ့။ ကာမတဏွာ လြန္ၾကဴးလာတဲ့အခါ အသက္ ကိုရန္ရွာဖို႔ မေၾကာက္ေတာ့တဲ့ အထိ စိတ္ေတြေျပာင္းလဲလာတတ္ ၾကပါတယ္။ ျပင္ပေလာကမွာ လည္းျဖစ္တာပါပဲ။အစိုးရဝန္ထမ္း ေလာကထဲ မွာလည္းျဖစ္တတ္ၾက တာပါပဲ။ အျပင္ေလာကႀကီးရဲ႕ အမႈကိစၥေတြကိုေတာ့ မႈခင္းဂ်ာ နယ္ မဂၢဇင္းေတြမွာ ဖတ္႐ႈၾကရ ပါလိမ့္မယ္။
ဝန္ထမ္းေလာကအမႈ အခင္းေတြကိုေတာ့ၾကား႐ံုသက္ သက္မွ်ပါပဲ။ျမန္မာတစ္ႏိုင္ ငံလံုး မွာ ေန႔စဥ္နဲအမွ်ျဖစ္ေပၚေနတဲ့မႈ ခင္းကိစၥေတြကို ၾကည့္ရင္ကာမ တဏွာေၾကာင့္ ျဖစ္ၾကတဲ့ အမႈ ကိစၥေတြ မ်ားစြာရွိေနပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတာ္ေတာ္ မ်ားမ်ားက ျပင္ဦးလြင္ ေလ့က်င့္ ေရးတပ္မွာျဖစ္ခဲ့တဲ့လူသတ္မႈကို မႏၱေလးျပင္ ဦးလြင္ အနီးတစ္ဝိႈက္ ကသူေတြေတာ့သိခဲ့ရၾကမွာပါ။ မိမိတို႔ရဲ႕ ဂုဏ္သိကၡာ ရာထူးကို ေမ့ေပ်ာက္ၿပီး ကာမတဏွာလြန္ကဲ ခဲ့ၾကရာမွ ခင္ပြန္းျဖစ္သူကို လင္ ငယ္နဲ႔ပူးေပါင္းၿပီးသတ္ျဖတ္ အစ ေဖ်ာက္ခဲ့တဲ့ အမႈႀကီးေပါ့။
အေတာ္ ေလးကို ေလ့လာစံုစမ္း ေထာက္ လွမ္းၿပီးမွ အမႈမွန္ေပၚလာခဲ့ရပါ ေတာ့တယ္။ အရာရွိ ရဲ႕ ဇနီးက အိမ္မွာ ယာဥ္ေမာင္းဖို႔တာဝန္ယူ ထားတဲ့ ကားဒ႐ိုင္ဘာနဲ႔ေဖာက္ ျပားခဲ့ၾကတယ္။ ခင္ပြန္းျဖစ္သူက တျဖည္းျဖည္းရိပ္မိလာေတာ့ ခင္ ပြန္းကိုသတ္ အစေဖ်ာက္ၿပီး အ ေလာင္းကို အိမ္ေနာက္ က ငွက္ ေပ်ာေတာထဲမွာ သြားျမႇဳပ္ထား ခဲ့ၾကတယ္။ ခင္ပြန္းျဖစ္သူ အမဲ လိုက္သြားတာ ျပန္မလာဘူးဆို ၿပီး ေျပာဆိုအသံလႊင့္ခဲ့တယ္။ တာဝန္ရွိသူေတြက ေတာပစ္ တတ္တဲ့ေနရာေတြကို လိုက္လံ စံုစမ္းေထာက္ လွမ္းတယ္။ မထူး ျခားဘူး။
အိမ္ေပၚမွာလည္းရွာေဖြ စစ္ေဆးၾကပါတယ္။ သဲလြန္စ ဘာေတြ႕သြားလဲဆိုေတာ့ သူမရဲ႕ ခင္ပြန္းဟာ အသက္အရြယ္ အရ မ်က္မွန္မတပ္ခဲ့ရင္ ေတာပစ္လို႔ မရႏိုင္ဘူးဆိုတာပါ။ခင္ပြန္းသည္ တပ္ေနက် မ်က္မွန္ကိုဘုရားစင္ ေပၚမွာသြားေတြ႕တယ္။ မ်က္မွန္ ရွိေနတဲ့အတြက္ ေတာပစ္သြား တာ မဟုတ္ဘူးဆိုတဲ့ အေျဖကို ရၿပီး ႏိႈက္ႏိႈက္ခြ်တ္ခြ်တ္ စစ္ေဆး ရာကလူသတ္မႈႀကီးဟာ ရွင္းရွင္း ဘြင္း ဘြင္းႀကီးေပၚေပါက္လာခဲ့ရ ပါေတာ့တယ္။ ကာမတဏွာဟာ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္း ပါသလဲဗ်ာ။
ေနာက္ျဖစ္ရပ္ေလးတစ္ခု ကေတာ့ကာမ တဏွာေပၚစြဲလမ္း တပ္မက္တဲ့အျပင္ အရြယ္ႏုနယ္ မႈကို လိုလားတပ္မက္တဲ့ ျဖစ္ရပ္ ပါ။ ဒီျဖစ္စဥ္က မိထၳီလာၿမိဳ႕က တပ္တစ္ခုမွာ ျဖစ္ခဲ့တာပါ။ တပ္ ရဲ႕ အႀကီးအကဲ ဇနီးက ငယ္ရြယ္ တဲ့ အရာရွိငယ္ေလးနဲ႔ ေဖာက္ ျပန္ခဲ့ၾကတဲ့ ဇာတ္လမ္းေပါ့။ လူ႕ ရဲ႕ အသက္ကိုေတာ့ ရန္မရွာပါ ဘူး။ ခင္ပြန္းသည္ ေရွ႕တန္းသြား ေနတုန္း လြန္ၾကဴးမိၾကတဲ့သူတို႔ ရဲ႕ ျဖစ္စဥ္ကို စာေတြ ဆက္ သြယ္ ရာမွတဆင့္ သိရွိသြားခဲ့ၿပီးအရာ ရွိငယ္ ေထာင္က်သြားခဲ့ရတဲ့အ ျဖစ္တစ္ခုပါ။ ၾကာလည္းၾကာခဲ့ ပါၿပီ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ကာမ တဏွာေနာက္လိုက္မိရာကေန ေထာင္က်ခဲ့ရတဲ့ အျဖစ္ဆိုးကို သင္ခန္းစာယူေစ ခ်င္တာပါ။
ေကာင္းၿပီ။ ကာမတဏွာ သတၲဝါႀကီးအတြက္ မသင့္ ေတာ္တာေတြမလုပ္ၾကပဲဒီထက္ အဆင္ေျပေစမယ့္ ေငြေပးၿပီး ေပ်ာ္ပါးႏိုင္တဲ့ အေပ်ာ္ မိန္းက ဘူးလားလို႔ ေမးစရာရွိပါတယ္။လူ တစ္ေယာက္ကေျပာဘူးပါ တယ္။ မလြတ္မလပ္သူေတြနဲ႔ လူမႈေရး ေဖာက္ျပန္မႈေတြျပဳေနမယ့္အစား အႏွီကိစၥအတြက္ ေငြေပးၿပီးရႏိုင္ တဲ့ေနရာေတြရွိေနပါတယ္။
က်ဳပ္ တို႔ကေတာ့ေငြေပးတဲ့စနစ္ပဲက်င့္ သံုးတယ္ဆိုပဲ။ စာေရးသူတို႔ ငယ္ စဥ္အခ်ိန္က ေအကိုက္တယ္ ဆိုတဲ့ ေရာဂါဆိုးေတြမရွိေသး ပါဘူး။ ထိုစဥ္က ယေန႔တီဗီမွာ ေၾကာ္ျငာေ ပးေနေသာ ‘ အေဖာ္’ ဆိုတဲ့ပစၥည္းကို မသံုးခဲ့ရင္လည္း ျပႆနာမရွိခဲ့ဘူး။ လူေတြအသံုး မ်ားတဲ့မိန္း ကေ လးေတြနဲ႔ ဆက္ ဆံမိရင္သာသူတို႔မွာရွိေနတတ္တဲ့ ဆစ္ဖလစ္ပိုးေၾကာင့္ ကိုဖိုးၾကာ ဘြဲ႕ကိုရ ယံုေလာက္ သာျဖစ္ခဲ့ၾက ပါတယ္။ ကိုဖိုးၾကာရဲ႕ အႏၱရာယ္ ကိုေတာ့ ပင္နယ္စလင္ ၅သိန္း အား ခပ္ျပင္းျပင္းေလး ထိုးလိုက္ တာနဲ႔ ေပ်ာက္သြားၾကရပါတယ္။
ဒီဘက္ေခတ္မွာေတာ့ ေရာ ဂါပိုးဆန္းေတြရဲ႕ အေျခအေနက ဌာနဆိုင္ရာေတြမွာ ရာထူးႀကီး ႀကီးေပးသလို ဗွီႈ ဆိုတဲ့ အ ဆင့္ျမင့္ ေရာဂါပိုးႀကီး ျဖစ္ေနၾကပါ ၿပီ။ ကုရာနတၳိ ေဆးမရွိမို႔ မည္သို႔ ပင္ျဖစ္ေစ ကာမတဏွာ အတြက္ အေပ်ာ္မိန္းကေလးမ်ားႏွင့္ စခန္း သြားေျဖေဖ်ာက္ရန္မသင့္ေတာ့ပါ။ ဒါေတာင္ တစ္ေယာက္ ကေျပာ ေသးတယ္။ မင္းတုန္းမင္းၾတား ႀကီးေတာင္ မိဖုရားေတြ၊ေမာင္းမ မိတ္သံေတြ မ်ားစြာရွိေနတဲ့ၾကား က မေၾကနပ္ႏိုင္ေသးလို႔ နန္းျပင္ ကိုထြက္ၿပီးတိတ္တဆိတ္ေပ်ာ္ ပါးေသးတာပဲ၊ေယာက်ာ္းပဲကြာ၊ ကိုယ့္ အတြက္ေနာင္ျဖစ္လာမယ့္ အႏၱရာယ္ကို ကာကြယ္ၿပီးသြား တာေပါ့လို႔လည္းေျပာတာကို ၾကားခဲ့ရပါေ သးတယ္။
စာေရးသူရဲ႕ တပည့္ေလး တစ္ေယာက္ငယ္ငယ္ ရြယ္ရြယ္ နဲ႔ ဗကိုက္တဲ့ ေရာဂါနဲ႔ေသေတာ့ ဘယ္လိုျဖစ္ရ တာလဲဆိုၿပီး စံုစမ္း ၾကည့္ပါတယ္။ တပည့္ေတြက အဘေရ …. အေရးအခင္း ကာလၿပီးေတာ့အခ်ိဳ႕ မိန္းကေလး ေတြက လုပ္ကိုင္ ရွာေဖြ စား ေသာက္ရတာ ခက္တယ္ထင္ပါ တယ္။ ေပါလိုက္တဲ့ မိန္းမေတြ၊ မႏၱေလးၿမိဳ႕မွာ ဘယ္ေလာက္ထိ ေဈးေပါသလဲဆိုရင္၁၀/၂၀က်ပ္ ေလာက္နဲ႔လည္း အဲဒီကာလက အဆင္ေျပ ခဲ့ၾကတာ။ အဲဒီအခ်ိန္ က ပတ္သက္ခဲ့တဲ့ အျဖစ္ေတြ ေၾကာင့္ ထိခဲ့ရတယ္လို႔ ထင္ရ တာပါပဲတဲ့။
ယေန႔ကာလလည္း ျပည့္ တန္ဆာေတြဆိုတာ ရွိေနဆဲလို႔ သိေနရပါတယ္။ ရွိေနလို႔လည္း အေဖာ္ဆိုတဲ့ ကြန္ဒံုးကိုတရားဝင္ ေၾကာ္ျငာေပးေနရပါတယ္။ ခုခံ အား က်ဆင္းမႈ ေရာဂါအတြက္ ကာကြယ္ဖို႔ နည္း လမ္းေတြကို လည္းျဖန္႔ေဝေပးေနတာ မဟုတ္ ပါလား။ ျပည့္တန္ဆာလုပ္ငန္း အတြက္အျခားႏိုင္ငံေတြ လိုတရား ဝင္လုပ္ကိုင္ခြင့္ မေပးတာပဲရွိပါ တယ္။ တရားဝင္လုပ္ကိုင္ခြင့္ေပး လိုက္ရင္ ျပည့္တန္ဆာေတြ နဲ႔ ပတ္သက္တဲ့ အသင္းအဖြဲ႕ေတြ ေပၚလာဦးမလား မေျပာတတ္ပါ ဘူး။ တခ်ိဳ႕က ျပည့္တန္ဆာဆို တာ တိုင္းျပည္ရဲ႕ တန္ဆာတစ္ခု မို႔ ရွိသင့္တယ္လို႔ ဆိုေနၾကတာ လည္း ၾကားေနရပါတယ္။
ျပည့္တန္ဆာနဲ႔ ပတ္သက္ တဲ့အေၾကာင္းေရးဖို႔ပတ္ဝန္းက်င္ ကိုေလ့လာရင္း ဟိုေမးဒီေမးလုပ္ ခဲ့ပါေသး တယ္။ လက္ရွိဝန္ထမ္း တစ္ေယာက္က ကြ်န္ေတာ့္ဘဝ မွာလံုးဝကင္းရွင္းပါတယ္လို႔အာမခံ ခ်က္ေပးပါ တယ္။ ဒါေပမယ့္သူ ငယ္စဥ္ကရာထူးတိုးစာေမးပြဲေျဖ ဖို႔ အတြက္ ေပ်ာ္ဘြယ္ကေန မႏၱေလးလာၿပီး ၇၃လမ္းေပၚ က ‘ စိန္သိန္း’ တည္းခိုခန္းမွာ ဆယ္ ရက္ေလာက္ စာက်က္ေနရင္း တည္းခိုခဲ့တယ္တဲ့။ ေရာက္စ တည္းခိုခန္းထဲ စာက်က္ေနစဥ္ မသိကြ်မ္းဖူးတဲ့ မိန္းကေလးတစ္ ေယာက္က အခန္းတံခါးကိုလာ ေခါက္ၿပီး မိတ္ဆက္လာတယ္။
တစ္ရက္မဟုတ္၊ႏွစ္ရက္သံုးရက္ တံခါးလာေခါက္ေတာ့ ငါက စာ ေမးပြဲ ေျဖမလို႔ စာက်က္ေနတာ၊ ဒီကိစၥေတြ စိတ္မဝင္စားဘူး၊ မေႏွာက္ယွက္ပါနဲ႔၊ စာပဲစိတ္ဝင္ စားတယ္ လို႔ေျပာခဲ့ေၾကာင္း ေျပာ ျပပါတယ္။ ကံေကာင္းခ်င္ျပန္ ေတာ့ စာေမးပြဲေျဖမယ့္ ျပည္သူ႔ ရဲေတြေနာက္ တစ္ေန႔ လာတည္း ၾကတဲ့အခါ အဲဒီ မိန္းကေလး လည္း တည္းခိုးခန္းမွာ အသံ ေတာင္ မၾကားရေတာ့ ပါဘူးလို႔ လည္းထပ္ေျပာျပေတာ့သူ႔စကား ကိုယံုၾကည္လိုက္ပါတယ္။
ဝန္ထမ္း၊ အရပ္သား၊အႏု ပညာသမားမ်ား၊ ကုမၸဏီေတြ ထဲမွာမိန္းမကိစၥအတြက္ မေရွာင္ ႏိုင္ၾကတာေတြ အမ်ားႀကီးပါ။ မိမိမွာ ကာမပိုင္ရွိရက္နဲ႔ လုပ္ငန္း ခြင္မွာနီးစပ္မႈသံေယာဇဥ္ေတြျဖစ္ ၾကၿပီး အိမ္ေထာင္ေရး ပ်က္စီး ၾကတာေတြလည္းအမ်ားႀကီးပါ။ ဇနီးက႐ႈပ္လို႔ေယာက်ာ္းကတရား ဝင္ကြာရွင္းတာ၊ ေယာက်ာ္းက ေဖာက္ျပန္လို႔ဇနီးျဖစ္သူက ကြာ ရွင္းတာေတြသတင္းစာေတြထဲ မွာလည္း ေတြ႕ေတြ႕ ေနၾကရပါ တယ္။ အထူးသျဖင့္အမ်ိဳးသမီး ေတြက ေယာက်ာ္းေတြအေပၚ ေသာက္စားတတ္တာေလာက္ ကိုခြင့္ လြတ္ႏို င္ၾကေပ မယ့္ေဖာက္ ျပန္တဲ့ကိစၥ၊ အေပ်ာ္မိန္းမလိုက္ စားေနၾကတဲ့ကိစၥေတြကို လံုးဝ ခြင့္ မလြတ္ တတ္ၾကပါဘူး။ မုန္႔ ကိုသာ ေဝစားႏိုင္မယ္ ဆိုတဲ့ စကားမ်ိဳးလိုပါပဲ။
အခ်ိဳ႕ေသာ အရာရွိႀကီး ေတြက မိန္းမေတြနဲ႔ ေပ်ာ္ပါးဖို႔ တပည့္ေတြကိုရွာေဖြခိုင္းၿပီး ေပ်ာ္ ပါးတတ္ၾကတာကို လည္းေတြ႕ရ ပါတယ္။ လုပ္ငန္းခြင္မွာ သိကၡာ က အေရးႀကီးပါတယ္။ အခ်ိဳ႕က လုပ္ငန္းကိစၥ ေအာင္ျမင္အဆင္ ေျပဖို႔ မိန္းမနဲ႔ ျမဴဆြယ္တတ္ၾက တာေတြလည္း ရွိတတ္ပါတယ္။ ကာမတဏွာနဲ႔ပတ္သက္ၿပီးထိမ္း သိမ္းေရွာင္ရွားႏိုင္ၾကရင္အေကာင္း ဆံုးပါပဲ။
မိန္းမနား မကပ္ရရင္မေန ႏိုင္တဲ့ေယာက်ာ္းနဲ႔ ေယာက်ာ္နဲ႔ မဆက္ဆံရရင္မေနႏိုင္တဲ့ ဟတၳနီ လို မိန္းမေတြ လည္း ရွိတတ္ပါ တယ္။ စာေရးသူ အရာရွိဘဝ ဗထူးရပ္ေစာက္မွာ ခြဲမွဴးသင္တန္း တက္ရေတာ့ အခ်ိဳ႕သင္ တန္းသား အရာရွိေတြက မိန္းကေလးေတြနဲ႔ ေပ်ာ္ပါးဖို႔ ေအာင္ပန္းၿမိဳ႕အထိ သြားတတ္ၾကတယ္။ ေအာင္ပန္း ကပြင့္သစ္စ တည္းခိုခန္းမွာ မိန္း ကေလးေတြ ေပါတယ္ေလ။ ဒါကို သိေနတဲ့ သင္တန္းမွဴး ဗိုလ္မွဴး သိန္းေအာင္ကအရာရွိမ်ား အသိ တရား၊သတိတရားနဲ႔ဆင္ျခင္ၿပီး ေနထိုင္ၾကပါ၊သြားၾကလာၾကပါ။ တကယ္ လို႔ မေအာင့္ႏိုင္ဘူးမေန ႏိုင္ဘူးဆိုရင္မိုးေပၚသာ ေထာင္ ေဖာက္လိုက္ၾကပါလို႔ ေျပာခဲ့ပါ တယ္။ အစက သေဘာမေပါက္ ၾကဘူး။ေနာက္မွစဥ္းစားရင္းေတြး ရင္းသေဘာေပါက္မွဝါးကနဲရယ္ ၾကရပါေတာ့တယ္။
ထို႔ေၾကာင့္ ကာမတဏွာ ဘက္ လြန္ကြ်ံတာ မေကာင္းပါ ဘူး။မိမိကိုယ္မိမိထိန္းသိမ္းျခင္း ျဖင့္ ဘာသာေရး၊က်န္းမာေရး၊ လူမႈေရးမ်ားတြင္ အားျပဳႏိုင္ၾကပါေစ။ မေကာင္းေသာမိန္းမ ျပည့္တန္ဆာမွန္း သိရက္ႏွင့္ မေကာင္း မႈတြင္ေပ်ာ္ေမြ႕ပါက တခဏတာ ေကာင္းျခင္းနဲ႔သာ ႀကံဳေတြၾကရ ၿပီး ထာဝရအတြက္ ဒုကၡမ်ားစြာ ေတြ႕ႏိုင္ပါေၾကာင္းေစတနာထား ေရးသားလိုက္ရပါသည္။
ေစာေအာင္(တီက်စ္)
SHADE JOURNAL
============
တဏှာဆိုတဲ့ တပ်မက်ခြင်း မှာ အကြောင်းအရာ တွေများပြား လှပါတယ်။ စားချင်၊ ဝတ်ချင်၊ လှပချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်၊ ချမ်းသာချင်စသည့် တပ်မက်မှု တဏှာများစွာ တွေထဲက ကာမ တဏှာက လည်းအပါ အဝင်ဖြစ် ပါတယ်။ လူ့လောကမှာ အဖိုနဲ့ အမ နှစ်မျိုးရှိကြသလို တိရိစ္ဆာန် သတ္တဝါတွေ ထဲမှာ အဖိုနဲ့အမ သာ ရှိကြတာ သိကြပြီးသားပါ။ အဖို အမ ပေါင်းစပ်မှုကြောင့်သာ မွေး ဖွားပေါက်ဖွား လာခဲ့ကြတာပဲဖြစ် ပါတယ်။
အသိဉာဏ် ရှိသောလူသား တွေ အလုပ်အကိုင် ရှာဖွေစား သောက်ကြရာမှာ လုပ်ငန်းမျိုးစုံရှိ တဲ့အထဲက ကိုယ်ခန္ဓာကို ရင်းနှီး ရှာဖွေစားသောက် ကြရတဲ့ အမျိုး သမီးတွေ ရှိသလို အဲဒီမိန်းကလေး တွေကို စီမံအုပ်ချုပ် လုပ်ငန်းခွဲ ဝေ ဆက်သွယ် ဆောင်ရွက်ပေး ရတဲ့ ‘ဂေါင်း’လည်း ရှိလာပြန်ပါ တယ်။ လူတွေဟာ ကာမတဏှာ နဲ့ပတ်သက်လာရင် အလွန်အမင်း ထက်သန်တဲ့ ယောကျာ်းတွေ မိန်းမတွေလည်း ရှိတတ်ကြ ပါသေး တယ်။ သံဝါသကိစ္စမှာ အလွန် ပျော်မွေ့ ပျော်ပိုက် တတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။
အနည်းငယ် ဖြတ်ပြီးပြော လိုက်ပါဦးမယ်။ လူတွေကို ” ဒု၊ သ၊န၊သော”ရှောင်ဖို့ ဗုဒ္ဓဘုရားရဲ့ တရားတော်မှာ တိုက်တွန်းထား ပေမယ့် ကာမတဏှာ ကြောင့် မမျှော်လင့်သော အကြောင်းကိစ္စ တွေ ဖြစ်လာတတ် ကြပါ တယ်။ ဒါကြောင့်လည်း တရားဥပဒေမှာ လင်ခိုးမှု၊ မယားခိုးမှု ဆိုတဲ့ အမှု ကိစ္စတွေအတွက်ဥပဒေပုဒ်မတွေ ထားကြရတာပေါ့။ ကာမတဏှာ လွန်ကြူးလာတဲ့အခါ အသက် ကိုရန်ရှာဖို့ မကြောက်တော့တဲ့ အထိ စိတ်တွေပြောင်းလဲလာတတ် ကြပါတယ်။ ပြင်ပလောကမှာ လည်းဖြစ်တာပါပဲ။အစိုးရဝန်ထမ်း လောကထဲ မှာလည်းဖြစ်တတ်ကြ တာပါပဲ။ အပြင်လောကကြီးရဲ့ အမှုကိစ္စတွေကိုတော့ မှုခင်းဂျာ နယ် မဂ္ဂဇင်းတွေမှာ ဖတ်ရှုကြရ ပါလိမ့်မယ်။
ဝန်ထမ်းလောကအမှု အခင်းတွေကိုတော့ကြားရုံသက် သက်မျှပါပဲ။မြန်မာတစ်နိုင် ငံလုံး မှာ နေ့စဉ်နဲအမျှဖြစ်ပေါ်နေတဲ့မှု ခင်းကိစ္စတွေကို ကြည့်ရင်ကာမ တဏှာကြောင့် ဖြစ်ကြတဲ့ အမှု ကိစ္စတွေ များစွာရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်တော်တော် များများက ပြင်ဦးလွင် လေ့ကျင့် ရေးတပ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို မန္တလေးပြင် ဦးလွင် အနီးတစ်ဝှိုက် ကသူတွေတော့သိခဲ့ရကြမှာပါ။ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ရာထူးကို မေ့ပျောက်ပြီး ကာမတဏှာလွန်ကဲ ခဲ့ကြရာမှ ခင်ပွန်းဖြစ်သူကို လင် ငယ်နဲ့ပူးပေါင်းပြီးသတ်ဖြတ် အစ ဖျောက်ခဲ့တဲ့ အမှုကြီးပေါ့။
အတော် လေးကို လေ့လာစုံစမ်း ထောက် လှမ်းပြီးမှ အမှုမှန်ပေါ်လာခဲ့ရပါ တော့တယ်။ အရာရှိ ရဲ့ ဇနီးက အိမ်မှာ ယာဉ်မောင်းဖို့တာဝန်ယူ ထားတဲ့ ကားဒရိုင်ဘာနဲ့ဖောက် ပြားခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူက တဖြည်းဖြည်းရိပ်မိလာတော့ ခင် ပွန်းကိုသတ် အစဖျောက်ပြီး အ လောင်းကို အိမ်နောက် က ငှက် ပျောတောထဲမှာ သွားမြှုပ်ထား ခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူ အမဲ လိုက်သွားတာ ပြန်မလာဘူးဆို ပြီး ပြောဆိုအသံလွှင့်ခဲ့တယ်။ တာဝန်ရှိသူတွေက တောပစ် တတ်တဲ့နေရာတွေကို လိုက်လံ စုံစမ်းထောက် လှမ်းတယ်။ မထူး ခြားဘူး။
အိမ်ပေါ်မှာလည်းရှာဖွေ စစ်ဆေးကြပါတယ်။ သဲလွန်စ ဘာတွေ့သွားလဲဆိုတော့ သူမရဲ့ ခင်ပွန်းဟာ အသက်အရွယ် အရ မျက်မှန်မတပ်ခဲ့ရင် တောပစ်လို့ မရနိုင်ဘူးဆိုတာပါ။ခင်ပွန်းသည် တပ်နေကျ မျက်မှန်ကိုဘုရားစင် ပေါ်မှာသွားတွေ့တယ်။ မျက်မှန် ရှိနေတဲ့အတွက် တောပစ်သွား တာ မဟုတ်ဘူးဆိုတဲ့ အဖြေကို ရပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ရာကလူသတ်မှုကြီးဟာ ရှင်းရှင်း ဘွင်း ဘွင်းကြီးပေါ်ပေါက်လာခဲ့ရ ပါတော့တယ်။ ကာမတဏှာဟာ ဘယ်လောက်ကြောက်ဖို့ကောင်း ပါသလဲဗျာ။
နောက်ဖြစ်ရပ်လေးတစ်ခု ကတော့ကာမ တဏှာပေါ်စွဲလမ်း တပ်မက်တဲ့အပြင် အရွယ်နုနယ် မှုကို လိုလားတပ်မက်တဲ့ ဖြစ်ရပ် ပါ။ ဒီဖြစ်စဉ်က မိထ္ထီလာမြို့က တပ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ တပ် ရဲ့ အကြီးအကဲ ဇနီးက ငယ်ရွယ် တဲ့ အရာရှိငယ်လေးနဲ့ ဖောက် ပြန်ခဲ့ကြတဲ့ ဇာတ်လမ်းပေါ့။ လူ့ ရဲ့ အသက်ကိုတော့ ရန်မရှာပါ ဘူး။ ခင်ပွန်းသည် ရှေ့တန်းသွား နေတုန်း လွန်ကြူးမိကြတဲ့သူတို့ ရဲ့ ဖြစ်စဉ်ကို စာတွေ ဆက် သွယ် ရာမှတဆင့် သိရှိသွားခဲ့ပြီးအရာ ရှိငယ် ထောင်ကျသွားခဲ့ရတဲ့အ ဖြစ်တစ်ခုပါ။ ကြာလည်းကြာခဲ့ ပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမ တဏှာနောက်လိုက်မိရာကနေ ထောင်ကျခဲ့ရတဲ့ အဖြစ်ဆိုးကို သင်ခန်းစာယူစေ ချင်တာပါ။
ကောင်းပြီ။ ကာမတဏှာ သတ္တဝါကြီးအတွက် မသင့် တော်တာတွေမလုပ်ကြပဲဒီထက် အဆင်ပြေစေမယ့် ငွေပေးပြီး ပျော်ပါးနိုင်တဲ့ အပျော် မိန်းက ဘူးလားလို့ မေးစရာရှိပါတယ်။လူ တစ်ယောက်ကပြောဘူးပါ တယ်။ မလွတ်မလပ်သူတွေနဲ့ လူမှုရေး ဖောက်ပြန်မှုတွေပြုနေမယ့်အစား အနှီကိစ္စအတွက် ငွေပေးပြီးရနိုင် တဲ့နေရာတွေရှိနေပါတယ်။
ကျုပ် တို့ကတော့ငွေပေးတဲ့စနစ်ပဲကျင့် သုံးတယ်ဆိုပဲ။ စာရေးသူတို့ ငယ် စဉ်အချိန်က အေကိုက်တယ် ဆိုတဲ့ ရောဂါဆိုးတွေမရှိသေး ပါဘူး။ ထိုစဉ်က ယနေ့တီဗီမှာ ကြော်ငြာေ ပးနေသော ‘ အဖော်’ ဆိုတဲ့ပစ္စည်းကို မသုံးခဲ့ရင်လည်း ပြဿနာမရှိခဲ့ဘူး။ လူတွေအသုံး များတဲ့မိန်း ကေ လးတွေနဲ့ ဆက် ဆံမိရင်သာသူတို့မှာရှိနေတတ်တဲ့ ဆစ်ဖလစ်ပိုးကြောင့် ကိုဖိုးကြာ ဘွဲ့ကိုရ ယုံလောက် သာဖြစ်ခဲ့ကြ ပါတယ်။ ကိုဖိုးကြာရဲ့ အန္တရာယ် ကိုတော့ ပင်နယ်စလင် ၅သိန်း အား ခပ်ပြင်းပြင်းလေး ထိုးလိုက် တာနဲ့ ပျောက်သွားကြရပါတယ်။
ဒီဘက်ခေတ်မှာတော့ ရော ဂါပိုးဆန်းတွေရဲ့ အခြေအနေက ဌာနဆိုင်ရာတွေမှာ ရာထူးကြီး ကြီးပေးသလို ဗှီှု ဆိုတဲ့ အ ဆင့်မြင့် ရောဂါပိုးကြီး ဖြစ်နေကြပါ ပြီ။ ကုရာနတ္ထိ ဆေးမရှိမို့ မည်သို့ ပင်ဖြစ်စေ ကာမတဏှာ အတွက် အပျော်မိန်းကလေးများနှင့် စခန်း သွားဖြေဖျောက်ရန်မသင့်တော့ပါ။ ဒါတောင် တစ်ယောက် ကပြော သေးတယ်။ မင်းတုန်းမင်းတြား ကြီးတောင် မိဖုရားတွေ၊မောင်းမ မိတ်သံတွေ များစွာရှိနေတဲ့ကြား က မကြေနပ်နိုင်သေးလို့ နန်းပြင် ကိုထွက်ပြီးတိတ်တဆိတ်ပျော် ပါးသေးတာပဲ၊ယောကျာ်းပဲကွာ၊ ကိုယ့် အတွက်နောင်ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်ပြီးသွား တာပေါ့လို့လည်းပြောတာကို ကြားခဲ့ရပါေ သးတယ်။
စာရေးသူရဲ့ တပည့်လေး တစ်ယောက်ငယ်ငယ် ရွယ်ရွယ် နဲ့ ဗကိုက်တဲ့ ရောဂါနဲ့သေတော့ ဘယ်လိုဖြစ်ရ တာလဲဆိုပြီး စုံစမ်း ကြည့်ပါတယ်။ တပည့်တွေက အဘရေ …. အရေးအခင်း ကာလပြီးတော့အချို့ မိန်းကလေး တွေက လုပ်ကိုင် ရှာဖွေ စား သောက်ရတာ ခက်တယ်ထင်ပါ တယ်။ ပေါလိုက်တဲ့ မိန်းမတွေ၊ မန္တလေးမြို့မှာ ဘယ်လောက်ထိ ဈေးပေါသလဲဆိုရင်၁၀/၂ဝကျပ် လောက်နဲ့လည်း အဲဒီကာလက အဆင်ပြေ ခဲ့ကြတာ။ အဲဒီအချိန် က ပတ်သက်ခဲ့တဲ့ အဖြစ်တွေ ကြောင့် ထိခဲ့ရတယ်လို့ ထင်ရ တာပါပဲတဲ့။
ယနေ့ကာလလည်း ပြည့် တန်ဆာတွေဆိုတာ ရှိနေဆဲလို့ သိနေရပါတယ်။ ရှိနေလို့လည်း အဖော်ဆိုတဲ့ ကွန်ဒုံးကိုတရားဝင် ကြော်ငြာပေးနေရပါတယ်။ ခုခံ အား ကျဆင်းမှု ရောဂါအတွက် ကာကွယ်ဖို့ နည်း လမ်းတွေကို လည်းဖြန့်ဝေပေးနေတာ မဟုတ် ပါလား။ ပြည့်တန်ဆာလုပ်ငန်း အတွက်အခြားနိုင်ငံတွေ လိုတရား ဝင်လုပ်ကိုင်ခွင့် မပေးတာပဲရှိပါ တယ်။ တရားဝင်လုပ်ကိုင်ခွင့်ပေး လိုက်ရင် ပြည့်တန်ဆာတွေ နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ ပေါ်လာဦးမလား မပြောတတ်ပါ ဘူး။ တချို့က ပြည့်တန်ဆာဆို တာ တိုင်းပြည်ရဲ့ တန်ဆာတစ်ခု မို့ ရှိသင့်တယ်လို့ ဆိုနေကြတာ လည်း ကြားနေရပါတယ်။
ပြည့်တန်ဆာနဲ့ ပတ်သက် တဲ့အကြောင်းရေးဖို့ပတ်ဝန်းကျင် ကိုလေ့လာရင်း ဟိုမေးဒီမေးလုပ် ခဲ့ပါသေး တယ်။ လက်ရှိဝန်ထမ်း တစ်ယောက်က ကျွန်တော့်ဘဝ မှာလုံးဝကင်းရှင်းပါတယ်လို့အာမခံ ချက်ပေးပါ တယ်။ ဒါပေမယ့်သူ ငယ်စဉ်ကရာထူးတိုးစာမေးပွဲဖြေ ဖို့ အတွက် ပျော်ဘွယ်ကနေ မန္တလေးလာပြီး ၇၃လမ်းပေါ် က ‘ စိန်သိန်း’ တည်းခိုခန်းမှာ ဆယ် ရက်လောက် စာကျက်နေရင်း တည်းခိုခဲ့တယ်တဲ့။ ရောက်စ တည်းခိုခန်းထဲ စာကျက်နေစဉ် မသိကျွမ်းဖူးတဲ့ မိန်းကလေးတစ် ယောက်က အခန်းတံခါးကိုလာ ခေါက်ပြီး မိတ်ဆက်လာတယ်။
တစ်ရက်မဟုတ်၊နှစ်ရက်သုံးရက် တံခါးလာခေါက်တော့ ငါက စာ မေးပွဲ ဖြေမလို့ စာကျက်နေတာ၊ ဒီကိစ္စတွေ စိတ်မဝင်စားဘူး၊ မနှောက်ယှက်ပါနဲ့၊ စာပဲစိတ်ဝင် စားတယ် လို့ပြောခဲ့ကြောင်း ပြော ပြပါတယ်။ ကံကောင်းချင်ပြန် တော့ စာမေးပွဲဖြေမယ့် ပြည်သူ့ ရဲတွေနောက် တစ်နေ့ လာတည်း ကြတဲ့အခါ အဲဒီ မိန်းကလေး လည်း တည်းခိုးခန်းမှာ အသံ တောင် မကြားရတော့ ပါဘူးလို့ လည်းထပ်ပြောပြတော့သူ့စကား ကိုယုံကြည်လိုက်ပါတယ်။
ဝန်ထမ်း၊ အရပ်သား၊အနု ပညာသမားများ၊ ကုမ္ပဏီတွေ ထဲမှာမိန်းမကိစ္စအတွက် မရှောင် နိုင်ကြတာတွေ အများကြီးပါ။ မိမိမှာ ကာမပိုင်ရှိရက်နဲ့ လုပ်ငန်း ခွင်မှာနီးစပ်မှုသံယောဇဉ်တွေဖြစ် ကြပြီး အိမ်ထောင်ရေး ပျက်စီး ကြတာတွေလည်းအများကြီးပါ။ ဇနီးကရှုပ်လို့ယောကျာ်းကတရား ဝင်ကွာရှင်းတာ၊ ယောကျာ်းက ဖောက်ပြန်လို့ဇနီးဖြစ်သူက ကွာ ရှင်းတာတွေသတင်းစာတွေထဲ မှာလည်း တွေ့တွေ့ နေကြရပါ တယ်။ အထူးသဖြင့်အမျိုးသမီး တွေက ယောကျာ်းတွေအပေါ် သောက်စားတတ်တာလောက် ကိုခွင့် လွတ်နို င်ကြပေ မယ့်ဖောက် ပြန်တဲ့ကိစ္စ၊ အပျော်မိန်းမလိုက် စားနေကြတဲ့ကိစ္စတွေကို လုံးဝ ခွင့် မလွတ် တတ်ကြပါဘူး။ မုန့် ကိုသာ ဝေစားနိုင်မယ် ဆိုတဲ့ စကားမျိုးလိုပါပဲ။
အချို့သော အရာရှိကြီး တွေက မိန်းမတွေနဲ့ ပျော်ပါးဖို့ တပည့်တွေကိုရှာဖွေခိုင်းပြီး ပျော် ပါးတတ်ကြတာကို လည်းတွေ့ရ ပါတယ်။ လုပ်ငန်းခွင်မှာ သိက္ခာ က အရေးကြီးပါတယ်။ အချို့က လုပ်ငန်းကိစ္စ အောင်မြင်အဆင် ပြေဖို့ မိန်းမနဲ့ မြူဆွယ်တတ်ကြ တာတွေလည်း ရှိတတ်ပါတယ်။ ကာမတဏှာနဲ့ပတ်သက်ပြီးထိမ်း သိမ်းရှောင်ရှားနိုင်ကြရင်အကောင်း ဆုံးပါပဲ။
မိန်းမနား မကပ်ရရင်မနေ နိုင်တဲ့ယောကျာ်းနဲ့ ယောကျာ်နဲ့ မဆက်ဆံရရင်မနေနိုင်တဲ့ ဟတ္ထနီ လို မိန်းမတွေ လည်း ရှိတတ်ပါ တယ်။ စာရေးသူ အရာရှိဘဝ ဗထူးရပ်စောက်မှာ ခွဲမှူးသင်တန်း တက်ရတော့ အချို့သင် တန်းသား အရာရှိတွေက မိန်းကလေးတွေနဲ့ ပျော်ပါးဖို့ အောင်ပန်းမြို့အထိ သွားတတ်ကြတယ်။ အောင်ပန်း ကပွင့်သစ်စ တည်းခိုခန်းမှာ မိန်း ကလေးတွေ ပေါတယ်လေ။ ဒါကို သိနေတဲ့ သင်တန်းမှူး ဗိုလ်မှူး သိန်းအောင်ကအရာရှိများ အသိ တရား၊သတိတရားနဲ့ဆင်ခြင်ပြီး နေထိုင်ကြပါ၊သွားကြလာကြပါ။ တကယ် လို့ မအောင့်နိုင်ဘူးမနေ နိုင်ဘူးဆိုရင်မိုးပေါ်သာ ထောင် ဖောက်လိုက်ကြပါလို့ ပြောခဲ့ပါ တယ်။ အစက သဘောမပေါက် ကြဘူး။နောက်မှစဉ်းစားရင်းတွေး ရင်းသဘောပေါက်မှဝါးကနဲရယ် ကြရပါတော့တယ်။
ထို့ကြောင့် ကာမတဏှာ ဘက် လွန်ကျွံတာ မကောင်းပါ ဘူး။မိမိကိုယ်မိမိထိန်းသိမ်းခြင်း ဖြင့် ဘာသာရေး၊ကျန်းမာရေး၊ လူမှုရေးများတွင် အားပြုနိုင်ကြပါစေ။ မကောင်းသောမိန်းမ ပြည့်တန်ဆာမှန်း သိရက်နှင့် မကောင်း မှုတွင်ပျော်မွေ့ပါက တခဏတာ ကောင်းခြင်းနဲ့သာ ကြုံတွေကြရ ပြီး ထာဝရအတွက် ဒုက္ခများစွာ တွေ့နိုင်ပါကြောင်းစေတနာထား ရေးသားလိုက်ရပါသည်။
စောအောင်(တီကျစ်)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...