အိမ္မႈကိစၥ လံုး၀မလုပ္တတ္တဲ့ကၽြန္ေတာ္ နဲ႔ သားေလးကို ထားခဲ့ ရတာ သူဘယ္ေလာက္ထိ ၀မ္းနည္းလိမ့္မလဲ။


ကၽြန္ေတာ့ ဇနီး မွဲ႔ကင္ဆာ ျဖစ္ၿပီးကၽြန္ေတာ္တို႔ဆီကေန ထြက္ခြာသြားတာ ၂ ႏွစ္ရွိပါၿပီ။ ကၽြန္ေတာ္ျပန္စဥ္းစားမိတယ္… အိမ္မႈကိစၥလံုး၀မလုပ္တတ္တဲ့ကၽြန္ေတာ္ နဲ႔ သားေလးကို ထားခဲ့ ရတာ သူဘယ္ေလာက္ထိ ၀မ္းနည္းလိမ့္မလဲ။
ကၽြန္ေတာ္ကိုယ္တိုင္လဲ မိဘ ၂ေယာက္စလံုးရဲ႕ ဇာတ္ေကာင္ေနရာကေနေကာင္းေကာင္း မလုပ္ႏိုင္တဲ့ အတြက္ ကိုယ့္ ကိုယ္ကို အားမလို အားမရ ျဖစ္ခဲ့ရတယ္။
တေန႔မွာ ကၽြန္ေတာ္ အလုပ္ကိစၥနဲ႔ မနက္ေစာေစာ ခရီးထြက္ဖို႔ရွိေတာ့ ကေလးအတြက္ ဘာမွ မျပင္ဆင္ေပးခဲ့ ရဘဲ က မန္းကတန္းထြက္လာခဲ့တယ္။
မေန႔က ထမင္းေအးနဲ႔ ၾကက္ဥေက်ာ္နဲ႔ ထားခဲ့ေပးၿပီး အိပ္ယာမႏႈိးေသးတဲ့ သားေလးကို ေျပာၿပီးထြက္လာခဲ့တယ္။ ကေ လးကိုေကာင္းေကာင္းကမ္းကမ္းထားႏိုင္ဖို႔ အတြက္ ကၽြန္ေတာ္လဲ အလုပ္ကို ႀကိဳးစားၿပီး လုပ္ေနရတယ္။
အိမ္ျပန္မိုးခ်ဳပ္တဲ့ တညမွာ ကၽြန္ေတာ္က သားေလးကို တိုတိုတုတ္တုတ္ဘဲ ႏႈတ္ဆက္လိုက္တယ္…။ အလုပ္ပင္ပန္းလြန္း တဲ့ အတြက္ အကၤ် ီခၽြတ္ၿပီး ကုတင္ေပၚ ပစ္လဲလိုက္တယ္။
အဲဒီ အခ်ိန္မွာဘဲ ဗြန္းကနဲ အနီေရာင္ဟင္းရည္ေတြနဲ႔ ေခါက္ဆြဲ ေတြ အိပ္ယာခင္းနဲ႔ ေစာင္ေတြကို တခဏတြင္းမွာဘဲ စြန္း ထင္ေစကုန္တယ္… လက္စသတ္ေတာ့ ေခါက္ဆြဲပန္းကန္က ေစာင္ထဲေရာက္ေနတာကိုး… ဒီေကာင္ကေတာ့ တကယ္ ဘဲ… ။ ေျပာတာေႏွးတယ္… လုပ္တာျမန္တယ္… ခ်က္ခ်င္းဘဲ ကၽြန္ေတာ္ အ၀တ္ခ်ိတ္တစ္ခုယူၿပီး ေျပးထြက္သြားတယ္။
အရုပ္ေတြနဲ႔ ကစားေနတဲ့ သားေလးရဲ႕ ဖင္ကို ရိုက္ေတာ့တာဘဲ။ ကၽြန္ေတာ္ ေတာ္ေတာ္ေလးကို စိတ္တိုေနလို႔ အဆက္ မျပတ္ရိုက္ခဲ့တယ္။
ဒါေပမဲ့ အဲဒီ အခ်ိန္မွာဘဲ သူငိုၿပီးေျပာလိုက္တဲ့ စကားေၾကာင့္ ကၽြန္ေတာ္ ရပ္သြားတယ္… “ထမင္းအိုးထဲက ထမင္း မနက္ ကတည္းက စားလို႔ကုန္သြားၿပီ… ညစာကို ေက်ာင္းမွာဘဲ စားခဲ့တယ္… ညေရာက္ေတာ့ ေဖေဖက ျပန္မလာေသးဘူး…။
အံဆြဲထဲမွာ ေခါက္ဆြဲထုတ္ရွာေတြ႕တယ္… ဒါေပမဲ့ ေဖေဖေျပာထားတယ္… မီးဖို မထိရဘူးလို႔…။ ဒါေၾကာင့္ သားက ေရ ခ်ိဳးတဲ့ ေရေႏြးပိုက္ေခါင္းကို ဖြင့္ၿပီး ေရေႏြးနဲ႔ ေခါက္ဆြဲစိမ္ထားလိုက္တယ္… တစ္ခုက သားစားဖို႔ ေနာက္တစ္ခုက ေဖေဖ့ ကို စားေစခ်င္လို႔… ေခါက္ဆြဲေတြ ေအးသြားမွာ စိုးလို႔ ေစာင္ထဲထည့္ထားၿပီး ေဖေဖျပန္လာတာကို သားေစာင့္ေနတာပါ… သား အရုပ္ေတြနဲ႔ ေဆာ့ေနလို႔ ေဖေဖ့ကို ေျပာျပဖို႔ေမ့သြားတာပါ…”
ကၽြန္ေတာ့ မ်က္ရည္ကို သားေလးကို မျမင္ေစခ်င္တဲ့ အတြက္ ေရခ်ိဳးခန္းထဲေျပး၀င္သြားၿပီး ေရပိုက္ေခါင္းကို ဖြင့္ၿပီး အား ပါးတရ ငိုခ်လိုက္တယ္…။
တေအာင့္ေနေတာ့ ကၽြန္ေတာ္ အားတင္းၿပီး ကေလးကို ေခ်ာ့ရင္း သူ႕ဖင္ကို ေဆးလိမ္းေပးၿပီး ေခ်ာ့သိပ္လိုက္တယ္။ ေခါ က္ဆြဲေၾကာင့္ ေပၾကံသြားတဲ့ အိပ္ယာခင္းကို သိမ္းၿပီး သားေလးရဲ႕ အခန္းကိုဖြင့္လိုက္ေတာ့ သူေလးရဲ႕ ငိုသံေလးကို ၾကားေနရေသးတယ္… ။
လက္မွာ ကေတာ့ အေမ့ဓာတ္ပံု ကိုင္လို႔… ကၽြန္ေတာ္ တံခါးရြက္ကို မွီၿပီး ဒီျမင္ကြင္းကို အၾကာႀကီး ရပ္ၾကည့္ေနမိတယ္… ဒီကိစၥၿပီးတဲ့ ေနာက္ႏွစ္ေတြမွာေတာ့ မိခင္တစ္ေယာက္ရဲ႕ဇာတ္ေကာင္ အေနနဲ႔ ေကာင္းေကာင္း လုပ္ေဆာင္ ႏိုင္ဖို႔ သားေ လးကို ပိုၿပီး ဂရုစိုက္ခဲ့တယ္…။
အခုဆို သားေလး ၇ ႏွစ္ျပည့္ေတာ့မယ္… ဒုတိယတန္း ေအာင္လို႔ တတိယတန္းတက္ေတာ့မယ္… ကံေကာင္းတာက သားေလး အရိပ္မည္းေအာက္မွာ ရွိမေနဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႀကီးျပင္းလာခဲ့တယ္။
သိပ္မၾကာေသးခင္မွာဘဲ ကေလးကို ေနာက္တစ္ႀကိမ္ ရိုက္မိ ခဲ့တယ္။ ေက်ာင္းက ဖုန္းဆက္လာတယ္… သားေက်ာင္းမ တက္ဘူးတဲ့…။
ကၽြန္ေတာ္စိတ္မေအးႏိုင္ေတာ့ဘူး… ရပ္ကြက္ထဲ ေနရာ အႏွံ႔ သူ႕နာမည္ေအာ္ေခၚၿပီးလုိက္ရွာေပမဲ့ ရွာမေတြ႕ခဲ့ဘူး… ေနာ က္ဆံုးေတာ့ ဂိမ္းဆိုင္ေရွ႕မွာ သူ႕ကို ေတြ႕တယ္။ ကၽြန္ေတာ္ ေဒါသ အရမ္းထြက္ၿပီး သူ႕ကို အဆက္မျပတ္ရိုက္ခဲ့တယ္။
သားေလးကေတာ့ ဘာေျဖရွင္းခ်က္မွ မေပးဘဲ… “သား ေတာင္းပန္ပါတယ္” ဆိုတာ တစ္ခြန္းဘဲေျပာခဲ့တယ္… ေနာက္မွ သိလိုက္ရတယ္… အဲဒီေန႕ဟာ ေက်ာင္းက အေမမ်ားႏွင့္ဆံုညီပြဲလုပ္ေပးတဲ့ေန႔ ျဖစ္ေနပါတယ္။
ဒီကိစၥၿပီးေနာက္ပိုင္း သားေလး အိမ္ျပန္ေရာက္ၿပီးေျပာျပတယ္… သူေက်ာင္းမွာ စာေရးသင္ခဲ့တယ္တဲ့။ ေနာက္ပိုင္းမွာ ေတာ့ သူ အခန္းထဲမွာ ဘဲ ေအာင္းေနၿပီး စာကို ေသေသခ်ာခ်ာေရးေနတယ္။
သားေလးကို ဒီလိုေလးျမင္ရေတာ့လဲ ဆုံးသြားတဲ့ ဇနီး ဒီျမင္ကြင္းေလးကို သာ ျမင္ရရင္ေတာ့ ျပံဳးမိမွာဘဲ ဆိုတာကို ေတြးမိရင္း မ်က္ရည္ကို ထိန္းမရခဲ့ဘူး…
အခ်ိန္ကုန္ဆံုးတာ အရမ္းျမန္တယ္… ေနာက္တႏွစ္ မိုးကုန္လို႕ သီတင္းကၽြတ္ရာသီေရာက္ခဲ့ၿပီ။ သားေလးက ေနာက္ ျပသနာတစ္ခုရွာလာျပန္ၿပီ…။
စာတိုက္က ဖုန္းဆက္လာတယ္…။ လိပ္စာမရွိတဲ့ စာအထုတ္လိုက္ကို အတင္းပို႔ခိုင္းေနလို႔တဲ့… စာတိုက္ကလဲေျပာ လိုက္ တယ္…။
ဒီလိုရာသီ အလုပ္အရႈပ္ဆံုးအခ်ိန္းမွာ ကိုယ့္သားကို ေကာင္းေကာင္းထိန္းပါလို႔ေျပာလိုက္တယ္… သားကို မရိုက္ေတာ့ဘူး လို႔ဆံုးျဖတ္ထားေပမဲ့ ထိန္းမရဘူး… ရိုက္လိုက္တယ္…။
သားေလးကေတာ့ ဒီတစ္ႀကိမ္မွာ သူ မွားပါတယ္ဆိုတာဘဲ ေျပာလိုက္တယ္… ဘာေျဖရွင္းခ်က္မွ မေပးဘူး။ ကၽြန္ေတာ္လဲ သူစာတိုက္မွာ လက္သြားေဆာ့တဲ့ စာေတြကို သူ႕မ်က္စိေရွ႕ပစ္ခ်လိုက္ၿပီးေျပာလိုက္တယ္…။
“ဘာျဖစ္လို႔ ဒီလို စာတိုက္မွာ သြားေဆာ့ရတာလဲ…” သားေလးက ငိုၿပီးျပန္ေျဖတယ္… “ဒါ… ဒါေတြဟာ ေမေမ့ဆီကို ပို႔ေပးဖို႕ပါ…” အဲဒီ အခ်ိန္မွာ ကၽြန္ေတာ့ မ်က္လံုးေတြနီရဲသြားတယ္… စိတ္ထဲမွာေတာ့ ေဘာင္ဘင္ခတ္လို႔… ဒါေပမဲ့ သားေရွ႕မွာ ဆိုေတာ့ တတ္ႏိုင္သေလာက္ ဖံုးဖိထားလိုက္တယ္။
ဆက္ၿပီးေမးလိုက္တယ္… “ဒါဆိုရင္ ဘာျဖစ္လို႔ တစ္ခါတည္း ဒီေလာက္ အမ်ားႀကီးပို႔ရတာလဲ?” သားေလးက ျပန္ေျဖ တယ္… “ဟိုး အရင္ ကတည္းကပို႔ဖို႔ေရးထားတဲ့ စာေတြကို သား အရပ္ပုေတာ့ စာတိုက္ပံုးထဲ ထည့္လို႔ မရဘူး… ။
အခု တေလာ သား ထပ္သြားထည့္ၾကည့္တဲ့ အခါ မွီေနၿပီ… ဒါေၾကာင့္ အရင္ကတည္းက မထည့္ရေသးတဲ့ စာေတြကို တခါတည္းထည့္ လိုက္ခ်င္တာပါ။” ကၽြန္ေတာ္ နားေထာင္ၿပီး စိတ္ထဲမွာ လမ္းစေပ်ာက္သြားတယ္… ဘာျပန္ေျပာရမလဲ မသိေတာ့ဘူး…။
ခဏေနၿပီး သားေလးကို ျပန္ေျပာလိုက္တယ္… “အခု ေမေမက မိုးေကာင္းကင္ေပၚမွာ ရွိတယ္… ေနာက္ စာေရးၿပီးရင္ မီးရွိဳ႕လိုက္… ဒါဆိုရင္ ေမေမ့ဆီကို ပို႕လို႕ေရာက္ၿပီ။”
သားေလးအိပ္ေပ်ာ္သြားၿပီးေနာက္ အိမ္ေရွ႕ထြက္ၿပီး ဒီစာေတြကို မီးရွိဳ႕ေပးလိုက္တယ္။ သားေလး ဘာေတြမ်ားေရးထားသ လဲဆိုတာကို စိတ္၀င္စားၿပီး အဲဒီထဲက တခ်ိဳ႕ကို ယူဖတ္လိုက္တယ္။ စာတစ္ေစာင္ကေတာ့ ကၽြန္ေတာ့ ရင္ထိကို နက္န က္ရွိဳင္းရွိဳင္း ထိနာသြားေစတယ္ဗ်ာ…
ခ်စ္ခင္ရပါေသာေမေမ “သား ေမေမ့ကို အရမ္းသတိရတယ္… ဒီေန႔ေက်ာင္းမွာ ေမေမေတြနဲ႔ေပ်ာ္ပြဲရႊင္ပြဲ လုပ္ေပးတယ္။ သားမွာ ေမေမ မရွိေတာ့ မသြားဘူး။ ေဖေဖ့ကိုလဲ မေျပာျပဘူး။ ေဖေဖလဲ ေမေမ့ကို သတိရမွာစိုးလို႔… ေဖေဖ သားကို လိုက္ရွာတယ္… သားေပ်ာ္ေနတာကိုဘဲ ေဖေဖ့ကို ျမင္ေစခ်င္လို႔ ဂိမ္းဆိုင္ေရွ႕မွာ ထိုင္ေနလိုက္တယ္။ ေဖေဖသားကို ဆူေပမဲ့ ေဖေဖ့ကို သား အေၾကာင္းရင္း မေျပာျပဘူး။
ေမေမ… ေဖေဖက ေမေမ့ကို သတိရလို႔ငိုေနတာကို သားေန႔တိုင္းေတြ႕တယ္။ ေဖေဖလဲ သားလိုဘဲေနမွာ… ေမေမ့ကို အရမ္းအရမ္း သတိရတယ္… ဒါေပမဲ့.. ေမေမ… သား အခုခ်ိန္မွာ ေမေမ့မ်က္ႏွာကို ေသခ်ာ မမွတ္မိေတာ့ဘူး…။
ေမေမ… သားရဲ႕ အိပ္မက္ထဲကို လာပါလားဟင္… ေမေမ့မ်က္ႏွာကို ေနာက္တစ္ေခါက္ ျမင္ခ်င္လို႔ပါ…။ သတိရတဲ့ သူရဲ႕ ဓာတ္ပံုကို ရင္ထဲမွာ ပိုက္ၿပီးအိပ္ရင္ အဲဒီလူကုိ အိပ္မက္မက္တတ္တယ္လို႔ ၾကားဖူးတယ္…။ ေမေမက ဘာလို႔သားရဲ႕ အိပ္မက္ထဲကို မလာတာလဲ?”
ဒီစာကို ဖတ္ၿပီး ကၽြန္ေတာ္ ရွိဳက္ႀကီးတငင္ငိုခ်လိုက္တယ္… ဘယ္ေသာ အခ်ိန္မွာမွ ဇနီးရဲ႕ ေနရာလြတ္ေလးကို ကၽြန္ေ တာ္ ျဖည့္ဆည္းေပးႏိုင္မွာလဲဗ်ာ…။
Credit to HZ Zane
==============
ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော်ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ဝမ်းနည်းလိမ့်မလဲ။
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့် ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။
တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေးအတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ က မန်းကတန်းထွက်လာခဲ့တယ်။
မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာမနှိုးသေးတဲ့ သားလေးကို ပြောပြီးထွက်လာခဲ့တယ်။ ကေ လးကိုကောင်းကောင်းကမ်းကမ်းထားနိုင်ဖို့ အတွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရတယ်။
အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို တိုတိုတုတ်တုတ်ဘဲ နှုတ်ဆက်လိုက်တယ်…။ အလုပ်ပင်ပန်းလွန်း တဲ့ အတွက် အင်္ကျ ီချွတ်ပြီး ကုတင်ပေါ် ပစ်လဲလိုက်တယ်။
အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင်ဟင်းရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်း ထင်စေကုန်တယ်… လက်စသတ်တော့ ခေါက်ဆွဲပန်းကန်က စောင်ထဲရောက်နေတာကိုး… ဒီကောင်ကတော့ တကယ် ဘဲ… ။ ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်းဘဲ ကျွန်တော် အဝတ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားတယ်။
အရုပ်တွေနဲ့ ကစားနေတဲ့ သားလေးရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက် မပြတ်ရိုက်ခဲ့တယ်။
ဒါပေမဲ့ အဲဒီ အချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ရပ်သွားတယ်… “ထမင်းအိုးထဲက ထမင်း မနက် ကတည်းက စားလို့ကုန်သွားပြီ… ညစာကို ကျောင်းမှာဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး…။
အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ်… ဒါပေမဲ့ ဖေဖေပြောထားတယ်… မီးဖို မထိရဘူးလို့…။ ဒါကြောင့် သားက ရေ ချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်တယ်… တစ်ခုက သားစားဖို့ နောက်တစ်ခုက ဖေဖေ့ ကို စားစေချင်လို့… ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေပြန်လာတာကို သားစောင့်နေတာပါ… သား အရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ…”
ကျွန်တော့ မျက်ရည်ကို သားလေးကို မမြင်စေချင်တဲ့ အတွက် ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီး အား ပါးတရ ငိုချလိုက်တယ်…။
တအောင့်နေတော့ ကျွန်တော် အားတင်းပြီး ကလေးကို ချော့ရင်း သူ့ဖင်ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။ ခေါ က်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီး သားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်… ။
လက်မှာ ကတော့ အမေ့ဓာတ်ပုံ ကိုင်လို့… ကျွန်တော် တံခါးရွက်ကို မှီပြီး ဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်… ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင်တစ်ယောက်ရဲ့ဇာတ်ကောင် အနေနဲ့ ကောင်းကောင်း လုပ်ဆောင် နိုင်ဖို့ သားေ လးကို ပိုပြီး ဂရုစိုက်ခဲ့တယ်…။
အခုဆို သားလေး ၇ နှစ်ပြည့်တော့မယ်… ဒုတိယတန်း အောင်လို့ တတိယတန်းတက်တော့မယ်… ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာ ရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။
သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့တယ်။ ကျောင်းက ဖုန်းဆက်လာတယ်… သားကျောင်းမ တက်ဘူးတဲ့…။
ကျွန်တော်စိတ်မအေးနိုင်တော့ဘူး… ရပ်ကွက်ထဲ နေရာ အနှံ့ သူ့နာမည်အော်ခေါ်ပြီးလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး… နော က်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကို တွေ့တယ်။ ကျွန်တော် ဒေါသ အရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။
သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ… “သား တောင်းပန်ပါတယ်” ဆိုတာ တစ်ခွန်းဘဲပြောခဲ့တယ်… နောက်မှ သိလိုက်ရတယ်… အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။
ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြတယ်… သူကျောင်းမှာ စာရေးသင်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ တော့ သူ အခန်းထဲမှာ ဘဲ အောင်းနေပြီး စာကို သေသေချာချာရေးနေတယ်။
သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကို သာ မြင်ရရင်တော့ ပြုံးမိမှာဘဲ ဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး…
အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်… နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ်ရာသီရောက်ခဲ့ပြီ။ သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ…။
စာတိုက်က ဖုန်းဆက်လာတယ်…။ လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့… စာတိုက်ကလဲပြော လိုက် တယ်…။
ဒီလိုရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်းထိန်းပါလို့ပြောလိုက်တယ်… သားကို မရိုက်တော့ဘူး လို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး… ရိုက်လိုက်တယ်…။
သားလေးကတော့ ဒီတစ်ကြိမ်မှာ သူ မှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်… ဘာဖြေရှင်းချက်မှ မပေးဘူး။ ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကို သူ့မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်တယ်…။
“ဘာဖြစ်လို့ ဒီလို စာတိုက်မှာ သွားဆော့ရတာလဲ…” သားလေးက ငိုပြီးပြန်ဖြေတယ်… “ဒါ… ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ…” အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားတယ်… စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့… ဒါပေမဲ့ သားရှေ့မှာ ဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်တယ်။
ဆက်ပြီးမေးလိုက်တယ်… “ဒါဆိုရင် ဘာဖြစ်လို့ တစ်ခါတည်း ဒီလောက် အများကြီးပို့ရတာလဲ?” သားလေးက ပြန်ဖြေ တယ်… “ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သား အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့ မရဘူး… ။
အခု တလော သား ထပ်သွားထည့်ကြည့်တဲ့ အခါ မှီနေပြီ… ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။” ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ်… ဘာပြန်ပြောရမလဲ မသိတော့ဘူး…။
ခဏနေပြီး သားလေးကို ပြန်ပြောလိုက်တယ်… “အခု မေမေက မိုးကောင်းကင်ပေါ်မှာ ရှိတယ်… နောက် စာရေးပြီးရင် မီးရှို့လိုက်… ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။”
သားလေးအိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်တယ်။ သားလေး ဘာတွေများရေးထားသ လဲဆိုတာကို စိတ်ဝင်စားပြီး အဲဒီထဲက တချို့ကို ယူဖတ်လိုက်တယ်။ စာတစ်စောင်ကတော့ ကျွန်တော့ ရင်ထိကို နက်န က်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…
ချစ်ခင်ရပါသောမေမေ “သား မေမေ့ကို အရမ်းသတိရတယ်… ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။ သားမှာ မေမေ မရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြဘူး။ ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့… ဖေဖေ သားကို လိုက်ရှာတယ်… သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်။ ဖေဖေသားကို ဆူပေမဲ့ ဖေဖေ့ကို သား အကြောင်းရင်း မပြောပြဘူး။
မေမေ… ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။ ဖေဖေလဲ သားလိုဘဲနေမှာ… မေမေ့ကို အရမ်းအရမ်း သတိရတယ်… ဒါပေမဲ့.. မေမေ… သား အခုချိန်မှာ မေမေ့မျက်နှာကို သေချာ မမှတ်မိတော့ဘူး…။
မေမေ… သားရဲ့ အိပ်မက်ထဲကို လာပါလားဟင်… မေမေ့မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ…။ သတိရတဲ့ သူရဲ့ ဓာတ်ပုံကို ရင်ထဲမှာ ပိုက်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်…။ မေမေက ဘာလို့သားရဲ့ အိပ်မက်ထဲကို မလာတာလဲ?”
ဒီစာကို ဖတ်ပြီး ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်… ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်ေ တာ် ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…။
Credit to HZ Zane

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...