မုံရွာတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကြောင့် ကြက်ဥနှင့် ကြက်သားဈေးကွက် ကျဆင်း


မုံရွာမြို့ ကြက်မွေးမြူရေး အထူးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ကောလာ ဟလသတင်းများ ထွက်ပေါ်ပြီး နောက်ကြက်ဥ၊ ကြက်သားဈေးကွက် အနည်းငယ် ကျဆင်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးမှ သိရသည်။
မုံရွာမြို့ ကြက်မွေးမြူရေး အထူးဇုန်တွင် ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကောလာဟလသတင်းများ ဇွန် လ ၂၈ ရက် နံနက်ကထွက်ပေါ်ပြီး နောက်ကြက်ဥ၊ ကြက်သားဈေးကွက်အနည်းငယ် ကျဆင်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာမျိုးချစ်က ပြောသည်။
‘‘ကြက်ဥ၊ ကြက်သားစားသုံးမှုကတော့ ပုံမှန်အတိုင်းပါပဲ။ ကြက်ငှက်တုပ်ကွေးကောလာဟ လသတင်းတွေကြောင့် ဈေးကွက် အနေအထားကတော့ အနည်း ငယ်ကျဆင်းတာတော့ ရှိတယ်။ မုံရွာအနေနဲ့ ကြက်ဥ အလုံးရေ တစ်သိန်းလောက်နေ့စဉ်ထွက် တယ်။ ကြက်သား ပိဿာတော့ ခန့်မှန်းခြေအရ ပိဿာသောင်း ဂဏန်းလောက်တော့ ထွက်တယ်’’ ဟု ဒေါက်တာ မျိုးချစ်က ပြော သည်။ မုံရွာဈေးကွက်တွင် ယခင် ကြက်ဥတစ်လုံး ၁၃၀ ကျပ်မှ ၁၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၅,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်သို့ကျဆင်းခဲ့ကြောင်း ဈေးကွက်အ တွင်းမှ စုံစမ်းသိရသည်။
‘‘မုံရွာမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်တာ မရှိပါဘူး။ ကြက်ဥဈေးက မနှစ်ကနေ ဒီနှစ်အထိ အမြင့်ဆုံးကတစ်ပိဿာ ၂,၇၀၀ကျပ်အထိပဲရောက်ခဲ့တာ။ အခုကျပ် ၂,၅၀၀ ဈေးပဲရှိတာ’’ ဟု မုံရွာမြို့ ထနောင်းဝန်းစံပြ ကျေးရွာမှ ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးဇော်ဇော်အောင်က ပြောသည်။ မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင် စသည့်မြို့နယ်များမှ ကြက်ဥများ မုံရွာဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လာပြီး နောက်ပိုင်း မုံရွာမြို့ရှိ ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုမရှိစေရေး ဇီဝလုံခြုံရေးထိန်းချုပ်ရန် လိုအပ်နေကာ ကြက်ဥဈေးကွက်ပိုမို ကျဆင်းမည်ကို စိုးရိမ်နေကြောင်း မုံရွာမြို့ဒေသခံဥစား ကြက်မွေးမြူသူများက ပြောသည်။
‘‘မုံရွာကထွက်တဲ့ ကြက်ဥ ကတော့ တစ်လုံးတစ်ရာ ပေးရ တယ်။ နယ်က၀င်လာတဲ့ ကြက်ဥတွေက ဈေးသက်သာတယ်။ ကြက်ဥတစ်လုံး ကျပ် ၈၀ ၀န်းကျင်ပဲ ရှိတယ်။ ကြက်သားဈေးက ပုံမှန် ဈေးထက် ကျပ် ၅၀၀ လောက် ဈေးကျသွားတယ်။ စားသုံးသူက တော့ ပုံမှန်အတိုင်းပါပဲ’’ဟု မုံရွာ မြို့ဒေသခံ စားသောက်ဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူ၊ ယင်းမာပင်စသည့် မြို့နယ်များရှိ ကြက်မွေးမြူရေး အထူးဇုန်များ တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရေး ဇီဝလုံခြုံ ရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နေကြောင်း ဒေါက်တာမျိုး ချစ်က ဆိုသည်။
မုံရွာမြို့တွင် ၂၀၀၆ က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ် ပွားခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များ ရှိ ကြက်ခြံများအား စုပေါင်း၍ ကြက်မွေးမြူရေးအထူးဇုန်အဖြစ် ၂၀၀၇ ၌ တည်ဆောက်ခဲ့သည်။ မုံရွာကြက်မွေးမြူရေး အထူးဇုန် အတွင်း ၂၀၁၂ တွင် မွေးမြူရေးခြံ အားလုံး၏ ထက်ဝက်ခန့်ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည်။ ၂၀၁၅ တွင် ကြက်ငှက် တုပ်ကွေးရောဂါ H5N1 ကြောင့် ကြက် ၁၀၁,၂၆၅ ကောင်၊ ငုံး ၃၂၁,၃၀၀ ကောင် သုတ်သင်ရှင်း လင်းခဲ့ပြီး ကာလတန်ဖိုး ကျပ် ၆၀၂ သန်း ဆုံးရှုံးခဲ့သည်။ ၂၀၁၆ တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကြောင့် ကြက်ခြံ ၁၇၄ ခြံ၊ ကြက် ၈၈,၆၂၂ ကောင်အား သုတ်သင် ရှင်းလင်းခဲ့ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့ မှတ်တမ်းများ အရ သိရသည်။
=============
7Day News Journal

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...