သူမရဲ့စိတ်ထားကို ဖွင့်ပြောပြလိုက်တဲ့ မင်းသမီး အိချောပို
#eichawpo
PannPwint
===
ရုပ်ရှင်နှင့် ဗွီဒီယိုဇာတ်ကားများစွာ ရိုက်ကူးနေရတဲ့ သရုပ်ဆောင် အိချောပိုက ေ့ဖစ်ဘုတ်လှုမှုကွန်ယက်တွင် ဓာတ်ပုံများများ တင်လေ့ရှိသည်။ ခုဆိုရင်သူမရဲ့အကောင့်ဟာ ပရိတ်သတ် ၆၆၉ ၀၀၀ ရှိနေပြီဖြစ်ပါတယ်။ တင်လိုက်တဲ့ပို့တွေမှာ ကောမန့်များဖြင့် စည်ကားပြီး သူမကလည်း ကောမန့်များဖတ်လေ့ရှိသည်။
ဓာတ်ပုံများအဆက်မပြတ်တင်သလို ခုနောက်ပိုင်း ဓာတ်ပုံလေးများနှင့် စာကြောင်းအနည်းငယ်ကို တွဲဖက်တင်လေ့ရှိသည်။ ဇူလိုင် ၁၇ ရက်က တင်ထားတဲ့ပို့စ်တစ်ခုတွင် သူမ ငယ်ငယ်တုန်းက ခရီးထွက်ချင်တဲ့ အတွက် ဆုတောင်းခဲ့ဖူးကြောင်း ခုတော့ ဆုတောင်းပြည့်နေကြောင်း ရေးသားထားသည်။
ဇူလိုင် ၂၆ ရက်နေ့ကတော့ သူမရဲ့ စိတ်နေစိတ်ထားတစ်ခုနဲ့ ပက်သက်ပြီး ပို့စ်တခုတင်ထားပါတယ်။
ဟိုးးးး ငယ်ငယ်လေးထဲကအကျင့်လေးတစ်ခုရှိခဲ့တယ်
ကိုယ်အရမ်းမြတ်နိုးတဲ့အရာ ကိုယ်အရမ်းကြိုက်တဲ့နေရာ ဆိုရင် ဘယ်တော့မှရိုးမသွားတတ်ဘူး...
ပစ္စည်းဆိုရင်လည်းဘယ်လောက်ဟောင်းဟောင်းစုတ်စုတ် အဲဒါလေးကိုပဲ အသုံးပြုနေတတ်တယ်...
နေရာဆိုရင်လည်း ဘယ်နှစ်ကြိမ် ဘယ်နှစ်ခေါက်သွားသွား ပြန်သွားချင်နေမိတတ်တယ်...
ကိုယ်အရမ်းကြိုက်တဲ့ပစ္စည်းဟောင်းလေးကိုတစ်ယောက်ယောက်ကတောင်းရင် အသစ်သာဝယ်ပေးလိုက်ချင်တယ် အဲဒါလေးတော့ မပေးချင်မိခဲ့ဘူး...
ကိုယ်အရမ်းကြိုက်တဲ့နေရာလေးဆိုရင်လည်း ခဏခဏရောက်ဖူးလည်း ရောက်တဲ့အခါတိုင်းမရိုးနိုင်ပဲ ဓါတ်ပုံလေးတွေရိုက်နေမိတယ်...
ဥပမာ- ပန်ကာပန်းရောင်လေးနဲ့ ဒီပန်းခင်းနေရာလေးပေါ့
#eichawpo
အိချောပိုဟာ ဇာတ်ကားများ နေ့စဉ်မပြတ်အောင် ရိုက်နေရပြီး အမြဲတမ်းလိုလို ခရီးထွက်နေရသည်။ ရောက်တဲ့နေရာတိုင်းတွင်လည်း ဓာတ်ပုံရိုက်ကာ များများစားစား တင်လေ့ရှိသလို တင်လိုက်တဲ့ပုံများကိုလည်း လူအများစိတ်ဝင်စားကြသည်။ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်လည်း တစ်ချို့ပုံတွေဆိုရင် ဖေ့စ်ဘုတ်တွင် ပြန့်နေတတ်သည်။
PannPwint
Source:Ei Chaw Po Facebook
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...