လှေပေါ်မှာ Selfie ဆွဲဖို့ကြိုးစားရင်း လှေမှောက်ခဲ့တဲ့ သူငယ်ချင်း(7)ယောက်ရဲ့ အဖြစ်


အိန္ဒိယနိုင်ငံ၊ Nagpur မြို့အနီး Vena မြစ်ထဲမှာ သူငယ်ချင်းတစ်စု လှေခရီးနဲ့ မြစ်ကို ဖြတ်ကူးစဉ် လှေတိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သူငယ်ချင်း စုစုပေါင်း အားလုံးဟာ 7 ယောက်ဖြစ်ပြီး၊ သုံးယောက်ကတော့ အနီးအနား ဒေသခံမှ အလည်အပတ် လိုက်ပို့ပေးကြတဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ လှေစီးနေစဉ်မှာ Live လည်း လွှင့်ခဲ့သလို၊ ၎င်းတို့ထဲမှာ တစ်ယောက်က လှေနံဘေးမှာ ရပ်ပြီး အဖွဲ့လိုက် ဆယ်လ်ဖီဆွဲဖို့ကြိုးစားစဉ် လှေက လူးသွားခဲ့ပါတယ်။ ၎င်းနောက်မှာတော့ လှေဝမ်းထဲကို ရေတွေ ဒလဟောစုဝင်လာပြီးနောက် လှေက တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
ဒီလှေမောက်မှုမှာ တစ်ဦးပျောက်ဆုံး၊ နှစ်ဦးကတော့ အရေးပေါ်ဆေးကုသမှု ခံယူနေရသလို၊ 4 ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ” သူတို့က ဆယ်လ်ဖီတွေရိုက်ရင်း အလုပ်ရှုပ်နေတာ လှေထဲကို ရေ၀င်တာတောင် မသိနိုင်ကြတော့ဘူး .. “ဆိုပါတယ်။
ပျောက်ဆုံးနေသူတစ်ဦးကလည်း သေလူဖြစ်ဖို့ အတော်လေး ရာနှုန်းများနေပါတယ်။ သူငယ်ချင်းတစ်စုဟာ အသက် 18 နှစ်မှ 27 နှစ်အတွင်း ဖြစ်ကြပြီး၊ အရက်သေစာ သောက်စားထားကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အသက်ရှင်ရက် ကယ်နိုင်ခဲ့သူ သုံးဦးအနက် တစ်ဦးက ကုန်းပေါ်ရောက်လို့ သိပ်မကြာမီမှာ ဆုံးပါးသွားခဲ့ပါတယ်။ လောလောဆယ် ဆေးရုံက သတင်းထုတ်ပြန်ချက်မှာလည်း အသက်ရှင်ကျန်ရစ်သူနှစ်ဦးဟာ သေချာပေါက် အသက်ရှင်မယ်လို့ အာမခံနိုင်ဘူးလို့ သိရပါတယ်။

လှေပေါ်မှာ ပါသွားကြသူတွေကို ခရီးစဉ်မှာ မလိုက်ပါဖြစ်တဲ့ သူငယ်ချင်းက နာမည်နဲ့ အသက်တွေ အတည်ပြုခဲ့ပါတယ်။ သူရဲ့ ပြောစကားအရ လှေပေါ်ကို လိုက်ပါသွားသူများမှာ Harshal Adamne (18) နှင့် ၎င်း၏အစ်ကို Chetan Adamne (20)နှစ် ၊ Govardhan Thote (18)နှစ်၊ Rahul Walode (23)နှစ်၊ Ram Shivarkar (24)နှစ်၊  Maqsood Sheikh (27)နှစ်နဲ့ Abdul Sayeed (21)နှစ်တို့ ဖြစ်ကြပါတယ်။

Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...