ဘုိးေအ၏ ရႈးသြပ္မုိက္မဲမႈေႀကာင့္ အနာဂါတ္ဘဝလမ္းေပ်ာက္ခဲ႔ရသူ ဂဠဳန္ဦးေစာ၏ျမစ္ သရုပ္ေဆာင္တစ္ဦး




ဘုိးေအ၏ရႈးသြပ္မုိက္မဲမႈေႀကာင့္အနာဂါတ္ဘဝလမ္းေပ်ာက္ခဲ႔ရသူဂဋဳန္ဦးေစာ၏ျမစ္သရုပ္ေဆာင္မင္းခ ( MsT )
“ဦးေစာျမစ္တဲ့”၊ “ဦးေစာျမစ္တဲ့” ဆုိသည့္ တစ္ေက်ာင္းတည္းေန ေက်ာင္းသူ၊ ေက်ာင္းသားမ်ားထံမွ ၾကားရသည့္ မလုိလားေသာ အသံဟန္ႏွင့္ ေျပာဆုိမႈႈကိုႀကံဳေတြ႕ခဲ့ရသည့္ သမီးႀကီးအတြက္ ေဒၚမြန္မြန္ရင္ စိတ္ပူကာ ေနာက္ေက်ာင္းတစ္ေက်ာင္းသုိ႔ ေျပာင္းထားခဲ့ရသည္။
--
လီလီပန္းေလးမ်ားရဲ႕ ေနာက္ကြယ္မွာ.. (ဂဠဳန္ဦးေစာမိသားစု၏ ဘ၀ျဖတ္သန္းမႈႈ)
=====================================================
"ကိုယ္မလုပ္ခဲ့တဲ့ ကိစၥအတြက္ ဒီလုိခံစားရတာကို စိတ္မေကာင္းဘူး။ ကေလးေတြက ဘာမွ လုပ္ခဲ့တာမွ မဟုတ္တာ။ သူတို႔ အဘုိးကလည္း သူ႔အျပစ္အတြက္ ဥပေဒအရ ခံသြားၿပီပဲ။ က်န္တဲ့လူမွာ ဘာအျပစ္မွမရွိဘူး။ ဒီကေလးေတြကို ေအးေအးခ်မ္းခ်မ္းနဲ႔ ေနေစခ်င္တယ္။ သူတို႔ကိုယ္သူတို႔လည္း အျပစ္ရွိတဲ့လူေတြရယ္လို႔ မသတ္မွတ္သင့္ဘူး"
(ေဒၚေအာင္ဆန္းစုၾကည္)
လီလီပန္း အျဖဴေရာင္ေလးမ်ားက ကႏုတ္ပန္းႂကြ မဂၤလာဘိသိက္ ေငြဖလားႀကီးထဲ၌ လွလွပပ လန္းလန္းဆန္းဆန္း။ လြန္ခဲ့ၿပီးေသာ ဆယ္စုႏွစ္သုံးခုေက်ာ္မွ ႀကီးက်ယ္ ခမ္းနားလွသည့္ မဂၤလာအခမ္းအနားပဲြ တစ္ခု၏ ျမင္ကြင္းျဖစ္သည္။
ဘိသိက္ခံမဂၤလာေမာင္ႏွံမွ သတို႔သမီးမွာ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ားကို လုပ္ႀကံမႈႈတြင္ ျမန္မာ့သမုိင္း တရားခံတစ္ဦးအျဖစ္ ျပည္သူမ်ားအၾကား ယေန႔တုိင္ နာမည္ဆုိးႏွင့္ ရွိေနခဲ့ေသာ ဂဠဳန္ဦးေစာ၏ ေျမးျဖစ္၏။ ဦးေစာ၊ ေဒၚသန္းခင္တို႔၏ သမီးေဒၚေဘဘီေစာမွ ေမြးဖြား ေသာ ဒုတိယသမီး ေဒၚမြန္မြန္ရင္ျဖစ္သည္။
ေဒၚမြန္မြန္ရင္၏ မဂၤလာပဲြ ဘိသိက္ပန္း ေငြဖလားတြင္ လီလီပန္းကိုသာ ထုိးရမည္ဆုိသည့္ အဘြားေဒၚသန္းခင္၏ တစ္ခ်က္လႊတ္ ဆႏၵျဖင့္ ထိုလီလီပန္းျဖဴျဖဴ ေဖြးေဖြးမ်ားကို ရန္ကုန္တစ္ၿမိဳ႕လုံးတြင္ မရမက ရွာေဖြခဲ့ရသည္ဆုိ၏။
ထုိပန္းမ်ားကို တစ္ၿမိဳ႕လုံးတြင္ မရမက လုိက္လံရွာေဖြခဲ့ရာ ေနာက္ဆုံးတြင္မွ တုိက္တိုက္ဆုိင္ဆုိင္ပင္ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ ဇနီးျဖစ္သူ ေဒၚခင္ၾကည္ၿခံထဲ၌ စိုက္ပ်ဳိးထားေသာ လီလီပန္းမ်ားရွိေၾကာင္း သတင္းရသျဖင့္ ထုိလီလီပန္း အျဖဴေရာင္မ်ားကို မဂၤလာဘိသိက္ပန္းအျဖစ္ ထုိးႏုိင္ခဲ့ျခင္းျဖစ္သည္။
ထိုအျဖစ္အပ်က္မွာ လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္က ျဖစ္ၿပီး သမုိင္း၀င္ မွတ္တမ္းတြင္ မိသားစုႏွစ္ခုၾကား တစ္ႀကိမ္တည္းေသာ အမွတ္မထင္ဆုံစည္းခဲ့သည့္ ဆက္စပ္မႈတစ္ခု ျဖစ္ခဲ့ေလသည္။
“ပန္းေတြ သြားခူးတဲ့ေန႔က လာခူးတဲ့ လူေတြကို အန္တီေဒၚခင္ၾကည္က အိမ္ေပၚကေနေသာ့ ပစ္ခ်ေပးရင္း ဘယ္သူ႔မဂၤလာေဆာင္လဲလို႔ ေမးတယ္တဲ့။ ဦးေစာ၊ ေဒၚသန္းခင္ေျမး မဂၤလာေဆာင္ပါလို႔ ေျပာေတာ့ ေၾသာ္ ေဒၚသန္းခင္က ေျမးေတြဘာေတြနဲ႔ ဆိုေတာ့ ကၽြန္မထက္ သူကေတာင္ ပိုကံေကာင္းတာေပါ့လို႔ ေျပာတယ္တဲ့။ အဲဒီစကားေလးနဲ႔ ပန္းေလးေတြက မွတ္မွတ္ရရပါပဲ” ဟု ေဒၚမြန္မြန္ရင္က သူ႔မဂၤလာေဆာင္ အမွတ္တရ ဘိသိက္ပန္းအျဖစ္ ေဒၚခင္ၾကည္ စုိက္ပ်ဳိးထားေသာ အျဖဴေရာင္ လီလီပန္းေလးမ်ားကို မဂၤလာေငြဖလားထဲတြင္ ထုိုးစုိက္ႏုိင္ခဲ့ပုံကုိ ဂုဏ္ယူ၀င့္ႂကြား ပီတိျဖစ္စြာ ျပန္ေျပာင္းေျပာျပသည္။
ယခုအခါ ဦးေစာ၏ ဇနီး ေဒၚသန္းခင္လည္း မရွိေတာ့၊ ဦးေစာ၏ သမီးေဒၚေဘဘီေစာလည္း ကြယ္လြန္သြားၿပီ ျဖစ္သည္။ အခ်ိန္ကာလ ဆယ္စုႏွစ္ေတြလည္း တစ္စုၿပီးတစ္စု ျဖတ္ေက်ာ္ခဲ့ၿပီ ျဖစ္သကဲ့သို႔ ဦးေစာမိသားစု၀င္ေတြလည္း သမုိင္းမွအရိပ္မည္းတစ္ခု၏ ေျခာက္လွန္႔မႈ ေအာက္မွ တျဖည္းျဖည္း ႐ုန္းထြက္လာႏုိင္ၿပီ ျဖစ္သည္။ သမုိင္းတရားခံ မိသားစုအျဖစ္ အျပစ္ရွိသူမ်ားကဲ့သို႔ ျဖတ္သန္းလာခဲ့ရသည့္ ကာလမ်ားမွာ အခ်ိန္ေတြ ၾကာလာသည္ႏွင့္အမွ် ေဒၚမြန္မြန္ရင္၏ သား၊သမီးေျမးမ်ား လက္ထက္ ယခုအခါတြင္မူ တျဖည္းျဖည္း လြတ္ေျမာက္လာခဲ့ၿပီဟု ေဒၚမြန္မြန္ရင္ က ယူဆေလသည္။
“အန္တီ့ေမေမနဲ႔ အဘြားတုန္းကေတာ့ ေတာ္ေတာ္ေလး ရပ္တည္ ႐ုန္းကန္ခဲ့ၾကရတယ္။ အန္တီတုိ႔က်ေတာ့ ကံေကာင္းပါတယ္။ ေတာ္ေတာ္ကို အေျခအေန ေကာင္းလာပါတယ္။ ဒါေပမဲ့ အန္တီ့သမီးႀကီးတုန္းကေတာ့ နည္းနည္းေလး ဂယက္ရွိခဲ့ေသးတယ္။ ဆုိးဆုိး၀ါး၀ါးႀကီးေတာ့ မဟုတ္ပါဘူး”
“ဦးေစာျမစ္တဲ့”၊ “ဦးေစာျမစ္တဲ့” ဆုိသည့္ တစ္ေက်ာင္းတည္းေန ေက်ာင္းသူ၊ ေက်ာင္းသားမ်ားထံမွ ၾကားရသည့္ မလုိလားေသာ အသံဟန္ႏွင့္ ေျပာဆုိမႈႈကိုႀကံဳေတြ႕ခဲ့ရသည့္ သမီးႀကီးအတြက္ ေဒၚမြန္မြန္ရင္ စိတ္ပူကာ ေနာက္ေက်ာင္းတစ္ေက်ာင္းသုိ႔ ေျပာင္းထားခဲ့ရသည္။
“ကေလးေတြမွာ ခံစားခ်က္ရွိ တယ္။ ကေလးခ်င္းဘာမွ ဆုိးဆုိး၀ါး၀ါးမရွိေပမယ့္ ေက်ာင္းမွာ သူတို႔အဘုိးနာမည္ကိုတပ္ေျပာလာေတာ့ ေၾကာက္တာေပါ့ေလ။ ကေလးစိတ္အေႏွာင့္ အယွက္ျဖစ္မွာစိုးတာနဲ႔ ေက်ာင္းေျပာင္းလုိက္ရတာေပါ့”ဟု အဘုိးျဖစ္ သူ၏ ဂယက္႐ုိက္ခတ္မႈႈက ျမစ္ျဖစ္ သူအထိပင္ရွိခဲ့ေၾကာင္းကို ေဒၚမြန္မြန္ရင္က ဥပမာေပး၍ ေျပာျပသည္။
ေဒၚမြန္မြန္ရင္မွာ ငယ္စဥ္က ပင္ မိခင္ႏွင့္အဘြားျဖစ္သူသင္ၾကား ေပးသည့္အတုိင္း ေနထုိင္ခဲ့ရသလုိ ယခုသူ႔သားသမီးေျမးမ်ားကိုလည္း ထုိကဲ့သို႔ပင္ ဆက္လက္သင္ၾကားေပး သည့္အတြက္ လူမႈႈပတ္၀န္းက်င္တြင္ ေကာင္းမြန္စြာ ေနထုိင္ႏုိင္ခဲ့ၾကျခင္း ျဖစ္သည္ဟု ဆုိသည္။
“အန္တီ့ကိုငယ္ငယ္ကတည္း က ေမေမကေျပာတယ္။ ကိုယ့္မွာအျပစ္ရွိခဲ့တယ္။ အဲဒါေၾကာင့္သူမ်ား ေတြက အဘုိးနဲ႔ပတ္သက္လို႔ေျပာ လာရင္ ျပန္ရန္ျဖစ္တာတို႔ ျပန္ေျပာတာတို႔မလုပ္ရဘူးတဲ့ ဦးေႏွာက္ထဲကို အဲဒီအတုိင္းသြင္းေပးထားတာ။ အဲဒီေတာ့ ဘာမွ ျပန္မေျပာရဲဘူး”ဟု ေဒၚမြန္မြန္ရင္ကဆုိသည္။
ေဒၚမြန္မြန္ရင္သည္ မိသားစုႏွင့္အတူ ဦးေစာ ေနထုိင္ခဲ့ရာ ေအဒီလမ္းရွိ အိမ္ၿခံ၀င္းႏွင့္ တစ္ျခံေက်ာ္၌ လက္ရွိေနထိုင္လ်က္ရွိသည္။ သူတို႔အိမ္ဧည့္ခန္းေဆာင္တြင္ ၀င္၀င္ခ်င္း ေတြ႕ျမင္ရသည္က ဦးေစာႏွင့္ ဇနီးေဒၚသန္းရင္တို႔ ဇနီးေမာင္ႏွံပုံတူ ေက်ာက္စီပန္းခ်ီကားႀကီးျဖစ္၏။ ထိုပန္းခ်ီကားေျခရင္းတြင္ စားပြဲတစ္လုံးခ်ကာ ေရပူေရေအး ဆက္ကပ္ထားသည္ကုိုလည္း ေတြ႕ရသည္။
သမုိင္းတရားခံတစ္ဦး ျဖစ္ေသာ္ျငား မိသားစု၀င္မ်ားကမူ ဦးေစာ ႀကိဳးစင္မတက္ ခင္ ေထာင္အတြင္းမွ ေရးသားထားေသာစာမ်ားကိုဖတ္ ႐ႈႈသိမ္းဆည္းထားကာ ထုိစာမ်ားအရ အဘုိးျဖစ္သူ ဦးေစာသည္ မေသဆုံးမီ အမွန္တရားကို သိျမင္လက္ခံသြားခဲ့သည္ဟု ယုံၾကည္လ်က္ရွိၾက သည္။ ဦးေစာက သူတုိ႔အတြက္ သူရဲေကာင္း တစ္ေယာက္မျဖစ္ခဲ့ေသာ္လည္း သမုိင္းသင္ခန္းစာမ်ား ေပးသြားခဲ့သူ တစ္ေယာက္ျဖစ္သည့္အျပင္ တုိင္းျပည္ကို ခ်စ္ျမတ္ႏုိးခဲ့သူ တစ္ေယာက္အျဖစ္လည္း လက္ခံထားၾကသည္။
“သူမေသခင္ေရးခဲ့တဲ့ စာကိုၾကည့္ရင္သူအမွန္တရားကို သိသြားခဲ့လို႔ေပ့ါ။ တကယ္ေတာ့ အထင္လဲြမႈႈ ေတြကေန ျဖစ္လာတဲ့ သူ႔ပင္ကို စိတ္ေပၚလာတာေပါ့။ ေဒါသစိတ္ေၾကာင့္ ျဖစ္ခဲ့ရတာေလ။ အဲဒီလိုသာ မဟုတ္ခဲ့ရင္ တုိင္းျပည္လည္း ဒီလို ဘယ္ျဖစ္မလဲ။ သူလည္း တုိင္းျပည္ကို ခ်စ္တဲ့သူတစ္ေယာက္ပဲ ဆုိတာ အန္တီတို႔အိမ္မွာ က်န္ခဲ့တဲ့ စာရြက္စာတမ္း၊ စာအုပ္ေတြကို ၾကည့္ရင္သိ ႏုိင္ပါတယ္””ဟု အဘုိးျဖစ္သူအေပၚ မိသားစု၀င္တစ္ဦးအျဖစ္ နားလည္မႈ ျပည့္၀စြာျဖင့္ ေျပာျပသည္။
မည္သုိ႔ပင္အဘုိးျဖစ္သူကို နားလည္မႈႈရွိသည္ဆုိဦးေတာ့ အဘုိး၏ တုိင္းျပည္အေပၚ က်ဴးလြန္ခဲ့မႈႈအတြက္ ယေန႔အခ်ိန္ထိ ေပးဆပ္ရလ်က္ရွိဆဲ ျဖစ္သည္ဟုဆုိသည္။
“လူေတြအျမင္မွာ ေၾသာ္.. ဒီမိသားစု သူတို႔အျပစ္ေတာ့သူတို႔ သိသားပဲဆုိတာမ်ဳိး ျဖစ္ေအာင္ ေနရပါတယ္။ အန္တီ့ေမေမနဲ႔ အဘြားတုန္းကဆုိရင္ သူတို႔ေတြက ရွိတဲ့ပစၥည္း ထုတ္ေရာင္းတာ။ အျပင္လူနဲ႔ ကူးလူးရတဲ့ စီးပြားေရးေတြ ဘာေတြလုပ္လို႔ အဆင္မေျပဖူးေလ။ အဘုိးထားခဲ့တဲ့ ၿခံပတ္ပတ္လည္က ေျမေတြေရာင္းစားၿပီး ေနလာခဲ့ၾကတာ။ အန္တီ့အေမ လက္ထပ္ၿပီး ေနာက္ပိုင္း အေဖက ၀န္ထမ္းဆိုေတာ ့အန္တီတုိ႔လည္း ၀န္ထမ္းမိသားစု၀င္ေတြ ျဖစ္လာတာေပါ့။ တျဖည္းျဖည္းနဲ႔” ဟု ဦးေစာမိသားစု၀င္မ်ားအျဖစ္ ျဖတ္သန္းခဲ့ရသည့္ အတိတ္ပုံရိပ္တို႔ကို ျပန္ေျပာင္းေျပာျပသည္။
ယခုေတာ့ တျဖည္းျဖည္းနဲ႔ လူမႈ၀န္းက်င္ က်ယ္ျပန္႔လာခဲ့သည္ မွာ သားႀကီးက ျပည္သူေတြနဲ႔ ထိ ေတြ႕ဆက္ဆံရသည့္ အႏုပညာရွင္တစ္ဦးအျဖစ္ ဆယ္ႏွစ္ေက်ာ္ျဖတ္သန္းခဲ့ၿပီ ျဖစ္သည္။ သားႀကီးက သ႐ုပ္ေဆာင္ မင္းချဖစ္သည္။
သားႀကီးသ႐ုပ္ေဆာင္လုပ္ လိုသည္ဟုေျပာသည့္ေန႔က ေဒၚမြန္ မြန္ရင္ေအာ္လုိက္သည့္အသံမွာ တစ္အိမ္လုံးပင္ လန္႔သြားရသည္ဟုဆို သည္။
“သ႐ုပ္ေဆာင္ပဲ ၀ါသနာပါတယ္။ သ႐ုပ္ေဆာင္ပဲ လုပ္မယ္ဆုိေတာ့ အဲဒီေန႔က အန္တီေအာ္လိုက္တာ အိမ္ကလူေတြေတာင္ လန္႔သြား တယ္။ အမေလး၊ အမေလး ဘယ့္ႏွယ့္ တစ္မိသားစုလုံး လူမသိသူမသိ ေနလာရပါတယ္ဆုိမွ မင္းက်မွ သ႐ုပ္ေဆာင္လုပ္မယ္ ဆုိၿပီးေတာ့ေလ။ ဘယ္လုိ စဥ္းစားလို႔မွ မရတာ။ ဒါေပမဲ့ သူတို႔ အေဖက ၀ါသနာပါတာ လုပ္ပါေစ ဆုိၿပီး ၾကည့္ေနလုိက္တာ အခု ၁၀ ႏွစ္ ေတာင္ရွိခဲ့ၿပီ” ဟု ဆိုေလသည္။
မင္းခသ႐ုပ္ေဆာင္လုပ္ေန စဥ္မွာလည္း အခ်ဳိ႕က ဦးေစာျမစ္ အျဖစ္သိၾကသူမ်ားရွိသလို အမ်ားစု ကေတာ့မသိၾက။ သို႔ေသာ္လည္း သူ႔အႏုပညာ လုပ္ငန္းတြင္ေတာ့ အဘုိးေၾကာင့္ တစ္စုံတစ္ရာ အရိပ္ မထင္ခဲ့ဟု ေဒၚမြန္မြန္ရင္ကဆုိသည္။
ထုိကဲ့သုိ႔ ဦးေစာမိသားစုကို သိရွိဆက္ဆံ ရင္းႏွီးၾကသူမ်ားျဖင့္ တျဖည္းျဖည္း ေျပာင္းလဲမႈမ်ား ရွိလာျခင္းတို႔က ေဒၚမြန္မြန္ရင္ လက္ထက္ကပင္ စခဲ့သည္ဆုိကလည္း မမွားေပ။ အာဇာနည္ေန႔ နီးတုိင္း ျပဳလုပ္ေလ့ရွိသည့္ ေဟာေျပာပဲြမ်ား၊ ေက်ာင္း တြင္းလႈပ္ရွားမႈမ်ားလုပ္သည့္ ရက္မ်ားဆိုလွ်င္ ေဒၚမြန္မြန္ရင္ မိဘမ်ားက သူမကို ေက်ာင္းသို႔မလႊတ္ေတာ့။ ဖခင္တာ၀န္က်ရာ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေမာ္ဒလိန္းေက်ာင္းတြင္ ၄ တန္းမွ ၇ တန္းအထိတက္ခဲ့စဥ္က အမွတ္တရ တစ္ခုရွိခဲ့ဖူးသည္။
ဦးေစာ၏ ေျမးမွန္း ၿမိဳ႕ကလူမ်ားေရာ ေက်ာင္းကပါ သိၾကသည့္မို႔ မိဘမ်ားက အာဇာနည္ေန႔ အႀကိဳေန႔မ်ဳိးတြင္ ေက်ာင္းလႊတ္ရန္ စိတ္ပူပန္ခဲ့သည့္အတြက္ ေက်ာင္းမတက္ခဲ့ရ။ ထုိအေၾကာင္းကို ေက်ာင္းမွ အႀကီးတန္း ေက်ာင္းသားမ်ားက သိၾကသည့္အခါ သူ႔ထံလာေရာက္၍ အားေပးႏွစ္သိမ့္ စကား ေျပာခဲ့ဖူး သည္ကို ေဒၚမြန္မြန္ရင္မေမ့ခဲ့။ ေက်ာင္းသားႀကီးမ်ား၏ ထိုသို႔ အားေပးႏွစ္သိမ့္မႈမ်ားက ေဒၚမြန္မြန္ရင္ကို အေတာ္ပင္ အားတက္ေစခဲ့သည္။
“ေက်ာင္းေဟာေျပာပဲြေတြမွာဆုိ အတန္းႀကီးေတြက ေျပာတာကိုး။ အဲဒီရက္မွာ ေက်ာင္းမတက္တာ သိေတာ့ သူတို႔က ေနာက္ေန႔ အတန္းထဲကို လာေျပာတယ္။ ဒါက သမုိင္းကို ေျပာတာေပါ့ေနာ္။ နင္တို႔နဲ႔ မဆုိင္ဘူးေပါ့။ ေက်ာင္းမတက္ဘဲ မေနနဲ႔။ ေနာက္ဆုိရင္ လာတက္။ နားေထာင္ေပါ့ ဆုိတာနဲ႔ ေနာက္ႏွစ္ေတြက စၿပီး အဲလိုပဲြေတြ သြားတက္ျဖစ္တယ္” ဟု မိဘမ်ားက စိတ္ပူေသာ္လည္း ကေလးအခ်င္းခ်င္း ျပႆနာ မရွိခဲ့ဘဲ နားလည္မႈရခဲ့ပုံကို ေဒၚမြန္မြန္ရင္က ရွင္းျပသည္။
ေနာက္ပိုင္းေမာ္လၿမိဳင္မွ ရန္ကုန္သုိ႔ ျပန္ေျပာင္းလာကာ အထက ၂ စမ္းေခ်ာင္း (စိန္ဖလုိး)သို႔ ေက်ာင္းေျပာင္းခဲ့သည္။ ၈ တန္းမွ ၁၀ တန္းအထိ တက္ခဲ့ျခင္းျဖစ္ ကာ ေက်ာင္းေျပာင္းစတြင္ သူ႔ကို အတန္းႀကီးမ်ားက ဦးေစာေျမးအျဖစ္ လာေရာက္ၾကည့္ရႈၾကသည္မွအပ အျခားျပႆနာ တစ္စုံတစ္ရာမရွိခဲ့။
“မိန္းကေလးေက်ာင္းဆုိေတာ့ အစ္မႀကီးေတြေပါ့။ လာၾကည့္ၾကတယ္။ အုပ္စုလုိက္ လာၾကည့္ၿပီးမွ အားနာသြားၿပီး ေၾသာ္ အသစ္ဆုိလုိ႔ လာၾကည့္တာပါ။ ဘာညာနဲ႔ ေလွ်ာခ်သြားတယ္။ သူငယ္ခ်င္းေတြက ကိုယ္နဲ႔ ေပါင္းၾကည့္တယ္။ အဆင္ေျပေတာ့လည္း ခင္မင္ရင္းႏွီးသြားတာပါပဲ” ဟု ေဒၚမြန္မြန္ရင္က ေျပာသည္။
ေသနတ္ဒဏ္ရာ တစ္ဆယ့္သုံးခ်က္ ထိမွန္က်ဆုံးခဲ့ရသည့္ အမ်ဳိးသားေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ မိသားစုႏွင့္ ထိုလုပ္ႀကံ သတ္ျဖတ္မႈ၏ ဦးေဆာင္တရားခံ ဦးေစာမိသားစု ၾကားတြင္လည္း သည္ဆယ္စုႏွစ္မ်ားစြာအတြင္း ေတြ႕ဆုံဆက္ဆံမႈ တစ္စုံတစ္ရာ မရွိခဲ့ေသာ္လည္း ထိုသမုိင္း၀င္ျဖစ္ရပ္အတြက္ နာၾကည္းမုန္းတီးမႈတို႔ကို မေတြ႕ရသည္က ေဒၚခင္ၾကည္ စုိက္ပ်ဳိးထားသည့္ လီလီပန္းမ်ားကို ဦးေစာေျမး မဂၤလာေဆာင္တြင္ အသုံးျပဳရန္ ျငင္းပယ္ျခင္းမရွိခဲ့သည့္ အျဖစ္အပ်က္တစ္ခုကသာ ျပသေနသည္မဟုတ္။ ဦးေစာမိသားစုအတြက္ အၿမဲေက်းဇူးတင္ ေႏြးေထြးေနခဲ့ရသည္ဆုိေသာ ေဒၚခင္ၾကည္၏ အမွတ္တရ စကားတစ္ခြန္းလည္း ရွိပါေသးသည္။
လြတ္လပ္ေရးရၿပီး ႏိုင္ငံေတာ္ လုပ္ႀကံမႈႏွင့္ပတ္သက္၍ ေဒၚခင္ၾကည္အား နစ္နာေၾကး ေတာင္းခံႏိုင္ရန္ တရားစြဲဆိုႏိုင္ေသးေၾကာင္း အႀကံျပဳသူရွိခဲ့ေသာ္လည္း ထိုအခ်ိန္က ေဒၚခင္ၾကည္ ေျပာခဲ့ သည့္စကားကုိ ေဒၚမြန္မြန္ရင္ အဘြားမွသည္ မိသားစုအားလုံးက မေမ့ႏုိင္ခဲ့ၾက…။
“အန္တီေဒၚခင္ၾကည္က ဘာေျပာခဲ့လဲဆုိေတာ့ ေဒၚသန္းခင္က မ်က္ႏွာမရွိဘဲ ျဖစ္ရတဲ့ မုဆိုးမ။ ကၽြန္မက ဂုဏ္ရွိၿပီး က်န္ခဲ့ရတဲ့ မုဆုိးမပါ။ ဒါေၾကာင့္ ေဒၚသန္းခင္ဆီက ကၽြန္မ ဘာမွ မယူလုိေတာ့ပါဘူးတဲ့။ အဘြားက အဲဒီစကားကို အခုထက္ ထိမေမ့ပါဘူး” ဟုဆုိေလသည္။
ထိုအမွတ္တရမ်ားႏွင့္အမွတ္တရ မဂၤလာဘိသိက အျဖဴေရာင္ လီလီပန္းေလးမ်ားကပင္ မိသားစုႏွစ္စုၾကား အဃာတတရား မရွိခဲ့ျခင္းကို သက္ေသျပေနသည္။
ေဒၚမြန္မြန္ရင္က ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏သမီး ေဒၚေအာင္ဆန္းစုၾကည္ကို အျပင္တြင္ မေတြ႕မျမင္ဖူးဘဲ အေျခအေနေပးခဲ့၍ ေတြ႕ခြင့္ရခဲ့ရပါက ေတြ႕လုိစိတ္ ျပင္းျပင္းျပျပ ျဖစ္မိေသာ္လည္း တကယ္တမ္း ေတြ႕ရမည္ဆုိခဲ့လွ်င္လည္း ေတြ႕ဖို႔ မ၀ံ့ရဲေၾကာင္း ဖြင့္ဟသည္။
“ကိုယ္က ဒီမွာေတာင္ ငုံ႔ေနရတဲ့သူေလ။ ေဒၚစုကေတာ့ Image အရမ္းႀကီးတယ္။ ကမၻာကေတာင္ အသိအမွတ္ျပဳခံရတဲ့သူ ဆုိေတာ့ေလ။ ဘာနဲ႔မွ ႏိႈႈင္းယွဥ္လို႔ မရပါဘူး။ မိသားစု သမုိင္းေၾကာင္းေတြေၾကာင့္ ေတြ႕ဖူးခ်င္ေပမယ့္လည္း မေတြ႕ရဲပါဘူး။ ေမေမတို႔တုန္းက ဆုိရင္ေတာ့ တစ္မ်ဳိးေပါ့ေလ” ဟု ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားေၾကာင္းႏွင့္ ေျပာစရာ မရွိေအာင္ပင္ ကြာျခားမႈမ်ားပါေၾကာင္း ေဒၚမြန္မြန္ရင္က ဆုိသည္။
ေဒၚမြန္မြန္ရင္တို႔ ဦးေစာမ်ဳိးဆက္ မိသားစု၀င္မ်ားႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကမူ အျပစ္မရွိသူ မိသားစု၀င္မ်ား အျပစ္ရွိသလုိ ခံစားေနရျခင္းကို စိတ္မေကာင္းျဖစ္မိေၾကာင္း က႐ုဏာစကား ဆုိပါသည္။
“ကိုယ္မလုပ္ခဲ့တဲ့ ကိစၥအတြက္ ဒီလုိခံစားရတာကို စိတ္မေကာင္းဘူး။ ကေလးေတြက ဘာမွ လုပ္ခဲ့တာမွ မဟုတ္တာ။ သူတို႔အဘုိးကလည္း သူ႔အျပစ္အတြက္ ဥပေဒအရခံသြားၿပီပဲ။ က်န္တဲ့လူမွာ ဘာအျပစ္မွမရွိဘူး။ ဒီကေလးေတြကို ေအးေအးခ်မ္းခ်မ္းနဲ႔ ေနေစခ်င္တယ္။ သူတို႔ကိုယ္သူတို႔လည္း အျပစ္ရွိတဲ့လူေတြရယ္လို႔ မသတ္မွတ္သင့္ဘူး” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါသည္။
မိသားစု၀င္မ်ားႏွင့္သာမဟုတ္ ဦးေစာအေပၚကိုပင္ မည္သို႔မွ် သေဘာ မထားေၾကာင္း ကို ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္၍ “ေဖေဖနဲ႔ ပတ္သက္ၿပီး ေတြးရင္ ဦးေစာေၾကာင့္ ေဖေဖ ဆုံးသြားတယ္လို႔ ဘယ္တုန္းကမွ မျမင္ဘူး။ ၿပီးေတာ့လည္း ႏုိင္ငံေရးမွာ ဒီလုိပဲ ျဖစ္တတ္ပါတယ္””ဟု ဆုိေလသည္။
ေဒၚမြန္မြန္ရင္ကေတာ့ သမုိင္းမွတ္တမ္းမ်ားမွာ မိသားစုႏွစ္ခုၾကား၌ ျဖစ္တည္ကြာျခားခ်က္မ်ားစြာ ရွိေသာ္လည္း ထုိကြာျခားမႈၾကား တူညီမႈတစ္ခု ရွိမည္ဆိုသည္ကို ယခုလိုယုံၾကည္မႈ ျပည့္၀စြာျဖင့္ ေျပာျပသည္။
“တကယ္ေတာ့ တုိင္းျပည္ကို ခ်စ္ၾကတာခ်င္းေတာ့ အတူတူပဲေနမွာပါ” ဟူ၍ ျဖစ္ေလသည္။
ေရးသားသူ >>> ၿငိမ္းၿငိမ္းႏိုင္
{၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၂၁ ရက္ထုတ္ 7DayNews Journal အတဲြ (၁၀)၊ အမွတ္(၂၇) တြင္ေဖာ္ျပခဲ့ေသာ ေဆာင္းပါးျဖစ္ပါသည္။
MsT
19 : 7 : 2017
=====

ဘိုးအေ၏ရှုးသွပ်မိုက်မဲမှုကြောင့်အနာဂါတ်ဘဝလမ်းပျောက်ခဲ့ရသူဂဋုန်ဦးစော၏မြစ်သရုပ်ဆောင်မင်းခ ( MsT )
“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။
--
လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ.. (ဂဠုန်ဦးစောမိသားစု၏ ဘဝဖြတ်သန်းမှုှု)
=====================================================
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှ ကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။
ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။
ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။
ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။
ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန်ရင် က ယူဆလေသည်။
“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”
“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။
“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။
ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ဝင်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုုလည်း တွေ့ရသည်။
သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။
“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေ့ါ။ တကယ်တော့ အထင်လွဲမှုှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။
“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ဝန်ထမ်းဆိုတော ့အန်တီတို့လည်း ဝန်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။
ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။
သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။
“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။
မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။
ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။
“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။
နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။
“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။
သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။
လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။
“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။
ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။
ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မဝံ့ရဲကြောင်း ဖွင့်ဟသည်။
“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုှုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။
ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။
ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။
ရေးသားသူ >>> ငြိမ်းငြိမ်းနိုင်
{၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်ထုတ် 7DayNews Journal အတွဲ (၁၀)၊ အမှတ်(၂၇) တွင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။
MsT
19 : 7 : 2017

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...