အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ဦး ခြောက်လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွား


အလုံမြို့နယ်တွင် အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ခြောက်လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှု ဇူလိုင် ၄ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၄ ရက်နံနက် ၇ နာရီခွဲခန့်တွင် အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းတွင် မိန်းကလေးတစ်ဦး တိုက်ပေါ်မှခုန်ချကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ခုန်ချခဲ့သည့် မိန်းကလေးမှာ အဆိုပါလမ်း အိမ်အမှတ် (၉၆)၊ ခြောက်လွှာတွင် နေထိုင်သည့် မ…(၂၄ နှစ်) ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, shoes and outdoor
ဆက်လက်စစ်ဆေးရာ ခုန်ချခဲ့သည့် မ….(၂၄ နှစ်) မှာလွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ တီဘီဆေးများ သောက်နေရသဖြင့် စိတ်ကျရောဂါ ခံစားနေရသူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။မ…. (၂၄ နှစ်) မှာတိုက်ပေါ်မှ မခုန်ချမီ ရေအိမ်သန့်ရှင်းရာတွင် အသုံးပြုသည့် ကြွေကြေးချွတ်ဆေး အနည်းငယ်သောက်ပြီး ၀ရန်တာမှနေ၍ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။ခုန်ချခဲ့သည့် မ…(၂၄ နှစ်) မှာ အဆိုပါတိုက်ခန်းတွင် ဆွေမျိုးများနှင့် နေထိုင်သူဖြစ်ကြောင်း၊ ယင်းတိုက်ခန်းတွင် လွန်ခဲ့သည့် ခြောက်နှစ်ကျော်ခန့်က စတင်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားခဲ့သည့် အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
Image may contain: one or more people, crowd and outdoor
“ခုန်ချခဲ့တဲ့ ကောင်မလေးက အဲဒီမှာနေတာ ခြောက်နှစ်ကျော်လောက်ရှိပြီ။ သူ့အမေရယ် အခြားဆွေမျိုးတွေနဲ့နေတာပါ။ သူ့အိမ်မှာ လေးငါးယောက်လောက်နေကြတယ်။ အဲဒီကောင်မလေးခုန်ချတာကို အရင်ဆုံးမြင်တာက ပဲပြုတ်ရောင်းတဲ့သူပါ။ ပဲပြုတ်ရောင်းတဲ့သူ ပြောတာကတော့ ခုန်ချတဲ့ကောင်မလေးက သူ့တိုက်ခန်းအောက်က ဆန်းရှိတ်ကို လွတ်အောင်ခုန်ချတယ်။ ပြီးတော့ ဓာတ်ကြိုးပေါ်က ဓာတ်ကြိုးထိန်းတဲ့ ကြိုးပေါ်ကိုကျတယ်။ အဲဒီကနေမှ မြေပေါ်ကိုကျတာပါ။ အဲဒီလိုဖြစ်တယ်ဆိုလည်း ကျွန်တော်သတင်းရရော ဖြစ်တဲ့နေရာကိုသွားပြီး အဲဒီနားမှာရှိတဲ့ကားနဲ့ ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ ကျွန်တော် သိရသလောက်က ခုန်ချသွားတဲ့ကောင်မလေးက တီဘီဆေးတွေသောက်ရလို့ စိတ်ဓာတ်ကျတာလို့ သိရတယ်။ ပြီးတော့ခုန်မချမီ ကြွေကြေးချွတ်ဆေးကို သောက်တယ်လို့လည်း သိရတယ်” ဟု အခင်းဖြစ်ပွားခဲ့သည့် လွတ်လပ်ရေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
No automatic alt text available.
ခုန်ချခဲ့သည့် မ…(၂၄ နှစ်) မှာ ၀ဲ/ယာ ခြေချောင်းများနှင့် ခြေသလုံးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မွန်းလွဲ ၁ နာရီခန့်တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။“ကောင်မလေးက ခုန်ချတဲ့အတွက် ခြေထောက်မှာ ဒဏ်ရာတွေရသွားတယ်။ ဒါပေမဲ့ကြေးချွတ်ဆေးသောက်ထားတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အချိန်နေ့လယ် ၁ နာရီလောက်မှာ ဆုံးသွားပါတယ်” ဟု လွတ်လပ်ရေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။အဆိုပါဖြစ်စဉ်အား အလုံမြို့မရဲစခန်းက ဆက်လက်စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်နေကြောင်း သိရသည်။
Eleven Media Group

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...