နေမကောင်းတဲ့အချိန်မှာ ပရိတ်သတ်မေတ္တာတွေ သိလိုက်ရလို့ ပီတီမျက်ရည်ကျမိတဲ့ ခိုင်နှင်းဝေ






PannPwitn
Source-Khine Hnin Wai


သရုပ်ဆောင် ခိုင်နှင်းဝေဟာ သွေးလုံးသားလုံး (Myoma)ရောဂါနဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန် အမျိုးသမီးဆေးရုံကြီးမှာ တက်ရောက်ခဲ့ရပါတယ်။ ၉ ရက်နေ့မှာ ခွဲစိပ်ကုသမှုခံယူခဲ့ပြီး။ ၁၂ ရက်နေ့မှာတော့ အခြေနေ တိုးတက်လို့ လမ်းလျောက်နေပြီ ဖြစ်ကြောင်း သူမဖေ့ဘုတ်မှာ ရေးသားခဲ့ပါတယ်။ဒီနေ့ ၁၂ ရက်နေ့မှာတော့ အခြေနေတိုးတက်လာလို့ လမ်းလျှောက်နေပြီဖြစ်ကြောင်း သူမရဲ့ဖေ့ဘုတ်အကောင့်ကနေ 
''ဒီနေ့လမ်းစလျှောက်ပါပြီရှင်...
ဆေးံရုံထိလာရောက် အားပေးကြတဲ့ချစ်ခင်ရသော အနုပညာ ညီအစ်မများ, 
သူငယ်ချင်း မိတ်ဆွေများအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်...
ပရိသတ်ကြီးအားလုံးကိုသတိလဲရတယ် ချစ်လဲချစ်ပါတယ်... ''    လို့တင်ထားတာတွေ့ရပါတယ်။

ဆေးရုံးသို့ မျိုးစန္ဒီကျော်အပါဝင် အနုပညာရှင်အချို့သွားရောက်အားပေးခဲ့သည်။  ဒီနေ့ ၁၂ ရက်နေ့မှာ ရေချိုးခေါင်းလျှော်လို့ ရပြီဖြစ်ကြောင်း တင်ခဲ့ပြီး။ ကောင်းတာနဲ့ အနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

''စိတ်ပူပေးကြတဲ့ချစ်ပရိသတ်တွေရဲ့မေတ္တာကို အခုလို နေမကောင်းတဲ့အချိန်မှာ ပိုရရှိလိုက်တဲ့အတွက် ကျမရင်ထဲ ပီတိမျက်ရည်ကျမိတာအမှန်ပါ..ကျမကိုချစ်တဲ့သူတွေအများကြီးရှိပါလားဆိုပြီး ဘဝကို ဖြတ်သန်းဖို့ပိုပြီးအားရှိသွားတယ်.အရမ်းကျေးဇူးတင်ပါတယ်..ပရိသတ်ကြီးရယ်'' ဟု ရေးသားထားသည်။

PannPwitn
Source-Khine Hnin Wai



Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...