ညစ်ညမ်းပြက်လုံးတွေနဲ့ပတ်သတ်ပြီး လူရွှင်တော်တွေကိုသတိပေးလိုက်တဲ့ မိုးဒီ


အခုချိန်ထိ ပရိသတ်ရင်ထဲမှာရှိနေတာက ဟာသသရုပ်ဆောင် လူရွှင်တော်မိုးဒီပါ ။ သူ့ခေတ်သူ့အခါတုန်း က ဇာတ်ကားတွေဆတ်တိုက် ရိုက်ခဲ့ပေမယ့် အခု အချိန်မှာတော့ ကျန်းမာရေးအရ အနားယူပြီးတော့ အနုပညာ အလုပ်တွေကိုခပ်ကြဲကြဲ လုပ်နိုင်တော့သူပါ ။ မိုးဒီနဲ့တွေ့ဆုံခိုက် လက်ရှိဟာသ ပြတ်လုံးတွေနဲ့ပတ်သတ်ပြီးတော့ သူ့အမြင် ကို Myanmar Celebrities ကို အခုလိုပဲ ပြောပြခဲ့ပါတယ် ။

"ဟာသဆိုတာ ပရိသတ်ရယ်အောင်လုပ်ဖို့နဲ့ ပရိသတ်ပျော်စေဖို့ တင်ဆက်ရတဲ့အရာတစ်ခုပ။ါ အဲ့ဒီအပေါ်မှာမှ ကျွန်တော်တို့တွေက ဘယ်လိုကွန့်မြူးပြီးတော့ ဘယ်လိုများ ပရိသတ်ကိုရယ်အောင်လုပ်ရမလဲ ဆိုတာက အဓိကပါ။ ဟာသပျက်လုံးထုတ်ရမှာ အောက်လုံးပျတ်လုံးတွေကို ရှောင်ကြင်ရမယ်။ ပွဲမှာဖြစ်စေဘယ်မှာ ဖြစ်ပါစေ ကိုယ်တွေပြတ်လိုက်တဲ့ ဟာသပြတ်လုံးတွေကို နားထောင်နေတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ အဲ့ဒီပရိသတ်တွေထဲမှာ မိသားစုတွေရှိသလို ဆရာတပည့် ဆွေမျိုးသားချင်းတွေလည်း ပါရင်ပါလိမ့်မယ်။ အဲ့ဒီလိုမျိုးတွေမှာ မိသားစုတွေ အတူနားမထောင်ကြားလို့မှ မကောင်းတဲ့ ဟာသပြတ်လုံးတွေ မပြောမိစေဖို့ လိုပါတယ်။ ညစ်ညမ်းတဲ့ပြတ်လုံးတွေနဲ့မဟုတ်ပဲ နဲ့ ပရိတ်သတ်ကိုရယ်ရအောင် လုပ်လို့ရပါတယ် " လို့ပြောပါတယ်။

Moe Di

လက်ရှိအခြေအနေနဲ့ အရင်ကအခြေအနေ ကွာခြားမူကိုလည်း" အရမ်းကွာသွားပြီ။ အခြေအနေအရပ်ရပ်တွေ အားလုံးရော ပြတ်လုံးပုံစံတွေပါ ပြောင်းလဲ သွားပါပြီ " လို့ပြောပါတယ်။ ကားရိုတ်ပိုင်းတွေ နည်းနေတာကိုလည်း " အဓိကကတော့ ကျန်းမာရေးကြောင့်ပါ။ ကျန်းမာရေးသာ ကောင်းနေရင် ဒီအလုပ်ကလုပ်ဖြစ်နေမှာပါ။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်လည်း ဖြစ်သလို ဒီအလုပ်ကပဲ ကိုယ့်ကိုယ်ထမင်းကြွေးခဲ့တာလေ။ အဲ့တော့ အလုပ်အပေါ်လေးစားပါတယ် အခြေအနေပေးရင်ပေးသလောက် လုပ်ချင်ပါတယ် " လို့ပြောပါတယ်။
Credit' Yanpaing Soe ( Myanmar Celebrities )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...