အွန်လိုင်းပေါ် နာမည်ကြီးနေသည့်တင်ပါးကောက်ကြောင်းအလှဆုံး မိန်းကလေး (ရုပ်သံ)


တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တင်ပါးကောက်ကြောင်း အလှပိုင်ရှင် ရွေးချယ်ပွဲမှာ ချန်ပီယံဖြစ်လာခဲ့တဲ့ မိန်းကလေးဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် ဂိုကျိအန်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ရှန့်ယန်ပြည်နယ်မှာ ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အမျိုးသမီး ၅၀ ထဲမှ အနိုင်ရရှိခဲ့တာပါ။
ခုလို တင်ပါးအလှကောက်ကြောင်းကြောင့် ဘဝနေထိုင်မှုမှာ အခက်အခဲတွေရှိတယ်လို့ သူက ဆိုပါတယ်။
ဂိုကျိအန်က သူ့အနေနဲ့ ခန္ဓာကိုယ်နဲ့အတိ အကျပ်အဝတ်အစားတွေကို ဝတ်ဆင်ထားရင် လူတွေ ဝိုင်းအုံကြည့်ကြတာကြောင့် ပွပွချောင်ချောင် ဝတ်စုံတွေကိုပဲ ဝတ်ဆင်ရတယ်လို့ ပြောပါတယ်။
သူ့ရဲ့ နောက်ပိုင်းအလှကို ငေးကြည့်တဲ့ အမျိုးသားတဦးနဲ့ ချစ်သူမိန်းကလေးကြား ရန်ပွဲဖြစ်တာကိုလည်း ကြုံခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။
တရုတ်နိုင်ငံမှာ ခုလိုကျင်းပခဲ့တဲ့ တင်ပါးအလှကောက်ကြောင်းပြိုင်ပွဲဟာ ဘရာဇီးနိုင်ငံမှ တင်ပါးအလှပြိုင်ပွဲလိုပဲ ဒေသတွင်း နာမည်ကျော်ပြိုင်ပွဲတခု ဖြစ်ပါတယ်။
ပြင်ပကမ္ဘာမှာတော့ ဂိုကျိအန်ဟာ ကာယအလှနည်းပြတဦးအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတာဖြစ်ပြီး သူ့ရဲ့ဘဝထဲမှ နေ့စဉ် ရှင်သန်နေထိုင်မှုတွေကို ထုတ်လွှင့်ရေးသားပြီး နာမည်ကြီးနေသူတယောက် ဖြစ်ပါတယ်။
အရပ်အမြင့် ၅ ပေ ၇ လက်မရှိပြီး ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်ရှိတဲ့ ဂိုကျိအန်က သူ့ရဲ့ တင်ပါးတွေဟာ သဘာဝအတိုင်းပဲဖြစ်ပြီး အစားထိုးပြုပြင်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ခုလိုရလဒ်အပေါ် ကျမ အရမ်းဝမ်းသာမိပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကျမ ဆက်ကြိုးစားသွားမှာပါပဲ။ ဒီအလုပ်(ကာယအလှနည်းပြ) ဟာ ကျမရဲ့ အနှစ်သက်ဆုံးအလုပ်ပါပဲ။”
Credit : DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...