ကိုယ့်ကျောင်း နာမည်ရဖို့ ကလေးတွေကို နှိက်စက်နေတာ


တကယ်တော့ လူမြင်ကွင်းမှာ အပြစ်ပေးခံရတယ်ဆိုတာ မဖြစ်သင့်ဘူးရာဇဝတ်ကောင်တွေကိုတောင်မှ အဲ့လိုအပြစ်ပေးတာမှ မဟုတ်ပဲ
နောက်ပြီး လူအများရှေ့ မှာ ဘောင်းဘီချွတ် အပြစ်ပေး တယ်ဆိုတာလည်း (ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ ) ဒါဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုလို့ပဲ မြင်တယ်
နောက်ပြီး ကျနော်တို့ ငယ်ငယ်တုန်းက စာရတယ့်လူက စာမရတယ့်လူကို ကျောင်းသားချင်းနှိက်စက်ခိုင်းတယ့် စောက်ဆရာမတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရဖူးတယ်ဘာနန္တော ဘာနန္တ ဂိုဏ်းဝင်ဆိုပြီး ဂျင်းဆက်မထည့်ကြပါနဲ့တော့(သူတို့သင်ပေးလို့ တတ်လာတယ်ဆိုတယ့်စကားတော့ လာမပြောနဲ့ ဆန်ပေးလို့ဆေးရတာတွေချည်းပဲ)
နောက်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်းတွေ အနေနဲ့ ဒီလ်ုလုပ်တာဟာ Customer ကို စော်ကားတာပဲကိုယ့်ကျောင်း နာမည်ရဖို့ ကလေးတွေကို နှိက်စက်နေတာ ရပ်သင့်နေပြီ(အောက်ကပို့စ်ကို မြင်လို့ စိတ်ထဲပေါ်လာတာတွေရေးမိတာ)

Image may contain: one or more people
ငယ်ငယ်ကကြုံဖူးတယ် လေးတန်းလား ငါးတန်းလားမမှတ်မိ ကျူရှင်ဆရာမက အိမ်စာလုပ်မလာလို့ဆိုပြီး အတန်းထဲမှာ ဘောင်းဘီချွတ်တာ ကလေးလဲမကျ လူပျိုပေါက်လဲမဖြစ်သေးဆိုတော့ အောက်ကဘစ်လေးတထည်ပဲဝတ်ထားပြီး တော်တော်အရှက်ရမိတယ် အဲဒီဆရာမကိုလဲ နာကျည်းချက်အပြည့်နဲ့ နောက်တစ်နေ့မှာ ဓါးနဲ့ထိုးဖို့တောင် လွယ်အိတ်ထဲ ကြက်သွန်လှီးဓါးယူလာမိတဲ့အထိပါပဲ
အမေသိသွားလို့ အဲ့သည်ကျူရှင်ကိုဆက်မထားတော့တာပါ ဒါကို အင်္ဂလိပ်ဘာသာစကားနဲ့ Public humilation/ Public shaming လို့ခေါ်ပါတယ် ကလေးတစ်ယောက်ကို ဒီလိုအပြစ်ပေးခြင်းဟာ နည်းလမ်းမှန်ကန်မှုမရှိပဲ ကလေးကိုစိတ်ဒဏ်ရာတွေသာဖြစ်သွားစေပါတယ် နိုင်ငံတကာလူ့အသိုက်အဝန်းမှာလဲ ဒါမျိုးလုပ်ရင် လုပ်တဲ့ဆရာ ဆရာမကို ထောင်ချအပြစ်ပေးနိုင်တဲ့ ဥပဒေတွေရှိပါတယ် မြန်မာနိုင်ငံလိုနေရာမျိုးမှာတော့ ဆရာကို အနန္တော အနန္တဂိုဏ်းဝင်တို့ မပြစ်မှားရဘူးတို့ သောက်တလွဲအတွေးအခေါ်တွေ ကလေးတွေကိုရိုက်သွင်းတယ်
ကလေးတွေမှာ ဆရာက ကလေးမုဒိန်းကျင့်တာမျိုးခံရရင်တောင် မိဘကိုပြန်မတိုင်ရဲ မပြောရဲတာတွေဖြစ်လာတယ် နဂိုထဲက ဘုရားနဲ့တဂိုဏ်းထဲတွေဘာတွေ စောက်တလွဲတွေလျှောက်ပြောထားတာကိုး တကယ်တော့ ဆရာဆိုတာ ဘယ်တုန်းကမှမရှိပါဘူး သင့်ကလေးစာတတ်မြောက်ဖို့ သင်ကပိုက်ဆံပေးတယ် ဆရာ ဆရာမက ပိုက်ဆံယူပြီး သင့်ကလေးကိုစာသင်ပေးတယ် စောက်တလွဲအနန္တောအနန္တဂိုဏ်းဝင်တာတွေဘာတွေအသာထား ကျေးဇူးတင်ဖို့မပြောနဲ့ စီးပွားရေးသဘောတရားအရ ပညာယူ ပိုက်ဆံပေးစနစ်မို့ ဆရာတစ်ယောက်ကို ကလေးက မကြိုက်လျှင်မကြိုက်ကြောင်းပြောလို့ ကလေးမှာအပြစ်မရှိဘူးဆိုတာပြောချင်ပါတယ် ကျေးဇူးပြုပြီး ခင်ဗျားတို့သောက်တလွဲအတွေးအခေါ်တွေကလေးတွေခေါင်းထဲရိုက်မသွင်းကြပါနဲ့လားဗျာ
ပုံ – မူရင်းတင်သူခရက်ဒစ်ပါ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...