ဝေဖန်မှုထက် ကျော်လာတဲ့သူတွေအားလုံးကို တရားဥပဒေအတိုင်း ရှေ့ ဆက်မယ်ဆိုတဲ့ အဆိုတော်မလေး


Miss Golden Land Myanmar Theme Song Music မူပိုင်ဖြစ်သူတေးသံရှင် ‘ယွန်းသီရိကျော်’ မှ အဆိုပါ Music နဲ့ ပတ်သက်ပြီးလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ လက်ရှိဖြစ်ပေါ်လျှက်ရှိနေတဲ့ ပြဿနာများနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်မှုာ ဇွန်လ ၂၂ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါကိစ္စရပ်များနဲ့ပတ်သက်ပြီး ‘ယွန်းသီရိကျော်’ ကို မေးမြန်းရာမှာတော့ “ဒီသီချင်းက ယွန်းရဲ့သီချင်းဆိုတာထက် Miss Golden Land Myanmar Organization ရဲ့ Theme Song ပါ။ ဒီသီချင်းထဲက Music အပိုဒ်တစ်ခုကို Project K အဖွဲ့ကကိုရီးယားသွားပြိုင်တဲ့အခါ ယူသုံးချင်ပါတယ်ဆိုတာနဲ့ ယွန်း အဲဒီပွဲတစ်ပွဲအတွက်ခွင့်ပြုပေးခဲ့ပါတယ်။ Project K အဖွဲ့လည်း နိုင်ငံကိုယ်စားပြုအနေနဲ့ယှဉ်ပြိုင်တဲ့အချိန်မှာ ဒုတိယဆုရတယ်လို့လည်းသိရပြီး ပျော်ခဲ့ရပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ Miss World 2017 ပြိုင်ပွဲမှာတော့ သူတို့ ဒီတီးလုံးနဲ့ကတဲ့အချိန်မှာ Miss Golden Land ကနေပြီး ယွန်း ဘယ်လိုဖြစ်တာလဲ ‘ဒါက ငါတို့ဟာနော်’ လို့ဆိုတဲ့အချိန်မှာ ယွန်းက သူတို့နဲ့ဂီတအစည်းမှာပြန်တွေ့ပြီး နှစ်ဦးသဘောတူ ဆက်မသုံးဖို့လက်ခံခဲ့ကြပါတယ်။ ဒီအပေါ် Project K အဖွဲ့ရဲ့ Fan အချို့၊ ပရိသတ်အချို့က ယွန်းအပေါ်နာလည်မှုလွဲပြီး Facebook က တစ်ဆင့် ယွန်းကို ပြောဆိုလာတာတွေရှိပါတယ်။ ယွန်းနဲ့ Project K အဖွဲ့က ရန်သူတွေမဟုတ်ပါဘူး။ နောက်ပြီး သူတို့ပြောသလို ယွန်းဆိုတုန်းက ဒီသီချင်းလူသိခဲ့ရဲ့လားလို့ပြောတဲ့အပေါ် ယွန်းပြောချင်တာကတော့ ‘ယွန်း’က ဒီသီချင်းကိုဖျော်ဖြေရေးတစ်ခုအနေနဲ့ သုံးဖို့ဆိုတာထက် အဖွဲ့အစည်းတစ်ခုရဲ့ဂုဏ်ကို ဖော်ညွှန်းဖို့ရာအတွက် ယွန်းလက်ခံထားပါတယ်။ ဒါပေမဲ့ အခုအနေအထားကတော့ ဝေဖန်တယ်ဆိုတာထက် တိုက်ခိုက်တာတွေ၊ ခြိမ်းခြောက်တာတွေ အထိပါဖြစ်လာပါတယ်။ ဒါကြောင့် ယွန်း ခုချိန်ကစပြီးတော့ ဝေဖန်မှုကို လက်ခံပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုထက် ကျော်လာတဲ့အခြေအနေမျိုးဆိုရင်တော့ တရားဥပဒေအတိုင်းဆက်လုပ်သွားမယ်လို့ ပဲပြောချင်ပါတယ်”လို့ လည်း ရှင်းပြခဲ့ပါတယ်။
#အာကာ
Credit' http://www.sundayjournalmyanmar.com/yoon-thiri-kyaw-6-18/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...