အပျိုကြီး စာရင်းဝင်အဖြစ်ခံယူလိုက်တဲ့ အေးမြတ်သူ


ပရိသတ်အားပေးမူရရှိထားတဲ့ သရုပ်ဆောင်အေးမြတ်သူ သူမစကားပြောရင် ကျွန်တော် ဆိုတဲ့ နာမ်စား နဲ့ ပွင့်ပွင့်လင်းလင်း ပြောတက်သူ၊ ခပ်ဟော့ဟော့ အဝတ်အစားတွေကြောင့်ဝေဖန်မူတွေ ခံခဲ့ရသလို မြန်မာ ဝတ်စုံလေးတွေနဲ့လည်း လိုက်ဖတ်မူရှိတယ်လို့ ပရိသတ်မှတ်ချတ်ပြုထားတဲ့သူပါ။ သူမကို မြန်မာအမျိုးသမီး ဝတ်စား ဆင်ယင်ထုံးဖွဲ့မူပြပွဲမှာ မြန်မာဝတ်စုံလေးနဲ့ တွေ့ရတာကြောင့် မြန်မာဝတ်စုံအပေါ် ခံစားချက်နဲ့ပတ်သတ်ပြီးမေးကြည့်ရာ Myanmar Celebrities ကို အခုလို ပြောပြခဲ့ပါတယ်။

"ကျွန်တော်က မြန်မာဝတ်စုံတွေကိုသဘောကျတယ်။ ဝမ်းဆတ်တွေ ဒီဇိုင်း ဆန်းလေးတွေလည်း အမြဲချူပ်ဝတ် ဖြစ်တယ်။ ဒါပေမယ် ကျွန်တော်က ခပ်ရှင်းရှင်းနဲ့ မျတ်စိယဉ်တဲ့ မြန်မာဝတ်စုံလေးတွေကို ပိုသဘောကျပါတယ်။ မြန်မာ အမျိုးသမီးတစ်ယောက်အနေနဲ့ မြန်မာဝတ်စုံလေးတွေကို ချစ်တယ် မြတ်နိုးတယ်။ ဒါပေမယ့် ကျွန်တော်တို့က သရုပ်ဆောင်ဆိုတော့ မြန်မာအဝတ်အစားတွေချည်းပဲ ဝတ်လို့မရဘူးလေ သူ့နေရာ နဲ့သူ လိုက်ဖတ်မူရှိအောင်တော့ ဝတ်ရတယ် " လို့ပြောပါတယ်။ ခပ်ဟော့ဟော့အဝတ်အစားတွေ ဝတ်ရတာတွေကိုရော သဘောကျလား ဆိုတော့ " စောနက ပြောသလိုပေါ့ သရုပ်ဆောင် မော်ဒယ်လ် တစ်ယောက်အနေနဲ့တော့ ဖက်ရှင်ပိုင်းအရ ပွဲအနေအထား အခြေအနေပေါ် မူတည်ပြီးတော့ ဝတ်စားရတာတွေရှိပါတယ် " လို့ ပြောပါတယ်။

Aye Myat Thu

အခုချိန်ထိ အိမ်ထောင်မပြုသေးတာကြောင့် အပျိုကြီး စာရင်းထဲ ဝင်နေပြီဆိုတော့ အခုလိုပြောပါတယ်။" ကျွန်တော်ကိုယ်တိုင်လည်း အပျိုကြီး စာရင်းဝင် အဖြစ်ခံယူထားပြီးပါပြီ ( ရယ်လျက် ) အိမ်ထောင်ပြုဖို့ဆိုတာ ကြိုပြီး ပြောလို့ကောင်းတဲ့ အရာ မဟုတ်ဘူးလေ သေချာမှ အသိပေးတာပဲ ကောင်းတာပါတယ် " လို့ပြောပါတယ် ။ အေးမြတ်သူက လက်ရှိမှာတော့ ညီထွဋ်ခေါင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်လို့သိရပါတယ်။

Yanpaing Soe (Myanmar Celebrities )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...