နယူးယောက်မြို့သားများ ဝယ်ယူဖို့ တန်းစီနေရတဲ့ မြန်မာ့အစားအစာ


အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုရိုနာစီရင်စု(Corona borough) ရှိ Queens နိုင်ငံတကာညဈေး တွင်ရောင်းချနေတဲ့ မြန်မာလူမျိုး ကိုမျိုးလင်းသွေးရဲ့ ပလာတာဟာ လူကြိုက်များလွန်းတဲ့အတွက် ညဘက်ညဘက်ဆို နယူးယောက်မြို့သားများ တန်းစီပြီး ဝယ်ယူနေကြပါတယ်။ ကိုမျိုးလင်းသွေး ဟာ Diamond District ရှော့ပင်းမောလ်တွင် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပြီး စနေနေ့ညတိုင်းမှာ New York Hall of Science ပြတိုက်ရဲ့ ကားပါကင်နေရာနားမှာ ပလာတာပြုလုပ်ရောင်းချလေ့ရှိပါတယ်။
ကိုမျိုးလင်းသွေးဟာ ပလာတာလုပ်နည်းကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟသာင်္တမြို့ ရှိ သုံးဘီး ဆိုင်ကယ်မောင်းသမားတစ်ယောက်ဆီမှ သင်ယူထားခဲ့တာ ဖြစ်ပြီး အချိန်ရရင်တော့ ကိုမျိုးလင်းသွေးဟာ ထပ်တရာမုန့် ( htut thayar or hundred layers) ကိုပါ ပြုလုပ်ပြီး ရောင်းချတယ် လို့သိရပါတယ်။ ဒါပေမဲ့ ကွင်းစ်ညဈေးမှာ လူအရမ်းများတဲ့အတွက် သူဟာ ထပ်တရာမုန့်ကို မပြုလုပ်ဘဲ ရိုးရိုးပလာတာကို ကြက်သားဟင်းနဲ့ပေါင်းကာ ကြက်သားပလာတာအဖြစ်ရောင်းချပါတယ်။ ဒါ့အပြင် နောက်တစ်မျိုးရောင်းချတာကတော့ အုန်းနို့ခေါက်ဆွဲဖြစ်ပြီး နှစ်မျိုးပေါင်းကို ၅ ဒေါ်လာခန့်သာကျသင့်တယ် လို့သိရပါတယ်။

Ref : Newyork Times,Insider News : New Yorkers are lining up for this Burmese street food

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...