အာဇာနည်နေ့မှာ ပါဝင်ကူညီနေကြတဲ့ ဝေဠုကျော်နဲ့ အေးမြတ်သူ







Credit: Duwun
photo credit:duwun
#Unicode Version#
ဇူလိုင်(၁၉)ရက်နေ့ ၊အာဇာနည်နေ့မှာ သရုပ်ဆောင် ဝေဠုကျော်နဲ့ အေးမြတ်သူတို့ကတော့ အာဇာနည်ကုန်းမှာ ကြက်ခြေနီအဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။

ဝေဠုကျော်ကလည်း ယခင်အင်တာဗျူးမှာ ဖြေဆိုထားသလိုပဲ အာဇာနည်ဗိမာန်မှာ တာဝန်ယူလုပ်ဆောင်ပေးနေ တာ တွေ့ရပါတယ်။ ဝေဠုကျော်အနေနဲ့ ထိုကဲ့သို့ ကူညီဆောင်ရွက်ခဲ့သည်မှာ လေးနှစ်ခန့် ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပရဟိတအလုပ်တွေလုပ်ရင်းနဲ့လည်း အနုပညာအလုပ်တွေ ပြန်လာလုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် အေးမြတ်သူကလည်း အာဇာနည်နေ့မှာ ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ အာဇာနည်နေ့မှာ ကြက်ခြေနီအဖွဲ့နဲ့အတူ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီပေးနိုင်ဖို့အတွက် ရောက်ရှိနေတာ တွေ့ရပါတယ်။ သူမအနေနဲ့ ဒီနေ့မှာ  ယခုလို တတ်နိုင်တဲ့ ဘက်ကနေ ပျော်ရွှင်စွာ ပါဝင်ကူညီလျက်ရှိပါတယ်။ယခင်နှစ်ကလည်း အေးမြတ်သူက ကြက်ခြေနီအသင်း နဲ့အတူ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ လုပ်ပေးခဲ့ပါတယ်။

အာဇာနည်ကုန်းမှာ လူအုပ်ကြောင့် မူးဝေကြတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို နွေးထွေးကြင်နာစွာ ပြုစုပေးနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အေးမြတ်သူကတော့ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...