လူသတ္သမား၃ေယာက္ဟာ ပစ္ခတ္ျပီးတာနဲ႔ျပန္ထြက္မသြားေသးပဲ လဲက်ေနတဲ႔သူေတြကုိ ေျခေထာက္နဲ႔ ကန္ျပီး ေသမေသ စစ္ေဆးၾကေသးတယ္


ဒီပို႔စ္တင္သူကို ေက်းဇူးအမ်ားႀကီး တင္မိပါတယ္။ လူသတ္သမား သံုးေယာက္ဟာ ပစ္ခတ္ၿပီးတာနဲ႔ ခ်က္ခ်င္း မထြက္ေသးပါဘူး။ သူတို႔အသိက အကုန္လံုးကို တစ္ခါတည္း လက္စေဖ်ာက္ခ်င္တဲ့ ရည္႐ြယ္ခ်က္ျဖစ္တယ္။ အဲဒါေၾကာင့္ ေမွာက္လဲက်သြားတဲ့ ပုဂိၢဳလ္ေတြကို တစ္ေယာက္ခ်င္း ေျခေထာက္နဲ႔ကန္ ေသမေသ စစ္ေဆးၾကပါေသးတယ္။ အဲဒီအခ်ိန္မွာ က်ေနာ့္အဖိုးသွ်င္က ၾကမ္းခင္းေပၚ ဖိတ္က်ေနတဲ့ ေသြးေတြကို လက္နဲ႔သဲ့ယူၿပီး ကိုယ္ေပၚ သုတ္လိမ္းၿပီးေတာ့ အသက္ေအာင့္ခႏၶာမလႈပ္ပဲ ဘုရားစာေတြ အသံတိတ္ ႐ြတ္ဆိုခဲ့ရတယ္လို႔ အဖိုးသွ်င္ကို ပါပါကို ေျပာျပခဲ့ပါတယ္”ေခါင္းေဆာင္ႀကီးမ်ား က်ဆံုးရစဥ္က ဝန္ႀကီးေဟာင္း ဦးဗဂ်မ္း၏ မ်က္ျမင္ကိုယ္ေတြ႕ရက္ကား ၁၉၄၇ ခုႏွစ္ ဇူလုိင္လ ၁၉ ရက္ျဖစ္၍ ေန႔ကား စေနေန႔ ျဖစ္ပါသည္။ ထိုအခါက ကြၽန္ေတာ္သည္ လမ္းပန္းအေဆာက္ အအုံႏွင့္ ျပန္လည္ ထူေထာင္ေရး ဌာနကို အုပ္ခ်ဳပ္သည္ျဖစ္ရာ ထုိဌာန၏ အတြင္းဝန္မွာ အုိင္-စီ-အက္စ္ ဦးအုန္းျဖစ္၍ ဒုတိယအတြင္းဝန္မွာ အုိင္-စီ-အက္စ္ ဦးခ်မ္းသာ ျဖစ္ပါ သည္။
ကြၽန္ေတာ္သည္ အမွတ္ (၈)၊ ကိုယ့္မင္း ကိုယ့္ခ်င္းလမ္း၊ ဗ-လ-စ ဌာန တြင္ ေနထုိင္လ်က္ရွိရာ ဟသၤာတခ႐ိုင္သို႔ ခရီးထြက္ခဲ့သည္မွအျပန္ အေအးမိ၍ အနည္းငယ္ဖ်ားလ်က္ရွိ၏။ထုိေန႔တြင္ ဝန္ႀကီးမ်ား အစည္းအေဝးက်င္းပမည္ ျဖစ္ရာ ကြၽန္ေတာ္သည္ ေနမေကာင္းသျဖင့္ အေၾကာင္းထူးသာမရွိခဲ့လွ်င္ ထုိအစည္းအေဝးသို႔ တက္ျဖစ္မည္ မဟုတ္ေပ။ ထိုေန႔က်င္းပမည့္ ဝန္ႀကီးမ်ား အစည္းအေဝးတြင္ ေျပာျပသင့္ေသာ သတင္းထူးတစ္ခု ကို ကြၽန္ေတာ္ ရရွိထား၏။ သတင္းထူးပံုမွာ စစ္တပ္မွ မလိမ့္တပတ္ျဖင့္ စက္ေသနတ္ (ဘရင္းဂန္း) (အလက္ ၂ဝဝ) ထုတ္ယူသြားသူမွာ ဦးေစာျဖစ္ေၾကာင္း၊ ထိုသုိ႔ ထုတ္ယူစဥ္က ဦးေစာသည္ ရွမ္းေဘာင္းဘီ၊ မ်က္မွန္နက္၊ ဆြယ္တာ လက္ျပတ္ႏွင့္ျဖစ္၍ ထုတ္ယူသြားေသာ ေမာ္ေတာ္ကားေရွ႕ခန္း ကားေမာင္းသူ၏ေဘးတြင္ ထုိင္လ်က္ပါေၾကာင္းမ်ားအျပင္ ဦးေစာတုိ႔လူစုသည္ ကုဒီတား (ေခၚ) ‘လက္နက္ျဖင့္ အာဏာသိမ္းယူရန္’ ႀကံစည္လ်က္ရွိၾကေၾကာင္းတုိ႔ကို သတင္းရရွိထား၏။ သို႔ေသာ္ သတ္ျဖတ္သည္အထိ အႀကံပက္စက္ၾကမည္ ဟူ၍ကား ထိုအခါက ကြၽန္ေတာ္ လံုးဝမေတြးေတာ ခဲ့မိေပ။
ရရွိထားေသာ သတင္းထူးကို ဝန္ႀကီးမ်ားအစည္း အေဝးတြင္ တင္ျပလုိသျဖင့္ ကြၽန္ေတာ္သည္ ေနမေကာင္း လ်က္ႏွင့္ပင္ အဝတ္ထူထူ အထပ္ထပ္ဝတ္၍ အစည္း အေဝးသို႔ သြား၏။အစည္းအေဝးက်င္းပမည့္ေနရာသည္ အတြင္းဝန္ မ်ား႐ံုး၊ အလယ္ထပ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ႐ံုးခန္းတြင္ ျဖစ္၍ စမည့္အခ်ိန္မွာ နံနက္ ၁ဝ နာရီ ျဖစ္၏။အစည္းအေဝးမစမီ မိနစ္အနည္းငယ္ခန္႔အလိုတြင္ ဗိုလ္ခ်ဳပ္ႏွင့္ ကြၽန္ေတာ္အစည္းအေဝးခန္းဝတြင္ မ်က္ႏွာ ခ်င္းဆုိင္ဆံုမိၿပီး အခန္းတြင္းသို႔ အတူဝင္သြားၾက၏။ ထိုေန႔တြင္ ဗိုလ္ခ်ဳပ္သည္ ဝတ္ေနက် စစ္ဝတ္ စစ္စား မဟုတ္ဘဲ ထူးထူးျခားျခား အရပ္ဝတ္ အရပ္စားႏွင့္လာ၏။ ေရႊဖလားေရာင္ ဗန္ေကာက္လံုခ်ည္၊ ပိုးအက်ႌတို႔ႏွင့္ ျဖစ္၍ ဆံပင္မွာလည္း ခါတုိင္းကဲ့သို႔ စုတ္ဖြာဖြာႀကီး မဟုတ္ဘဲ ညႇပ္ၿပီးစျဖစ္၍ သပ္ရပ္၏။
‘ဗိုလ္ခ်ဳပ္က ဒီလုိေတာ့ အေခ်ာႀကီးပဲ…’ဟု ကြၽန္ေတာ္က ေျပာင္၍ ေျပာလုိက္၏။’ႏုိင္ငံေရးသမားေတြဟာ လြတ္လပ္ေရးရၿပီးရင္ စစ္သားစိတ္ေဖ်ာက္ၿပီး အရပ္သားစိတ္ ေမြးျမဴၾကဖို႔ အေရးႀကီးတယ္’ ဟု ဗိုလ္ခ်ဳပ္က ျပန္ေျပာ၏။ဗိုလ္ခ်ဳပ္၏အခန္းမွာ အေတာ္က်ယ္၍ မ်က္ႏွာစာတြင္ လူဝင္တံခါးႀကီး သံုးေပါက္၊ လက္ယာဘက္ေဘးတြင္ ဗိုလ္ခ်ဳပ္၏ အတြင္းေရး အတြင္းဝန္ ဗိုလ္ထြန္းလွ၏ အခန္းသို႔ကူးေသာ တံခါး၊ လက္ဝဲဘက္ေဘးတြင္ ဝန္ႀကီး မ်ားအဖြဲ႕ အတြင္းဝန္ ဦးေရႊေဘာ္၏အခန္းသို႔ ကူးေသာ တံခါးသည္လည္းေကာင္းရွိၿပီးလွ်င္ အခန္း၏ေက်ာဘက္တြင္ ျပတင္းေပါက္သံုးခုရွိ၏။ အခန္းတြင္း အေရွ႕ေျမာက္ေထာင့္တြင္ ဗိုလ္ခ်ဳပ္၏အလုပ္စားပြဲရွိ၍ ၄င္းအခန္း၏ ေတာင္ဘက္နံရံတြင္ ဝန္ႀကီးမ်ားအစည္းအေဝးစားပြဲရွိ၏။
ဝန္ႀကီးမ်ား အစည္းအေဝးစားပြဲသည္ စားပြဲရွည္ သံုးခုကို ေထာင့္ခ်ဳိးဂငယ္ပံု သံုးဖက္ပိတ္ တစ္ဖက္ဖြင့္ ဆက္၍ထား၏။ ထိပ္စားပြဲသည္ ၁ဝ ေပ ခန္႔ရွည္၍ သံုးေပခန္႔က်ယ္၏။ ထုိ ထိပ္စားပြဲ၏ အစြန္းတစ္ဖက္ တစ္ခ်က္တြင္ ယွဥ္၍ ေဒါင္လုိက္ဆက္ထားေသာ စားပဲြမ်ားမွာ ၁၈ ေပခန္႔ ရွည္၍ သံုးေပခန္႔က်ယ္၏။ထိပ္စားပြဲ၏အလယ္တြင္ ဗိုလ္ခ်ဳပ္ထိုင္၏။ ဗိုလ္ခ်ဳပ္၏လက္ဝဲဘက္တြင္ ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ ဦးေရႊေဘာ္ထိုင္၏။ လက္ယာဘက္နံေဘးရွိ စားပြဲရွည္ တြင္ သခင္ျမ၊ ဦးဘခ်ဳိ၊ ဦးရာဇတ္၊ ဦးဘဝင္း၊ မန္းဘခိုင္တုိ႔ တစ္ေယာက္ၿပီးတစ္ေယာက္ ယွဥ္၍ထုိင္ၾက၏။ ထိပ္စားပြဲ၏ လက္ဝဲဘက္နံေဘးရွိ စားပြဲရွည္တြင္ ကြၽန္ေတာ္၊ ဦးေအာင္ဇံေဝ၊ ေပ်ာ္ဘြယ္ဦးျမ၊ မုိင္းပြန္ ေစာ္ဘြားႀကီးတုိ႔ တစ္ေယာက္ၿပီးတစ္ေယာက္ ယွဥ္၍ ထုိင္ၾက၏။
အစည္းအေဝးသည္ ခ်ိန္းထားသည့္အတုိင္း ၁ဝ နာရီမွာ အခ်ိန္မွန္စ၏။ အစဥ္အလာအတိုင္း အေရးႀကီး ေသာကိစၥမ်ား စဥ္းစားေသာအခါ သက္ဆုိင္ရာဌာန အတြင္းဝန္သည္ လုိအပ္က လာေရာက္၍ရွင္းလင္း ေျပာျပရ၏။ ထိုေန႔က ကိစၥအခ်ဳိ႕ စဥ္းစားၿပီးသည့္ေနာက္ ၁ဝ နာရီခြဲေက်ာ္ေက်ာ္ေလာက္တြင္ စဥ္းစားရန္ အလွည့္ က်သျဖင့္ သက္ဆိုင္ရာဌာန၏ ဒုတိယအတြင္းဝန္ျဖစ္ ေသာ အုိင္-စီ-အက္စ္ ဦးအုန္းေမာင္သည္ အစည္းအေဝး ခန္းသို႔ ေရာက္ရွိလာၿပီး လက္ယာဘက္ စားပြဲထိပ္ သခင္ျမ ၏အနီး၌ ကပ္လ်က္ထုိင္၏။ဦးအုန္းေမာင္ ေရာက္ရွိၿပီး ႏွစ္မိနစ္၊ သံုးမိနစ္ခန္႔ အၾကာတြင္ အစည္းအေဝးခန္းမႀကီး၏ မ်က္ႏွာစာရွိ တံခါး သံုးေပါက္အနက္ ေျမာက္ဆံုးတံခါးေပါက္ကို တြန္း၍ ဖြင့္ၿပီးလွ်င္ စစ္ဝတ္စံုဝတ္ထားေသာ လူေလး ငါးေယာက္ သည္ ေတာ္မီဂန္း၊ စတင္းဂန္းစသည့္ ေသနတ္မ်ားကို ကိုင္ေဆာင္၍ အစည္းအေဝးခန္းမအတြင္းသို႔ ဝင္ေရာက္ လာၾက၏။ ထုိအခါက ကြၽန္ေတာ္သည္ သူတို႔ဝင္လာသည့္ တံခါးကိုမ်က္ႏွာမူ၍ ထိုင္ေနသျဖင့္ ဝင္လာသည့္ အခ်ိန္မွစ၍ ေကာင္းစြာသတိျပဳမိ၏။
ဝင္လာသူမ်ားသည္ တပ္မေတာ္၏ အဝတ္အစားမ်ားကို ဝတ္ဆင္လာၾက သျဖင့္ တပ္မေတာ္သားမ်ားျဖစ္သည္ဟုပင္ ထင္မိ၏။ သူတို႔သည္ အလြန္အေရးႀကီး၍ ႐ုတ္တရက္ျဖစ္ေပၚေသာ ကိစၥတစ္ခုခုကို ဝန္ႀကီးအစည္းအေဝးသို႔ အစီရင္ခံလုိသျဖင့္ လာၾကသည္ဟု ေတြးမိ၏။ နားမလည္ေသး ႐ိုင္းေသး သျဖင့္သာ တစ္ေယာက္တည္းမလာဘဲ လူအမ်ားစု၍ လာျခင္း၊ ေသနတ္မ်ား ကိုင္ေဆာင္လာျခင္းတို႔ကို ျပဳလုပ္ ၾကသည္ဟု တစ္ဆက္တည္းေတြးကာ ေနာက္ေနာင္ ဝန္ႀကီးအစည္းအေဝးသို႔ ကိစၥရွိ၍လာေရာက္လွ်င္ တပ္မေတာ္သားတစ္ဦးသည္ လက္နက္ကို အျပင္မွာ ထားခဲ့ရန္ႏွင့္ တစ္ေယာက္တည္းလာရန္ အမိန္႔ထုတ္ထားပါ ဟု ဗုိလ္ခ်ဳပ္အား ေျပာမည္ဟူ၍ပင္ စဥ္းစားမိ၏။ဝင္လာသူ ယူနီေဖာင္းဝတ္ လက္နက္ကိုင္တို႔သည္ အစည္းအေဝးစားပြဲႀကီး၏ စားပြဲသံုးခု အနီး(ဂ၊ ငယ္) ဝမ္းဗိုက္၏ အဝင္ဝသို႔လာ၍ သံုးေယာက္ခန္႔ ေရွ႕ေနာက္ စီကာ ရပ္ၿပီးလွ်င္ ေရွ႕ဆံုးမွ ဝင္လာသူသည္ ‘ဟိတ္’ ဟု အသံက်ယ္စြာ တစ္ခြန္းေအာ္လိုက္ၿပီး ဗိုလ္ခ်ဳပ္အား ေတာ္မီဂန္းႏွင့္ စ၍ပစ္၏။ ဗိုလ္ခ်ဳပ္သည္ မတ္တတ္ရပ္ လုိက္ကာ ေသနတ္ပစ္သူတို႔ဘက္သို႔ လက္ကာျပၿပီးလွ်င္ တစ္စံုတစ္ခုကို ေျပာလုိက္၏။ ဘာေျပာသည္ ဟူ၍ကား ကြၽန္ေတာ္ နားမလည္လုိက္ေပ။
ထိုသို႔ပစ္လုိက္သည္ႏွင့္တစ္ၿပိဳင္နက္ ေပ်ာ္ဘြယ္ ဦးျမႏွင့္ ဦးေရႊေဘာ္တုိ႔သည္ ေက်ာဘက္ရွိ ျပတင္းေပါက္မွ ေက်ာ္ထြက္ၿပီးလွ်င္ ျပတင္းေပါက္ေအာက္ရွိ ႏွစ္ေပခန္႔ က်ယ္ေသာ ၾကမ္းျပင္စြန္းကိုကြယ္၍ ဦးေရႊေဘာ္၏ အခန္းသို႔ ကူးေျပးၾက၏။ ကြၽန္ေတာ္သည္ ထိပ္စားပြဲႏွင့္ အလ်ားလုိက္ယွဥ္ကာ ၾကမ္းေပၚတြင္ေမွာက္၍ အိပ္လိုက္၏။ ထိုသို႔အိပ္လိုက္ေသာအခါ ကြၽန္ေတာ္၏ လက္ဝဲဘက္တြင္ရွိေသာ ဦးေအာင္ဇံေဝ၏ လက္ကိုလည္း ဆဲြ၍ခ်လုိက္သျဖင့္ ဦးေအာင္ဇံေဝသည္လည္း ကြၽန္ေတာ္ ႏွင့္အတူ အိပ္လုိက္၏။ထိုသို႔ ရန္သူ႔လက္နက္ႏွင့္ ႀကံဳႀကိဳက္ေသာအခါ လွဲ၍ အိပ္လိုက္ျခင္းသည္ ဂ်ပန္ေခတ္ စစ္အတြင္းက ရရွိခဲ့ေသာ အေလ့အက်င့္အေမြျဖစ္၏။ ဗံုးႀကဲေလယာဥ္ပ်ံ မ်ားလာသျဖင့္ အာရွလူငယ္သူနာျပဳအဖြဲ႕မ်ားကုိ ဗံုးက် ရာသို႔ ေစလႊတ္ေသာအခါ ကြၽန္ေတာ္ အၿမဲမွာေလ့ရွိေသာ ေနာက္ဆံုး စကားမ်ားမွာ (ဗံုးႀကဲလွ်င္၊ စက္ေသနတ္ပစ္ လွ်င္ အျမန္ဆံုးလွဲ၍ အိပ္လိုက္)ဟု ျဖစ္ေလရာ ကုိယ္ေရး ႀကံဳေသာအခါ လွဲ၍အိပ္ၿပီး ျဖစ္ေနသည္ကို သတိျပဳမိ၏။
ကြၽန္ေတာ္သည္ သမၺဳေဒၶဂါထာ၊ သိရသၼႎဂါထာႏွင့္ စမၼကၡန္ ဂါထာမ်ားကို စစ္အတြင္းက အၿမဲရြတ္ေလ့ရွိသည့္အတိုင္း ထိုသို႔ ၾကမ္းေပၚတြင္ေမွာက္၍ ေနစဥ္အခ်ိန္တြင္လည္း ရြတ္လ်က္ရွိသည္ကို သတိျပဳမိ၏။ ဦးေအာင္ဇံေဝသည္ ပစၥည္း ေခၚ ပ႒ာန္းက်မ္း၏ အက်ယ္ျဖစ္ေသာ ပ႒ာန္း ပစၥယနိေဒၵသ ပါဠိေတာ္ကို အႏွစ္သံုးဆယ္ေက်ာ္မွ် တစ္ေန႔ မျပတ္ ရြတ္ဖတ္သရဇၩာယ္ခဲ့သည့္အေလ်ာက္ ၾကမ္းေပၚသုိ႔ လွဲလုိက္သည့္အခ်ိန္မွစ၍ ရန္သူမ်ား ထြက္သြားသည့္ အခ်ိန္အထိ စိတ္တြင္ အာ႐ံုျပဳ၍ ရြတ္ေၾကာင္း ေနာက္မွ စံုစမ္းသိရွိရေလသည္။ထိုသို႔ေမွာက္လ်က္ရွိစဥ္ ကြၽန္ေတာ္၏ လက္ဝဲဘက္ နံေဘးသည္ ပူခနဲ ျဖစ္သြား၏။ က်ည္ဆန္တစ္ခု ေဘးသို႔ ရွပ္၍ ေဖာက္ဝင္သြားသည္ဟု ထင္မိ၏။ သို႔ေသာ္ ေသႏုိင္ ေသာ ေနရာမဟုတ္ဟူ၍လည္း ေတြးလုိက္ေသး၏။
အိမ္ျပန္ေရာက္၍ ၾကည့္ေသာအခါ ထုိသို႔ ပူခနဲျဖစ္ သည့္ေနရာ (နံ႐ိုးစြန္းႏွင့္ တင္ပါး႐ိုးၾကား အသား) တြင္ လက္သန္းဖ်ားခန္႔ မည္း၍ေနေသာ အဝိုင္းငယ္တစ္ခုကို ေတြ႕ရ၏။ ထိုေနရာႏွင့္ တည့္တည့္ သကၠလတ္အေပၚ အက်ႌတြင္ လက္မဝက္ခန္႔ရွည္၍ မန္က်ည္းေစ့ခန္႔ က်ယ္ ေသာ အေပါက္ငယ္တစ္ခုကိုလည္း ေတြ႕ရ၏။ ထုိသို႔ က်ည္ဆန္မွန္ေသာေနရာတြင္ လံုခ်ည္၊ ေဘာင္းဘီ၊ ရွပ္ အက်ႌ၊ ဆြယ္တာလက္ျပတ္ႏွစ္ခု စြပ္က်ယ္ႏွင့္ အေပၚ အက်ႌပါအားလံုး ခုနစ္ထပ္ရွိသည္ကို ေတြ႕ရ၏။ကြၽန္ေတာ္၏ လက္ယာဘက္ လက္သူၾကြယ္အဖ်ား တြင္ တစ္ခ်က္ထိမွန္၏။ က်ည္ဆန္သည္ လက္ဖ်ားမွ ဝင္ၿပီးလွ်င္ အလယ္ဆစ္၏ေဘးမွ ထြက္၏။ လက္ဖ်ား ဆစ္၏ အတြင္းသားႏွင့္ အ႐ုိးတစ္ပိုင္းပဲ့၍ ပါသြားသျဖင့္ လက္ဖ်ားဆစ္တြင္ စပါးေစ့တစ္ျခမ္းေလာက္မွ်ေသာ အ႐ိုးတစ္ပိုင္းႏွင့္ အေပၚေရသာ က်န္ရစ္သည္ျဖစ္ရာ အဖူးကို ႏုတ္ယူထားသည့္ ေျပာင္းဖူးႏွင့္တူ၏။
သူသတ္ေယာက်္ားတို႔ကား သံုးေယာက္ ၿပိဳင္တူ ပစ္ၾက၏။ ပထမ ရပ္၍ပစ္ၾက၏။ ေနာက္ ဒူးေထာက္၍ ပစ္ၾက၏။ ကြၽန္ေတာ္ႏွင့္ ဦးေအာင္ဇံေဝတို႔ကိုမူကား ၾကမ္းေပၚတြင္ ေမွာက္လ်က္ရွိသျဖင့္ ေသၿပီထင္ၿပီး မပစ္ဟန္လကၡဏာရွိ၏။အပစ္အခတ္ရပ္စဲၿပီး သူသတ္မ်ား ျပန္ထြက္ေနစဥ္ တံခါးဝေလာက္အေရာက္မွာ ဦးေအာင္ဇံေဝသည္ ေမွာက္ေနရာမွ ထထုိင္ၿပီး ဗိုလ္ခ်ဳပ္လဲေနသည့္ဘက္ကို လက္ညိႇဳးထိုး၍ ျပၿပီးလွ်င္ ‘ေသကုန္ၾကၿပီ’ ‘ေသကုန္ၾကၿပီ’ ဟု ညည္းတြားလိုက္၏။ကြၽန္ေတာ္က ဦးေအာင္ဇံေဝအား ဆြဲ၍ လွဲလိုက္ ၿပီးလွ်င္ ‘မထနဲ႔ဦး ျပန္ဝင္လာရင္ ခင္ဗ်ားကို ပစ္လိမ့္မယ္’ ဟုေျပာ၏။ ကြၽန္ေတာ္တို႔ မိနစ္ဝက္ခန္႔ ဆက္၍ေမွာက္ ေနၾကၿပီးလွ်င္ ႏွစ္ေယာက္အတူ ထၾက၏။ တစ္ခန္းလံုး မီးခိုးျဖင့္ေမွာင္လ်က္ ယမ္းေငြ႕တေထာင္းေထာင္းထလ်က္ ရွိ၏။ ဗိုလ္ခ်ဳပ္ကား ပက္လက္လဲလ်က္ရွိ၏။
ဦးေအာင္ဇံေဝႏွင့္ ကြၽန္ေတာ္တုိ႔သည္ ဦးေရႊေဘာ္၏ အခန္းဘက္သို႔ ကူးသြားၿပီးလွ်င္ တယ္လီဖုန္းဆက္ရန္ ႀကိဳးစား၏။ တယ္လီဖုန္းဆက္၍မရ၊ ပ်က္ေနဟန္ ရွိ၏။ ကြၽန္ေတာ္၏ အခန္းသို႔သြားရန္ ဦးေရႊေဘာ္၏ အခန္း ျပင္သို႔ ထြက္လုိက္ရာ ထုိအခ်ိန္က ရန္ကုန္ ပုလိပ္မင္းႀကီး ျဖစ္သူ ဦးေအာင္ခ်ိန္အား အခန္းဝတြင္ေတြ႕၏။’ဘာျဖစ္ၾကတာလဲ’ ဟု ဦးေအာင္ခ်ိန္က ေမးေသာ အခါ ‘လာလာ လုိက္သာၾကည့္ေတာ့’ ဟုေျပာကာ ဦးေအာင္ခ်ိန္အား ဦးေရႊေဘာ္၏အခန္းကိုျဖတ္၍ အစည္းအေဝးခန္းသို႔ ဦးေအာင္ဇံေဝႏွင့္ ကြၽန္ေတာ္တုိ႔က ေခၚသြား၏။ ကြၽန္ေတာ္တုိ႔ ျပန္ဝင္သြားေသာ အခ်ိန္တြင္ မိုင္းပြန္ေစာ္ဘြားႀကီးသည္ ေသြးေပလ်က္ရွိေသာ ေမးေစ့ႏွင့္ ပါးစပ္တစ္ျခမ္းကို လက္ယာလက္ဝါးျဖင့္အုပ္ကာ ဗိုလ္ထြန္းလွ၏အခန္းဘက္သို႔ ေလွ်ာက္သြား၏။ သို႔ေသာ္ ဗိုလ္ထြန္းလွထြက္လာသျဖင့္ လမ္းတြင္ဆံုမိ ၾက၏။ ဗိုလ္ထြန္းလွသည္ အစည္းအေဝးခန္းသို႔ ဝင္လာ ၿပီးလွ်င္ သူသတ္တို႔ထြက္သြားေသာ တံခါးကိုပိတ္၍ ခ်က္ထိုးလိုက္၏။
ဦးေအာင္ခ်ိန္အား အစည္းအေဝးခန္းတြင္ ထားခဲ့ၿပီး လွ်င္ ဦးေအာင္ဇံေဝႏွင့္ ကြၽန္ေတာ္သည္ ကြၽန္ေတာ္၏ အခန္းသို႔သြားၾက၏။ အခန္းသို႔ေရာက္လွ်င္ ဦးေအာင္ဇံေဝ သည္ ကြၽန္ေတာ့္လက္တြင္ ရရွိေသာဒဏ္ရာကို ၾကည့္၍ က်ည္ဆန္မွာ အဆိပ္ပါမွာ စိုးရသည္။ ခ်က္ခ်င္း ေဆးထည့္ ပါဟု သတိေပး၏။ ကြၽန္ေတာ္သည္ ကြၽန္ေတာ္၏ အတြင္းေရး အတြင္းဝန္ ေမာင္သန္းျမင့္အား ဆရာဝန္ ေခၚခဲ့ရန္ မွာထားၿပီးလွ်င္ အိမ္သို႔ ျပန္၏။ ကုလားဆရာဝန္ တစ္ေယာက္ႏွင့္ ဗိုလ္လက်္ာ၏ညီ ေဒါက္တာလွေရႊတုိ႔ မၾကာမီေရာက္ လာၿပီးလွ်င္ လက္ဖ်ားကို ေဆးထည့္ ဂြမ္းတုိ႔ျဖင့္ ခ်ဳပ္ၾက၏။ ေဒါက္တာလွေရႊက လက္ျပာ ေနတာကို သေဘာမက်။အဆိပ္ေၾကာင့္ ျဖစ္ခ်င္လွ်င္ ျဖစ္ႏုိင္သည္ဟုေျပာကာ အဆိပ္ေျဖသည့္ ထိုးေဆးကို အရွာခိုင္းသျဖင့္ ေမာင္သန္းျမင့္ကို လႊတ္၍ စစ္တပ္ တြင္ရွာ၏။ ထိုးေဆးရွာေနစဥ္အတြင္း ေဆး႐ံုႀကီးကို လုိက္ခဲ့ပါ။ ေဆး႐ံုႀကီးမွာ ကိရိယာစံုသည္ဟု ေဒါက္တာ လွေရႊက အႀကံေပးသျဖင့္ လုိက္သြား၏။
ေဆး႐ံုႀကီးသို႔ေရာက္ေသာအခါ ေဒါက္တာဘသန္း ႏွင့္ ေဒါက္တာလွေရႊတုိ႔တုိင္ပင္ၿပီးလွ်င္ ကုသ၍ ျဖစ္ႏုိင္ ေသာ နည္းမ်ိဳးစံုျဖင့္ လုိေလေသးမရွိေအာင္ ကုသၾက၏။ စစ္တပ္တြင္ရွာေသာ အဆိပ္ေျဖထိုးေဆးလည္း အလြယ္ တကူပင္ ရရွိလာသျဖင့္ ထိုးရ၏။ ဦးဘခ်ဳိႏွင့္ မိုင္းပြန္ ေစာ္ဘြားႀကီးတို႔အား ခြဲစိတ္ကုသရန္ ျပင္ဆင္လ်က္ ရွိေၾကာင္း၊ ဒဏ္ရာရသူ က်န္ပုဂၢိဳလ္မ်ားမွာအားလံုး ေသဆံုးၾကၿပီျဖစ္ေၾကာင္း ကြၽန္ေတာ္ ေဆး႐ံုမွ မျပန္မီ ၾကားသိခဲ့ရ၏။ည ၈ နာရီခန္႔တြင္ ေဒါက္တာလွေရႊထံမွ စကား ေျပာေၾကးနန္းႏွင့္ ဝန္ႀကီးမ်ား၏ အေလာင္းကို ၫႊန္ၾကား ခ်က္ တစ္စံုတစ္ရာမရရွိသျဖင့္ ေရခဲတိုက္သို႔ မပို႔ရေသးဘဲ ေဆး႐ံုမွာပင္ရွိေသးေၾကာင္း ေျပာသည္။ ေရခဲတိုက္သို႔ ပို႔သာပို႔ပါ။ ကြၽန္ေတာ္ လံုးဝတာဝန္ယူပါမည္ဟု အေၾကာင္းျပန္ၾကားလုိက္၏။
ယခုကဲ့သို႔ ဗိုလ္ခ်ဳပ္ႏွင့္တကြ ႏုိင္ငံ့မ်က္ႏွာဖံုး ေခါင္းေဆာင္ႀကီးမ်ား က်ဆံုးရျခင္းမွာ မိမိ၏ ေစတနာကို မိမိယံုၾကည္လြန္းေသာေၾကာင့္ ျဖစ္၏။ ထိုသို႔မျဖစ္မီ အခ်ိန္ေတာ္ၾကာကပင္ ဗိုလ္ခ်ဳပ္ႏွင့္တကြ ဝန္ႀကီးမ်ားအား သတ္ျဖတ္ရန္ ႀကံစည္စိုင္းျပင္းလ်က္ရွိၾကေၾကာင္း အစီရင္ခံစာအမ်ဳိးမ်ဳိး အႀကိမ္ႀကိမ္ရရွိခဲ့၏။ ထိုသို႔ အစီရင္ခံစာမ်ားရရွိ၍ ေဆြးေႏြးၾကေသာအခါတြင္ ဗိုလ္ခ်ဳပ္က ‘ကြၽန္ေတာ္တို႔လို ေစတနာသန္႔သန္႔ရွင္းရွင္းနဲ႔ အဘက္ဘက္က စင္ၾကယ္တဲ့သူေတြကို သတ္မယ္ဆုိတာ မဟုတ္ႏုိင္ပါဘူး။ ကြၽန္ေတာ္တို႔ကိုသတ္ရင္ တစ္ႏုိင္ငံလံုး က အံုၾကြၿပီး သူတို႔ကုိေကာ မသတ္ဘဲ ေနပါ့မလား’ ဟု ေျပာဖူး၏။
ဝန္ႀကီးအစည္းအေဝး အခမ္းအနား စသည္တုိ႔တြင္ လက္နက္ကိုင္ ပုလိပ္အေစာင့္အေရွာက္၊ စစ္တပ္ အေစာင့္အေရွာက္တို႔ကို ဗိုလ္ထြန္းလွက စီမံလွ်င္ ဗိုလ္ခ်ဳပ္ သေဘာမက်။ ‘တို႔က လူထုရဲ႕ အစိုးရပါ။ လက္နက္ကိုင္အေစာင့္ အေရွာက္ မလိုပါဘူး’ ဟု ေျပာေလ့ရွိ၏။ျမတ္စြာဘုရားေသာ္မွ ေဒဝဒတ္၊ စိၪၥမာန စေသာ ရန္သူမ်ား ရွိေနေသးေၾကာင္းကို ပညာရွိေသာ္လည္း သတိျဖစ္ခဲ ဆိုေသာစကားအတုိင္း ကြၽန္ေတာ္တို႔ မဆင္ျခင္မိဘဲ ေပါ့ေပါ့ဆဆေနလြန္းလွသျဖင့္သာ ယခု ကဲ့သို႔ ေခါင္းေဆာင္ႀကီးမ်ား ေရတိမ္မွာ နစ္ၾကရရွာ ေပသည္။ဦးေစာ၏အႀကံသည္ တစ္ရက္တည္းေစာသြား သျဖင့္ ေအာင္ျမင္ခဲ့သည္။ စစ္တပ္မွ ဘရင္းဂန္း အလက္ ၂ဝဝ ဦးေစာလိမ္၍ထုတ္ေၾကာင္း သတင္းကို သခင္ျမ တြင္လည္းေကာင္း၊ ကြၽန္ေတာ့္တြင္လည္းေကာင္း အခုိင္ အလံုရရွိထားၾကၿပီးျဖစ္၍ ထိုေန႔ ဝန္ႀကီးမ်ား အစည္း အေဝးေနာက္ပုိင္း အေထြေထြခန္းတြင္ ဦးေစာအား ဖမ္းရန္ ၫႊန္ၾကားဖို႔ ဆံုးျဖတ္ဖြယ္ရွိ၏။ဦးေစာႏွင့္ အေပါင္းပါတုိ႔သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ႏုိင္ငံ့မ်က္ႏွာဖံုး အျခားေခါင္းေဆာင္ႀကီးမ်ားအား သတ္လိုက္ျခင္းျဖင့္ ထိုပုဂၢိဳလ္မ်ား အားသာ ေသေစ သည္မဟုတ္၊ ႏုိင္ငံတစ္ခုလံုးကိုပင္ ေသေစသည္ မည္၏။
ကံေကာင္းသူ ဝန္ႀကီးမ်ား
ထိုေန႔ အစည္းအေဝးတြင္ မတက္ေရာက္သျဖင့္ ကံေကာင္းေသာ ဝန္ႀကီးမ်ားမွာ ဦးေက်ာ္ၿငိမ္း၊ ဆမား ဒူးဝါး၊ ေစာစံဘိုးသင္ႏွင့္ ဦးဝမ္ကိုေဟာ တုိ႔ ျဖစ္ၾက၏။ ထုိအခါက ျပည္ထဲေရးဌာနဝန္ႀကီးျဖစ္ေသာ ဦးေက်ာ္ၿငိမ္း မွာ အဂၤလန္သို႔ သြားေနခိုက္ျဖစ္၍ ျပည္ထဲေရးဌာနကို ေပ်ာ္ဘြယ္ဦးျမက အုပ္ခ်ဳပ္လ်က္ရွိ၏။ က်န္ဝန္ႀကီး သံုးဦး မွာ နယ္သို႔ေရာက္ရွိ ခရီးလြန္ေန၍ အစည္းအေဝး မတက္ျဖစ္ဟု သိရ၏။
ဦးဗဂ်မ္း(သတိုးမဟာသေရစည္)
ဗ-လ-စ-ဌာနခ်ဳပ္-ဥကၠ႒
Unicode
“ဒီပို့စ်တင်သူကို ကျေးဇူးအများကြီး တင်မိပါတယ်။ လူသတ်သမား သုံးယောက်ဟာ ပစ်ခတ်ပြီးတာနဲ့ ချက်ချင်း မထွက်သေးပါဘူး။ သူတို့အသိက အကုန်လုံးကို တစ်ခါတည်း လက်စဖျောက်ချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ အဲဒါကြောင့် မှောက်လဲကျသွားတဲ့ ပုဂ္ဂိုလ်တွေကို တစ်ယောက်ချင်း ခြေထောက်နဲ့ကန် သေမသေ စစ်ဆေးကြပါသေးတယ်။ အဲဒီအချိန်မှာ ကျနော့်အဖိုးသျှင်က ကြမ်းခင်းပေါ် ဖိတ်ကျနေတဲ့ သွေးတွေကို လက်နဲ့သဲ့ယူပြီး ကိုယ်ပေါ် သုတ်လိမ်းပြီးတော့ အသက်အောင့်ခန္ဓာမလှုပ်ပဲ ဘုရားစာတွေ အသံတိတ် ရွတ်ဆိုခဲ့ရတယ်လို့ အဖိုးသျှင်ကို ပါပါကို ပြောပြခဲ့ပါတယ်”ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့ရက်ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။ ထိုအခါက ကျွန်တော်သည် လမ်းပန်းအဆောက် အအုံနှင့် ပြန်လည် ထူထောင်ရေး ဌာနကို အုပ်ချုပ်သည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးချမ်းသာ ဖြစ်ပါ သည်။
ကျွန်တော်သည် အမှတ် (၈)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ ဗ-လ-စ ဌာန တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။ထိုနေ့တွင် ဝန်ကြီးများ အစည်းအဝေးကျင်းပမည် ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာမရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည် မဟုတ်ပေ။ ထိုနေ့ကျင်းပမည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခု ကို ကျွန်တော် ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) (အလက် ၂ဝဝ) ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာ လက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကားရှေ့ခန်း ကားမောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတား (ခေါ်) ‘လက်နက်ဖြင့် အာဏာသိမ်းယူရန်’ ကြံစည်လျက်ရှိကြကြောင်းတို့ကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည် ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝမတွေးတော ခဲ့မိပေ။
ရရှိထားသော သတင်းထူးကို ဝန်ကြီးများအစည်း အဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်း လျက်နှင့်ပင် အဝတ်ထူထူ အထပ်ထပ်ဝတ်၍ အစည်း အဝေးသို့ သွား၏။အစည်းအဝေးကျင်းပမည့်နေရာသည် အတွင်းဝန် များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁ဝ နာရီ ဖြစ်၏။အစည်းအဝေးမစမီ မိနစ်အနည်းငယ်ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော်အစည်းအဝေးခန်းဝတွင် မျက်နှာ ချင်းဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ် စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ် အရပ်စားနှင့်လာ၏။ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ ပိုးအင်္ကျီတို့နှင့် ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွာဖွာကြီး မဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။
‘ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ…’ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။’နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်’ ဟု ဗိုလ်ချုပ်က ပြန်ပြော၏။ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်၊ လက်ယာဘက်ဘေးတွင် ဗိုလ်ချုပ်၏ အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှ၏ အခန်းသို့ကူးသော တံခါး၊ လက်ဝဲဘက်ဘေးတွင် ဝန်ကြီး များအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏အခန်းသို့ ကူးသော တံခါးသည်လည်းကောင်းရှိပြီးလျှင် အခန်း၏ကျောဘက်တွင် ပြတင်းပေါက်သုံးခုရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏အလုပ်စားပွဲရှိ၍ ၄င်းအခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများအစည်းအဝေးစားပွဲရှိ၏။
ဝန်ကြီးများ အစည်းအဝေးစားပွဲသည် စားပွဲရှည် သုံးခုကို ထောင့်ချိုးဂငယ်ပုံ သုံးဖက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ထား၏။ ထိပ်စားပွဲသည် ၁ဝ ပေ ခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထို ထိပ်စားပွဲ၏ အစွန်းတစ်ဖက် တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားသော စားပွဲများမှာ ၁၈ ပေခန့် ရှည်၍ သုံးပေခန့်ကျယ်၏။ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်ထိုင်၏။ လက်ယာဘက်နံဘေးရှိ စားပွဲရှည် တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ ထိုင်ကြ၏။
အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁ဝ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီး သောကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာဌာန အတွင်းဝန်သည် လိုအပ်က လာရောက်၍ရှင်းလင်း ပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁ဝ နာရီခွဲကျော်ကျော်လောက်တွင် စဉ်းစားရန် အလှည့် ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ် သော အိုင်-စီ-အက်စ် ဦးအုန်းမောင်သည် အစည်းအဝေး ခန်းသို့ ရောက်ရှိလာပြီး လက်ယာဘက် စားပွဲထိပ် သခင်မြ ၏အနီး၌ ကပ်လျက်ထိုင်၏။ဦးအုန်းမောင် ရောက်ရှိပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့် အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက်အနက် မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေး ငါးယောက် သည် တော်မီဂန်း၊ စတင်းဂန်းစသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက် လာကြ၏။ ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကိုမျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့် အချိန်မှစ၍ ကောင်းစွာသတိပြုမိ၏။
ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြ သဖြင့် တပ်မတော်သားများဖြစ်သည်ဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်သော ကိစ္စတစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။ နားမလည်သေး ရိုင်းသေး သဖြင့်သာ တစ်ယောက်တည်းမလာဘဲ လူအများစု၍ လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ် ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက်တည်းလာရန် အမိန့်ထုတ်ထားပါ ဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခု အနီး(ဂ၊ ငယ်) ဝမ်းဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက် စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှ ဝင်လာသူသည် ‘ဟိတ်’ ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းနှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တတ်ရပ် လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည် ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။
ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့် ကျယ်သော ကြမ်းပြင်စွန်းကိုကွယ်၍ ဦးရွှေဘော်၏ အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပေါ်တွင်မှောက်၍ အိပ်လိုက်၏။ ထိုသို့အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော် နှင့်အတူ အိပ်လိုက်၏။ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှဲ၍ အိပ်လိုက်ခြင်းသည် ဂျပန်ခေတ် စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့်အမွေဖြစ်၏။ ဗုံးကြဲလေယာဉ်ပျံ များလာသဖြင့် အာရှလူငယ်သူနာပြုအဖွဲ့များကို ဗုံးကျ ရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာလေ့ရှိသော နောက်ဆုံး စကားများမှာ (ဗုံးကြဲလျှင်၊ စက်သေနတ်ပစ် လျှင် အမြန်ဆုံးလှဲ၍ အိပ်လိုက်)ဟု ဖြစ်လေရာ ကိုယ်ရေး ကြုံသောအခါ လှဲ၍အိပ်ပြီး ဖြစ်နေသည်ကို သတိပြုမိ၏။
ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိံဂါထာနှင့် စမ္မက္ခန် ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့်အတိုင်း ထိုသို့ ကြမ်းပေါ်တွင်မှောက်၍ နေစဉ်အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ပစ္စည်း ခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့ မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့်အလျောက် ကြမ်းပေါ်သို့ လှဲလိုက်သည့်အချိန်မှစ၍ ရန်သူများ ထွက်သွားသည့် အချိန်အထိ စိတ်တွင် အာရုံပြု၍ ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရလေသည်။ထိုသို့မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက် နံဘေးသည် ပူခနဲ ဖြစ်သွား၏။ ကျည်ဆန်တစ်ခု ဘေးသို့ ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။ သို့သော် သေနိုင် သော နေရာမဟုတ်ဟူ၍လည်း တွေးလိုက်သေး၏။
အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ် သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးကြား အသား) တွင် လက်သန်းဖျားခန့် မည်း၍နေသော အဝိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့် တည့်တည့် သက္ကလတ်အပေါ် အင်္ကျီတွင် လက်မဝက်ခန့်ရှည်၍ မန်ကျည်းစေ့ခန့် ကျယ် သော အပေါက်ငယ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သောနေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ် အင်္ကျီ၊ ဆွယ်တာလက်ပြတ်နှစ်ခု စွပ်ကျယ်နှင့် အပေါ် အင်္ကျီပါအားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ်အဖျား တွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှ ဝင်ပြီးလျှင် အလယ်ဆစ်၏ဘေးမှ ထွက်၏။ လက်ဖျား ဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်းပဲ့၍ ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။
သူသတ်ယောကျာ်းတို့ကား သုံးယောက် ပြိုင်တူ ပစ်ကြ၏။ ပထမ ရပ်၍ပစ်ကြ၏။ နောက် ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကိုမူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန်လက္ခဏာရှိ၏။အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ ပြပြီးလျှင် ‘သေကုန်ကြပြီ’ ‘သေကုန်ကြပြီ’ ဟု ညည်းတွားလိုက်၏။ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက် ပြီးလျှင် ‘မထနဲ့ဦး ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်’ ဟုပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့် ဆက်၍မှောက် နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့တထောင်းထောင်းထလျက် ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျက်ရှိ၏။
ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။ တယ်လီဖုန်းဆက်၍မရ၊ ပျက်နေဟန် ရှိ၏။ ကျွန်တော်၏ အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်း ပြင်သို့ ထွက်လိုက်ရာ ထိုအချိန်က ရန်ကုန် ပုလိပ်မင်းကြီး ဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင်တွေ့၏။’ဘာဖြစ်ကြတာလဲ’ ဟု ဦးအောင်ချိန်က မေးသော အခါ ‘လာလာ လိုက်သာကြည့်တော့’ ဟုပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏အခန်းကိုဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့က ခေါ်သွား၏။ ကျွန်တော်တို့ ပြန်ဝင်သွားသော အချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေလျက်ရှိသော မေးစေ့နှင့် ပါးစပ်တစ်ခြမ်းကို လက်ယာလက်ဝါးဖြင့်အုပ်ကာ ဗိုလ်ထွန်းလှ၏အခန်းဘက်သို့ လျှောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှထွက်လာသဖြင့် လမ်းတွင်ဆုံမိ ကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းသို့ ဝင်လာ ပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။
ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင် ထားခဲ့ပြီး လျှင် ဦးအောင်ဇံဝေနှင့် ကျွန်တော်သည် ကျွန်တော်၏ အခန်းသို့သွားကြ၏။ အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေ သည် ကျွန်တော့်လက်တွင် ရရှိသောဒဏ်ရာကို ကြည့်၍ ကျည်ဆန်မှာ အဆိပ်ပါမှာ စိုးရသည်။ ချက်ချင်း ဆေးထည့် ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး အတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန် ခေါ်ခဲ့ရန် မှာထားပြီးလျှင် အိမ်သို့ ပြန်၏။ ကုလားဆရာဝန် တစ်ယောက်နှင့် ဗိုလ်လကျာ်၏ညီ ဒေါက်တာလှရွှေတို့ မကြာမီရောက် လာပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းတို့ဖြင့် ချုပ်ကြ၏။ ဒေါက်တာလှရွှေက လက်ပြာ နေတာကို သဘောမကျ။အဆိပ်ကြောင့် ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေသည့် ထိုးဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကို လွှတ်၍ စစ်တပ် တွင်ရှာ၏။ ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာ လှရွှေက အကြံပေးသဖြင့် လိုက်သွား၏။
ဆေးရုံကြီးသို့ရောက်သောအခါ ဒေါက်တာဘသန်း နှင့် ဒေါက်တာလှရွှေတို့တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင် သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ် တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန် စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက် ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာအားလုံး သေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှ မပြန်မီ ကြားသိခဲ့ရ၏။ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကား ပြောကြေးနန်းနှင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြား ချက် တစ်စုံတစ်ရာမရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝတာဝန်ယူပါမည်ဟု အကြောင်းပြန်ကြားလိုက်၏။
ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံး ခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏ စေတနာကို မိမိယုံကြည်လွန်းသောကြောင့် ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်တော်ကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။ ထိုသို့ အစီရင်ခံစာများရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က ‘ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့သူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံး က အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေပါ့မလား’ ဟု ပြောဖူး၏။
ဝန်ကြီးအစည်းအဝေး အခမ်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ် အစောင့်အရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ် သဘောမကျ။ ‘တို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင်အစောင့် အရှောက် မလိုပါဘူး’ ဟု ပြောလေ့ရှိ၏။မြတ်စွာဘုရားသော်မှ ဒေဝဒတ်၊ စိဉ္စမာန စသော ရန်သူများ ရှိနေသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲ ဆိုသောစကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆနေလွန်းလှသဖြင့်သာ ယခု ကဲ့သို့ ခေါင်းဆောင်ကြီးများ ရေတိမ်မှာ နစ်ကြရရှာ ပေသည်။ဦးစော၏အကြံသည် တစ်ရက်တည်းစောသွား သဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂ဝဝ ဦးစောလိမ်၍ထုတ်ကြောင်း သတင်းကို သခင်မြ တွင်လည်းကောင်း၊ ကျွန်တော့်တွင်လည်းကောင်း အခိုင် အလုံရရှိထားကြပြီးဖြစ်၍ ထိုနေ့ ဝန်ကြီးများ အစည်း အဝေးနောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။ဦးစောနှင့် အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များ အားသာ သေစေ သည်မဟုတ်၊ နိုင်ငံတစ်ခုလုံးကိုပင် သေစေသည် မည်၏။
ကံကောင်းသူ ဝန်ကြီးများ
ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသော ဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမား ဒူးဝါး၊ စောစံဘိုးသင်နှင့် ဦးဝမ်ကိုဟော တို့ ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဌာနဝန်ကြီးဖြစ်သော ဦးကျော်ငြိမ်း မှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက်ရှိ၏။ ကျန်ဝန်ကြီး သုံးဦး မှာ နယ်သို့ရောက်ရှိ ခရီးလွန်နေ၍ အစည်းအဝေး မတက်ဖြစ်ဟု သိရ၏။
ဦးဗဂျမ်း(သတိုးမဟာသရေစည်)
ဗ-လ-စ-ဌာနချုပ်-ဥက္ကဋ္ဌ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...