ဘရာဇီးနိုင်ငံ အမြန်လမ်းမတစ်နေရာတွင် အမျိုးသမီးတစ်ဦး အ၀တ်ဗလာလမ်းလျှောက်


ဘရာဇီးနိုင်ငံတွင် အဝတ်ဗလာဖြင့် အမျိုးသမီးတစ်ဦး စကတ်ကို ခေါင်းပေါ်စွပ်ကာ အဝေးပြေး လမ်းမပေါ်တွင် သွားနေခဲ့မှုဖြစ်ပေါ်ခဲ့သည်။

ဒေါက်ဖိနစ်စီးထားတဲ့ ကို့ယို့ကားယား အမျိုးသမီးဟာ မန်ဟူစာပြည်နယ်  တောင်ပေါ် အဝေးပြေးလမ်းမ တစ်နေရာမှာ တနင်္ဂနွေနေ့က လျှောက်သွားနေခဲ့ခြင်း ဖြစ်သည်။

လမ်းမပေါ်တွင် ကားမောင်းလာသူ ဂျူလီယို က ထို ဝတ်လစ်စားလစ်အမျိုးသမီး၏ နောက်မှ လာလိုက်ခဲ့ပြီး အကူအညီလိုလားဟု မေးဖို့ကြိုးစားသည်။ သို့ပေမယ့် အမျိုးသမီးက လှည့်မကြည့်ခဲ့ပေ။

သူမရဲ့ ဘယ်ဘက်လက်မှာ ပုလင်းတစ်လုံးနဲ့ အဝတ်များကိုင်လာပြီးသည်။အရက်သောက်ထားပုံရတယ် ဟု ဂျူလီယာက ပြောသည်။




ဆက်လက်ပြီး ဂျူလီယာက ''ကျွန်တော် သူ့ကို မြင်ခဲ့တယ် ပြီးတော့ ရီစရာပဲလို့ တွေးခဲ့သည်။ သူမဟာ ပုလင်းတစ်လုံးကို လက်တစ်ဖက်မှာကိုင်၊ တခြားလက်မှာ အဝတ်တွေကိုင်ထားတယ်'' ဟုပြောသည်။

'' ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ လူတွေ မလုပ်ရဲတဲ့အလုပ်တွေကို အရက် သောက်ထားတဲ့သူတွေက လုပ်ရဲတယ်''

အရက်ပုလင်းအသေးစား တစ်လုံး သယ်ဆောင်ပြီး ခုလိုလျှောက်သွားနေတဲ့ ဒီအမျိုးသမီးဟာ နောက်ဆုံးတော့ မီးသတ်ဌာနမှ တာဝန်ရှိသူတွေက တွေ့ပြီး နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ခဲ့သည်။

ရဲအရာရှိတစ်ယောက်ကတော့ သူတို့ ဒီအမျိုးသမီးကို မဖမ်းကြောင်း၊ နာမည်ကိုလည်း မထုတ်ပြန်ကြောင်း ပြောဆိုသည်။
အမျိုးသမီးကို မေးခွန်းများမေးမြန်းပြီး ပြန်လွှတ်ခဲ့သည်။ အရေးယူဖို့လည်း လုံးဝမရှိဟု သိရသည်။

PannPwint
ref-Dailymail

=



Zawgyi Version









PannPwint
ref-Dailymail

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...