သမီးကတောင် ပြန်ဆုံးမရတယ်ဆိုတဲ့ မေကဗျာ


သရုပ်ဆောင် မေကဗျာက သမီးဖြစ်သူဂဂါင်္မေ အကြောင်းကို Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ်။ " သမီးက ပညာရေးပဲ ဝါသနာပါတယ် ပညာရေးဘက်မှာလည်းထူးချွန်တယ်။ သူကအနုပညာ အလုပ်ကို သိပ်လည်း စိတ်မဝင်စားဘူး ကိုယ်ကိုယ်တိုင်ကလည်း သူ့ကို အနုပညာလောကထဲ မထည့်ချင်ဘူး။ သမီးကိုပညာရေးပဲ ဦးစားပေးတယ်။ သမီးက အသက် ၁၃ နှစ်ရှိသွားပါပြီ။ သူက အရမ်းအနေအေးတယ်။ သူ့ကို ဇာတ်ကားရိုက်ချင်လား ကြော်ငြာလေးတွေ ရိုက်ချင်လားဆို မရိုက်ချင်ဘူး ရူတင်လည်း မလိုက်ချင်ဘူး။ သူနေတာ ထိုင်တာက လူကြီးဆန်တယ်။ အစ်မ နဲ့ အစ်မအမေကလည်း သူ့ကို အသက်မွေးဝမ်းကြောင်း ပညာနဲ့ပတ်သတ်လို့ပဲ သင်ပေးတယ်။ အခုဆိုရင် သူစက်ချူပ်တက်တယ် ဒီဇိုင်းဆွဲတက်တယ်။ အစ်မ တို့ အိမ်မှာက ကွန်ပြူတာ ပန်းထိုးစက်တွေ လုပ်တော့ အဲ့မှာ သူဒီဇိုင်း ဆွဲတယ်။ သူ့ပညာ နဲ့ လုပ်စားရမယ့် ဟာမျိုးကိုပဲ အားပေးတယ်။ သူကိုယ်တိုင်က လည်း ဝါသနာပါတယ် "လို့ပြောပါတယ်။

May Kabyar

May Kabyar

သမီးက လူကြီးဆန်တော့ တခါတလေ သမီးကကိုယ့်ကိုယ် ပြန်ဆုံးမ တာမျိုးတွေရှိလား ဆိုတော့ " ရှိတယ်....ရှိတယ် သမီးက စိတ်ရော နေတာ ထိုင်တာကပါ လူကြီး ဆန်တယ်။ ပြောတာဆိုတာလည်း လူကြီးဆန်တယ်။ ပေါတောတောနေတာတို့ ဟော့ရှော့ဝတ်တာတွေဆိုရင် သူမကြိုက်ဘူး။ သူကိုယ်တိုင်ကအစ အဲ့ဒီလို ဟော့ရှော့ဝတ်တာတွေလည်း သူမဝတ်ဘူ။း ဘောင်းဘီ ဟော့ရှော့လေးတွေ ဆင်ပေးရင်တောင်မကြိုက်ဘူး ဘောင်းဘီအရမ်းတိုလည်း မကြိုက်ဘူး " လို့ပြောပါတယ်။


Credit' Yanpaing Soe (Myanmar Celebrities )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...