မိန်းကလေးတိုင်း သတိမထားရင် အရှက်ရစရာလေးမို့ အထူးသတိထားစေချင်...။
သွေးပြီး မိမိချိုင်းကို ပုံမှန်လိမ်းပေးရင်လည်း အနံကင်းစေတဲ့ အပြင် ချိုင်းအရောင်မည်းတာကိုလည်း ပျောက်ကင်းသက်သာစေပါတယ်ရှင့်။
နောက်တစ်ခုက ကိုယ့်ကိုကိုယ် သတိမထားမိတဲ့ ခံတွင်းနံ့ ဆိုးခြင်းပါပဲ။
Myawadynews
==============
မင်္ဂလာပါရှင့်။ ဒီနေ့ ဧကရီ အတွေ့ အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ဧကရီတို့ လို မိန်းခလေးတွေ ကိုယ့်ကိုကိုယ် သတိမထားမိပဲ အရှက်ရ စရာလေး တစ်ခုပေါ့ ။အဲဒါ ကတော့ချိုင်းမည်းမည်းတွေ၊ အာပုပ်နံ့ တွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့ အလှအ ပတရား ကိုပျက်စီးစေ ပါတယ််။
ဒီ ပြဿနာ တွေအတွက် ဘယ်လိုလုပ်မယ်ဆိုတဲ့ အဖြေ ကရှိပါတယ်။မိန်းခလေးအတော်များများ ပုံမှန် ချိုင်းမွေး ရိတ်နေတာတောင် ဂျိုင်းမည်းနေတဲ့မိန်းခလေးတစ်ချို့ ရဲ့ ချိုင်းက မည်းနေတတ်ပါတယ်ရှင့််။
ဘာကြောင့်လဲ ဆိုတော့ အရေပြား ရောင်ခြယ်ဓာတ် များနေခြင်း ဒါမှမဟုတ် အရေပြား မည်းနေခြင်းကြောင့်ပါဖြစ်ပါတယ်တဲ့။
ချိုင်းရှိ အရေပြား ရောင်ရမ်းခြင်းကြောင့်ဖြစ်သလို ဆက်တိုက် ချိုင်းမွေးရိတ်ခြင်း ၊ နုတ်ခြင်းတို့ကြောင့် ဖြစ်လာတတ်တဲ့
ချိုင်းမွေး အရေပြားအောက်ကနေ မထွက်နိုင်ခြင်း၊ ချိုင်းလိမ်းတောင့်နဲ့ မတည့်ခြင်း၊ ပွတ်တိုက်မိခြင်း တို့ကလည်း အရေပြားကို ရောင်ရမ်းကာ ချိုင်းမည်းသွားစေနိုင်ပါတယ်။
ချိုင်းမွေးရိတ်ခြင်း၊ နုတ်ခြင်းကြောင့် ချိုင်းမည်းနေပါက နုတ်ခြင်း၊ ရိတ်ခြင်းတို့ကိုရှောင်တာ အကောင်းဆုံးပါ။
မရိတ်ဘဲ ဒီအတိုင်းထားလို့ မနေတတ်ပါက ဆရာဝန်ညွှန်ကြားတဲ့ ချိုင်းမွေးအရောင်ဖျော့ဆေးကို လိမ်းပေးနိုင်ပါတယ်။
ဒါမှမဟုတ် မြန်မာရိုးရာ ငွေကုန်သက်သာစေသောနည်းလေးပေါ့ ဧကရီပြောပြပါ့မယ်။
ပရဆေးဆိုင်တွေမှာ ရောင်းတဲ့ ကျောက်ချဉ် ကို သနပ်ခါးကျောက်ပြင်မှာ
သွေးပြီး မိမိချိုင်းကို ပုံမှန်လိမ်းပေးရင်လည်း အနံကင်းစေတဲ့ အပြင် ချိုုင်းအရောင်မည်းတာကိုလည်း ပျောက်ကင်းသက်သာစေပါတယ်ရှင့်။
နောက်တစ်ခုက ထုံးရည်ကြည် လေးကိုပုံမှန်သုတ်လိမ်းပေးရင်လည်းသက်သာစေပါတယ်လို့ ပြောပြပါရစေ။
အလွယ်တကူနည်းလေးကတော့ စတိုးဆိုင်မှာရောင်းတဲ့ ကာနေးရှင်းလေးအမြဲဆောင်ထားရင်တော့ အနံလေးသင်းပျံ ့လို့ ကိုကိုယ်ကို ယုံကြည်
မူ့ ကိုရရှိစေမှာဖြစ်ပါတယ်ရှင့်။
နောက်တစ်ခုက ကိုယ့်ကိုကိုယ် သတိမထားမိတဲ့ ခံတွင်းန့ံ ဆိုးခြင်းပါပဲ။
တကယ်ဆိုရင် ခံတွင်းနံ့ဆိုးစေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်းနဲ့ ရောဂါတချို့ဖြစ်တဲ့ နာတာရှည် အဆုတ်ပိုးဝင်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း တို့ပဲဖြစ်ပါတယ်တဲ့ ။
ဆီးချိုမထိန်းနိုင်တဲ့ ဝေဒနာရှင်တွေမှာ သစ်သီးနံ့လို ခပ်ချိုချိုရနံ့ ရနေတတ်ပါတယ်တဲ့။
ခံတွင်းနံ့ဆိုးတာကို ဘယ်လိုကာကွယ်မလဲ။
သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သင့်သလို တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးနဲ့ သန့်ရှင်းခြင်း လုပ်ပေးပါ။ တစ်နှစ်ကို နှစ်ကြိမ်လောက် သွားဆရာဝန်ထံပြကာ ကျောက်ခြစ်ခြင်း၊ သွားသန့်ရှင်းရေး လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ဒါတောင်မှ အနံ့မပျောက်သေးဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါတို့ ဖြစ်နေပြီလားဆိုတာ သိရအောင် သွားဆရာဝန်ထံ ပြသစစ်ဆေး ကုသခံသင့်ပါတယ်။ ပျိုပျို အိုအို မိန်းခလေးတိုင်း လူရှေ ့သူရှေ ့ အရှက်မရစေအောင် အဓိက သတိပြုမိစေဖို့ ဧကရီ ဒီပို့စ်လေးကို စုဆောင်းရှာဖွေ ဖတ်ထားမိတာလေးနဲ့
မှတ်မိသမျှ ရေးတင်ပေးလိုက်ပါတယ်ရှင့်။
(စာဖတ်သူရဲ ့အားပေးစကားလေးတစ်ခွန်းဟာ စာရေးသူတွေအတွက် ပို့စ်အသစ်လေးဖြစ်စေမဲ့ အားဆေးတစ်ခွက်ပါပဲရှင့်)
Myawadynews
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...