ကေလးခိုးယူျပီး ျခိမ္းေျခာက္ေငြေတာင္းေသာ ျပန္ေပးဆြဲလင္မယားအား ေရႊဘို၌ ဖမ္းဆီးရမိ


စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ ႔မွ အသက္ (၂) နွစ္ (၅) လ အရြယ္ရွိ ကေလး(က်ား)အား ခိုးယူျပီး ျခိမ္းေျခာက္ေငြေတာင္းေသာ ျပန္ေပးဆြဲ လင္မယားအား ေရႊဘိုျမိဳ ့၌ ၂၃.၇.၂၀၁၇ ေန ့ညေန (၁၇: ၁၀) အခ်ိန္က ဖမ္းဆီးရမိခဲ႔ေၾကာင္း ေရႊဘိုျမိဳ ႔မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးျမင့္ေမာင္ ထံမွသိရသည္။

ျဖစ္စဥ္မွာ မံုရြာနယ္ေျမစခန္း မွ လူေပ်ာက္အမွတ္စဥ္ ၁၉/၂၀၁၇ မွ ေပ်ာက္ဆံုးသြားသူ
ေမာင္ပိုင္ေဇျဖိဳး (သ) (၂) နွစ္ (၅) လ (ဘ)ဦးေက်ာ္ေဇယ် (မိ) ေဒၚအိအိျဖိဳး နႏၵဝန္ရပ္ကြက္ မံုရြာျမိဳ ႔ေနသူေပ်ာက္ဆံုးမႈနွင့္ပါတ္သက္၍ ေရႊဘိုျမိဳ ႔မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးျမင့္ေမာင္ ဦးစီး၍ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ကိုလတ္ ေခါင္းေဆာင္ေသာ နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ားမွ နယ္ေျမ အတြင္း စံုစမ္းရွာေဖြခဲ႔ရာ ေပ်ာက္ဆံုးေနသူ ေမာင္ပိုင္ေဇျဖိဳးအား မိဘမ်ားမသိရွိပဲေခၚေဆာင္
သြားခဲ႔သည့္ မမိုးသီရိနိုင္ (ခ) မသီရိေမ (သ) ၂၇ နွစ္ (ဘ) ဦးနိုင္ဝင္း အား အိမ္ဌားေနထိုင္ရာ အမွတ္(၁၀) ရပ္ကြက္ ႏြားေလးကုန္းရပ္ ေရႊဘိုျမိဳ ႔ နွင့္ ၎၏ ခင္ပြန္းျဖစ္သူ ေနလင္းဦး (ခ) ေနထက္ဦး (သ) ၂၀ နွစ္ (ဘ) ဦးေခတ္ထူး ဆိုင္ကယ္ဝပ္ေရွာ့ ရွားေတာေက်းရြာ ေရႊဘိုျမိဳ ႔နယ္
ေနသူတို ့နွစ္ဦးအား ကေလးခိုးယူ သြားစဥ္က ယူေဆာင္ သြားခဲ႔ေသာ ၅၅ယ/ ၇**** နံပါတ္ပါ CANDA-125 (အနက္ေရာင္) ဆိုင္ကယ္နွင့္အတူ ဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။


စစ္ေဆးခ်က္အရ ကေလးခိုးယူသြားခဲ႔ေသာ လင္မယားမွာ ယခင္ကတည္းက ခင္မင္ရင္းနွီးခဲ႔ျပီး
ကေလးမိခင္ မအိအိျဖိဳး တို ့အိမ္၌အဝင္အထြက္ ျပဳလုပ္ေနသူမ်ားျဖစ္ျပီး ၁၅.၇.၂၀၁၇ ေန ့၌ မိဘမ်ားမသိရွိပဲ ကေလး နွင့္ ဆိုင္ကယ္အားခိုးယူသြားခဲ႔ျပီး ၁၆.၇.၂၀၁၇ ေန ့ည (၁၀) နာရီအခ်ိန္၌ ကေလးခိုးယူသြားေသာ မမိုးသီရိနိုင္(ခ) မသီရိေမ ၏ ခင္ပြန္းျဖစ္သူ ေနလင္းဦး (ခ) ေနထက္ဦး မွ ကေလးအားျပန္လိုခ်င္လ်ွင္ ေငြ (၂) သိန္း ယူေဆာင္၍ ဇီးေတာေက်းရြာ တံတားထိပ္ ေရႊဘိုျမိဳ ႔နယ္သို ့လာေရာက္ရန္ အျခားမည္သူကိုမ်ွ သတင္းမပို ့ရန္ နွင့္ သက္ဆိုင္ရာသို ့သတင္းပို ့ခဲ႔ပါက ကေလးအားသတ္ပစ္မည္ဟု ဖုန္းဆက္ကာ ျခိမ္းေျခာက္ေငြေတာင္း၍ ျပန္ေပးဆြဲခဲ႔ေၾကာင္းျဖစ္စဥ္အား ေရႊဘိုျမိဳ ႔မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ကိုလတ္ ထံမွသိရသည္။

သို ့ျဖစ္ပါ၍ ေပ်ာက္ဆံုးေနသူ ေမာင္ပိုင္ေဇျဖိဳး အား ေရႊဘိုျမိဳ ႔တြင္ေရာက္ရွိေနေသာ ၎၏ မိဘမ်ားထံ အပ္နွံထားရွိျပီးျဖစ္ကာ မိဘမ်ားမသိရွိပဲ ကေလး နွင့္ ဆိုင္ကယ္အား ခိုးယူကာ ျခိမ္းေျခာက္ ေငြေတာင္း၍ ျပန္ေပးဆြဲခဲ႔သူ မမိုးသီရိနိုင္(ခ) မသီရိေမ နွင့္ ၎၏ ခင္ပြန္းျဖစ္သူ ေနလင္းဦး(ခ) ေနထက္ဦး တို ့အား သက္ေသခံဆိုင္ကယ္နွင့္အတူ မံုရြာနယ္ေျမရဲစခန္းသို ့အပ္နွံရန္ အေၾကာင္းၾကားထားရွိျပီးျဖစ္ေၾကာင္း ေရႊဘိုျမိဳ ႔မရဲစခန္းမွ သတင္းရရွိသည္။

သတင္း —- ဓာတ္ပံု — မိုးေသာက္ (ေရႊဘို)
Moe Thu Win (fb)

Unicode

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို ့မှ အသက် (၂) နှစ် (၅) လ အရွယ်ရှိ ကလေး(ကျား)အား ခိုးယူပြီး ခြိမ်းခြောက်ငွေတောင်းသော ပြန်ပေးဆွဲ လင်မယားအား ရွှေဘိုမြို ့၌ ၂၃.၇.၂၀၁၇ နေ ့ညနေ (၁၇: ၁၀) အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို ့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်မောင် ထံမှသိရသည်။

ဖြစ်စဉ်မှာ မုံရွာနယ်မြေစခန်း မှ လူပျောက်အမှတ်စဉ် ၁၉/၂၀၁၇ မှ ပျောက်ဆုံးသွားသူ
မောင်ပိုင်ဇေဖြိုး (သ) (၂) နှစ် (၅) လ (ဘ)ဦးကျော်ဇေယျ (မိ) ဒေါ်အိအိဖြိုး နန္ဒဝန်ရပ်ကွက် မုံရွာမြို ့နေသူပျောက်ဆုံးမှုနှင့်ပါတ်သက်၍ ရွှေဘိုမြို ့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်မောင် ဦးစီး၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကိုလတ် ခေါင်းဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များမှ နယ်မြေ အတွင်း စုံစမ်းရှာဖွေခဲ့ရာ ပျောက်ဆုံးနေသူ မောင်ပိုင်ဇေဖြိုးအား မိဘများမသိရှိပဲခေါ်ဆောင်
သွားခဲ့သည့် မမိုးသီရိနိုင် (ခ) မသီရိမေ (သ) ၂၇ နှစ် (ဘ) ဦးနိုင်ဝင်း အား အိမ်ဌားနေထိုင်ရာ အမှတ်(၁၀) ရပ်ကွက် နွားလေးကုန်းရပ် ရွှေဘိုမြို ့ နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ နေလင်းဦး (ခ) နေထက်ဦး (သ) ၂၀ နှစ် (ဘ) ဦးခေတ်ထူး ဆိုင်ကယ်ဝပ်ရှော့ ရှားတောကျေးရွာ ရွှေဘိုမြို ့နယ်
နေသူတို ့နှစ်ဦးအား ကလေးခိုးယူ သွားစဉ်က ယူဆောင် သွားခဲ့သော ၅၅ယ/ ၇**** နံပါတ်ပါ CANDA-125 (အနက်ရောင်) ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကလေးခိုးယူသွားခဲ့သော လင်မယားမှာ ယခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး
ကလေးမိခင် မအိအိဖြိုး တို ့အိမ်၌အဝင်အထွက် ပြုလုပ်နေသူများဖြစ်ပြီး ၁၅.၇.၂၀၁၇ နေ ့၌ မိဘများမသိရှိပဲ ကလေး နှင့် ဆိုင်ကယ်အားခိုးယူသွားခဲ့ပြီး ၁၆.၇.၂၀၁၇ နေ ့ည (၁၀) နာရီအချိန်၌ ကလေးခိုးယူသွားသော မမိုးသီရိနိုင်(ခ) မသီရိမေ ၏ ခင်ပွန်းဖြစ်သူ နေလင်းဦး (ခ) နေထက်ဦး မှ ကလေးအားပြန်လိုချင်လျှင် ငွေ (၂) သိန်း ယူဆောင်၍ ဇီးတောကျေးရွာ တံတားထိပ် ရွှေဘိုမြို ့နယ်သို ့လာရောက်ရန် အခြားမည်သူကိုမျှ သတင်းမပို ့ရန် နှင့် သက်ဆိုင်ရာသို ့သတင်းပို ့ခဲ့ပါက ကလေးအားသတ်ပစ်မည်ဟု ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေတောင်း၍ ပြန်ပေးဆွဲခဲ့ကြောင်းဖြစ်စဉ်အား ရွှေဘိုမြို ့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကိုလတ် ထံမှသိရသည်။

သို ့ဖြစ်ပါ၍ ပျောက်ဆုံးနေသူ မောင်ပိုင်ဇေဖြိုး အား ရွှေဘိုမြို ့တွင်ရောက်ရှိနေသော ၎င်း၏ မိဘများထံ အပ်နှံထားရှိပြီးဖြစ်ကာ မိဘများမသိရှိပဲ ကလေး နှင့် ဆိုင်ကယ်အား ခိုးယူကာ ခြိမ်းခြောက် ငွေတောင်း၍ ပြန်ပေးဆွဲခဲ့သူ မမိုးသီရိနိုင်(ခ) မသီရိမေ နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ နေလင်းဦး(ခ) နေထက်ဦး တို ့အား သက်သေခံဆိုင်ကယ်နှင့်အတူ မုံရွာနယ်မြေရဲစခန်းသို ့အပ်နှံရန် အကြောင်းကြားထားရှိပြီးဖြစ်ကြောင်း ရွှေဘိုမြို ့မရဲစခန်းမှ သတင်းရရှိသည်။

သတင်း —- ဓာတ်ပုံ — မိုးသောက် (ရွှေဘို)
Moe Thu Win (fb)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...