၆၀ ကျော်ဇရာအိုက ကညာပျိုမဟုတ်တဲ့ ဇရာအို ကို သားမယားပြုကျင့်


4.7.2017 ရက်နေ့ 0930 အချိန်ခန့်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ ၆မိုင်ကုန်း နေ
 ဒေါ်------------- (၆၅) နှစ်သည်နေအိမ်တွင် တစ်ယောက် တည်းရှိနေစဉ် တစ်ရွာတည်းနေ ကရင်(ခ)အောင်မြင့် (၆၂)နှစ်သည်နေအိမ်သို့ရောက်ရှိလာပြီး၎င်းအားနေအိမ်အတွင်းရှိ ရေချိုးခန်းအတွင်းသို့အတင်းဆွဲခေါ်ကာဆွဲလှဲ ခဲ့ပြီး အပေါ်မှတက်ခွကာသားမယားအဖြစ်ပြုကျင့်ရန် ဆောင်ရွက်ခဲ့စဉ် ငြင်းဆန်ရုန်းကန်ဆောင်ရွက်နေချိန် သားဖြစ်သူပြန်လည်ရောက်ရှိလာ၍ထွက်ပြေးသွားခဲ့ ကြောင်းနှင့် ၄င်းအားသားမယားအဖြစ်ပြုကျင့်ရန်ဆောင် ရွက်ခဲ့သူ ကရင် အားဥပဒေအရအရေးယူပေနိုင်ပါရန် တိုင်တန်းချက်အရ ကော့သောင်းရဲစခန်း(ပ)၉၉၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရအမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိခဲ့ပြီးကရင်အားဖမ်းဆီးရမိရေးအ တွက် ရဲအုပ်အောင်ဇော်မင်းထွန်းဦးစီးအဖွဲ့ နှင့် ဒုရဲအုပ်သက်ပိုင်ဦး ဦးအဖွဲ့တို့သည် ရွှေပြည်စိုးကျေး ရွာနှင့် ဆယ်မိုင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ၍၄င်း သွားလာတတ်သည့်နေရာများအားစစ်ဆေးရှာ ဖွေခြင်း၎င်းတို့၏ဆွေမျိုးသားခြင်းများနေထိုင်သည့် နေရာများအားစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ၁၀ မိုင်ကျေးရွာအနီးဥယျာဉ်ခြံတစ်ခုတွင် ၄င်း၏ဆွေမျိုး များအလုပ်လုပ်ကိုင်နေပြီး ၄င်နေရာမှာသွားလာရေး ခက်ခဲ၍ ပုန်းခိုနေထိုင်နိုင်ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၄င်းဥယျာဉ်ခြံအတွင်းမှပင် ကရင်အားဖမ်းဆီးရမိခဲ့ပြီးဥကဒေနှင့်အညီအရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။
မှတ်ချက်
         တရားခံဖမ်းဆီးရမိရေးအတွက် လိုက်လံကူညီစုံစမ်း ပေးသော ရွှေပြည်စိုးကျေးရွာအုပ်ချုပ်ရေးအဖွဲ့ မီးသတ်တပ်ဖွဲ့ဝင်များ မိုးသည်းထံစွာရွာနေသည့်ကြားမှ လိုက်ပါကူညီဆောင်ရွက်ပေးသော ၁၀ မိုင်ကျေးရွာအုပ် ချုပ်ရေးအဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များအားအထူးပင်ကျေးဇူတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျ။

Aung Zaw Min Tun
Aung Moe Myint

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...