ခ်င္းတြင္းျမစ္ေရဟာ ထပ္တက္ေနၿပီး ဒီေန႔မနက္တိုင္းတာခ်က္အရ ေမာ္လိုက္ၿမိဳ႕မွာ စိုးရိမ္ေရမွတ္ထက္ ၅ ေပ ေက်ာ္လြန္ေနတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။
“ဒီေန႔ ၁၀ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္ေတြ အရ ခ်င္းတြင္းျမစ္ေရဟာ ေမာ္လိုက္ၿမိဳ႕မွာ စိုးရိမ္ေရမွတ္ထက္ ၅ ေပခြဲေလာက္၊ ခႏၲီးၿမိဳ႕မွာ စိုးရိမ္ေရမွတ္ထက္ ၄ ေပေလာက္၊ ကေလးဝနဲ႔ မင္းကင္းမွာ ၃ ေပခြဲေလာက္၊ ဟုမၼလင္းနဲ႔ ေဖာင္းျပင္တို႔မွာ ၂ ေပေလာက္၊ မုံရြာမွာ ၁ ေပေလာက္ ေက်ာ္လြန္ေနပါတယ္” လို႔ ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးက ေျပာပါတယ္။
မနက္ျဖန္မွာေတာ့ ခႏီၱးၿမိဳ႕မွာ လက္ရွိထက္ ၁ ေပခြဲေလာက္ထပ္တက္ႏိုင္တယ္လို႔ သူက ေျပာပါတယ္။ ၿပီးေတာ့ ေနာက္ ၃ ရက္အတြင္း ဟုမၼလင္းၿမိဳ႕မွာ ၂ ေပခြဲေလာက္၊ ေဖာင္းျပင္ၿမိဳ႕မွာ ၂ ေပေလာက္၊ ေမာ္လိုက္နဲ႔ ကေလးဝမွာ ၁ ေပခြဲေလာက္ ထပ္တက္ႏိုင္ၿပီး မံုရြာမွာေတာ့ ေနာက္ ၄ ရက္အတြင္း ၁ ေပေလာက္ထပ္တက္ႏိုင္တယ္လို႔လည္း ေဒါက္တာ ေက်ာ္မိုးဦးက ဆက္ေျပာပါတယ္။
Credit:DVB
Unicode
ချင်းတွင်းမြစ်ရေဟာ ထပ်တက်နေပြီး ဒီနေ့မနက်တိုင်းတာချက်အရ မော်လိုက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေ ကျော်လွန်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။“
ဒီနေ့ ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေ အရ ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲလောက်၊ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၄ ပေလောက်၊ ကလေးဝနဲ့ မင်းကင်းမှာ ၃ ပေခွဲလောက်၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်တို့မှာ ၂ ပေလောက်၊ မုံရွာမှာ ၁ ပေလောက် ကျော်လွန်နေပါတယ်” လို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
မနက်ဖြန်မှာတော့ ခန္တီးမြို့မှာ လက်ရှိထက် ၁ ပေခွဲလောက်ထပ်တက်နိုင်တယ်လို့ သူက ပြောပါတယ်။ ပြီးတော့ နောက် ၃ ရက်အတွင်း ဟုမ္မလင်းမြို့မှာ ၂ ပေခွဲလောက်၊ ဖောင်းပြင်မြို့မှာ ၂ ပေလောက်၊ မော်လိုက်နဲ့ ကလေးဝမှာ ၁ ပေခွဲလောက် ထပ်တက်နိုင်ပြီး မုံရွာမှာတော့ နောက် ၄ ရက်အတွင်း ၁ ပေလောက်ထပ်တက်နိုင်တယ်လို့လည်း ဒေါက်တာ ကျော်မိုးဦးက ဆက်ပြောပါတယ်။
0 comments :
Post a Comment