ဟင်းမပါပဲ နေ့တိုင်းအခြောက်တိုက်စားနေရတဲ့ ကျောင်းသားလေးကိုတွေ့သွားတဲ့ ဆရာမ






Zawgyi - 

တကယ့်တော့ သူ့မှာ ဖိလစ်ပိုင်ငွေကြေး ၃ ပီဆိုပဲ အစာစားဖို့အတွက် ရှိသည်။ အဲ့ဒိငွေနဲ့က အဟာရမပြည့်တဲ့ အစာတွေသာ တက်နိုင်သည်။

ကျောင်းသားမိဘတွေကို ဆရာတွေက သူ့တို့သားသမီးတွေကို အာဟာရမပြည့်တဲ့ အစားအစာတွေ မကျွေးဖို့ အမြဲပဲ တိုက်တွန်းလေ့ရှိပါတယ်။ 

ထိုအစားအစာတွေဟာ ကလေးတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ လှပအောင် အရသာရှိအောင် ပြုလုပ်ထားတတ်ပါတယ်။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်။ 
သို့သော်လည်း တချို့သော ကလေးများရဲ့ ဘ၀ကတော့ အစားအသောက်အတွက် ရွေးချယ်စရာ အခွင့်အလမ်းမရှိပေ။

ဘူတန်မြို့မှ ဆရာမတစ်ယောက်သည် အပြောင်းအလဲတစ်ခု လုပ်ဖို့တွက် စာသင်ခန်းထဲမှာ နေ့လယ်စာ စားဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ 

တနေ့တော့ ကျောင်းသားတွေနဲ့ အတူတူ ထမင်းစားနေစဉ်မှာ အကြောင်းအရာတစ်ခုကြောင့် သူမစိတ်နှလုံး တုန်လှုပ်ခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့ သူမတပည့် ကျောင်းသားလေးတစ်ယောက်မှာ ဘာဟင်းမှမပါပဲ အာဟာရမပြည့်တဲ့ ပုံစံနဲ့ထမင်းစားနေရတာကို တွေ့သွားလို့ပါပဲ။ 

ဆရာမဟာ စိတ်ထိခိုက်ခဲ့ရပြီး ကလေးကို မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက်သိလိုက်ရတာကတော့ ကျောင်းသားလေးဟာ ဟင်းဖို့အတွက် ၃ ပီဆိုပဲ ရှိကြောင်း အိမ်ကဆင်းရဲလို့ ဟင်းမပါနိုင်ကြောင်းကို သိလိုက်ရပါတယ်။ အိမ်မှာလည်း မစားနိုင်သလို ကျောင်းကိုလည်း မထုပ်နိုင်ပါဘူးဟုဆိုသည်။

ဆရာမ မစ်စရီနာက သူ့တပည့်ကို မေးခဲ့သည်။

ဆရာမ ။ ဂျိုရှု မင်းအိမ်မှာ ဘာစားလေ့ရှိလဲ။
ကျောင်းသား ။ မထင်းစားပါတယ် ဆရာမ။
ဆရာမ ။ ထမင်းပဲ နေ့တိုင်းစားတာလား။ တခြား ငါးခြောက်လေး ဘာလေး ဘာလို့မစားတာလဲ။
ကျောင်းသား ။ ကျွန်တော့်မှာ ၃ ပီဆိုပဲရှိလို့ပါ။ ဒါက တနေ့စာ ကျွန်တော့် အတွက် ဟင်းဖိုး အိမ်မှာ ခွဲပေးတဲ့ ပိုက်ဆံပါ။ 

တခြားကျောင်းသားတွေ အသား၊ ငါးဟင်းများနှင့် စားသောက်နေချိန် ဂျိုရှုမှာတော့ ရွေးချယ်စရာ မရှိပေ။ 
(လက်ရှိပေါက်ဈေးအရ ဖိလစ်ပိုင် ၃ ပီဆိုလျှင် မြန်မာကျပ် ၁၀၀ မပြည့်ပေ)
PannPwint

Ref-Viral4real.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...