အုတ်ဂူ ထဲသွင်းပြီးမှ ပြန်ရှင်လာတဲ့ ကိုယ်ဝန် သည်အမျိုးသမီး …!


သေဆုံးသွားတဲ့ ဇနီးဖြစ်သူရဲ့ အသုဘကို လိုက်ပို့ရင်း ကြုံတွေ့ခဲ့ရတဲ့ ယောက်ျားတစ်ဦးရဲ့ အဖြစ်အပျက်က အံ့သြ ထိတ်လန့်ဖွယ်ပါပဲ။ ခေါင်းတလားထဲကနေ အော်ငိုနေတဲ့ ဇနီးဖြစ်သူရဲ့ အသံကို ကြားမိလိုက်လို့ အခေါင်းကို အမြန်ဖွင့်ခိုင်းခဲ့ရပါတယ်။

ဒီထူးဆန်းတဲ့ အဖြစ်အပျက်က ဟွန်ဒူးရပ်နိုင်ငံ အနောက်ပိုင်းက လအန္တရာရန်ဒေသလေးမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


နီယာစီ ဟုခေါ်သော အမျိုးသမီးငယ်တစ်ဦးဟာ ၃ လကိုယ်ဝန်ဆောင်ခဲ့ပြီး ညတစ်ညတွင် အိမ်သာတက်နေစဉ် လေသင်တုန်းဖြတ်ခဲ့ကာ ပါးစပ်မှ အမြုပ်တွေ တစီစီကျလာခဲ့သည်။
သူမ ဘာကြောင့်ဒီလိုဖြစ်ရသလဲ ထင်မြင်ယူဆချက်တွေ များစွာရှိသည်။ အိမ်နီးချင်းတစ်ချို့ကတော့ ဒါဟာ အနီးအနားက ရုတ်တရက် ထိတ်လန့်ဖွယ် ကြားလိုက်ရသော သေနတ်သံကြောင့် လန့်ဖြန့်သွားခြင်း ဖြစ်သည်ဟု ယူဆကြသည်။

အကြောင်းအရာက ဘာမှန်းသေချာ မသိသော်လည်း ကိုယ်ဝန်ဆောင် ယင်းအမျိုးသမီးငယ်ကတော့ မြေပြင်ပေါ်လဲကျခဲ့ပြီး ပါးစပ်မှ အမြုပ်များစွာ ထွက်လာခဲ့သည်။ အချို့ကတော့ မကောင်းဆိုးဝါး ပြုစားခံရသည်ဟု ဆိုကာ အနီးအနား ခရစ်ယာန်တရားဟော ဆရာများကို ခေါ်ပြီး မကောင်းဆိုးဝါး နှင်ထုတ်ကြည့်ကြသည်။

တရားဟောဆရာများ၏ ရွတ်ဖတ်မှုများကလည်း ဘာမှ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပဲ အမျိုးသမီးကလေးက သိပ်မကြာခင်ပဲ ငြိမ်သက် သွားခဲ့သည်။ မိသားစုဝင်တွေက သူမကို ဆေးရုံပို့ဖို့ပြင်ကြသည်။ ဒါပေမယ့်လည်း အင်မတန် နောက်ကျသွားခဲ့သည်။ ဆရာဝန်တွေက သူတို့ရဲ့ အစွမ်းကုန်ရှိသမျှ ကုသပေးကြသည် ဒါပေမယ့် အမျိုးသမီးကလေးဟာ ၃ နာရီနောက်ကျပြီး သေဆုံးခဲ့ပြီ ဟု ပြောသည်။

မိသားစုက ဆင်းရဲသည့်အတွက် နီယာစီကို သဂြိုဟ်ဖို့ စရိတ်ပင် မရှိကြပါဘူး။ ဒါကြောင့် နောက်ဆုံးမှာတော့ မိသားစုက သူမအလောင်းကို လအန္တတရာရန် သုဿာန်မှာ မြေမြုပ်ဖို့ ပြင်ဆင်ကြသည်။

အမျိုးသမီးကလေးရဲ့ ယောက်ျားဖြစ်သူ ဂရာဗက်ဒီဂါက သုဿာန်တွင် သတိထားမိလိုက်သည်။ ဒါကတော့ အခေါင်းတလားထဲမှ ထုရိုက်သံ တခုခု ကြားလိုက်ခြင်းပါ။ ဒါပေမယ့် သူကြောက်လန့်ခဲ့သည်။ သေတဲ့သူ အထဲမှာ ရှင်နေတယ်လို့ မတွေးခဲ့ပါဘူး။ မကောင်းဆိုးဝါး ခြောက်လန့်တယ် လို့ပဲ ထင်ခဲ့သည်။ ဒါကြောင့် အသံကြားခဲ့သော်လည်း ပထမတော့ ဥပေက္ခာပြုထားခဲ့သည်။ သူ့ကိုယ်သူ ငါဟာ စိတ်ဂယောင်ခြောက်ခြားဖြစ်နေပါလား လို့ တွေးခဲ့သည်။

ဂူသွင်းပြီးလို့ အိမ်ပြန်လာခဲ့ကြသည်။ နီယာစီရဲ့ယောက်ျားဟာ သုဿာန်သို့ တစ်ခေါက် ထပ်သွားခဲ့သည်။ ထိုအချိန်တွင် ဂူထဲက ထုရိုက်သံများ ကြားလိုက်ရပြန်သည်။ သူဟာ သုဘရာဇာတွေကို အပြေးအလွှားသွားခေါ်လိုက်ပြီး ဂူကိုဖွင့်ဖို့ လုပ်ကြသည်။ အလျှင်အမြန် ထုဖွင့်ကြသည်။ လူတွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြပြီး အသက်ရှင်နေတဲ့ အမျိုးသမီးလေးကို အခေါင်းထဲမှ ထုတ်ကာ။ အချို့က ယက်ခတ်ပေးကြသည်။ အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မိသားစုဟာ ထိန်လန့်အံ့သြသွားကြပြီး အရေးကြီးကာ အခေါင်းတလားတန်းလန်းနှင့်ပင် နီယာစီကို ဆေးရုံသို့ သယ်ဆောင်သွားကြသည်။

 Credit: PannPwint

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...