အိမ်ထောင်ရေးအဆင်မပြေမှုကြုံတွေ့ရသော အမျိုးသမီးသရုပ်ဆောင်များနှင့် ရိုက်ကူးနေသည့် ‘တစ်ခုလပ်’ရုပ်ရှင် ...!







Credit: 7Day Daily

#Unicode Version#
တစ်ခုလပ်ရုပ်ရှင်ဇာတ် ကားကို အိမ်ထောင်ရေးအဆင် မပြေမှု ကြုံတွေ့ခဲ့ဖူးသည့် အမျိုး သမီးသရုပ်ဆောင်များနှင့်ရိုက် ကူးနေကြောင်း ဒါရိုက်တာညွန့် မြန်မာညီညီအောင်က ပြော သည်။

‘‘တစ်ခုလပ်ဆိုတိုင်း လူမှု ပတ်ဝန်းကျင်မှာ အထင်မသေး ကြဖို့၊ နောက်ပြီး တစ်ခုလပ်ဖြစ် သွားလို့ သူ့ရဲ့ကိုယ်ကျင့်သိက္ခာကို ပိုပြီး ထိန်းသိမ်းတဲ့ မိန်းကလေး တွေရှိတယ်ဆိုတာကို ဒီကားထဲ မှာ ပြထားတာပါ’’ဟု တစ်ခုလပ် ဇာတ်ကားအကြောင်းကို ပြော သည်။  အဆိုပါရုပ်ရှင်ဇာတ်ကား အတွက် သရုပ်ဆောင်ရွေးချယ်မှု ကို ထုတ်လုပ်ရေးဘက်ကသာ ရွေးချယ်ခြင်းဖြစ်ပြီး အဓိကသရုပ် ဆောင်များအနေဖြင့် မျိုးသန္တာ ထွန်း၊ ခင်ဇာခြည်ကျော်နှင့် လင်း ဇာနည်ဇော်တို့က ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

‘‘အနုပညာရှင်တွေကတော့ သဏ္ဌာန်လုပ်သရုပ်တူအောင် သရုပ်ဆောင်ကြတာပဲ။ ဒါပေမဲ့ ဒီကားထဲမှာကတော့ တချို့မင်း သမီးတွေဆို ပြောတယ်။ ဇာတ် ဝင်ခန်းပြောရတဲ့ စကားတွေကို အရမ်းအားရတယ်။ သူဖြစ်ခဲ့တဲ့အကြောင်းကို ပြောနေသလိုဖြစ်နေတယ်။ အဲဒါမျိုးပြောတော့ သူတို့ ပိုပြီး Mood ရတယ်လို့ထင်ပါ တယ်’’ဟု ညွန့်မြန်မာညီညီအောင် က ပြောသည်။

အိမ်ထောင်ရေးအဆင်မ ပြေမှုကြုံခဲ့ဖူးသည့် မင်းသမီးများ နှင့် ရိုက်ကူးခြင်းဖြစ်သော်လည်း ၎င်းတို့၏ဘဝကို ထည့်သွင်းရိုက် ကူးထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ယင်းဇာတ်ကား၌ တစ်ခုလပ် မင်းသမီးများအ ကြောင်းသာမက  မိဘမဲ့ကလေး များ၏အကြောင်းကိုလည်း ထည့် သွင်းရိုက်ကူးထားကြောင်း ညွန့် မြန်မာညီညီအောင်က ပြော သည်။ ယင်းဇာတ်ကားကို SG9 Production က ထုတ်လုပ်ရိုက်ကူး ခြင်းဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း သမီး မြတ်ကျော်က ရေးသားထား သည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...