ရူတင္ေရာက္တာနဲ႔ ေဖ့ဘြတ္သံုးတဲ့ သရုပ္ေဆာင္ေတြကို မို႔မို႔ျမင့္ေအာင္ သတိေပး

ရူတင္ေရာက္တာနဲ႔ ေဖ့ဘြတ္သံုးတဲ့ သရုပ္ေဆာင္ေတြကို မို႔မို႔ျမင့္ေအာင္ သတိေပး

ဝါရင့္ သရုပ္ေဆာင္တစ္ဦး ျဖစ္ၿပီ သရုပ္ေဆာင္ပိုင္း နဲ႔ ပတ္သတ္ၿပီးပရိသတ္အားေပးမူအခိုင္အမာရ႐ွိထားတဲ့ ထပ္ဆင့္အကယ္ဒမီ မို႔မို႔ျမင့္ေအာင္က အႏုပညာ လူပ္ရွားမူေတြနဲ႔ ပတ္သတ္ၿပီး Myanmar Celebrities ကို အခုလိုေျပာျပခဲ့ပါတယ္။
"ကားရိုက္ပိုင္းကေတာ့ အခုက အရင္ကထက္စာရင္ေတာ့ နည္းသြားပါၿပီ။ မမို႔လည္း အရြယ္ေလး ရလာေတာ့ ဇာတ္ေတြ ရွားကုန္တာ ထင္ပါတယ္။ ၿပီးေတာ့ မမို႔က လာငွားတဲ့ ဇာတ္ကားေတြတိုင္းလည္း မရိုက္ျဖစ္ဘူး ။ ကိုယ့္နာမည္ပါရုံနဲ႔ ကိုယ့္အတြက္ လုပ္ကြက္မရတာမ်ိဴးလည္း မရိုက္ခ်င္ဘူး။ ကိုယ္တိုင္ သေဘာက်တဲ့ ဇာတ္မ်ိဴးကိုပဲ ေကာင္းေကာင္းရိုက္ခ်င္တာ အဲ့ဒါေၾကာင့္ပဲ ကားရိုတ္ေတာ္ေတာ္မ်ားမ်ားကို လႊတ္လိုက္ရတာေတြ ရွိတယ္ " လို႔ေျပာပါတယ္။
အႏုပညာအလုပ္ကို ေပၚပင္ မလုပ္ဖို႔လည္း အခုလိုေျပာျပခဲ့ပါတယ္။ "မမို႔တို႔တုန္းက အရမ္းရူးသြပ္ခဲ့တယ္ သရုပ္ေဆာင္ပိုင္း နဲ႔ပတ္သတ္ၿပီး အရမ္းရူးသြပ္စြဲလန္းခဲ့တယ္။ ရႈတင္ေရာက္ရင္ အားလုံးအကုန္ေမ့ၿပီး ကိုယ္လုပ္ရမယ့္ ကာရိုတ္တာကို စိတ္ႏွစ္ၿပီး စိတ္သြင္းတယ။္ အခု တခ်ိဴ့ကေလးေတြ က်ေတာ့ ရူတင္ေရာက္တာနဲ႔ ေဖ့ဘြတ္ေလး ေတြ သုံးေနၾကတယ္။ ဒါရိုက္တာက Dialogue ခ်ေပးေနရင္ေတာင္ ေဖ့ဘုုတ္သုံးမပ်က္္ၾကဘူး ။တကယ္ ရိုက္ၾကေတာ့ အလြဲအလြဲ အမွားမွားေတြ ျဖစ္ၿပီးေတာ့ အားလုံးကျပန္ေစာင့္ေနၾကရေရာေလ။ ကိုယ္က အိုက္တင္ပိုင္း နဲ႔ပတ္သတ္ လို႔ mood သြင္းတာ ခ်က္ခ်င္းဝင္ရင္ ခ်က္ခ်င္းရ႐င္လည္း တမ်ိဴးေပါ့ေနာ္။ ဘာပဲ ျဖစ္ျဖစ္ ရူတင္ေပၚေရာက္ရင္ အားလုံးထားခဲ့ၿပီး ကိုယ္လုပ္ရမယ့္ ကာရိုက္တာအေပၚပဲ စိတ္ႏွစ္ရမွာ။ တခ်ိဳ႕ ကေလးေတြကလည္း တကယ္ကို ေတာ္ၾကပါတယ္။ ကိုယ္ေတာင္ျပန္ခ်ီးမႊမ္း ရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သရုပ္ေဆာင္အလုပ္ကို ေပၚျပဴလာ ျဖစ္ခ်င္လို႔ လုပ္တာ ဆိုရင္မလုပ္ၾကပါနဲ႔။ တျခားနည္းနဲ႔ ေပၚျပဴလာ ျဖစ္ေအာင္လုပ္ၾကပါ။ သရုပ္ေဆာင္ အလုပ္ကို က တကယ္ဝါသနာပါမွ လုပ္တာေကာင္းပါတယ္" လို႔ေျပာပါတယ္။
.
===========

ရူတင်ရောက်တာနဲ့ ဖေ့ဘွတ်သုံးတဲ့ သရုပ်ဆောင်တွေကို မို့မို့မြင့်အောင် သတိပေး

ဝါရင့် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီ သရုပ်ဆောင်ပိုင်း နဲ့ ပတ်သတ်ပြီးပရိသတ်အားပေးမူအခိုင်အမာရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က အနုပညာ လူပ်ရှားမူတွေနဲ့ ပတ်သတ်ပြီး Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ်။
"ကားရိုက်ပိုင်းကတော့ အခုက အရင်ကထက်စာရင်တော့ နည်းသွားပါပြီ။ မမို့လည်း အရွယ်လေး ရလာတော့ ဇာတ်တွေ ရှားကုန်တာ ထင်ပါတယ်။ ပြီးတော့ မမို့က လာငှားတဲ့ ဇာတ်ကားတွေတိုင်းလည်း မရိုက်ဖြစ်ဘူး ။ ကိုယ့်နာမည်ပါရုံနဲ့ ကိုယ့်အတွက် လုပ်ကွက်မရတာမျိူးလည်း မရိုက်ချင်ဘူး။ ကိုယ်တိုင် သဘောကျတဲ့ ဇာတ်မျိူးကိုပဲ ကောင်းကောင်းရိုက်ချင်တာ အဲ့ဒါကြောင့်ပဲ ကားရိုတ်တော်တော်များများကို လွှတ်လိုက်ရတာတွေ ရှိတယ် " လို့ပြောပါတယ်။
အနုပညာအလုပ်ကို ပေါ်ပင် မလုပ်ဖို့လည်း အခုလိုပြောပြခဲ့ပါတယ်။ "မမို့တို့တုန်းက အရမ်းရူးသွပ်ခဲ့တယ် သရုပ်ဆောင်ပိုင်း နဲ့ပတ်သတ်ပြီး အရမ်းရူးသွပ်စွဲလန်းခဲ့တယ်။ ရှုတင်ရောက်ရင် အားလုံးအကုန်မေ့ပြီး ကိုယ်လုပ်ရမယ့် ကာရိုတ်တာကို စိတ်နှစ်ပြီး စိတ်သွင်းတယ။် အခု တချိူ့ကလေးတွေ ကျတော့ ရူတင်ရောက်တာနဲ့ ဖေ့ဘွတ်လေး တွေ သုံးနေကြတယ်။ ဒါရိုက်တာက Dialogue ချပေးနေရင်တောင် ဖေ့ဘုုတ်သုံးမပျက််ကြဘူး ။တကယ် ရိုက်ကြတော့ အလွဲအလွဲ အမှားမှားတွေ ဖြစ်ပြီးတော့ အားလုံးကပြန်စောင့်နေကြရရောလေ။ ကိုယ်က အိုက်တင်ပိုင်း နဲ့ပတ်သတ် လို့ mood သွင်းတာ ချက်ချင်းဝင်ရင် ချက်ချင်းရရင်လည်း တမျိူးပေါ့နော်။ ဘာပဲ ဖြစ်ဖြစ် ရူတင်ပေါ်ရောက်ရင် အားလုံးထားခဲ့ပြီး ကိုယ်လုပ်ရမယ့် ကာရိုက်တာအပေါ်ပဲ စိတ်နှစ်ရမှာ။ တချို့ ကလေးတွေကလည်း တကယ်ကို တော်ကြပါတယ်။ ကိုယ်တောင်ပြန်ချီးမွှမ်း ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရုပ်ဆောင်အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ ဆိုရင်မလုပ်ကြပါနဲ့။ တခြားနည်းနဲ့ ပေါ်ပြူလာ ဖြစ်အောင်လုပ်ကြပါ။ သရုပ်ဆောင် အလုပ်ကို က တကယ်ဝါသနာပါမှ လုပ်တာကောင်းပါတယ်" လို့ပြောပါတယ်။
.

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...