စကားပံုမ်ားျဖင့္ ရည္းစားစာ ေရးနည္း

စကားပံုမ်ားျဖင့္ ရည္းစားစာ ေရးနည္း

အခ်စ္ရယ္ ဒီစာကိုေရးလိုက္လို႔ ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္တယ္၊ မိေက်ာင္းမင္းေရခင္းျပတယ္၊
ခ႐ု ခါးေတာင္းက်ိဳက္ဖမ္းတယ္လို႔ မထင္ေစခ်င္ဘူးေနာ္။ ကိုယ့္မွာမင္းကိုခ်စ္မိမွပဲ ခဲမွန္ဖူးတဲ့ စာသူငယ္လိုလို၊ မပိုင္၀က္ေမြးဆိုသလိုလို၊အိတ္ေပါက္နဲ႔ ဖားေကာက္ဆိုသလိုလို ျဖစ္ေနပါၿပီ။
အခုအခ်ိန္မွာ ၀က္ျဖစ္မွေတာ့မစင္ေၾကာက္ေန လို႔လည္း မထူးေတာ့ပါဘူးေလ။
မင္းအေဖကို ေျပာလိုက္ပါ ျမင္းကမလႈပ္ခံုကလႈပ္၊ ယုန္ကမတိုး ပိုက္ကတိုး
ျဖစ္မေနပါနဲ႔လို႔။ယူမွာက မင္းကိုပါ။
ဘယ္ႏွယ့္သူက ကဲကဲလႈပ္ေနရတာလဲလို႔။ ၾကက္တူေ႐ြးက ေတာ္ေတာ္ မယ္ေဘာ္က
ကဲမေနပါနဲ႔လို႔။မင္းအေဖက ကိုယ့္ကိုေျပာတယ္ ငေၾကာင္ တဲ့။ မင္းဟာအလုပ္မရွိ ေၾကာင္ေရခ်ိဳးေပးေနတဲ့့ ေကာင္စားမ်ိဳးတဲ့။ဒါေပမဲ့ေျပာလိုက္ပါ။
ကိုယ္ဟာ ေၾကာင္သူေတာ္ ႂကြက္သူခိုးမဟုတ္သလို ေတာမီးေလာင္
ေတာေၾကာင္လက္ခေမာင္းခတ္တဲ့ ေကာင္စားမ်ိဳးေတာ့ မဟုတ္ပါဘူးလို႔။ ကိုယ့္ရဲ႕
မျဖစ္စေလာက္သာရတဲ့ လစာေလးဟာ ေၾကာင္အို ႂကြက္မေလး ဆိုသလိုျဖစ္ေနေတာ့ေလ…….
ေနာက္ၿပီးေတာ့ မင္းကို လာလာေၾကာင္ေနတဲ့ သေဘၤာသားဆိုတဲ့ အေကာင္ကလည္း
မင္းအေဖလိုလူအတြက္ ေၾကာင္ခံတြင္းပ်က္ႏွင့္ ဆက္ရက္ေတာင္ပံက်ိဳးလို
ဟိုေကာင့္အတြက္က်ေတာ့ ကံေကာင္းတဲ့က်ား သြားရင္းသမင္ေတြ႕ဆိုသလိုျဖစ္ေနတာေပါ့။
သူမ်ား အေၾကာင္းလည္း မေျပာခ်င္ပါဘူး အခ်စ္ရယ္ ဒီေကာင့္မိဘက ခ်မ္းသာေတာ့ က်ားႀကီး ေျခရာႀကီး၊ ေ႐ႊပင္နားေတာ့့ေ႐ႊေက်းမ်ိဳးေတာ့ျဖစ္မွာေပါ့ေလ။ တကယ္ေတာ့့ သူ႔မိဘေတြဟာ ဒီယုန္ျမင္လို႔ ဒီခ်ံဳထြင္၊ႂကြက္ေသတစ္ခုအရင္းျပဳ႐ံုေလးနဲ႔ စားရကံၾကံဳၿပီး မုတ္ဆိတ္ပ်ားစြဲ၊ ထန္းသီးေႂကြခိုက္ က်ီးနင္းခိုက္ျဖစ္လို႔၊ ၾကက္ကန္းဆန္အိုးတိုးကာ ယုန္ေထာင္ေၾကာင္မိ
ျဖစ္သြားသူေတြပါ။
အမ်ားညီ ဤကိုကြ်ဲဖတ္ ဆိုသလို လုပ္ခ်င္ရာလုပ္ေနတဲ့ေျပာေတာ့ေၾကာင္သူေတာ္ ယိုေတာ့ ႂကြက္ေမႊး ဆိုတာ သူ႔မိဘေတြေပါ့။ ဆင္သတ္အရပ္ေ၀ၿပီးမွ ဆင္သားေရကို ဆိတ္သားေရနဲ႔ဖံုးခ်င္တာ သူတို႔အသိုင္းအ၀ိုင္းေပါ့။ ကိုယ္ အထင္အႀကီးပါဘူး။ အထင္လည္း မေသးပါဘူးေနာ္။
ဒီေကာင္ကေတာ့ ကြ်ဲကူးေရပါ ဆိုတဲ့အတိုင္း သူစီးတဲ့ျမင္း အထီးမွန္း
အမမွန္းေတာင္မသိ၊ မိဘဆိုတာလည္း က်ီးဘုတ္႐ိုေသ၊ ဘုတ္က်ီး႐ိုေသတဲ့ အဆင့္ေတာင္မရွိ၊
ေခြးကေလးအေရာ၀င္ ပါးလ်က္နားလ်က္၊ က်ီးကန္းသူေကာင္း ေျမႇာက္
ေခ်းေကာက္စားဆိုတဲ့သူမ်ိဳးပါ။ထားလိုက္ပါေလ။ေခြး႐ူးေကာင္းစား တစ္မြန္းတည့္ပါပဲ။
အခ်ိန္တန္ေတာ့ ႏြားပိန္ကန္ပါလိမ့္မယ္။
တကယ္လို႔ မင္းသာအဲဒီအေကာင္နဲ႔ညားရင္ ဆင္နားရြက္ႂကြက္တပ္၊ ႂကြက္နားရြက္
၀က္တပ္ေပးသလိုမ်ိဳး ကို႔႐ိုးကားရား ျဖစ္ေနမွာ။ မင္းအေဖကလည္း ေၾကာက္ပါတယ္
ဆိုေၾကာင္နဲ႔တို႔ ဆိုသလို မင္းမလိုခ်င္တာကိုပဲ စြတ္ၿပီး ငါးၾကင္းဆီနဲ႔
ငါးၾကင္းေက်ာ္ခ်င္ေနတာ။ ကိုယ္ကေတာ့ ကြ်ဲႏွစ္ေကာင္ၾကားထဲက
ေျမစာပင္၊ က်ားခ်င္းကိုက္ရာ သမင္းလမ္းကူးမွား ျဖစ္မယ့္
မင္းျဖစ္အင္ကိုသာေတြးေတြး ရင္ေမာၿပီး ၾကမၼာေဆာင္ သားေကာင္ဆိတ္ျဖစ္ေနပါၿပီ။
တကယ္ပါအခ်စ္ရယ္ မင္းအေဖဟာ ငွက္တစ္ေကာင္ ျမားတစ္စင္း၊ ရွဥ္႔တစ္ေကာင္
ျမားတစ္စင္းဆိုတာကို ျမင္ပံုမရဘူး။ ေၾကာင္႐ုပ္ျဖစ္ေစ ႂကြက္ေသတာလိုရင္းဆိုၿပီး
စြတ္မိုက္ေနတာ။
အင္း… မေျပာခ်င္ပါဘူးေလ… ငါးတကာယိုသည့္ေခ်း ပုဇြန္ဆိတ္
ေခါင္းမွာစု လို႔ပဲေျပာေျပာ၊ ငါးခံုးမတစ္ေကာင္ေၾကာင့္ တစ္ေလွလံုးပုပ္
လို႔ပဲေျပာေျပာ။ သူ႔မိဘေတြကလည္း ဒီေကာင့္ေၾကာင့္ နာမည္ပ်က္ေနတာၾကာပါၿပီ။
တကယ္ေတာ့ အညီႇရွိရာ ယင္အံုဆိုသလို မင္းအေဖဆီကို ဒီေကာင္ဟာ
ငါးပြက္ရာငါးစာခ်ဖို႔ေရာက္လာတာပါ။ ၿပီးေတာ့ ဆင္ေကာင္ႀကီး အၿမီးက်မွတစ္ဆိုသလို၊ ငါးစိမ္းျမင္ ငါးကင္ပစ္ လုပ္သြားဦးမွာ။ ေနာက္ဆံုးက်မွ ဒီေကာင့္ေၾကာင့္ လူတြင္ပါႏြားက်ားကိုက္ဆိုတဲ့အခ်ိန္၊ က်ားေသကို အသက္သြင္းလို႔ စင္းစင္းေသပါၿပီလို႔မင္းအေဖေအာ္ေနဦးမွာ။
အဲလို ဖြတ္ထြက္မွ ေတာင္ပို႔မွန္းသိတဲ့အခ်ိန္မွာ က်ားေရွ႕ေမွာက္လ်က္လဲသလိုျဖစ္ေနမယ့္ မင္းအေဖရဲ႕ ကိုယ့္ေယာကၡမေလာင္းႀကီးရဲ႕ေသခ်င္တဲ့က်ား ေတာေျပာင္းအျဖစ္ကို ကိုယ္ျမင္ေယာင္မိေနတယ္။
မင္းအေမႀကီးက်ေတာ့လည္း ဒီေကာင္နဲ႔ေပးစားခ်င္တိုင္း သမီးတစ္ေကာင္
ႏြားတစ္ေထာင္ဆိုၿပီး အရပ္ထဲမွာ လက္ပံပင္ဆက္ရက္က်သလို ပြက္ပြက္ညံေနပါေရာ။
တကယ္က်ေတာ့ ရွမ္းႀကိဳက္ႏြားေခ်ာဆိုတာ ကိုယ္ကေတာ့ ေႁမြေႁမြျခင္း
ေျချမင္ၿပီးသားပါေနာ္။ အင္း… ႏြားအို ျမက္ႏုႀကိဳက္သလို မင္းအေဖႀကီး
ေငြႀကိဳက္တာလည္း ႏြားငတ္ေရခ် ဆိုသလို၊ ကိုယ့္အတြက္ေတာ့
အထူးအဆန္းမဟုတ္ေတာ့ပါဘူး။ မင္းအေဖက ဆင္သြားရင္ လမ္းျဖစ္မယ္လို႔ ထင္ေနတာေလ။
ငါးစာသာျမင္ ငါးမွ်ားခ်ိတ္မျမင္ ဆိုသလိုမ်ိဳး ျဖစ္ေနတာေပါ့။ ဒါထက္
သမီးေခ်ာေလးအရွိန္နဲ႔ ဆင္ျဖဴေတာ္မွီၿပီး ၾကံစုပ္၊ ေမ်ာက္ျပဆန္ေတာင္း
လုပ္ေနတယ္လို႔လည္း မေျပာခ်င္ပါဘူး။ ႏြားေပါ့ အစံြထုတ္လုိ႔ ေျပာရင္
မင္းပါစိတ္ဆိုးေတာ့မယ္။ ဆင္ျဖဴ႕မ်က္ႏွာ ဆင္မည္းမၾကည့္၀ံ့ ဆိုသလို
ကိုယ့္ရဲ႕ မိဘ Background ကလည္း သူ႕အတြက္ဆို ႏြားပ်ိဳသန္လွ ႏြားအိုေပါင္က်ိဳး
သာသာပဲရွိေတာ့့ ယုန္အတြက္ ခ်ံဳကေၾကာင့္ၾကေနရတာေပါ့။
မင္းအေဖကေျပာတာ။ ကိုယ့္ကို ေခြးမသား တဲ့။ ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္တဲ့။
မင္းကိုလည္း မြဲခ်င္တဲ့ေခြး ျပာပံုတိုးဆို။ ဟုတ္ခ်င္လည္းဟုတ္မွာပါ။
ကိုယ့္အေျခအေနကလည္း လူမေလး ေခြးမခန္႔တဲ့ အျပင္၊ အရပ္ကလည္း ေခြးပစ္တဲ့
တုတ္သာသာရွိေတာ့… ကိုယ္နဲ႔ေပးစားမယ့္အစား ေခြးအၿမီးျဖတ္ၿပီးသာ ေပးစားမယ္တဲ့။
အဲဒါကို ဟိုအေကာင္ၾကားရင္ သူ႔ကို ေခြးအၿမီးျပတ္နဲ႔ ႏိႈင္းတယ္ဆိုၿပီး
စိတ္ဆိုးဦးမယ္။ တကယ္က်ေတာ့ ကိုယ္ဟာ ေခြးရူးဖက္ကိုက္
ေခြးေကာင္းနားရြက္ျပတ္ျဖစ္သြားမွာ ေၾကာက္တဲ့ ေခြးျဖဴေတာမတိုး၀ံ့တဲ့သူပါ။ကဲပါ…
ေခြးေဟာင္လို႔ ေတာင္ပို႔မေျပးႏိုင္ပါဘူး။ ပိုေနျမဲ က်ားေနျမဲပါအခ်စ္ရယ္။
တစ္ခုေတာ့ မင္းအေဖကိုေျပာခ်င္တယ္။ ေဟာင္လြန္းသည့္ေခြး လူမေလးတတ္ဘူးဆိုတာကို။
က်န္ေသးတယ္….. မင္းအေဖကပဲေျပာတာေနာ္ ကိုယ္ဟာ ေတာ္ေတာ္ ႏြားက်တဲ့့ေကာင္တဲ့့။
ကိုယ္ကလည္း ဘယ္ရမလဲ၊ ဒါေပမဲ့ ခင္ဗ်ားလို ငါ့စကားႏြားရ မေျပာတတ္ဘူး၊
ႏြားသိုးႀကိဳးျပတ္ မရမ္းတတ္ဘူးလို႔ ႏြားေရွ႕ ထြန္က်ဴးျပလိုက္တာေပါ့။
အခ်စ္ရယ္ ကိုယ္ဒီစကားေတြေျပာေနရတာ က်ားလိုက္မွ တုတ္ခုတ္၊ ဆင္လိုက္မွ
သစ္ပင္ရွာတာ မဟုတ္ပါဘူးေနာ္။ ကိုယ့္မွာ ရွာသမွ် ပိုက္ဆံကလည္း သမင္ေမြးရင္း
က်ားစားရင္း ဆိုသလိုျဖစ္၊ ကံအေၾကာင္းက မသင့္ေလေတာ့့ ေႁမြေပြး
ခါးပိုက္ပိုက္မိလ်က္သားလည္းျဖစ္၊ က်ားခ်င္းကိုက္ရာ သမင္ကူ မမွားဖို႔အေရး၊
ပ်ားလည္းစဲြသာ ရွဥ့္လည္းေလွ်ာက္သာ ျဖစ္ေအာင္လုပ္ရင္း ေႁမြမေသ တုတ္မက်ိဳး
Styleမ်ိဳးျဖစ္သြားေတာ့၊ ဖြတ္မရ ဓါးမဆံံုး၊ ငါးမရ ေရခ်ိဳးျပန္႐ံံု ေလးပါ။
ကိုယ့္မွာေတာ့ က်ားလည္းေၾကာက္ရ က်ားေခ်းလည္းေၾကာက္ရဆိုသလို မင္းမိဘေကာ၊
မင္းကိုပါလန္႔ၿပီး က်ားရဲရာ ၾကမၼာမ႐ိုးသာဆိုသလိုျဖစ္ေနရပါၿပီေလ။တကယ္တမ္းဆိုရင္.
ကိုယ္ဟာ ျမင္းေကာင္းခြာလိပ္ ေလးပါကြယ္။ မင္းအေဖကလည္း ကိုယ္ကမင္းကို
ခ်စ္ပါတယ္ေျပာတိုင္း ႀကိဳးၾကာဆို ဘာငွက္လဲ၊ က်ားကိုက္ပါတယ္ဆို
နာတာရွည္လားခ်ည္းလာလာေမးေနေလတယ္။ ဆင္ေကာင္ႀကီးေတြ႕မွေတာ့
ဆင္ေျခရာရွာစရာ လိုေတာ့မလားကြယ္။
ကိုယ္ကလည္း မင္းအေဖေရွ႕မွာ ကြ်ဲပါး ေစာင္းတီး… အဲ… မိေက်ာင္းမင္း ေရခင္းျပေတြ
ခဏခဏမလုပ္ခ်င္ပါဘူးေလ။ လူပဲအခ်စ္ရယ္... စင္းလံုးေခ်ာေတာ့ ဘယ္ျပည့္စံုမလဲ။
သိၾကားမင္းေတာင္ ကြ်ဲေယာင္ေဆာင္တာ ဂ်ိဳကားတယ္လို႔ ေျပာခံရေသးတာပဲ။ ထားပါ။
ပံုလံုတစ္လွည့္ ငါးပ်ံတစ္လွည့္ ဆိုတဲ့ေန႕က်ရင္ေတာ့ သူသိမွာပါေလ။
ဒါမွမဟုတ္မ်ား...ယာလည္းညက္ေစ ၾကက္္လည္းပန္းေစလို႔မ်ား လုပ္ေနသလားမသိဘူးေလ။
မေျပာခ်င္ပါဘူး အခ်စ္ရယ္ လင္းတေလာက္ေတာ့ ငွက္တိုင္းလွႏိုင္ပါတယ္။
ႏြားေၾကာ့ဆိုေလ ခ်ံဳတိုးေလဆိုတာမ်ိဳး ကိုယ္မလုပ္တတ္ပါဘူး။ အလကားရတဲ့ သမက္ကို…“ႏြား သြားျဖဲၾကည့္မေနပါနဲ႔”လို႔။ မေကာင္းပါဘူးေလ။
ႏံွျပည္စုတ္အေျမႇာက္နဲ႔ခ်ိန္တတ္တဲ့ မင္းမိဘေတြကို လက္တုန္႔မျပန္ခ်င္ေပမယ့့္လည္း
တခါတခါက်ရင္ အၾကံကုန္ ဂဠဳန္ဆားခ်က္လုပ္ၿပီး ႂကြက္မႏိုင္ က်ီမီး႐ိႈ႕ခ်င္႐ႈိ႕ပစ္မိေတာ့မွာ။
ေရာ့…ပတၱျမား ေရာ့့…နဂါး မွလုပ္တတ္တဲ့ မင္းမိဘေတြကို
ဆင္လည္းဆင္အထြာႏွင့္ ပု႐ြက္ဆိတ္လည္း ပု႐ြက္ဆိတ္အထြာ နဲ႔ပါလို႔ၾကံဳရင္ေျပာလိုက္စမ္းပါ။
ဘာပဲျဖစ္ျဖစ္ေလ မိဘဆိုတာ သားသမီးကို ဆင္စီးၿပီးျမင္းရံေစခ်င္တာကို ကိုယ္သိပါတယ္။
ဒီေတာ့ ေမ်ာက္သားစားခ်င္ေမ်ာက္မ်က္ႏွာၾကည့္ဆိုသလို ကိုယ္နာလည္ေပးရမွာေပါ့။
တကယ္ပါ အခ်စ္ရယ္ ကိုယ့္ဘ၀ဟာ ေရတြင္းထဲက ဖားသူငယ္လို၊ ကိုယ့္အျဖစ္ဟာ
ေပါ့ေစလိုလို႔ ေၾကာင္႐ုပ္ထိုး ေဆးေၾကာင့္ေလးဆိုသလိုျဖစ္႐ံုမက
ကိုယ့္အသည္းႏွလံုးေတြဟာ မင္းနဲ႔ေ၀းမွ က်ီးကန္းေတာင္းေမွာက္၊ ငါးရံ့ျပာလူး၊
ေၾကာင္မရွိႂကြက္ထ ဆိုသလိုမ်ိဳး ျဖစ္ေနပါၿပီ။ ဒီေလာက္လွတဲ့ သမီးမ်ိဳးကို
ေမြးထားတဲ့ မင္းအေဖကို ေျပာလိုုက္ပါ။ အိုင္ေတြ႕လို႔မွမလူး ကြ်ဲ႐ူး၊
ငါးေၾကာ္မႀကိဳက္ ေၾကာင္မိုက္ျဖစ္သြားမွာေပါ့လို႔။ ဘာပဲေျပာေျပာပါ။
မင္းမရွိတဲ့့ကိုယ့္ဘ၀ဟာ ႏြားကြဲ က်ားကိုက္ ဆိုသလို ျဖစ္လို႔၊ မင္းဆီက ကိုယ္ေမွ်ာ္ေနတဲ့့
အခ်စ္ေတြကလည္း က်ားသနားမွ ႏြားခ်မ္းသာရမဲ့ ဘ၀မ်ိဳးျဖစ္ေနပါၿပီ။ ယံုပါ..ကိုယ္ဟာ...
မ်က္ႏွာမမ်ားတတ္သလို လယ္ထြန္သြား ႏြားေမ့ လူစားမ်ိဳးလည္း မဟုတ္တာ အမွန္ပါ။
တကယ္ပါအခ်စ္ရယ္…
ကိုယ့္ရင္ထဲက အခ်စ္ေတြဟာ မင္းတုန္႔ျပန္မွ စူဠလိပ္ေရထဲလႊတ္သလိုမ်ိဳး
စိုင္ေကာ္လို႔ခ်ံဳေပၚေရာက္ၿပီး ေ႐ႊပင္မွာနားတဲ့ ေ႐ႊေက်းေလ
ျဖစ္ေတာ့မွာပါ။
Credit to Tun Sein Maung
==============

စကားပုံများဖြင့် ရည်းစားစာ ရေးနည်း

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊
ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ဝက်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။
သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့့ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။
အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအဝိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း
အမမှန်းတောင်မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက်
ချေးကောက်စားဆိုတဲ့သူမျိုးပါ။ထားလိုက်ပါလေ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်
ဝက်တပ်ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်
ဆိုကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်
မြားတစ်စင်းဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။
အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါနွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့မင်းအဖေအော်နေဦးမှာ။
အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့့ ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ။
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့့ကောင်တဲ့့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Styleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံံး၊ ငါးမရ ရေချိုးပြန်ရုံံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။တကယ်တမ်းဆိုရင်.
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို
နာတာရှည်လားချည်းလာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့
ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ်... စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားပါ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ...ယာလည်းညက်စေ ကြက််လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်ကို…“နွား သွားဖြဲကြည့်မနေပါနဲ့”လို့။ မကောင်းပါဘူးလေ။
နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ။
ရော့…ပတ္တမြား ရော့့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ကြုံရင်ပြောလိုက်စမ်းပါ။
ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။
ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘဝဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။
မင်းမရှိတဲ့့ကိုယ့်ဘဝဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘဝမျိုးဖြစ်နေပါပြီ။ ယုံပါ..ကိုယ်ဟာ...
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ။
တကယ်ပါအချစ်ရယ်…
ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်ရေထဲလွှတ်သလိုမျိုး
စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေ
ဖြစ်တော့မှာပါ။
Credit to Tun Sein Maung

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...