ေလယာဥ္ပ်က္က်မႈ ေနာက္ဆံုးအေျခအေန


ပ်က္က်ေလယာဥ္ရဲ႕ အစိတ္အပိုင္းတခ်ိဳ႕နဲ႔ ရုပ္အေလာင္းေတြကို တနသၤာရီတိုင္း ေက်ာက္နီေမာ္ေက်းရြာရဲ႕ အေနာက္ဘက္ ၁၄ မိုင္ အကြာ၊ ေလာင္းလံုၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ၂၂မိုင္ေလာက္အကြာ ပင္လယ္ထဲမွာ ရွာေဖြေတြ႕ရွိခဲ့တာပါ။

ၾကာသပေတးေန႔ညေန ၇ နာရီအထိ အမ်ဳိးသားအေလာင္း ၂ ေလာင္း၊ အမ်ဳိးသမီးအေလာင္း ၂၁ ေလာင္းန႔ဲ ကေလးအေလာင္း ၈ ေလာင္း စုစုေပါင္း ႐ုပ္အေလာင္း ၃၁ ေလာင္းကို ေတ႔ြ႐ွိဆယ္ယူႏိုင္ခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။ အေလာင္းေတြအျပင္ Y-8 ေလယာဥ္ရဲ႕ ဘီးတစ္ခု၊ အသက္ကယ္အက်ႌေတြနဲ႔ ပစၥည္းထည့္တ့ဲအိတ္တခ်ိဳ႕ကိုလည္း ဆယ္ယူရ႐ွိခဲ့ပါတယ္။

ဆယ္ယူရရွိေသာ ႐ုပ္အေလာင္း ၂၉ ေလာင္းကို ထား၀ယ္ၿမိဳ႕က တပ္မေတာ္ေဆး႐ုံကိုပို႔ေဆာင္ခ့ဲၿပီး လုိအပ္တဲ့ ေဆးဘက္ဆုိင္ရာစစ္ေဆးမႈေတြကို ေဆာင္႐ြက္ေနတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးတဲ့ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဗုဒၶဟူးေန႔တုန္းက ၿမိတ္ေလတပ္စခန္းကေန ထြက္ခြာသြားတဲ့ Y-8 အမ်ိဳးအစား ေလယာဥ္အမွတ္ ၅၈၂၀ ဟာ မုတၱမပင္လယ္ကို ျဖတ္ပ်ံသန္းေနစဥ္ ေန႔လည္ပိုင္းမွာ ရုတ္တရက္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာပါ။ ေလယာဥ္ေပၚမွာ တပ္မေတာ္အရာရွိ မိသားစု ၁၀၆ ေယာက္နဲ႔ ေလယာဥ္အမႈထမ္း ၁၄ ေယာက္ပါသြားပါတယ္။

ေလယာဥ္ဘာေၾကာင့္ ပ်က္က်ခဲ့သလဲဆိုတာ ခုခ်ိန္မွာ မသိႏိုင္ေသးေပမယ့္ ရာသီဥတုေၾကာင့့္ျဖစ္ႏိုင္တယ္လို႔ တပ္မေတာ္သတင္းျပန္ၾကားေရးအဖဲြ႔ တာဝန္႐ွိသူတေယာက္က VOA ျမန္မာပိုင္းကိုေျပာပါတယ္။ မေမွ်ာ္လင့္ဘဲ ကံၾကမၼာဆိုးနဲ႔ႀကံဳေတ႔ြခဲ့ရတဲ့ ေလယာဥ္နဲ႔ တပ္မေတာ္မိသားစုခရီးသည္ေတြအတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရတယ္လို႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ပါတီက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

ဇွန်လ ၇ရက်နေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကိုအသွားပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ်ပေါ်က ခရီးသည်အလောင်း ၃၁ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့ပါတယ်။

ပျက်ကျလေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတွေကို တနင်္သာရီတိုင်း ကျောက်နီမော်ကျေးရွာရဲ့ အနောက်ဘက် ၁၄ မိုင် အကွာ၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂မိုင်လောက်အကွာ ပင်လယ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

ကြာသပတေးနေ့ညနေ ၇ နာရီအထိ အမျိုးသားအလောင်း ၂ လောင်း၊ အမျိုးသမီးအလောင်း ၂၁ လောင်းနဲ့ ကလေးအလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို တွေ့ရှိဆယ်ယူနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အလောင်းတွေအပြင် Y-8 လေယာဉ်ရဲ့ ဘီးတစ်ခု၊ အသက်ကယ်အင်္ကျီတွေနဲ့ ပစ္စည်းထည့်တဲ့အိတ်တချို့ကိုလည်း ဆယ်ယူရရှိခဲ့ပါတယ်။

ဆယ်ယူရရှိသော ရုပ်အလောင်း ၂၉ လောင်းကို ထားဝယ်မြို့က တပ်မတော်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေကို ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးတဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက မြိတ်လေတပ်စခန်းကနေ ထွက်ခွာသွားတဲ့ Y-8 အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ ဟာ မုတ္တမပင်လယ်ကို ဖြတ်ပျံသန်းနေစဉ် နေ့လည်ပိုင်းမှာ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ်ပေါ်မှာ တပ်မတော်အရာရှိ မိသားစု ၁၀၆ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၄ ယောက်ပါသွားပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတာ ခုချိန်မှာ မသိနိုင်သေးပေမယ့် ရာသီဥတုကြောင့်ဖြစ်နိုင်တယ်လို့ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကိုပြောပါတယ်။ မမျှော်လင့်ဘဲ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ခဲ့ရတဲ့ လေယာဉ်နဲ့ တပ်မတော်မိသားစုခရီးသည်တွေအတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...