မင်းပြောခဲ့တဲ့ စကားတွေ…
“”အစ်ကိုအသက် ၁၇၊ ၁၈ လောက်က အစ်ကို့အတွက် အမေတော်တော်ကြီး စိတ်ဆင်းရဲ ခဲ့ရဖူးတယ်။ အစ်ကို စက်မှုတ က္ကသိုလ် စတက်ကာစ ကပေါ့။ ကျောင်းမှာ အရေးအခင်းဖြစ်တော့ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ လှုပ်ရှားဖူးခဲ့ တယ်။ တိုက်တိုက်ဆိုင် ဆိုင် တန်ဆောင်မုန်းလပြည့်နေ့ကြီးမှာ ထောက်လှမ်းရေး ကနေ အိမ်ကိုလာ ဖမ်း ပါလေရော။
ထောင်နှစ်လကျသွားတယ်ဆိုတော့ အတွေ့အကြုံ ရသွားတယ်ပေါ့ … ဟား . .ဟား။ ဒီအတွေ့အကြုံက ဘ၀မှာဘယ်လို မှ တန်ဖိုးဖြတ်လို့ မရဘူးလေ။ ပိုက်ဆံပေးပြီးဝယ်လို့ လည်းမရဘူး။ အစ်ကိုထွက်လာတော့ အဖေက အဲဒီခေတ်ကနော် ပိုက်ဆံငါးသောင်းဆုချ တယ်(ဟားဟား)””
မင်းက အခုအချိန်ကျမှ ဒီအကြောင်းကို မီဒီယာကိုချပြပြီး ရယ်မောနိုင်ချိန်မှာ မင်း ပျော်ပျော်ကြီးကျောင်း ဆက်တက်ခွင့်ရ ခဲ့တဲ့ မန္တလေးစက်မှုတက္ကသိုလ်မှာ မင်းလိုပဲ ၉၆ ကျောင်းသားအရေးအခင်းမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့လို့ မင်းတက်နေ တဲ့ကျောင်းက ကျောင်သား ၈ ယောက် ကျောင်းအထုတ်ခံခဲ့ရပြီး ကျောင်းပြန်တက်ခွင့်မရခဲ့တာကို မင်းသိပြီးဖြစ်မှာပါ…
သူတို့က မင်းလိုတော့ ထောင်မကျခဲ့ဘူး…ဒါပေမယ့် မင်းလို BE ဘွဲ့ကို ပိုင်ဆိုင်ခွင့် မရခဲ့ကြဘူး… မင်းက အဲဒီအချိန်တု န်းက ဒီအကြောင်းတွေကို ရေငုံနှုတ်ပိတ်နေခဲ့ပြီး စက်မှုတက္ကသိုလ်ကို ပြီးဆုံးအောင် အသာလေးမှိန်းပြီ တက်ခဲ့တယ်…
အခုအချိန်ကျမှ ဂုဏ်ယူဝင့်ကြွားစွာနဲ့ မီဒီယာကနေတဆင့် ပရိတ်သတ်(ပြည်သူ)ကို ထုတ်ဖော်ပြောလို က်တော့…မန္တေ လးစက်မှုတက္ကသိုလ်ကနေ ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၈ ယောက်ရဲ့ အနာဟောင်းကို မင်းက အပ်နဲ့ဆွပေးေ နသလိုဖြစ်နေပြီ…
မင်းက သူတို့မရခဲ့တဲ့ အခွင့်ထူးကြီးကို မင်းနည်းမင်းဟန်နဲ့ အရယူနိုင်ခဲ့တယ်… မင်း ဒီအကြောင်းတွေကို မင်း ကျောင်းတ က်နေစဉ်ကအတိုင်းပဲ ဘယ်သူမှအသိမပေးဘဲ သိုသိုဝှက်ဝှက် ဆက်ထိမ်းထားသင့်တယ်…
အဲဒီအချိန်တုန်းကတော့ လူအများအသိမခံနိုင်ဘဲ အခုအချိန်ကျမှ ပြည်သူကို ချပြတာ ဘာသဘောလဲဆိုတာ မင်းကိုယ်မ င်း အသိဆုံးဖြစ်ပါလိမ့်မယ်…
မင်းက အခုအချိန်မှာ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေနိုင်ပေမယ့်…မင်းလို မရယ်မော မပျော်ရွှင်နိုင်တဲ့ မင်းနောင်တော်ကြီး ၈ ယောက် ဘယ်သူတွေဆိုတာ သိအောင်ပြောပြမယ်…
Credit to Tun Tun Win
Source : https://www.facebook.com/villagerdawMay
0 comments :
Post a Comment