လေးစားပါတယ်ဗိုလ်ကြီး



Image may contain: one or more people and outdoor
#KhunKyawSanWin
Image may contain: 1 person, smiling, closeup and outdoor
အရင်အပတ်က ရန်ကုန်သွားတော့ဘီးလင်းမှာ ကားလမ်းရေကျော်တာနဲ့တိုးပါတယ်။ အဲဒီမှာကားအစီးရေ သုံးလေးရာ ဟိုဘက်ဒီဘက်ပိတ်မိနေပါရော။ အနီးမှာရှိတဲ့ ခမရ (၉) နဲ့ တပ်မ (၄၄) က တာဝန်အရှိဆုံး အရာရှိကြီးများ၊ အရာရှိငယ်များနဲ့ ရဲဘော်များ လာရောက်ပြီး ကူညီနေတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော့် ကားက ကားတန်းရဲ့ ရှေ့ဆုံးမှာပါ။ ရေကျော်နေတဲ့ ကားလမ်း ဘေးမှာတော့ တပ်မတော်သားများက စောင့်ကြည့်ကူညီနေပါတယ်။ ဟိုဘက်ဒီဘက် ကားတစ်စီးစီး ဖြတ်သွားတိုင်းလည်း ဝိုင်းပြီးလက်ခုပ်တီးအားပေးကြနဲ့။ လမ်းဟိုဘက်ဒီဘက်ကို ဆိုင်ကယ်တွေ လူတွေ ဖြတ်ချင်ရင်တော့ စက်လှေတွေက ကယ်ရီလုပ်ပါတယ်။ ဆိုင်ကယ်တစ်စီး ၅၀ဝ၀၊ လူတစ်ယောက် ၁၀ဝ၀ ပါ။ ကျွန်တော်တို့ ကြည့်နေတုန်းမှာပဲ ဆိုင်ကယ်သုံးစီးနဲ့ လူတွေ တင်ထားတဲ့ စက်လှေ မှောက်ပါတယ်။ ဆိုင်ကယ်တွေလည်းမြုပ်၊ လူတွေလည်း အသည်းအသန် ရေကူးပြီး ကမ်းဘက်ကိုလာ။
Image may contain: one or more people, people sitting, outdoor and nature
တော်တော်လေးရှုပ်ထွေးကုန်ပါတယ်။ ဒါပေမယ့် တော်တော်များများ ကတော့ ကမ်းဘက်ကို ရောက်လာကြပါတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က သစ်ပင်တစ်ပင်ကို ဖက်ထားပြီး ဆက်မကူးနိုင်တော့လို့ ကယ်ကြပါဆိုပြီးအော်ပါတယ်။ ဘေးအနီးအနားက လူတွေက ရေစီးသန်နေတော့ မဆင်းရဲပါဘူး ဝါးလုံးလိုက်ရှာပါတယ်။ အဲဒီအချိန်မှာ ဒီ ဗိုလ်ကြီးက ကျွန်တော့်ရှေ့တင် သူ့ဖုန်းနဲ့ဂျာကင်ကိုချွတ်ပြီး ဘေးက ရဲဘော်ကိုပေးပြီး ရေထဲကို ဒိုင်ဗင်ထိုးဆင်းပြီး သွားကယ်ပါတော့တယ်။ ရေထဲကို ဝုန်းခနဲ ဆင်းသွားတဲ့ အချိန်မှာ ကျွန်တော်ထင်တာက သာမန်ရဲဘော်တစ်ဦးလို့ ထင်တာပါ။ သွားကယ်ပြီး ပြန်လာတော့မှ ဗိုလ်ကြီးတစ်ယောက်မှန်းသိတယ်။ ဒါနဲ့ ဓါတ်ပုံရိုက်ယူထားလိုက်ပါတယ်။ နောက်တစ်ခုက တစ်ချို့တွေပြောသလို ကူညီမယ့် သူတွေမရှိဘူးဆိုတာမမှန်ပါဘူး။ ဘီးလင်းမှာ ညသန်းခေါင်ရေစတက်ပါတယ်။ မနက်လင်းတာနဲ့ အနီးဆုံးနေရာတွေက တပ်ကရောက်နေပါပြီ။ ကိုယ်ကြုံတဲ့အတိုင်းရေးခြင်းဖြစ်ပါတယ်။ ဖေ့ဘုတ်စ်သုံးပြီး ရေးတာမဟုတ်ပါ။
#KhunKyawSanWin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...