တရားသူႀကီးႏွင့္ ဖိနပ္ျပႆနာ


တရားသူႀကီးႏွင့္ဘိနပ္ျပႆနာ
.
တရားသူႀကီးတစ္ဦးကို တရားခြင္မွာ
တိုက္ပံုအနက္ေရာင္ဝတ္ထားသူတစ္ေယာက္က
သူစီးထားတဲ့ ညႇပ္ဘိနပ္နဲ႔ပစ္ေပါက္တယ္။
ဒီလိုဘိနပ္နဲ႔ပစ္ေပါက္တဲ့ လိုက္သူကို သူရဲေကာင္း
တစ္ဦးသဘြယ္ အမႊန္းတင္ေရးသားေနၾက
တာကို ဖတ္ရေတာ့ ျပည္သူတစ္ေယာက္
အေနနဲ႔ စိတ္မေကာင္းျဖစ္ရပါတယ္။တရားခြင္
မွာ တိုက္ပံုအနက္ေရာင္ဝတ္ထားသူဟာ
ဥပေဒပိုင္းဆိုင္ရာကို တတ္ကၽြမ္းနားလည္သူ
တစ္ေယာက္ျဖစ္လိမ့္မယ္လို႔လည္းယူဆမိပါ
တယ္။
ျမန္မာႏိုင္ငံမွာ တရားသူႀကီး၊ဥပေဒအရာရွိ၊
ရဲတပ္ဖြဲ႕ဝင္၊ေရွ႕ေနေတြသာမက ဥပေဒကိုတတ္
ကၽြမ္းနားလည္သူေတြဟာလည္း ဥပေဒဘက္
ေတာ္သားမ်ားျဖစ္တယ္လို႔ေျပာခ်င္ပါတယ္။
ဥပေဒဘက္ေတာ္သားဆိုတာ
မိမိကိုယ္တိုင္ဥပေဒကိုလိုက္နာရတဲ့အျပင္ အျခား
သူေတြကိုလည္း ဥပေဒကိုလိုက္နာလာေအာင္ေဆာင္
ရြက္ရသူမ်ားျဖစ္ပါတယ္။သူကဥပေဒမဲ့လုပ္လို႔ ငါက
ကိုယ္ထိလက္ေရာက္ လက္တုန္႔ျပန္တယ္ဆိုတာ
ပညာအရည္အခ်င္းအင္မတန္နည္းပါးၿပီးဆင္ျခင္
တုံတရားအလြန္နည္းပါးသူေတြသာ လုပ္ေဆာင္ၾက
တဲ့အလုပ္ျဖစ္တယ္လို႔လည္းျမင္မိပါတယ္။မသိနား
မလည္တဲ့ လူတစ္ေယာက္က အခုလိုေဒါသတႀကီး
တရားသူႀကီးကို ဘိနပ္နဲ႔ ပစ္ေပါက္တဲ့အလုပ္မ်ိဳးကို
ျပဳလုပ္ဖို႔ ေျပာဆိုလာရင္ေတာင္ ဥပေဒဘက္ေတာ္
သားေတြဟာ ထိုသို႔မျပဳလုပ္ဖို႔တားျမစ္ရမယ့္သူေတြ
ပါ။
တရားသူႀကီးတစ္ဦးက မတရားလုပ္ေနရင္
ဥပေဒကိုေသြဖယ္လုပ္ေနရင္ ဥပေဒမဲ့လုပ္ေနရင္
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ႏိုင္ငံေတာ္သမၼတ၊
ျပည္ေထာင္စုတရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊
တိုင္ၾကားစာေကာ္မီတီ၊တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊
သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္၊ခရိုင္အုပ္ခ်ဳပ္
ေရးမႉး ေတြဆီ နစ္နာမႈကိုတိုင္ၾကားႏိုင္တဲ့အျပင္
ျပည္ေထာင္စုတရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္
ထံကိုလည္း စာခၽြန္ေတာ္အမိန္႔မ်ားေလၽွာက္ထား
ပိုင္ခြင့္ဆိုတဲ့ ႏိုင္ငံသားတိုင္းကိုဖြဲ႔စည္းပံုအေျခခံ
ဥပေဒအရေပးအပ္ထားေသာအခြင့္အေရးရွိပါ
ေသးတယ္။ေနာက္ဆံုးကုန္ကုန္ေျပာရရင္ တစ္ကိုယ္
ေတာ္ဆႏၵေဖာ္ထုတ္လို႔လည္းရပါေသးတယ္။
တရားရံုးဆိုတာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕တရားစီရင္ခြင့္
အာဏာကို အပ္ႏွင္းထားေသာေနရာ။အေရးအႀကီး
ဆံုးနဲ႔ဩဇာအာဏာအရွိဆံုးေနရာ။တိုင္းျပည္ႏိုင္ငံ
တစ္ခုရဲ႕အျမင့္ဆံုးတံဆိပ္ျဖစ္တဲ့ ႏိုင္ငံေတာ္တံဆိပ္
ကို အထြဋ္အျမတ္ထားရာေနရာ။တရားသူႀကီးဝတ္စံု။
ႏိုင္ငံသားတိုင္း ဦးညႊတ္အေလးျပဳၿပီးမွ ဝင္၊ထြက္ရ
ေသာဤေနရာကို ေခြးကိုသာပစ္ေလ့ပစ္ထရွိေသာ
ဘိနပ္ျဖင့္ပစ္ေပါက္ျခင္းဟာ ႏိုင္ငံေတာ္ကို မည္သို႔
သေဘာထားေၾကာင္း ျပသတာနဲ႔အတူတူပါဘဲ။
သမိုင္းတြင္မည့္ရုပ္ဆိုးအက်ဥ္းတန္ျဖစ္ရပ္လို႔ျမင္
မိပါတယ္။
ေဒါသဆိုတာ လူသားတိုင္းျဖစ္တတ္ေပမယ့္
ငါဟာဥပေဒဘက္ေတာ္သားတစ္ေယာက္ျဖစ္ေနပါ
လား လို႔ ဆႏၵကိုအသိႏွင့္ယွဥ္ကာဆံုးျဖတ္တတ္ဖို႔
လိုပါမယ္။
တရားသူႀကီးမ်ားဟာလည္း လူသားမ်ားသာ
ျဖစ္ၾကတာမို႔ အမွားႏွင့္ကင္းမည္ဟုဘက္လိုက္မေျပာ
လိုပါ။တရားသူႀကီးကို ဥပေဒနဲ႔အညီမေဆာင္ရြက္လို႔
ဘက္လိုက္မႈရွိေနလို႔ မေက်နပ္သည္ရွိေစေတာ့
ႏိုင္ငံေတာ္ကို ကိုယ္စားျပဳေသာ ႏိုင္ငံေတာ္တံဆိပ္ထား
ရွိေသာ တရားစီရင္ရာ ဤတရားခြင့္ကို ဖိနပ္ျဖင့္
ပစ္ေပါက္ျခင္းအား ႏိုင္ငံေတာ္ကိုခ်စ္ျမတ္ႏိုးသူတိုင္းမွ
ဆန္႔က်င္သင့္ပါေၾကာင္း။

စာႂကြင္း။ ဘုန္းႀကီးကို သီလပ်က္ေနတယ္ထင္ၿပီး
ေက်ာင္းကို ခဲ(ဂဲ)ႏွင့္ထုရင္ ငရဲႀကီးတတ္
ပါသည္။

Ko Kyaw Gyi
==========

တရားသူကြီးနှင့်ဘိနပ်ပြဿနာ
.
တရားသူကြီးတစ်ဦးကို တရားခွင်မှာ
တိုက်ပုံအနက်ရောင်ဝတ်ထားသူတစ်ယောက်က
သူစီးထားတဲ့ ညှပ်ဘိနပ်နဲ့ပစ်ပေါက်တယ်။
ဒီလိုဘိနပ်နဲ့ပစ်ပေါက်တဲ့ လိုက်သူကို သူရဲကောင်း
တစ်ဦးသဘွယ် အမွှန်းတင်ရေးသားနေကြ
တာကို ဖတ်ရတော့ ပြည်သူတစ်ယောက်
အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။တရားခွင်
မှာ တိုက်ပုံအနက်ရောင်ဝတ်ထားသူဟာ
ဥပဒေပိုင်းဆိုင်ရာကို တတ်ကျွမ်းနားလည်သူ
တစ်ယောက်ဖြစ်လိမ့်မယ်လို့လည်းယူဆမိပါ
တယ်။
မြန်မာနိုင်ငံမှာ တရားသူကြီး၊ဥပဒေအရာရှိ၊
ရဲတပ်ဖွဲ့ဝင်၊ရှေ့နေတွေသာမက ဥပဒေကိုတတ်
ကျွမ်းနားလည်သူတွေဟာလည်း ဥပဒေဘက်
တော်သားများဖြစ်တယ်လို့ပြောချင်ပါတယ်။
ဥပဒေဘက်တော်သားဆိုတာ
မိမိကိုယ်တိုင်ဥပဒေကိုလိုက်နာရတဲ့အပြင် အခြား
သူတွေကိုလည်း ဥပဒေကိုလိုက်နာလာအောင်ဆောင်
ရွက်ရသူများဖြစ်ပါတယ်။သူကဥပဒေမဲ့လုပ်လို့ ငါက
ကိုယ်ထိလက်ရောက် လက်တုန့်ပြန်တယ်ဆိုတာ
ပညာအရည်အချင်းအင်မတန်နည်းပါးပြီးဆင်ခြင်
တုံတရားအလွန်နည်းပါးသူတွေသာ လုပ်ဆောင်ကြ
တဲ့အလုပ်ဖြစ်တယ်လို့လည်းမြင်မိပါတယ်။မသိနား
မလည်တဲ့ လူတစ်ယောက်က အခုလိုဒေါသတကြီး
တရားသူကြီးကို ဘိနပ်နဲ့ ပစ်ပေါက်တဲ့အလုပ်မျိုးကို
ပြုလုပ်ဖို့ ပြောဆိုလာရင်တောင် ဥပဒေဘက်တော်
သားတွေဟာ ထိုသို့မပြုလုပ်ဖို့တားမြစ်ရမယ့်သူတွေ
ပါ။
တရားသူကြီးတစ်ဦးက မတရားလုပ်နေရင်
ဥပဒေကိုသွေဖယ်လုပ်နေရင် ဥပဒေမဲ့လုပ်နေရင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်၊
တိုင်ကြားစာကော်မီတီ၊တိုင်းဒေသကြီးဝန်ကြီးချုပ်၊
သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ခရိုင်အုပ်ချုပ်
ရေးမှူး တွေဆီ နစ်နာမှုကိုတိုင်ကြားနိုင်တဲ့အပြင်
ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်
ထံကိုလည်း စာချွန်တော်အမိန့်များလျှောက်ထား
ပိုင်ခွင့်ဆိုတဲ့ နိုင်ငံသားတိုင်းကိုဖွဲ့စည်းပုံအခြေခံ
ဥပဒေအရပေးအပ်ထားသောအခွင့်အရေးရှိပါ
သေးတယ်။နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ကိုယ်
တော်ဆန္ဒဖော်ထုတ်လို့လည်းရပါသေးတယ်။
တရားရုံးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့တရားစီရင်ခွင့်
အာဏာကို အပ်နှင်းထားသောနေရာ။အရေးအကြီး
ဆုံးနဲ့ဩဇာအာဏာအရှိဆုံးနေရာ။တိုင်းပြည်နိုင်ငံ
တစ်ခုရဲ့အမြင့်ဆုံးတံဆိပ်ဖြစ်တဲ့ နိုင်ငံတော်တံဆိပ်
ကို အထွဋ်အမြတ်ထားရာနေရာ။တရားသူကြီးဝတ်စုံ။
နိုင်ငံသားတိုင်း ဦးညွှတ်အလေးပြုပြီးမှ ဝင်၊ထွက်ရ
သောဤနေရာကို ခွေးကိုသာပစ်လေ့ပစ်ထရှိသော
ဘိနပ်ဖြင့်ပစ်ပေါက်ခြင်းဟာ နိုင်ငံတော်ကို မည်သို့
သဘောထားကြောင်း ပြသတာနဲ့အတူတူပါဘဲ။
သမိုင်းတွင်မည့်ရုပ်ဆိုးအကျဉ်းတန်ဖြစ်ရပ်လို့မြင်
မိပါတယ်။
ဒေါသဆိုတာ လူသားတိုင်းဖြစ်တတ်ပေမယ့်
ငါဟာဥပဒေဘက်တော်သားတစ်ယောက်ဖြစ်နေပါ
လား လို့ ဆန္ဒကိုအသိနှင့်ယှဉ်ကာဆုံးဖြတ်တတ်ဖို့
လိုပါမယ်။
တရားသူကြီးများဟာလည်း လူသားများသာ
ဖြစ်ကြတာမို့ အမှားနှင့်ကင်းမည်ဟုဘက်လိုက်မပြော
လိုပါ။တရားသူကြီးကို ဥပဒေနဲ့အညီမဆောင်ရွက်လို့
ဘက်လိုက်မှုရှိနေလို့ မကျေနပ်သည်ရှိစေတော့
နိုင်ငံတော်ကို ကိုယ်စားပြုသော နိုင်ငံတော်တံဆိပ်ထား
ရှိသော တရားစီရင်ရာ ဤတရားခွင့်ကို ဖိနပ်ဖြင့်
ပစ်ပေါက်ခြင်းအား နိုင်ငံတော်ကိုချစ်မြတ်နိုးသူတိုင်းမှ
ဆန့်ကျင်သင့်ပါကြောင်း။

စာကြွင်း။ ဘုန်းကြီးကို သီလပျက်နေတယ်ထင်ပြီး
ကျောင်းကို ခဲ(ဂဲ)နှင့်ထုရင် ငရဲကြီးတတ်
ပါသည်။

Ko Kyaw Gyi

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...