ပြည့်တန်ဆာလုပ်တဲ့ နိုင်ငံခြားသူ အမျိုးသမီး ၃ ဦးကို သက်သေခံ ကွန်ဒုံး၊ ချောဆီ တို့နဲ့အတူ ဖမ်းဆီးရမိ



Image may contain: one or more people and people sitting


စင်ကာပူတွင် ပြည့်တန်ဆာလုပ်တဲ့ နိုင်ငံခြားသား အမျိုးသမီး ၃ ဦးကို သက်သေခံ ကွန်ဒုံး၊ ချောဆီ တို့နဲ့အတူ ဇွန် ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စင်ကာပူရဲဌာနမှ ယနေ့ ဇွန် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။ မည်သည့်နိုင်ငံသားများဖြစ်တယ်ဆိုတာ ဖော်ပြမထားဘဲ အသက် ၃၇ နှစ်မှ ၄၂ နှစ်အတွင်းရှိ အဆိုပါ အမျိုးသမီး ၃ ဦးသည် စင်ကာပူကို အလည်အပတ် သဘောမျိုးနဲ့ လာရောက်ပြီး ပြည့်တန်ဆာ လာလုပ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့ရဲ ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို အွန်လိုင်းမှ တဆင့် ကြော်ငြာပြီး လုပ်ကိုင်တယ်လို့ သိရပါတယ်။
အဆိုပါအလုပ်မျိုးလုပ်ကိုင်သူကို အခန်းငှားရမ်းသော အိမ်ရှင်သည် ပထမဆုံးအကြိမ်အတွက် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် (သို့) အမြင့်ဆုံး ငွေဒဏ် စင်ကာပူဒေါ်လာ ၃ ထောင် (သို့) ၄င်းပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါကြောင်းနှင့် ထပ်ဆင့်ကျူးလွန်မိပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် (သို့) အမြင့်ဆုံး ငွေဒဏ် စင်ကာပူဒေါ်လာ ၁ သောင်း (သို့) ၄င်းပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ကြောင်း သိရသည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...