ခြေထောက် လေး လှပသန့်ရှင်းနေစေမယ့် နည်းလမ်း(၅)မျိုး


လိုရာခရီးကို နေ့စဉ်ရောက်အောင် ပို့ပေးနေတဲ့ ခြေထောက် ကို တော်တော်များ များက သိပ်ဂရုမစိုက်ပဲ အမှုမဲ့အမှတ်မဲ့ထားတတ်ကြပါတယ်။ကျန်းမာရေ ရှုေ ထာင့်ကပဲ ဖြစ်ဖြစ် အလှအပ ရှုထောင့်ကပဲ ကြည့်ကြည့် ခြေထောက် နဲ့ ခြေေ ချာင်းလေးတွေရဲ့ သေချာစောင့်ရှောက်ပေးဖို့ လိုပါတယ်။Spa ကို သွားစရာ မလိုပဲ ခြေထောက် နဲ့ ခြေချောင်းလေး တွေကို မိမိအိမ်မှာပဲ ဂရုစိုက် ထိန်းသိမ်းေ ပးလို့ ရပါတယ်။

(၁)ခြောက်သွေ့အောင်ထား
မိုးတွင်းဆိုရင် ပိုပြီးတော့တောင် လိုပါတယ်။ခြေထောက်ကို ခြောက် သွေ့အောင် ထားပါ။ခြေထောက်က အမြဲရေစိုနေမယ်ဆိုရင် မှိုတွေကို ပေါက်ဖွားအောင် တွန်း အားပေးသလိုဖြစ်ပြီး ခြေ၀ဲစားတာတွေ ဖြစ်တတ်ပါတယ်။မိုးတွင်းဆိုရင်တော့ ဖိ နပ်ရွေးမယ်ဆိုရင် ခြောက်သွေ့လွယ်တဲ့ ဖိနပ်မျိုး ကိုရွေးပါ။နောက်တစ် ချက် ကတော့ ဖိနပ်ကို ဆေးကြောသန့်စင်ပေးဖို့ မမေ့ပါနဲ့။ရှူးဖိနပ်တွေကို တစ်ရံ တည်းကို ရက်အကြာကြီး စီးတာမျိုး မလုပ်ပါနဲ့။ခြေထောက်ကို ရေစင်အောင် သုတ်မယ်ဆိုရင် ခြေချောင်းကြားလေးတွေက အစ သေချာ ဂရုတစိုက် သုတ်ပေးဖို့ မမေ့ပါနဲ့။

(၂)ခြေသည်းကို စနစ်တကျ ညှပ်ပါ
ခြေသည်းကို ပုံမှန်ညှပ်ပေးပါ။ညှပ်ရင်လည်း သေချာစနစ်တကျညှပ်ပေးပါ။ အဲ့လို မဟုတ်ရင်တော့ ခြေစွယ်ငုပ်တာတွေ ဖြစ်တတ်ပါတယ်။ညှပ်မယ်ဆိုရင် တြေ ဖာင့်တည်း ညှပ်ပါ။ထောင့်တွေကို ကွေးကွေးလေးညှပ်တာမျိုး မလုပ်ပါနဲ့။အရမ်း တိုရင်လည်း မကောင်းသလို၊အရမ်းရှည်ရင်လည်း မကောင်းပါဘူး။ခြေသည်းမှာ ရှိတဲ့ အရေမာအရစ်ကိုပါ ညှပ်ပစ်လိုက်တာမျိုး မလုပ်ပါနဲ့။

(၃)ခြေသည်း ကျန်းမာရေး ကို ဂရုစိုက်ပါ
ခြေသည်းရဲ့ ကျန်းမာရေး ကို လည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ခြေထောက် ကို ပုံမှန် ရေစိမ်ပေးတာမျိုးလုပ်ပါ။ခြေထောက်စိမ်လို့ ရတဲ့ ဇလုံထဲကို ရေနွေး(ခြေထောက် ထည့်စိမ်လို့ရတဲ့ အပူ)ထည့်ပါ။ရေတစ်လီတာကို ဆားလက်ဖက်ရည်ဇွန်း တစ် ဇွန်း နှုန်းနဲ့ ထည့်ပါ။(၁၅)မိနစ်လောက် ခြေထောက် ထည့်စိမ်ပါ။ခြေသည်း ရဲ့ ထောင့်စွန်းထဲကို သွားကြားသန့်ရှင်းတဲ့ ပစ္စည်း(dental floss ) ကို သုံးပြီး ညင်သာစွာ ဆွဲပေးပါ။အဲ့ဒီလို မလုပ်ခင် ခြေချောင်းကို အရက်ပြန်လေး သုတ်ပြီး မှ လုပ်ပါ။ဒီလို လုပ်ပေးခြင်းအားဖြင့် ခြေသည်းတွေမှာ ဖြစ်တဲ့ ခြေစွယ်ငုပ်တာ မျိုး၊တခြား ရောဂါတွေကို ကာကွယ်ပေးပြီး သားဖြစ်သွားမှာပါ။

(၄)Moisturizer လိမ်းပါ(ခရင်)
ခြေထောက် ကို ဘာမှ လိမ်းပေးဖို့ မလိုဘူးလို့ မထင်ပါနဲ့။Moisturizer ခရင် တို့ကို လိမ်းပေးပါ။လိမ်းတဲ့ အခါမှာ ခြေချောင်းကြားတွေကို လိမ်းစရာ မလိုပါ ဘူး။ကြားထဲမှာဆိုရင် အပြင်လို ခြောက်မသွားပဲ အဆီ က စိုနေတာမျိုး ဖြစ်တတ်ပါတယ်။

(၅)နှိပ်ပေးပါ
ခြေထောက် ကို နှိပ်ပေးပါ။သွေးလှည့် ပတ်မှု အားကောင်းပြီး ခြေချောင်း လေးတွေ ကျန်းမာသန်စွမ်းဖို့ အတွက် လုပ်ပေးသင့်ပါတယ်။လက်နဲ့ နှိပ်တာမျိုး လည်း ရပါ တယ်။အဲ့ဒီလို မလုပ်ချင်ရင် ပစ္စည်းလေးတွေ ရှိပါတယ်။ပုံထဲကလို ဆူးချွန်ေ ဘာလုံးအသေးလေးတွေပါ။အဲ့ဒါမျိုး မရှိရင်လည်း ၀ိုင်းတဲ့ ဘယ်လို အရာဝတ္ထု ပစ္စည်း ကို မဆို သုံးလို့ရပါတယ်။ထိခိုက်တာမျိုး မရှိအောင် ခြေအိတ်စွပ်ပါ။ပြီး ရင်တော့ အဲ့ဒီ ပစ္စည်း အပေါ်ကို တက်နင်းပြီး ခြေဖ၀ါး ကို လှိမ့်ပေးရမှာပါ။

Credit : Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...