Y-8 5820 ကြီး ပြန်မလာတော့ဘူး
ဖခင်တစ်ဦးရဲ့ ကြည်နူးအပြုံးတွေကို ဒီနေ့ဖွားမြင်လာမယ့် ရင်သွေးလေး မြင်တွေ့ရမှာမဟုတ်တော့ဘူး
အိမ်ကနေ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ထွက်ခွာသွားတဲ့ လေယာဉ်မှူးတစ်ဦးရဲ့နှုတ်ဆက်ခြင်းဟာ ထာဝရစာဖြစ်သွားခဲ့ရပြီ
ငါ့သမီးလည်းဆေးရုံဆင်းပြီဆိုတော့ အမေစိတ်ချပြီတဲ့ ထာဝရအတွက်ခွဲခွာသွားခဲ့ပြီ
မိဘဆီပြန်တဲ့ သမီးလေးနဲ့ ဇနီးမယားဟာ
တာဝန်ထမ်းဆောင်နေတဲ့ဖေဖေ့ရင်ခွင်ကနေ ခေတ္တထွက်ခွာသွားတာမဟုတ်ခဲ့ဘူး
Y- 8 5820 ကြီး တကယ် ပြန်မလာတော့ဘူး
အဲဒီမှာ မြိတ်ဆေးရုံကနေ ရန်ကုန်မြို့ကြီးဆီ လွှဲပေးလိုက်တဲ့ ဒဏ်ရာရ အရာရှိတစ်ဦးပါခဲ့တယ်
ရန်ကုန်မြို့ကို ပြောင်းရလို့ ပျော်နေတဲ့ စစ်သူနာပြုမလေးတစ်ဦးပါခဲ့တယ်
ရန်ကုန်မြို့ကြီးဆီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမယ့် အညတရမိသားစုလေးတွေပါခဲ့တယ်
ချစ်စရာကလေးငယ်လေးတွေ ၁၅ဦး ပါခဲ့တယ်
ဒါပေမယ့် Y-8 ကြီး ပြန်မလာတော့ဘူးတဲ့
ရှေ့တန်းရောက် စစ်သားတစ်ဦးရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဟာ အဲဒီလေယာဉ်ကြီးပေါ်မှာ ဗိုက်ထဲက ရင်သွေးလေးအတွက် မျှော်လင့်ချက်တွေနဲ့ ပါသွားခဲ့တာ..
ပထမဆုံးလေယာဉ်စီးဖူးလို့ ကြောက်လန့်နေတဲ့ မိသားစုတစ်စုဟာ ခင်ပွန်းသည် စစ်သားကြီးကို အားကိုးတကြီး ကြည့်နေခဲ့ရှာမှာ...
ဒါပေမယ့် Y-8 ကြီးကတော့ မြေပြင်ပေါ် ပြန်မလာခဲ့တော့ပါဘူး
လေဆိပ်က မျက်ရည်တွေနဲ့ မျှော်လင့်ချက်သဲ့သဲ့လေးတွေဟာ အဲဒီလေယာဉ်ကြီးနဲ့အတူ ရိုက်ချိုးခံခဲ့ရတဲ့ ဒီမနက်ခင်းမှာ ပျောက်ကွယ်ကြရတော့မှာတဲ့လား
လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ၁၂၂ ဦးရဲ့ အသက်ရှူသံဟာ မျှော်လင့်နေကြသူတွေရဲ့ အိပ်မက်ဆီ ပဲ့တင်ထပ်လာစေချင်သေးတယ်
ဘဝတူရဲဘော်ရဲဘက်တွေရဲ့ ဆုတောင်းတွေလည်း ပြည့်ချင်သေးတယ်
ဒါပေမယ့်
Y-8 ကြီးကတော့ တကယ်ပြန်မလာခဲ့တော့ဘူးတဲ့လေ..
Crd Yan MyoAung
8.6.2017
ကောင်းရာသုဂတိလားကြပါစေ😣😣
0 comments :
Post a Comment