စိတ်မချမ်းသာစရာတွေ_ချပစ်ခဲ့မယ် (ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေး)

ဘာကြောင့်ပါလဲ...သူမဟာ လှပလို့လား...? "

တစ်ခါတုန်ကဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးဟာခရီးတစ်ခုကို အတူတူထွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရီးလမ်းမှာ မြစ်တစ်ခုကို ဖြတ်ကူးဖို့ဖြစ်လာပါတယ်။

တံတားကလည်း အိုမင်းပျက်စီးနေပါပြီ။မြစ်ကို ဖြတ်ကူးဖို့ဆိုရင် တံတားကို မသုံးပဲ ရွှံ့ရေထဲကနေ ဖြတ်လျှောက်မှ ရမှာပါ။ ဒီအချိန်မှာ ဘုန်းတော်ကြီးတွေလိုပဲ မြစ်ကို ဖြတ်ကူးဖို့ မိန်းမချောလေးတစ်ယောက်လည်း ရောက်လာပါတယ်။သူမ မြစ်ကို ဖြတ်မကူးနိုင်ဘူးဖြစ်နေတာပေါ့။

ဘုန်းတော်ကြီးက မိန်းကလေးကို သူကျောပိုးပြီးခေါ်သွားမယ်လို့ ပြောတော့ မိန်းကလေးကလည်း လက်ခံလိုက်ပါတယ်။ဘုန်းတော်ကြီးရဲ့ ဒီလုပ်ရပ်ကို ကြားတော့ ကိုရင်လေးဟာ အလွန်ထိတ်လန့် အံ့သြသွားပါတယ်။ တရားတော်မှာ မာတုကာမ တွေနဲ့ လုံးဝ ပတ်သတ်ထိတွေ့ချင်းမရှိရလို့ သင်ကြားထားရတယ်မလား။ ဒါပေမယ့် ကိုရင်လေးဟာ ဆိတ်ဆိတ်သာနေနေပါတယ်။

ဘုန်းကြီးက
မိန်းကလေးကို ကျောပေါ်တင်ပြီး မြစ်ကိုဖြတ်ကူးပါတယ်။ကိုရင်လေးကတော့ နောက်ကနေ စိတ်ညစ်ညူးစွာနဲ့လိုက်ခဲ့ရတာပေါ့။မြစ်တဖက်ကမ်းရောက်တော့ ဘုန်းတော်ကြီးဟာ မိန်းကလေးကို ချပြီး လမ်းခွဲထွက်လာခဲ့ပါတယ်။

ခရီးဆက်ထွက်ခဲ့ကာမိုင်ပေါင်းတော်တော်လေးရောက်လာတဲ့ ထိအောင် ကိုရင်လေးရဲ့စိတ်မှာ မပျော်ရွှင်နိုင်သေးပါဘူး။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို တွေးတွေးပြီး သူ့စိတ်မှာ အခဲမကျေနိုင်ဖြစ်နေတာပေါ့။ဒါပေမယ့် သူက ဆိတ်ဆိတ်သာနေပါတယ်။ တခွန်းမှ မပြောဘူးပေါ့။

နာရီပေါင်းများစွာခရီးနှင်ပြီး အပန်းဖြေစခန်းတစ်ခုကိုရောက်တဲ့ အချိန်မှာတော့ ကိုရင်လေး လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင် ဖြေရှင်းတော့တာပေါ့။" ကိုယ်တော်ဟာ သန့်ရှင်းစင်ကြယ်တဲ့ ဘုန်းတော်ကြီးလို့ ဘယ်လို ပြောနိုင်တော့မှာလဲ....မိန်းကလေးတစ်ယောက်ကို ထိခဲ့တဲ့နောက်တော့ ကိုယ်တော်ဟာ ရိုးသားဖြူစင်နိုင်ပါတော့မလား.....
ဘာကြောင့်ပါလဲ...သူမဟာ လှပလို့လား...? "

ဒီစကားကို ဘုန်းတော်ကြီးကြားတော့ ဘုန်းတော်ကြီးက ကိုရင်လေးကို အထူးတဆန်းကြည့်ပြီးမေးလိုက်ပါတယ်...။

" ငါက မိန်းကလေးကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာသတည်းက ချထားခဲ့ပါပြီ.....မင်းကတော့ သူမကို ဒီအထိခေါ်လာခဲ့တာလား...."

မှတ်ချက်။ ။ ဒီပုံပြင်လေးဟာ ရှေးဟောင်းတရုတ်ပုံပြင်လေးပါ။ဒီနေ့ခေတ်လူသားတွေအတွက် တွေးစရာတွေအများကြီးပါတာပေါ့။ကျွန်ုပ်တို့ရဲ့ဘ၀မှာ စိတ်မချမ်းသာစရာ၊ စိတ်ညစ်ညူးစရာ၊ ဒေါသထွက်စရာ အဖြစ်အပျက်တွေ အများကြီးနဲ့ကြုံတွေ့ခဲ့ရမှာပါ....။ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကိုရင်လေးလိုပဲ ဒီအရာတွေကို ဘ၀တလျှောက်သယ်ပိုးလာခဲ့ပါတယ်။စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေကို အဲဒီ့နေရာ အဲဒီ့ အချိန်မှာပဲ ထားခဲ့လိုက်ပါ။ ဘ၀ကို ဆက်လျှောက်ဖို့သင်ယူနိုင်ပါစေ.......

www.apannpyay.com
#Credit original uploader.

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...