ဝိုင်အကြောင်း သင်မသိသေးတဲ့ အချက်


ဝိုင်ဆိုသည်မှာ အယ်လ်ကိုဟောပမာဏ အနည်းငယ်သာပါဝင်သည့် ယမကာတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးထုတော် တော်များများ သောက်လေ့ရှိသည့် အပေါ့စားအရက်လို့ အချို့က ဆိုပါတယ်။ ၀ိုင်သောက်သုံးမှု ပမာဏဟာ မြင့်မားလာ
သည်နှင့်အမျှ ၀ိုင်ထုတ်လုပ်မှုလည်း မြင့်တက်လာခဲ့ပါတယ်။ ယခု Shwemom မှ ၀ိုင်အကြောင်း သင်တို့မသိနိုင်သေးတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) သိုလှောင်မှု

ဝိုင်တစ်ပုလင်းကို သိုလှောင်မယ်ဆိုရင် တက်နိုင်သမျှ အအေးဆုံးနေရာမျိုးမှာ သိုလှောင်ထားသင့်ပါတယ်။ ၀ိုင်နဲ့ အပူဓာတ်
ဟာ ရန်သူတော်ကြီး ဖြစ်ပြီး၊ အပူချိန်မြင့်လေ ၀ိုင်ရဲ့အရသာ ဆုံးရှုံးလေဖြစ်ပါတယ်။ သောက်တဲ့အခါမှာလည်း တစ်ချို့က ဖန်ခွက်လှလှလေးတွေနဲ့ သောက်ချင်ကြပါတယ်။ ဒီအချက်ဟာ မှားယွင်းပြီး ပုလင်းလိုက် မော့ခြင်းက ၀ိုင်အရသာကို ပိုကောင်းစေပါတယ်။ အကြောင်းကတော့ ပြင်ပလေ သို့မဟုတ် အောက်ဆီဂျင်ဝင်ရောက်နိုင်မှု ပမာဏနည်းပါးလေ ၀ိုင်က ကောင်ေးလးပါ။

(၂) ဖောက်တံမရှိလည်း ၀ိုင်ပုလင်းကို ဖွင့်လို့ရပါတယ်

ဝိုင်ပုလင်းဖောက်တံတစ်ခုဟာ အနည်းဆုံး ပေါင် 20 မှ ပေါင် 70 အထိ ပေါက်ဈေးရှိပါတယ်။ တတယ်တော့ ၀ိုင်သောက်ရဖို့ ဖောက်တံရှိမှရယ်လို့ မဟုတ်ပါ။ ၀ိုင်ပုလင်းကို ဖောက်တံမပါဘဲ ဖွင့်တဲ့နည်းတွေကို အောက်ပါ ဗွီဒီယိုမှာ ဖော်ပြပေးထားပါတယ်။

၃) ၀ိုင်တိုင်း သက်သက်လွတ်မဟုတ်ပေ

ဝိုင်ကို အဓိကအားဖြင့် စပျစ်ကဲ့သို့သော ကုန်ကြမ်းကနေ ထုတ်လုပ်တာပါ။ ဒါပေမယ့် ၀ိုင်တိုင်းကတော့ သက်သက် လွတ်မ
ဟုတ်ပါ။ တစ်ချို့သောဝိုင်တွေဟာ တိရစ္ဆာန်တွေကို အဆင့်ဆင့်ပြောင်းလဲပြီး ထုတ်လုပ်ထားတာမျိုးလည်း ရှိပါတယ်။

(၄) ဂရိခေတ်မှာ ၀ိုင်သောက်နည်း

ဂရိခေတ်မှာတော့ ၀ိုင်သောက်နည်းက နည်းနည်း ထူးဆန်းပါတယ်။ အိမ်တစ်အိမ်ကို ရောက်လာတဲ့ ဧည်သည့်ရှိရင် လက်ကျန်ဝိုင်ပုလင်းနဲ့ ဧည့်ခံလေ့မရှိဘဲ၊ ပုလင်းအသစ်ဖောက်ရပါတယ်။ နောက် အိမ်ရှင်ဖြစ်သူက အရင်ဆုံး တစ်ခွက် ကြိုသောက်ပြရပါတယ်။ အဆိပ်ခပ်မထားကြောင်း သက်သေပြသည့်သဘောလို့ ဆိုပါတယ်။

(၅) ကမ္ဘာ့သက်တမ်းအရင့်ဆုံးဝိုင်

ကမ္ဘာ့သက်တမ်းအရင့်ဆုံးဝိုင်ကတော့ 325 အေဒီမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး၊ မည်သူမျှ သောက်ရဖူးခြင်း မရှိသေးပါဘူး။ အဲဒီဝိုင်ကို ဂျာမဏီနိုင်ငံ၊ Speyer ပြတိုက်မှာ ပြသထားပါတယ်။

(၆) ကမ္ဘာ့ဝိုင်သောက်သုံးမှု ပမာဏ

ဝိုင်သောက်သုံးမှု အမြင့်ဆုံးနိုင်ငံကတော့ ပြင်သစ်ဖြစ်ပြီး တစ်မြို့ချင်းစီရဲ့သောက်သုံးမှုနှုန်းမှာ 52 liters နဲ့ နံပတ် 1 နေရာက ရပ်တည်နေပါတယ်။ ၎င်းနောက်မှာ အီတလီက 51 liters၊ ပေါ်တူဂီက 49  liters၊ ဆွဇ်ဇာလန်က 48 liters၊ ဒိန်းမတ်က 38 liters စသဖြင့် အသီးသီး ရပ်တည်နေပါတယ်။
၇) နေရာဒေသအလိုက် အရသာကွဲပြားမှု
ဝိုင်ထုတ်လုပ်မှု နေရာဒေသကွဲပြားမှုပေါ် မူတည်ပြီး ၀ိုင်ရဲ့အရသာက ကွဲပြားပါတယ်။ ၀င်ရိုးစွန်းဒေသနဲ့ နီးတဲ့ ဒေသတွေက ထုတ်လုပ်တဲ့ ၀ိုင်တွေမှာ အက်စစ်ဓာတ်တစ်မျိုးဖြစ်တဲ့ Attitude ဓာတ်ပါဝင်ပြီး၊ အီကွေတာနဲ့ နီးတဲ့ဒေသက ၀ိုင်တွေကတော့ Latitude လို့ခေါ်တဲ့ အရသာဘက်ကို ဦးစားပေးပါတယ်။
လင်းဇော်ကို (Shwemom)
source : esquire.co.uk

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...