၁၄ ႏွစ္အရြယ္ ၈ တန္း ေက်ာင္းသူေလး အား ပေထြး ျဖစ္သူက အဓမၼျပဳက်င့္ ..!

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ အစင္ေက်းရြာ နယ္ေျမ ၉ ေအာင္ဆန္းရပ္ကြက္မွာ ၁၄ ႏွစ္အရြယ္ ၈ တန္း ေက်ာင္းသူကို ပေထြး ျဖစ္သူက အဓမၼျပဳက်င့္မႈ နဲ႔ပတ္သက္ၿပီး မိခင္ျဖစ္သူရဲ႕ တုိင္ၾကားခ်က္အရ ဇြန္ ၂၂ ေန႔မွာ ရဲတပ္ဖြဲ႔ က ဖမ္းဆီးအမႈဖြင့္ လိုက္ပါတယ္။

မယားပါ သမီးျဖစ္သူကို ၿပီးခဲ့တဲ့ ေမ ၁၂ နဲ႔ ဇြန္ ၉ ရက္မွာ ၂ ႀကိမ္တိုင္ အဓမၼျပဳက်င့္ခဲ့တာ ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ၈ တန္းေက်ာင္းသူေလးရဲ႕ မိခင္ဟာ ေမလ ၁၂ ရက္ေန႔က ေဆး႐ံု မွာ လူနာညေစာင့္ သြားအိပ္ေပးေနခ်ိန္ အိမ္မွာ သမီးျဖစ္သူ တူမျဖစ္သူနဲ႔ ပေထြးျဖစ္သူ ညိဳ၀င္းတုိ႔ ၃ ဦးက်န္ခဲ့တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဒီေနာက္မွာေတာ့ ပေထြး ျဖစ္သူက မယားပါ သမီး ျဖစ္သူကုိ ထမင္းစားဖုိ႔ဆုိၿပီး ဘဲဥေၾကာ္ခုိင္းလုိ႔ အိပ္ရာက ထလာစဥ္ ပါးစပ္ပိတ္ၿပီး အဓမၼျပဳက်င့္ခဲ့တာ ျဖစ္ေၾကာင္း၊ မုဒိမ္းက်င့္တာကုိ ေတြ႔ရွိခဲ့တဲ့ တူမ ျဖစ္သူကိုလည္း အျခားသူေတြကုိ ျပန္မေျပာဖုိ႔ ၿခိမ္းေျခာက္တာျဖစ္ၿပီး ဇြန္လ ၉ ေန႔ကလည္း မိခင္ ျဖစ္သူ ပဲျပဳတ္ေရာင္းသြားစဥ္ ပေထြး ျဖစ္သူက ေနအိမ္ အိမ္ခန္းအတြင္း ၀င္ေရာက္ၿပီး အဓမၼတႀကိမ္ျပဳက်င့္ခဲ့ေသးေၾကာင္း ရဲမွတ္တမ္းအရ သိရပါတယ္။

“လက္ရွိနစ္နာတဲ့ ၈ တန္းေက်ာင္းသူ နဲ႔ တရားခံ ကို ေဆးစစ္ေဆးမႈခံယူထားေသာ္လည္း ထင္ျမင္ယူဆခ်က္ျပန္လည္ရ ရွိျခင္းမရွိေသးပါဘူး။ မုဒိမ္းမႈ ေျမာက္လား မေျမာက္လား ဆိုတာကိုလည္း အတည္ျပဳမေျပာႏိုင္ေသးဘူး။ စြပ္စြဲခံရသူ ညိဳဝင္းကို ေရးၿမိဳ႕မရဲစခန္း (ပ)၁၆၄/၂၀၁၇ ရာဇသတ္ႀကီးပုဒ္-မ၃၇၆ နဲ႔အမႈဖြင့္ အေရးယူစစ္ေဆးေဆာင္ရြက္ေနပါတယ္” လို႔ ေရးၿမိဳ႕မရဲစခန္းက ဒုရဲမႉးစိုးမြန္က ေျပာပါတယ္။

ေနမ်ိဳးထြဋ္ (ေရး)
Credit:  DVB
===============
#Unicode Version#
မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာ နယ်မြေ ၉ အောင်ဆန်းရပ်ကွက်မှာ ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူကို ပထွေး ဖြစ်သူက အဓမ္မပြုကျင့်မှု နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ တိုင်ကြားချက်အရ ဇွန် ၂၂ နေ့မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးအမှုဖွင့် လိုက်ပါတယ်။

မယားပါ သမီးဖြစ်သူကို ပြီးခဲ့တဲ့ မေ ၁၂ နဲ့ ဇွန် ၉ ရက်မှာ ၂ ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ၈ တန်းကျောင်းသူလေးရဲ့ မိခင်ဟာ မေလ ၁၂ ရက်နေ့က ဆေးရုံ မှာ လူနာညစောင့် သွားအိပ်ပေးနေချိန် အိမ်မှာ သမီးဖြစ်သူ တူမဖြစ်သူနဲ့ ပထွေးဖြစ်သူ ညိုဝင်းတို့ ၃ ဦးကျန်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီနောက်မှာတော့ ပထွေး ဖြစ်သူက မယားပါ သမီး ဖြစ်သူကို ထမင်းစားဖို့ဆိုပြီး ဘဲဥကြော်ခိုင်းလို့ အိပ်ရာက ထလာစဉ် ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ကြောင်း၊ မုဒိမ်းကျင့်တာကို တွေ့ရှိခဲ့တဲ့ တူမ ဖြစ်သူကိုလည်း အခြားသူတွေကို ပြန်မပြောဖို့ ခြိမ်းခြောက်တာဖြစ်ပြီး ဇွန်လ ၉ နေ့ကလည်း မိခင် ဖြစ်သူ ပဲပြုတ်ရောင်းသွားစဉ် ပထွေး ဖြစ်သူက နေအိမ် အိမ်ခန်းအတွင်း ဝင်ရောက်ပြီး အဓမ္မတကြိမ်ပြုကျင့်ခဲ့သေးကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

“လက်ရှိနစ်နာတဲ့ ၈ တန်းကျောင်းသူ နဲ့ တရားခံ ကို ဆေးစစ်ဆေးမှုခံယူထားသော်လည်း ထင်မြင်ယူဆချက်ပြန်လည်ရ ရှိခြင်းမရှိသေးပါဘူး။ မုဒိမ်းမှု မြောက်လား မမြောက်လား ဆိုတာကိုလည်း အတည်ပြုမပြောနိုင်သေးဘူး။ စွပ်စွဲခံရသူ ညိုဝင်းကို ရေးမြို့မရဲစခန်း (ပ)၁၆၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်-မ၃၇၆ နဲ့အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေပါတယ်” လို့ ရေးမြို့မရဲစခန်းက ဒုရဲမှူးစိုးမွန်က ပြောပါတယ်။

နေမျိုးထွဋ် (ရေး)
Credit:  DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...