နေ့တိုင်း အ၀ှာဆက်ဆံသင့်တဲ့ အချက် (၅) ချက်


အိမ်ထောင်ရေးနယ်ပယ်တွင် လိင်ကိစ္စသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လေသည်။ တစ်နေ့တစ်ကြိမ်လိင်ဆက်ဆံခြင်းသည် အသက်ရှည်ကျန်းမာစေပါတယ်လို့ သုတေသနအရ သိရပါတယ်။
၁။ လိင်ဆက်ဆံခြင်းသည် အိပ်ပျော်စေတယ်။
လိင်ဆက်ဆံခြင်းသည် အိပ်ချင်စိတ်ကို ဖြစ်စေသော အောက်တိုဇင်ဟောမုန်း (Oxytocin Hormones) ၊ မက်လာတိုနင်ဟောမုန်း (Melatonin Hormones) နှင့် ဆီရာတိုနင်ဟောမုန်း (Seratonin Hormones) များကို ထုတ်လုပ်ပေးသောကြောင့် လိင်ဆက်ဆံခြင်းသည် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်စေပါသည်။
၂။ လိင်ဆက်ဆံခြင်းသည် ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးတယ်။
တစ်လလျင် ၂၁ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် သာမန်လူများထက် ဆီးကြိတ်ရောဂါဖြစ်တန်စွမ်း ၂ဝရာခိုင်နှုန်းလျော့နည်းသည်ဟု လူ ၃ဝ,ဝဝဝ ကို စမ်းသပ်အပြီး လေ့လာမှုတစ်ရပ်အရ သိရသည်။
၃။ လိင်ဆက်ဆံခြင်းသည် အရွယ်တင်စေတယ်။
လိင်ဆက်ဆံသော သူများသည် သာမန်လူများထက် ၇နှစ်စာပိုမို နုပျိုစေတယ်လို့ တော်ဝင်အီဒင်ဘက်ဆေးရုံ (Royal Edinburgh Hospital) မှ ပညာရှင် David Weeks က လူ ၃၅ဝဝ ကို သုတေသနပြုလုပ်ပြီး ကြောငြာချက်ထုတ်ပြန်လိုက်ပါတယ်။
၎။ လိင်ဆက်ဆံခြင်းသည် ရောဂါဘယများကို ကင်းဝေးစေတယ်။
လိင်ဆက်ဆံလိုက်တိုင်း ရောဂါပိုးများကို တိုက်ဖျတ်ပေးသော အင်မူနိုဂလိုဘင်ဟောမုန်းများ ခန္ဓာကိုယ်မှထွက်ပေါ်လာသောကြောင့် လိင်ဆက်ဆံခြင်းသည် ဖျားနာရောဂါများ ကင်းဝေးစေပါတယ်။
၅။ လိင်ဆက်ဆံခြင်းသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။
တစ်ပတ်လျင် နှစ်ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် တစ်ပတ်လျင် တစ်ကြိမ်သာ လိင်ဆက်ဆံသော လူများထက် နှလုံးရောဂါဖြစ်တန်စွမ်း နည်းပါတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။
ကျော်စိုးအောင် (Myanmar Knowledge Bank
www.dailyvibes.org မှ 5 Reasons You Should Have Sex Every Day ကို ဘာသာပြန်ပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...