“ျမတ္စြာဘုရားရွင္က သာသနာေတာ္ ကို ႏွစ္ေပါင္း (၅၀၀၀) ထားခဲ့တယ္၊ ၂၅၀၀ ေက်ာ္ရင္ သိၾကား သာသနာျဖစ္သြားၿပီး” ဆိုသည့္ အယူအဆ ဟာ ေထရ၀ါဒ ဗုဒၶသာသနာေတာ္ ထြန္းကားရာ ျမန္မာႏိုင္ငံမွာ အေတာ္မ်ားမ်ား လက္ခံ ယံုၾကည္ထားတဲ့ အယူအဆ တစ္ခုပင္ျဖစ္သည္။ ၎ အယူအဆအရ ဆိုလွ်င္ ျမတ္ဗုဒၶ ၏ သာသနာေတာ္သည္ ႏွစ္ေပါင္း (၅၀၀၀) သာခံမည္။ (၅၀၀၀)ေက်ာ္ လွ်င္ သာသနာေတာ္ သည္ ဧကန္မုခ် ကြယ္ေပ်ာက္မည္။ သာသနာႏွစ္ေပါင္း (၅၀၀၀) မျပည့္ေသး သမွ် ဘယ္သူ ဖ်က္ဖ်က္ သာသနာေတာ္သည္ မကြယ္ေပ်ာက္ႏိုင္ဟု အဓိပၸါယ္ သက္ေရာက္ေနေပ၏။ ယခုမူ သာသနာႏွစ္ေပါင္း (၂၅၀၀)ေက်ာ္ၿပီျဖစ္တဲ့ အတြက္ လက္ရွ္ိ သာသနာေတာ္ ကို သိၾကားမင္း က ေစာင့္ေရွာက္၍ ေနသည္ဟု အထင္ေရာက္ေန၏။ ထို႔ေၾကာင့္ ျမတ္စြာဘုရားရွင္ က အမွန္ပင္ ငါဘုရား ၏ သာသနာေတာ္ ကို ႏွစ္ေပါင္း (၅၀၀၀) သာခံမည္။ သာသနာႏွစ္ေပါင္း (၂၅၀၀) ေက်ာ္လွ်င္ သိၾကားမင္း က ငါ့ဘုရား သာသနာ ကို ေစာင့္ေရွာက္ေပးမည္ ဟု ဗ်ာဒိတ္ေတာ္ထား ေဟာၾကားထားျခင္း ရွ္ိ/ မရွွ္ိဆိုသည္ကို ေလ့လာ ဆန္းစစ္ဖို႔လိုအပ္လာပါသည္။ သာသနာေတာ္ သည္ ႏွစ္ေပါင္း (၅၀၀၀) သာခံမည္ဟု လည္းေကာင္း သာသနာေတာ္ႏွစ္ (၂၅၀၀)ေက်ာ္ လွ်င္ သိၾကားမင္း က သာသနာေတာ္ ကို ေစာင့္ေလွ်ာက္မည္ ဟူ၍လည္းေကာင္း ျမတ္စြာဘုရားရွင္သည္ လံုး၀ ေဟာၾကားထားျခင္း၊ ဗ်ာဒိတ္ေပးထားျခင္း အလ်ဥ္း မရွ္ိပါဘူး။ သာသနာအႏွစ္ (၅၀၀၀) အယူအဆသည္ သီဟိုဠ္ကြ်န္းျဖစ္ က်မ္းႏွစ္ေစာင္ျဖစ္သည့္ “မဟာ၀ံသက်မ္း” ႏွင့္ “ဒီပ၀ံသ” က်မ္းတို ႔မွ ျမစ္ဖ်ားခံလာသည့္ အယူအဆ သာျဖစ္ပါသည္။ မဟာ၀ံသက်မ္း တြင္“အရွင္မဟာကႆ ပမေထရ္ျမတ္ႀကီး သည္ ဘုရားရွင္ ၏ သာသနာေတာ္ကို အႏွစ္ (၅၀၀၀) ကာလၾကာေအာင္ ျပဳေတာ္မူခဲ့၏” ဟု ေဖာ္ျပထားပါသည္။
ထို မဟာ၀ံသက်မ္း ၌ ေရးသားထားခ်က္ ကို ေထာက္ရႈ၍ အ႒ာကထာ က်မ္းျပဳ ဆရာႀကီး “အရွင္မဟာ ဗုဒၶေဃာသ” က “အရွင္မဟာကႆ ပ မေ ထရ္ျမတ္ႀကီး သည္ အားေတာ္ ဆယ္ပါး၊ ဉာဏ္ေတာ္ ဆယ္တ န္ႏွင့္ ျပည့္ စံုေတာ္ မူေသာ ဘုရားရွင္ ၏ သာသနာေတာ္ျမတ္ႀကီး ကို အႏွစ္ (၅၀၀၀) ကာ လၾကာေအာင္ တည္တန္႕ရန္ လုပ္ေဆာင္ေတာ္မူခဲ့၏” ဟု ပါရာဇိကဏ္၊ သုတ္သီလကၡန္၊ အ႒ာသာလိနီအ႒ာကထာ က်မ္း မ်ားတြင္ ေဖာ္ျပထား၏။ သာသနာႏွစ္ (၅၀၀၀) ႏွင့္ပတ္သက္သည့္ ရဟႏၱာ စသည့္ေခ တ္ႏွင့္ ႏိႈင္းယွွဥ္ ဥပမာေပးထားသည္ ကိုေတြ႕ ရပါသည္- ပါထိက၀ဂၢ အ႒ာကထာႏွင့္ သုတ္ပါေထယ် အ႒ာကထာ တြင္ ေအာ က္ပါ အတိုင္း ႏိႈင္းယွဥ္ေရတြက္ ဖြင့္ ဆို ထား၏။ (၁) ပဋိသမၻီဒါေလးပါး ရေသာ ရဟႏၱာေခတ္ တစ္ေထာင္။ (၂) အဘိဉာဥ္ ေျခာက္ပါးႏွင့္ ျပည့္စံုေသာ ရဟႏၱာေခတ္ တစ္ေထာင္။ (၃) ၀ိဇၨာသံုးပါးႏွင့္ ျပည့္စံုေသာရဟႏၱာေခတ္ တစ္ေထာင္ (၄) စ်ာန္မရေသာ ရဟႏၱာေခ တ္ တစ္ေထာင္။ (၅) ၂၂၇- သြယ္ေသာ သိကၡာပုဒ္ တို႔ကို ထိမ္းသိန္းေစာင့္ေရွာက္ေသာ ပုထုဇဥ္ ရဟန္းေတာ္ေခတ္ တစ္ေထာင္ ဟူ၍ ဖြင့္ဆို ထားပါသည္။ အဂၤုတၱရ အ႒ကထာ ႏွင့္ သေမၼာဟ၀ိေနာဒနီ အ႒ကထာ တို႔တြင္- (၁) ပဋိသမၻီဒါေလးပါး ရေသာ ရဟႏၱာေခတ္ တစ္ေထာင္။ (၂) အဘိဉာဥ္ ေျခာက္ပါးႏွင့္ ျပည့္စံုေသာ ရဟႏၱာေခတ္ တစ္ေထာင္။ (၃) ၀ိဇၨာ သံုးပါးႏွင့္ ျပည့္စံုေသာ (၄) စ်ာန္ မရေသာ ရဟႏၱာေခ တ္ တစ္ေထာင္။ ` (၅) အနာဂါမ္၊ သကဒါဂါမ္ ၊ေသာတာပန္ အရိယာေခတ္ တစ္ေထာင္ လို႔ ႏိႈင္းယွဥ္ ဥပမာျပဳ၍ ေရ တြက္ ထား ပါသည္။ ေဖာ္ျပပါ သာသနာ (၅၀၀၀) ႏိႈင္းယွဥ္ ဖြင့္ဆိုျပခ်က္မ်ား မွာ သာသနာေတာ္ အႏွစ္ (၅၀၀၀) ပဲတည္တံ့ မည္ ဟု ေဖာ္ျပထားျခင္း မဟုတ္ပါ။ ရဟႏၱာေခတ္မ်ား ကို ပိုင္းျခား သတ္မွတ္ ထားျခင္းသာျဖစ္ပါသည္။ သာသနာေတာ္ ဆိုသည္မွာ “အဆံုးအမ”သာျဖစ္ပါသည္။ ႏွစ္၊ ကာလ “အပိုင္းအျခား”မဟုတ္ ပါဘူး။ ျမတ္စြာ ဘုရားရွင္ေဟာၾကားေတာ္ မူခဲ့သည့္ အဆံုးအမ တရားဓမၼ မ်ားကို လိုက္နာသူ ရွ္ိေနသ၍ သာသနာတည္ ရွိေန မည္ပင္ျဖစ္သည္။
တစ္ခ်ိန္ တစ္ခါ က ဗုဒၶ သာသနာေတာ္ ေနလို၊ လလို ထြန္းပ ခဲ့တဲ့၊ အီရန္ ၊ အီရတ္၊ အာဖဂန္နစၥတန္၊ အင္ဒိုနီးရွား၊ မေလးရွား စ သည့္ ႏိုင္ငံ တို႔သည္ ဘုရားရွင္ ၏ အဆံုးအမ တရားဓမၼ ကို မလိုက္နာၾကသျဖင့္ သာသနာႏွစ္ (၂၅၀၀) မျပည္ခင္ ကပင္ သာသနာေတာ္ ကြယ္ပခဲ့သည္ ကို သတိမူသင့္ၾကေပ၏။ ဘုရားရွင္ ၏ အဆံုးအမ တရားဓမၼ မ်ားကို လိုက္နာ က်င့္သံုးေနထိုင္ၾကမည္ ဆိုပါက ႏွစ္ေပါင္း (၅၀၀၀) မက ၅-ေသာင္း မက၊ ၅-သိန္း မက တည္ရွ္ိႏိုင္၏။ ဘုရားရွင္ ၏ အဆံုးအမ တရားဓမၼ မ်ားကို မလိုက္နာ၊ မက်င့္ သံုးလွ်င္ကား အႏွစ္ ( ၅၀၀၀) မျပည့္မီလည္း သာသနာေတာ္သည္ ကြယ္ေပ်ာက္ သြားႏိုင္ပါသည္။ သာသနာႏွစ္ (၂၅၀၀)ေက်ာ္လွ်င္ သာသနာေတာ္ ကို သိႀကားမင္း ေစာ င့္ေရွာက္မည္။ သိၾကား သာသနာျဖစ္ မည္ဟူ၍ လည္း ဘုရားရွင္ကို ယ္ေတာ္ျမ တ္ႀကီးသည့္ မိန္႔ၾကားထားျခင္း ၊ေဟာၾကားထားျခင္း၊ ဗ်ာဒိတ္ေပး ထားျခင္း မရွွိပါဘူး။ ျမတ္စြာ ဘုရားရွင္က သာသနာ ကို မည္သူ႕ေစာင့္မည္ ဆိုျခင္းႏွင့္ပတ္ သက္၍ ေဒ၀ဒတ္ က ေမးေလွ်ာက္ သျဖင့္ ကိုယ္ေတာ္တိုင္ ေျဖၾကားေ တာ္ခဲ့သည့္ သာဓက ရွိပါသည္။ ျမတ္စြာဘုရားထံ ခ်ဥ္းကပ္၍ “ျမတ္စြာဘုရားရွင္ သည္ သက္ေတာ္ႀကီး ရင့္ေနပါၿပီ ဘုရား။ ထို႔ေၾကာင့္ သံဃာေတာ္ႏွင့္ သာသနာ ကို တပည့္ေတာ္ ထံ လႊဲအပ္ပါ ဘုရား” ဟု ေဒ၀ဒတ္ သည္ ေလွ်ာက္ထားပါသည္ ။ ထိုအခါ ျမတ္စြာဘုရားရွင္ က “ငါ့ရွင္ ေဒ၀ဒတ္ သာသနာေတာ္ အား သင့္အား မအပ္၊ သင္မွ မဟုတ္ အရွင္သာရိပုတၱရာ၊ အရွင္ေမာဂၢလာန္ တို႔လို လက္၀ဲရံ၊ လက္ယာရံ အဂၢသာ၀ကမ်ား ကိုပင္ မအပ္” ဟု မိန္႔ေတာ္မူ၏။ ထိုအခါေဒ၀တ္ က ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳေတာ္မူလွ်င္ သာသနာ ကို ေစာင့္ေရွာက္ဖို႔ရန္ မည္သူ ထံ၌ အပ္ပါမည္နည္းဟု ေ မးေလွ်ာက္သျ ဖင့္ ဘုရားရွင္က “ငါဘုရား ပရိနိဗၺာန္ စံ၀င္လို႔ ငါဘုရား မရွိေတာ့ရင္ ငါဘုရား ကို ယ္စား “ဓမၼနဲ႕ ၀ိနယ” ကို ထားေတာ္မူမ ည္ဟု မိန္႔ေတာ္မူပါသည္။ ထို႔ေၾကာင့္ သာသနာ (၂၅၀၀)ေက်ာ္လွ်င္ သာသနာ ကို သိၾကားေစာင့္ မည္ဆိုသည့္ အယူအဆ မွာလံုး၀ မွားယြင္းသည့္ အယူအဆပင္ျဖစ္ပါသည္။ “ဓမ ၼဆိုသည္မွာ ျမတ္စြာဘုရား ေဟာၾကားေတာ္ မူခဲ့သည့္ တရားေတာ္တို႔ျဖစ္ၿ ပီး၊ ၀ိနယ ဆိုသည္မွာ ငါးပါး၊ ရွစ္ပါး၊ ႏွင့္ လင္႔၀တၱတရား၊ မယား၀တၱရား အႀကီးအကဲ၀တၱရား စသည့္ လိုက္နာ ဖြယ္ရာ ၀ိနည္း စည္းကမ္း တို႔ကို ဆိုလိုပါသည္။ ျမတ္စြာဘုရား ကိုယ္စား ထားရစ္ေတာ္ မူခဲ့သည္ “ဓမၼ၊၀ိနယ” တို႔ကို က်င့္သံုးေ နသမွ်ကာလ ပါတ္လံုး ၊လိုက္နာေနသမွ် ကာလပတ္လံုး သာသနာေတာ္ သည္ တည္တံ့ေနမည္သာျဖစ္ပါသည္။ (မိမိ အက်ိဳး၊ သူတပါး အက်ိဳး၊ သည္ပိုးႏိုင္သူမ်ားျဖစ္ၾကပါေစ)
ဓမၼ၀ီရ အရွင္ေတဇနိယ ဗုဒၶဂယာ၊အိႏၵ
Unicode
“မြတ်စွာဘုရားရှင်က သာသနာတော် ကို နှစ်ပေါင်း (၅၀ဝ၀) ထားခဲ့တယ်၊ ၂၅၀ဝ ကျော်ရင် သိကြား သာသနာဖြစ်သွားပြီး” ဆိုသည့် အယူအဆ ဟာ ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားရာ မြန်မာနိုင်ငံမှာ အတော်များများ လက်ခံ ယုံကြည်ထားတဲ့ အယူအဆ တစ်ခုပင်ဖြစ်သည်။ ၎င်း အယူအဆအရ ဆိုလျှင် မြတ်ဗုဒ္ဓ ၏ သာသနာတော်သည် နှစ်ပေါင်း (၅၀ဝ၀) သာခံမည်။ (၅၀ဝ၀)ကျော် လျှင် သာသနာတော် သည် ဧကန်မုချ ကွယ်ပျောက်မည်။ သာသနာနှစ်ပေါင်း (၅၀ဝ၀) မပြည့်သေး သမျှ ဘယ်သူ ဖျက်ဖျက် သာသနာတော်သည် မကွယ်ပျောက်နိုင်ဟု အဓိပ္ပါယ် သက်ရောက်နေပေ၏။ ယခုမူ သာသနာနှစ်ပေါင်း (၂၅၀ဝ)ကျော်ပြီဖြစ်တဲ့ အတွက် လက်ရှိ် သာသနာတော် ကို သိကြားမင်း က စောင့်ရှောက်၍ နေသည်ဟု အထင်ရောက်နေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင် က အမှန်ပင် ငါဘုရား ၏ သာသနာတော် ကို နှစ်ပေါင်း (၅၀ဝ၀) သာခံမည်။ သာသနာနှစ်ပေါင်း (၂၅၀ဝ) ကျော်လျှင် သိကြားမင်း က ငါ့ဘုရား သာသနာ ကို စောင့်ရှောက်ပေးမည် ဟု ဗျာဒိတ်တော်ထား ဟောကြားထားခြင်း ရှိ်/ မရှိ်ဆိုသည်ကို လေ့လာ ဆန်းစစ်ဖို့လိုအပ်လာပါသည်။ သာသနာတော် သည် နှစ်ပေါင်း (၅၀ဝ၀) သာခံမည်ဟု လည်းကောင်း သာသနာတော်နှစ် (၂၅၀ဝ)ကျော် လျှင် သိကြားမင်း က သာသနာတော် ကို စောင့်လျှောက်မည် ဟူ၍လည်းကောင်း မြတ်စွာဘုရားရှင်သည် လုံးဝ ဟောကြားထားခြင်း၊ ဗျာဒိတ်ပေးထားခြင်း အလျဉ်း မရှိ်ပါဘူး။ သာသနာအနှစ် (၅၀ဝ၀) အယူအဆသည် သီဟိုဠ်ကျွန်းဖြစ် ကျမ်းနှစ်စောင်ဖြစ်သည့် “မဟာဝံသကျမ်း” နှင့် “ဒီပဝံသ” ကျမ်းတို ့မှ မြစ်ဖျားခံလာသည့် အယူအဆ သာဖြစ်ပါသည်။ မဟာဝံသကျမ်း တွင်“အရှင်မဟာကဿ ပမထေရ်မြတ်ကြီး သည် ဘုရားရှင် ၏ သာသနာတော်ကို အနှစ် (၅၀ဝ၀) ကာလကြာအောင် ပြုတော်မူခဲ့၏” ဟု ဖော်ပြထားပါသည်။
ထို မဟာဝံသကျမ်း ၌ ရေးသားထားချက် ကို ထောက်ရှု၍ အဋ္ဌာကထာ ကျမ်းပြု ဆရာကြီး “အရှင်မဟာ ဗုဒ္ဓဃောသ” က “အရှင်မဟာကဿ ပ မေ ထရ်မြတ်ကြီး သည် အားတော် ဆယ်ပါး၊ ဉာဏ်တော် ဆယ်တ န်နှင့် ပြည့် စုံတော် မူသော ဘုရားရှင် ၏ သာသနာတော်မြတ်ကြီး ကို အနှစ် (၅၀ဝ၀) ကာ လကြာအောင် တည်တန့်ရန် လုပ်ဆောင်တော်မူခဲ့၏” ဟု ပါရာဇိကဏ်၊ သုတ်သီလက္ခန်၊ အဋ္ဌာသာလိနီအဋ္ဌာကထာ ကျမ်း များတွင် ဖော်ပြထား၏။ သာသနာနှစ် (၅၀ဝ၀) နှင့်ပတ်သက်သည့် ရဟန္တာ စသည့်ခေ တ်နှင့် နှိုင်းယှဉ် ဥပမာပေးထားသည် ကိုတွေ့ ရပါသည်- ပါထိကဝဂ္ဂ အဋ္ဌာကထာနှင့် သုတ်ပါထေယျ အဋ္ဌာကထာ တွင် အော က်ပါ အတိုင်း နှိုင်းယှဉ်ရေတွက် ဖွင့် ဆို ထား၏။ (၁) ပဋိသမ္ဘီဒါလေးပါး ရသော ရဟန္တာခေတ် တစ်ထောင်။ (၂) အဘိဉာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် တစ်ထောင်။ (၃) ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသောရဟန္တာခေတ် တစ်ထောင် (၄) ဈာန်မရသော ရဟန္တာခေ တ် တစ်ထောင်။ (၅) ၂၂၇- သွယ်သော သိက္ခာပုဒ် တို့ကို ထိမ်းသိန်းစောင့်ရှောက်သော ပုထုဇဉ် ရဟန်းတော်ခေတ် တစ်ထောင် ဟူ၍ ဖွင့်ဆို ထားပါသည်။ အင်္ဂုတ္တရ အဋ္ဌကထာ နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာ တို့တွင်- (၁) ပဋိသမ္ဘီဒါလေးပါး ရသော ရဟန္တာခေတ် တစ်ထောင်။ (၂) အဘိဉာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် တစ်ထောင်။ (၃) ဝိဇ္ဇာ သုံးပါးနှင့် ပြည့်စုံသော (၄) ဈာန် မရသော ရဟန္တာခေ တ် တစ်ထောင်။ ` (၅) အနာဂါမ်၊ သကဒါဂါမ် ၊သောတာပန် အရိယာခေတ် တစ်ထောင် လို့ နှိုင်းယှဉ် ဥပမာပြု၍ ရေ တွက် ထား ပါသည်။ ဖော်ပြပါ သာသနာ (၅၀ဝ၀) နှိုင်းယှဉ် ဖွင့်ဆိုပြချက်များ မှာ သာသနာတော် အနှစ် (၅၀ဝ၀) ပဲတည်တံ့ မည် ဟု ဖော်ပြထားခြင်း မဟုတ်ပါ။ ရဟန္တာခေတ်များ ကို ပိုင်းခြား သတ်မှတ် ထားခြင်းသာဖြစ်ပါသည်။ သာသနာတော် ဆိုသည်မှာ “အဆုံးအမ”သာဖြစ်ပါသည်။ နှစ်၊ ကာလ “အပိုင်းအခြား”မဟုတ် ပါဘူး။ မြတ်စွာ ဘုရားရှင်ဟောကြားတော် မူခဲ့သည့် အဆုံးအမ တရားဓမ္မ များကို လိုက်နာသူ ရှိ်နေသ၍ သာသနာတည် ရှိနေ မည်ပင်ဖြစ်သည်။
တစ်ချိန် တစ်ခါ က ဗုဒ္ဓ သာသနာတော် နေလို၊ လလို ထွန်းပ ခဲ့တဲ့၊ အီရန် ၊ အီရတ်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား စ သည့် နိုင်ငံ တို့သည် ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ ကို မလိုက်နာကြသဖြင့် သာသနာနှစ် (၂၅၀ဝ) မပြည်ခင် ကပင် သာသနာတော် ကွယ်ပခဲ့သည် ကို သတိမူသင့်ကြပေ၏။ ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ များကို လိုက်နာ ကျင့်သုံးနေထိုင်ကြမည် ဆိုပါက နှစ်ပေါင်း (၅၀ဝ၀) မက ၅-သောင်း မက၊ ၅-သိန်း မက တည်ရှိ်နိုင်၏။ ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ များကို မလိုက်နာ၊ မကျင့် သုံးလျှင်ကား အနှစ် ( ၅၀ဝ၀) မပြည့်မီလည်း သာသနာတော်သည် ကွယ်ပျောက် သွားနိုင်ပါသည်။ သာသနာနှစ် (၂၅၀ဝ)ကျော်လျှင် သာသနာတော် ကို သိကြားမင်း စော င့်ရှောက်မည်။ သိကြား သာသနာဖြစ် မည်ဟူ၍ လည်း ဘုရားရှင်ကို ယ်တော်မြ တ်ကြီးသည့် မိန့်ကြားထားခြင်း ၊ဟောကြားထားခြင်း၊ ဗျာဒိတ်ပေး ထားခြင်း မရှိပါဘူး။ မြတ်စွာ ဘုရားရှင်က သာသနာ ကို မည်သူ့စောင့်မည် ဆိုခြင်းနှင့်ပတ် သက်၍ ဒေဝဒတ် က မေးလျှောက် သဖြင့် ကိုယ်တော်တိုင် ဖြေကြားေ တာ်ခဲ့သည့် သာဓက ရှိပါသည်။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ “မြတ်စွာဘုရားရှင် သည် သက်တော်ကြီး ရင့်နေပါပြီ ဘုရား။ ထို့ကြောင့် သံဃာတော်နှင့် သာသနာ ကို တပည့်တော် ထံ လွှဲအပ်ပါ ဘုရား” ဟု ဒေဝဒတ် သည် လျှောက်ထားပါသည် ။ ထိုအခါ မြတ်စွာဘုရားရှင် က “ငါ့ရှင် ဒေဝဒတ် သာသနာတော် အား သင့်အား မအပ်၊ သင်မှ မဟုတ် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် တို့လို လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝကများ ကိုပင် မအပ်” ဟု မိန့်တော်မူ၏။ ထိုအခါဒေဝတ် က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူလျှင် သာသနာ ကို စောင့်ရှောက်ဖို့ရန် မည်သူ ထံ၌ အပ်ပါမည်နည်းဟု ေ မးလျှောက်သြ ဖင့် ဘုရားရှင်က “ငါဘုရား ပရိနိဗ္ဗာန် စံဝင်လို့ ငါဘုရား မရှိတော့ရင် ငါဘုရား ကို ယ်စား “ဓမ္မနဲ့ ဝိနယ” ကို ထားတော်မူမ ည်ဟု မိန့်တော်မူပါသည်။ ထို့ကြောင့် သာသနာ (၂၅၀ဝ)ကျော်လျှင် သာသနာ ကို သိကြားစောင့် မည်ဆိုသည့် အယူအဆ မှာလုံးဝ မှားယွင်းသည့် အယူအဆပင်ဖြစ်ပါသည်။ “ဓမ ္မဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော် မူခဲ့သည့် တရားတော်တို့ဖြစြ် ပီး၊ ဝိနယ ဆိုသည်မှာ ငါးပါး၊ ရှစ်ပါး၊ နှင့် လင့်ဝတ္တတရား၊ မယားဝတ္တရား အကြီးအကဲဝတ္တရား စသည့် လိုက်နာ ဖွယ်ရာ ဝိနည်း စည်းကမ်း တို့ကို ဆိုလိုပါသည်။ မြတ်စွာဘုရား ကိုယ်စား ထားရစ်တော် မူခဲ့သည် “ဓမ္မ၊ဝိနယ” တို့ကို ကျင့်သုံးေ နသမျှကာလ ပါတ်လုံး ၊လိုက်နာနေသမျှ ကာလပတ်လုံး သာသနာတော် သည် တည်တံ့နေမည်သာဖြစ်ပါသည်။ (မိမိ အကျိုး၊ သူတပါး အကျိုး၊ သည်ပိုးနိုင်သူများဖြစ်ကြပါစေ) ဓမ္မဝီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊အိန္ဒ
0 comments :
Post a Comment