နိုင္ငံေက်ာ္ရုပ္ရွင္မင္းသမီး တစ္ဦးႏွင့္ အိပ္စက္ျခင္း

သူ တစ္ေရးနိုးလာေတာ့ အိပ္ယာဟာ တအားပူေနျပီ။ နာရီက ညေနေလးနာရီ ႏွစ္ဆယ့္ရွစ္ ကို ျပေနျပီ။ အျပင္ မွာ ေနက မက်ေသးဘူး။ ဒီနိုင္ငံမွာ ေႏြရာသီ ဟာ ေသမတတ္ ပူတယ္။ ပူလြန္း အားၾကီး လြန္းလို႕ တစ္ေကာင္ခြဲ အားရွိတဲ့ အဲကြန္း ဟာ သူတို႕ႏွစ္ေယာက္ အိပ္ေနတဲ့ အခန္းေသးေသးေလး ကိုပဲ မေအး မေအးနိုင္ဘူး။အိပ္ယာ ရဲ႕ ေဘးအစြန္း မွာ တင္လႊဲ ထိုင္ရင္း ညက ခၽြတ္ထား ခဲ့တဲ့ စတိုင္ပဲန္ နဲ႕ အတြင္းခံ ကို ျပန္၀တ္ လိုက္တယ္။ ၀တ္ရင္း နဲ႕ ေဘးနားမွာ အိပ္ေမာက်ေနဆဲျဖစ္တဲ့ သူ႕ရဲ႕ အေဖာ္ ကို သူၾကည့္လိုက္တယ္။ တကယ္တမ္း ေသခ်ာၾကည့္မယ္ ဆိုရင္ သူ႕ရဲ႕ ည အိပ္ေဖာ္ဟာ တီဗီြထဲ မွာပဲ ၾကည့္ေကာင္း တဲ့ ရြက္ၾကမ္းေရက်ိဳ မိတ္ကပ္ဖံုး အမ်ိဳးသမီး တစ္ေယာက္သာ ျဖစ္တယ္။ဒါေပမယ့္ လိင္ဆက္ဆံမႈ မွာ တကယ္တမ္း က ရုပ္ရည္ ဟာ အဓိက မက်ဘူးလို႕ သူထင္တာ ပဲ။ ေသခ်ာၾကည့္ လိုက္ေတာ့ သူမက အိပ္ေမာ အက်လြန္ေနရာ က ပါးစပ္က သားေရေတြ ပါ ထြက္က်ေနတာ ကို ေတြ႕ရတယ္။ သူ .. မ်က္ႏွာ ကို တစ္ခ်က္ မဲ့လိုက္ျပီး ေရခ်ိဳးခန္းထဲ ကို ၀င္ လုိက္တယ္။ ေရခ်ိဳးခန္းထဲ ကို ၀င္လုိက္တယ္ ဆုိတာက ေရခ်ိဳးခ်င္ အိမ္သာတက္ခ်င္ လို႕ရယ္ လုိ႕ေတာ့ မဟုတ္ဘူး။သူ႕ရဲ႕ ညအိပ္ေဖာ္ ပါးစပ္ က ထြက္က်ေနတဲ့ သားေရေတြ ကို ရြံရွာ လာတဲ့ အတြက္ေၾကာင့္ပဲ။ေရခ်ိဳးခန္း ထဲမွာ ဘာလုပ္ရမယ္မွန္း မသိတာေၾကာင့္ အိမ္သာ အိုးေပၚ မွာ ေဘာငး္ဘီ မခၽြတ္ ဘဲ သူ.. နာရီ၀က္ ေလာက္ထိုင္ေနျဖစ္လိုက္တယ္။ ဒါမွမဟုတ္ နာရီ၀က္ေလာက္ ထိုင္ေနျဖစ္ လိုက္တယ္လို႕ စိတ္ကူးပစ္လုိက္တယ္။အိမ္သာ အိုးေပ ၚမွာ ဘာမွ မလုပ္ဘဲ နာရီ၀က္ေလာက္ ထိုင္ေန လိုက္တာက သားေရေတြ ထြက္က်ေအာင္ ပိုးစိုး ပက္စက္ အိပ္ေပ်ာ္ေနတဲ့ လူ တစ္ေယာက္နား မွာ ေနရတာထက္ စာရင္ အမ်ားၾကီး ပိုေကာင္းမယ္ လုိ႕ သူထင္တာပဲ ။ ခဏေနေတာ့ အိမ္သာ အိုးေပၚမွာ ထိုင္ရတာကို သူ… ျငီးေငြ႕လာျပန္တယ္။ ေရခ်ိဳးခန္း အျပင္ဘက္မွာ ရွိတဲ့ ေသာက္ေရေအးေအးကို သူေသာက္ ခ်င္လာတယ္။ဒါေပမယ့္ အျပင္ျပန္ ထြက္ရင္ သားေရနံ႕ေတြ ထြက္ေနတဲ့ သူမ နဲ႕ ထပ္ ေတြ႕ရမွာ စိုး တာေၾကာင့္ ေရခ်ိဳးခန္းေဘဇင္မွာ ရွိတဲ့ ေရကို ေသာက္ဖို႕ သူၾကိဳးစား လုိက္တယ္။ သူၾကိဳးစား လိုက္ေပမယ္ လို႕ မေအာင္ျမင္ လိုက္ဘူး။ ေရက ကလိုရင္းန႕ံ တအားထြက္ေနတယ္။ ဘံုဘိုင္ က ေရကို ေသာက္ဖုိ႕ သူ လက္ေလွ်ာ့လိုက္ျပီး အိပ္ခန္းထဲ ကို ျပန္လာခဲ့တယ္။အိပ္ခန္းထဲ မွာ သူမ က နုိးေနျပီ။ ၀တ္စံုျပည့္ နီးပါးေတာင္ျပန္ ၀တ္ျပီးေနျပီ။“ေရမခ်ိဳးေတာ့ဘူးလား။”သူက ေမးေတာ့ သူမေခါင္း ခါျပတယ္။ သူ (စိတ္ထဲကေန) ထပ္ျပီးေတာ့ မ်က္ႏွာကို မဲ့ရြ႕ဲပစ္ လိုက္တယ္။“ဒီည ရႈတင္ အမီျပန္ သြားရမယ္။ ေရခ်ိဳးေနရင္ မမီေတာ့ ဘူး။ မိတ္ကပ္ လည္း ျပင္ရဦးမယ္။”လို႕ သူမျပန္ေျပာရင္း သူေသာက္မယ္ လို႕ ၾကံရြယ္ ထားတဲ့ ေရဗူး ကို ယူေသာက္လုိက္တယ္။ “ဒီေရဗူး ကို သူျပန္ သြားရင္ ငါလႊင့္ပစ္ လိုက္ေတာ့မယ္။” လို႕ သူေတြးလိုက္တယ္။“ေရခ်ိဳး ခန္းထဲ ၀င္သြားတာ ၾကာလိုက္တာ။ ကၽြန္မေတာင္ လုိက္လာဦး မလို႕ပဲ။”သူ ဘာမွ မေျပာလိုက္ဘူး။ ေျပာစရာေတြ ရွိေပမယ္လို႕ ဘာေျပာရမယ္မွန္း မသိတာေၾကာင့္ သူဘာမွ မေျပာလုိက္ ဘူး။ ဒါေပမယ္လို႕ ေျပာကို ေျပာရမယ္။ ဟုတ္တယ္။သူမ မသြားခင္ မွာ သူ႕စိတ္ထဲ ေတာ္ေတာ္ၾကာၾကာ လိပ္ခဲ တည္းလည္း ျဖစ္ေနတဲ့ ဒီကိစၥကို ေျပာကိုေျပာရမယ္။“ဒီေန႕ ရွင့္ၾကည့္ ရတာတစ္မ်ိဳးပဲ။ ညက ေက်နပ္မႈ မရဘူးလား။”သူမ ဟာ လိင္မႈေရးရာ ကၽြမ္းက်င္ ပိုင္နိုင္တဲ့ မင္းသမီး တစ္ေယာက္ပဲ။ သူမဟာ အျပင္မွာ လည္း အခေၾကးေငြ ယူျပီး လိင္မႈေရးရာ ျဖည့္ဆည္းေပးေနတဲ့ လူတစ္ေယာက္ျဖစ္တယ္။ သူကေတာ့ ျခြင္းခ်က္ေပ့ါ။ သူ႕ကိုေတာ့ သူမ က တံခါး မရွိ ဓါး မရွိ အခ်ိန္မေရြး ၀င္ထြက္ သြား လာခြင့္ေပးထားတယ္။၀င္ထြက္ သြားလာခြင့္ေပးထားတယ္ လို႕ ဆုိေပမယ္လို႕ မ်ားေသာ အား ျဖင့္ေတာ့ သူ ရွိရာကိုပဲ သူမ က အလာမ်ား ပါတယ္။ ဒီလို အကၽြမ္း တ၀င္ရွိေနတဲ့ အမ်ိဳးသမီး တစ္ေယာက္နဲ႕အတူေန ရတာ သူ႕ဘက္ က ဘာမ်ား မေက်နပ္စရာ အေၾကာင္းရွိမွာလဲ။ သူေခါင္းခါျပ လိုက္တယ္။“ဒါဆုိ ဘာျဖစ္ေနတာ လဲ။”သူမ က စိတ္မရွည္ သလို ေမးတယ္။အနားမွာ ရွိေန တဲ့ စီးကရက္ တစ္၀က္ ကို မီးညွိ လိုက္ရင္း သူ … သူမ ကုိ ၾကည့္ လုိက္တယ္။ သူမ က သူ႕အၾကည့္ ကို ျပန္တံု႕ျပန္ရင္း တီဗီြထဲ မွာ သူျပံဳးျပေလ့ရွိတဲ့၊ အျပင္က သူ႕ရဲ႕ လိင္ အလုပ္ရွင္ေတြ ကို ျပံဳးျပေလ့ ရွိတဲ့ အျပံဳးမ်ိဳး ကို သူ႕ကိုျပံဳးျပတယ္။ သူမ ကိုၾကည့္ရတာ ဒီအျပံဳး တစ္မ်ိဳးတည္း ပဲ ျပံဳးတတ္ပံုပဲ။အျပံဳး နဲ႕တူတူ သူ႕ အနားကို ပါ ေရာက္လာတယ္။ သူ.. ကိုယ္ ကို မသိမသာ က်ံဳ႕လိုက္ရင္း သူမ ကိုေမးလိုက္တယ္။“ဒီညေန ရွဴ တင္ မသြား လို႕ မရဘူးလား။ ကိုယ္ေျပာ စရာေလးရွိလုိ႕။”သာမန္ အခ်ိန္ေတြ ဆုိရင္ေတာ့ သူ ဒီလိုေျပာလိုက္ရင္ ေခါငး္ခါ မွာပဲ။ ဒါေပမယ္လုိ႕ ဒီညမွာ သူမ ဘက္က သူ႕ဆၤီ က တစ္စံုတစ္ရာ ကို ထပ္မံေမွ်ာ္လင့္ေနေသး ပံု ရတာေၾကာင့္ “ေကာငး္ျပီေလ” လို႕ ျပန္ေျပာရင္း သူ႕ရဲ႕ မန္ေနဂ်ာ ကို သူ ဒီည မလာနိုင္ေတာ့ေၾကာင္း ဖုန္းဆက္ေျပာလိုက္ တယ္။ငါးမိနစ္ေလာက္ အေျခ အတင္ ေျပာၾကျပီးေနာက္ မွာ သူဖုန္းခ် လိုက္တယ္။ ဖုန္းခ် လိုက္ျပီး “ဘာေျပာမွာ လဲ။” လို႕ သူ႕ကို ေမးတယ္။သူ ေခ်ာင္း တစ္ခ်က္ ဟန္႕လိုက္တယ္။“ကိုယ္တို႕ ပတ္သက္ေနတာ ႏွစ္လေက်ာ္ျပီေနာ္။”ေျပာလိုက္ျပီး မွ သူ႕ကိုယ္သူ “ငါေတာ္ေတာ္ ညံ့တာပဲ” လို႕ေတြးလိုက္ မိတယ္။ တကယ္ဆုိ ဒီထက္ ပိုေပါက္ေရာက္ မယ့္ စကားမ်ိဳးကို ေရြးေျပာသင့္ တာေပါ့။ဥပမာ .. “ ငါတို႕ ပတ္သက္ မႈ ရပ္လိုက္ရေအာင္။” ဆုိတာမ်ိဳးေပါ့။ ဒါမွ သူမဘက္က “ဘာျဖစ္ လို႕လဲ။ ” ဘာညာ ေမးလာ မွာေပါ့။ ခုေတာ့ သူမက ပါးစပ္ၾကီး ပိတ္ျပီး သူဆက္ေျပာမွာ ကို ေစာင့္ေန တယ္။ (ေစာင့္ေနပံုရတယ္။)“ဒီလိုေလ။ ခုပတ္သက္ေနတာကို ကုိယ္ျပန္ျပီးေတြးၾကည့္လိုက္မိတယ္။ တကယ္ဆုိ မင္းနဲ႕ကိုယ္ မေတြ႕သင့္ဘူးလို႕ ကိုယ္ထင္တယ္။ မင္းနဲ႕မွ မဟုတ္ပါဘူး။ကိုယ္ဘယ္အမ်ိဳးသမီးနဲ႕မွ မေတြ႕သင့္ဘူးလို႕ ထင္တယ္။ ထင္ေနမိတယ္။ ဒီလိုေျပာလို႕ ကိုယ့္ကို ေဂးလို႕ မထင္နဲ႕ေနာ္။ ကိုယ္ေဂးမဟုတ္တာ မင္းသိပါတယ္။ဒီေတာ့ .. ” သူ႕ရဲ႕ စကားလံုးေတြ ဟာ ေတာင္စဥ္ေရ မရဘူး။ ဒီလို သူေလွ်ာက္ေျပာေန တာေတြ ကို သူမ က စီးကရက္ တစ္လိပ္ ကို လက္ၾကားမွာ ညွပ္ရင္း ခပ္ျပံဳးျပံဳး အေနအထားနဲ႕နားေထာင္တယ္။ သူမ ကိုၾကည့္ရတာ သူမ ဘ၀မွာ ဒီလို စကားလံုးေတြ က ၾကားဖူးေနက် စကားလံုးေတြျဖစ္မယ္ ထင္တယ္။ သူမကို ၾကည့္လုိက္ ရင္း သူဘာ ဆက္ေျပာရမလဲမသိေတာ့ တာေၾကာင့္ တိတ္တိတ္ေလး ျပန္ေနလိုက္တယ္။
ဒီေတာ့ သူမ က ေျပာလာတယ္။“ကၽြန္မနဲ႕ အဆက္အသြယ္ျဖတ္ခ်င္ျပီေပါ့။ ဒီလိုေပါ့။”သူ .. “ ဟုတ္တယ္။” လို႕ ခပ္တုိးတိုးေလး(သာမန္ထက္ တိုးတဲ့အသံနဲ႕) ျပန္ေျဖလိုက္တယ္။ သူမကိုေတာ့ မၾကည့္ပါဘူး။ သူမကေတာ့ ၾကည့္ေနမယ္ဆုိတာသူသိေနတယ္။“ဘာေၾကာင့္လဲေမးရင္ ရွင္ေျဖမွာလား။”ေျဖမယ္လို႕ သူဆံုးျဖတ္လိုက္တယ္။“ဘာေၾကာင့္လဲဆုိေတာ့ မင္းက လက္ရွိအရမ္းနံမည္ၾကီးေနတဲ့ ရုပ္ရွင္မင္းသမီးေလ။”“ဒီေတာ့ ဘာျဖစ္လဲ။”“ျပီးေတာ့ မင္းက လက္ရွိ အိမ္ေထာင္ၾကီးနဲ႕ေလ။”“ဒီေတာ့ေရာ ဘာျဖစ္လဲ။”သူမ ျပန္ေမးတာေတြေၾကာင့္ သူဘာျပန္ေျဖရမယ္မွန္းမသိေတာ့ဘူး။ သူမက ဆက္ေျပာတယ္။“ ကၽြန္မက လက္ရွိနံမည္ေက်ာ္ မင္းသမီးျဖစ္ေနေတာ့ ဘာျဖစ္သလဲ။ ရွင့္အတြက္ ဘာထိခိုက္သြားလို႕လဲ။ လက္ရွိ ကၽြန္မက အိမ္ေထာင္ရွိေနေတာ့ေရာ ဘာျဖစ္လဲ။ရွင့္အတြက္ ဘာထိခိုက္သြားလို႕လဲ။”“ကိုယ္ မင္းရဲ႕ အေျမွာင္ လင္ငယ္ ဘ၀နဲ႕ မေနနိုင္ေတာ့ဘူး။”“ဒါဆုိ ကၽြန္မ ကို လက္ထပ္မလား။”“ဟင့္အင္။ ”“ကၽြန္မ ထက္ ပုိျပီးေက်နပ္စရာေကာင္းတဲ့ လူေတြ႕ထားတယ္လား။”“ကိုယ္ ခုနက ေျပာျပီးျပီေလ။ တျခား ဘယ္မိန္းမနဲ႕မွ လည္း ေတြ႕ဖို႕ မရွိေတာ့ပါဘူးလုိ႕။”“ခ်က္ခ်င္းၾကီး ေဂးသြား တာလား။”“ကိုယ္ခုနက အဲဒါကိုလည္း ေျပာျပီးျပီေလ။”“ဒါဆုိ .. ” လို႕ သူမစကားစ ျပီး ဆက္မေျပာေတာ့ဘဲ ေခါင္းညိတ္တယ္။သူ .. သူမကို ၾကည့္ျပီးဆက္ေျပာလိုက္တယ္။“ကိုယ့္မွာ မင္းနဲ႕ေတြ႕ခါစက ခ်စ္သူရွိတယ္။ မင္းသိတယ္ေနာ္။”သူမ ေခါငး္ညိတ္တယ္။“အဲဒီ ခ်စ္သူနဲ႕ ျပန္တြဲခ်င္လို႕လား။”“ကိုယ္ေျပာတာ ဆံုးေအာင္ နားေထာင္ပါ။”သူက သူစကားေျပာေနတုန္း ျဖတ္ေျပာ တာ မၾကိဳက္ဘူး။ သူကိုယ္တိုင္ ကေတာ့ ျဖတ္ျဖတ္ေျပာ တတ္ တဲ့ အက်င့္ ရွိတယ္။ ဒါေပမယ္ လို႕ သူစကားေျပာေနတုန္းသူမ်ားျဖတ္ေျပာရင္ မၾကိဳက္ဘူး။ သူေျပာတာကို ဆံုးေအာင္နားေထာင္ျပီး မွ ေျပာခ်င္ရာ ကို ေျပာ ဖို႕ သူမကို သတိေပးရတာ လည္း ဒီအေခါက္ နဲ႕ဆို အေခါက္ေလး ရာေက်ာ္ျပီ ထင္တာပဲ။လွတဲ့ မိန္းမေတြ (လွေအာင္ ျပင္ဆင္ေနတတ္တဲ့ မိန္းမေတြ) အေတာ္ မ်ားမ်ား ဒီလိုပဲ ဒံုးေ၀းၾက သလားလို႕ေတာင္ သူေတြးမိတဲ့ အထိပဲ။“မင္းမွာ လည္း အိမ္ေထာင္ ရွိတယ္။ ဒါနဲ႕ လည္း ကိုယ္တို႕ အတူေနခဲ့ၾက တယ္ေနာ္။”သူမ ေခါင္းလည္း မညိတ္၊ ေခါင္း လည္း မခါဘူး။ သူ႕ကိုပဲ စိုက္ၾကည့္ေနတယ္။သူ႕ ရင္ထဲမွာ ျဖစ္ေနတဲ့ လိပ္ခဲ တည္းလည္း ကိစၥ ကို သူအခုေျပာလုိက္တယ္။“မင္းက စိတ္ေက်နပ္ဖို႕ေကာငး္တဲ့ မိန္းမ တစ္ေယာက္ပါ။ ျပီးေတာ့ နိုင္ငံေက်ာ္ ရုပ္ရွင္ မင္းသမီး တစ္ေယာက္။ မင္းနဲ႕ တြဲသြား တြဲလာ လုပ္ရတာ အင္မတန္ သာယာဖိုိ႕ေကာင္း ပါတယ္။ လူတိုင္း က ကိုယ့္ကို အားက်တဲ့ အၾကည့္ေတြနဲ႕ ၀ိုင္းၾကည့္ၾက တာကိုလည္း ကိုယ္သာယာ ပါတယ္။ ကိုယ္တြဲခဲ့ ဖူးတဲ့ ခ်စ္သူက မင္းလို ဘာမွ မျပည့္စံုတာ လည္း အမွန္ပဲ။ ”သူမ ျပံဳးတယ္။ ကိုယ့္ကို ကိုယ္ ဂုဏ္ယူ ၀င့္ၾကြားစြာ ျပံဳးတဲ့အျပံဳးမ်ိဳး။ မိန္းမေတြ ပဲ ျပံဳး တတ္ေလ့ ရွိတဲ့ အျပံဳးမ်ိဳး ။ အင္း . ဒီလိုေျပာရတာ နည္းနည္းေတာ့ ကသိ ကေအာက္နိုင္(သလိုရွိ) တယ္။ ဘာလို႕လဲ ဆုိေတာ့ မိန္းမျပံဳးတဲ့ အျပံဳး ဆိုမွေတာ့မိန္းမေတြ ပဲ ျပံဳးတတ္မွာေပါ့။ ေယာက်ာ္းေတြျပံဳးတဲ့အျပံဳးမ်ိဳးလည္း ေယာက္်ားေတြပဲ ျပံဳးတတ္မွာပဲ။ ဒါမဆန္းဘူး။ ခုနက သူ ေျပာလုိက္တဲ့ စကားဟာ သူ႕စိတ္ထဲကတကယ္ပါလို႕ ေျပာလိုက္တာ တစ္၀က္ေက်ာ္ေက်ာ္ပဲပါတယ္။ က်န္တာက ညာတာေပါ့။ဥပမာေျပာရမယ္ ဆုိရင္ “ကိုယ့္ခ်စ္သူ က မင္းလို မျပည့္စံု ဘူး။” ဆုိတာေပါ့။ ဒါ.. မွားတယ္။မွားေျပာလိုက္ တယ္ ဆုိတာကိုလည္း သူ႕ကိုယ္သူ သိေနတယ္။ သူတြဲ ခဲ့ဖူးတဲ့ ခ်စ္သူက သာမန္ျပည္သူေတြ ထဲက မိန္းကေလး တစ္ေယာက္ ပဲ ဆုိတာေတာ့ မွန္ပါတယ္။ဒါေပမယ္ လို႕ သူမေလာက္ ဒံုးမေ၀းဘူး။ သူမေလာက္လည္း မလွဘူး။ အဲ … သူမေလာက္ လည္း အခ်စ္ေရးရာ မွာ မကၽြမ္းက်င္ဘူး။
သူမကို ဒံုးေ၀း တယ္လို႕သြားေျပာ လုိက္ရင္ သူေနာက္ထပ္ ထပ္ေျပာ မယ့္ စကားေတြကို နား မေထာင္ေတာ့ ဘဲ သူမ ထ ထြက္သြားမွာ ကို စုိးတာေၾကာင့္ အရင္ ဆံုးေျမွာက္ ပင့္ေျပာ လိုက္ တယ္။ (ေနာက္မွ ရိုက္ခ်မယ္ ဆုိတဲ့ သေဘာနဲ႕ေပါ့။ သူ အရင္တြဲဖူး တဲ့ မိန္းကေလး ဆုိ ရင္ေတာ့ သူ အခုလို စကားလမ္းေၾကာင္းေနျပီ ဆုိရင္ ဘာဆက္ေျပာေတာ့မယ္ ဆုိတာကို ရိပ္မိ မွာပဲ။ ဒါေပမယ္ လုိ႕ သူမ ကေတာ့ ခုနကေျပာျပီးတဲ့ အတိုင္း ဒံုးေ၀းတဲ့ အတြက္ သူဘာ ဆက္ေျပာ မယ္ဆုိတာကို ရိပ္မိပံု မရဘူး။ ရိပ္မိ ခ်င္ လည္း ရိပ္မိ မွာေပါ့ေလ။မသိ ခ်င္ေယာင္ေဆာင္ေနတာ လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။)“မင္းနဲ႕ တူတူ အိပ္ရတဲ့ အေခါက္တိုင္း လည္း ကိုယ္ အျမဲတမ္းေပ်ာ္ရႊင္ သာယာ ခဲ့ရပါတယ္။ ဒါေပမယ္ လို႕ ကိုယ္တို႕ ေတြ မွားေနတယ္လုိ႕ အျမဲ ခံစားေနရတယ္။ မငး္နဲ႕ စေတြ႕ကတည္း ကပဲ။”“ဒါဆုိ ဘာလို႕ ကၽြန္မနဲ႕ ဆက္အိပ္ ခဲ့ေသးလဲ။”“မင္းကို ကိုယ္ သေဘာ က်လုိ႕ေပါ့။ဒါေပမယ္လုိ႕ သေဘာက်တယ္ ဆုိတာေလး တစ္ခုတည္း နဲ႕ေတာ့ မငး္နဲ႕ ကိုယ္ ဆက္တြဲေနဖုိ႕ မသင့္ဘူးေလ။ မင္း အားမနာေပမယ္ လုိ႕ မငး္အိမ္ေထာင္ ကို ကိုယ္အားနာလာျပီ။ ျပီးေတာ့ မငး္ကို သေဘာ က်တယ္ ဆုိတာက မၾကာခင္ မွာ မင္းလည္း အသက္ေတြၾကီး လာေတာ့ မွာပဲေလ။ အသက္ၾကီးလာျပီ ဆုိရင္ ခုေလာက္ေတာ့ စိတ္ေက်နပ္ ဖို႕ မေကာငး္ေတာ့မွာ အမွန္ပဲ။အမွန္ေျပာရရင္ မင္းကို ကိုယ္ သေဘာ က်တာ မင္းရဲ႕ အသက္ အရြယ္ အရ မင္းရဲ႕ကၽြမ္းက်င္ ပိုင္နုိင္မႈေတြ ကို သေဘာ က်တာ။ ဒီထက္ မငး္ အရြယ္ရင့္ သြားရင္ မင္း ဒီလုိေတြ မစြမ္းေဆာင္နိုင္ေတာ့ ရင္ မင္းကို ကိုယ္သေဘာက်ေတာ့ မွာ မဟုတ္ဘူး။ မင္းနဲ႕ မေတြ႕ခင္ တုန္း က ကိုယ္ က လူ႕က်င့္ ၀တ္ေတြ စည္းမ်ဥ္း စည္းကမ္း ဆုိတာေတြကို လံုး၀ တသေ၀ မတိမ္း လိုက္နာ ခဲ့တဲ့လူပါ။
မင္းနဲ႕ေတြ႕ မွ ကိုယ္ ဘယ္လိုေဖာက္ျပန္ သြားတယ္ ဆုိတာကို ကိုယ့္ ကို က္ိုယ္ေတာင္ မယံုနုိင္ေလာက္ေအာင္ ပဲ။ ဒါေပမယ္လို႕ မင္းနဲ႕ အိပ္ျပီး တိုင္း ကိုယ္ အေတြး၀င္တယ္။ ခဏတာေလာက္ သာယာဖို႕အတြက္နဲ႕ ကိုယ္တို႕ေတြ လူ႕အဖြဲ႕အစည္းၾကီး ကို ေဖာက္ျပန္ေန မိၾကျပီလို႕။ ကိုယ္ေတြး မိတိုင္း အျပစ္ ရွိသလို ခံစားရတယ္။ ျပီးေတာ့ မင္းအိမ္ေထာင္ အေပၚမွာ အားနာတယ္။ ”စကားေတြ အမ်ားၾကီးေျပာျပီးေတာ့ သူ .. ေမာသြားတယ္။ အနားမွာ ရွိေနတဲ့ ေရဗူး ကို ေကာက္ေမာ့ လိုက္တယ္။ ေရေတြ ပါးစပ္ ထဲေရာက္ျပီးသြား ကာမွ သတိရ လိုက္တယ္ ။ ဒီေရဗူး ကို သူမ ခုနက ပါးစပ္ မေဆး ဘဲ ေသာက္ထားတယ္။ သူ .. သူမ ျပန္သြားရင္ လႊင့္ပစ္ လိုက္ေတာ့မယ္ လုိ႕ ၾကံရြယ္ ထားတဲ့ ေရဗူး။ခု သူ ေမ့ျပီးေသာက္လုိက္ မိျပီ။ ရြံတာ လား မသတီ တာလား မသိတဲ့ ခံစားခ်က္ တစ္ခုက သူ႕ဗိုက္ထဲ ကေန ေမာက္တက္ လာတယ္။ သူမေရွ႕မွာ ဆုိေတာ့လည္း ေရကို ျပန္ေထြးထုတ္ လုိက္ဖို႕က အားနာေနတယ္။ သူ .. ေရကုိ ပါးစပ္ ထဲ ငံုထားျပီး ေရခ်ိဳးခန္း ထဲ ၀င္ လိုက္တယ္။ေဘဇင္ ထဲကို သူငံုထာ; တဲ့ေရေတြ ေထြးထုတ္ ပစ္လုိက္တယ္။ ျပီးေတာ့ ျပန္ထြက္ လာလိုက္ တယ္ ။ သူမကေတာ့ ခုနကေနရာ မွာ ခုနက ပံုစံအတိုင္းပဲ။ သူ႕ကို တစ္ခုခုေျပာ ဖို႕ ေစာင့္ေန တာျဖစ္ မယ္ (လို႕ သူထင္ တဲ့ အတြက္ သူမနား ကို သြားလိုက္တယ္။)။“ကၽြန္မ အိမ္ေထာင္ ကို ရွင္အားနာတယ္ ။ ဟုတ္လား။”သူ ေခါင္းညိတ္ လိုက္တယ္။ သူမ က ေခါငး္ခါတယ္။“ဒါဆုိ ကၽြန္မ နဲ႕ ပတ္သက္တဲ့ လူ မွန္သမွ် ကၽြန္မအိမ္ေထာင္ ကို အားနာေနရေတာ့ မွာပဲ။”သူမ က ရယ္သြမ္းေသြး သလို ေျပာတယ္။ သူေဒါသ ထြက္သြားတယ္။ သူက သူ႕ကို တျခား လူေတြ နဲ႕ ႏႈိင္းႏႈိင္းျပီး ျမင္တာမ်ိဳး မၾကိဳက္ဘူး။ (တကယ္ေတာ့ သူ ဟာလည္း တျခား လူေတြနဲ႕ ဘာမွ မထူးျခား တဲ့ လူတစ္ေယာက္ ပါပဲ။) သူ ေျပာလုိက္တယ္။“တျခား လူေတြနဲ႕ ကိုယ့္ ကို မႏႈိင္းနဲ႕ေလ။ ကိုယ္က ကိုယ္ပဲ။” သူမရယ္တယ္။“ကၽြန္မ မွာ အသက္ေမြး၀မ္းေၾကာင္း အလုပ္ႏွစ္ခု ရွိတယ္။ တစ္ခု က ဗီြဒီယို ကင္မရာေတြ အေရွ႕ မွာ သရုပ္ေဆာင္ တာ။ ေနာက္တစ္ခု က ကၽြန္မ ဘက္က ကုန္ပစၥည္းေပးျပီးသူတို႕ က ေငြေၾကးေပးတာ။ဒီႏွစ္ခုလံုး က ကၽြန္မ အတြက္ အသက္ေမြး၀မ္းေၾကာငး္ျဖစ္ေနတဲ့ အတြက္ ႏွစ္ခုလံုး ကို ကၽြန္မေရွာင္ လို႕မရဘူး။ အသက္ေမြး၀မ္းေၾကာင္း ဆုိတဲ့ စကားကို ရွင္နားလည္ ရဲ႕လား။ နားမလည္ လည္း နားလည္ ခ်င္ေယာင္ ေဆာင္လိုက္ပါ။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္မ မရွင္း ျပတတ္ လို႕ပဲ။ကၽြန္မ အသက္ရွင္ေနထိုင္နိုင္ေအာင္ အတြက္ ကၽြန္မ ရထားတဲ ့အိမ္ေထာင္ က ဘာမွ အသံုး မ၀င္ဘူး။ ဒီေတာ့ ကၽြန္မ ၀မ္းစာ ကၽြန္မ ရွာတယ္။ ဒီ အလုပ္ကို လုပ္ေနတဲ့ အခ်ိန္မွာ င့ါကိုဘယ္သူေတြ ဘယ္လိုျမင္ေနမလဲ ဆိုတဲ့ အေတြးမ်ိဳး ကို ကၽြန္မ မေတြးဘူး။ဘယ္သူေတြ ဘယ္လိုျမင္ျမင္ ဒါ ကၽြန္မ ရဲ႕ အလုပ္ပဲ လို႕ ကၽြန္မ ခံယူထားတဲ့ အတြက္ ဒီအလုပ္ကို စိတ္ရွင္းရွင္းနဲ႕ ကၽြန္မ လုပ္နုိင္တယ္။ ကၽြန္မ အိမ္ေထာင္ အတြက္ ရွင္ အား နာေနတာ ဆုိရင္ေတာ့ ဒီ အတြက္နဲ႕ ပူ စရာ ဘာမွ မလိုဘူး လို႕ ကၽြန္မေျပာပါရေစ။”“ဒါေပမယ္ လုိ႕ မင္း အခုေျပာေနတဲ့ လူေတြက မင္းကို အခေၾကးေငြေပးေနတဲ့ လူေတြေလ။ ကိုယ္က မင္းကို အခ ေၾကးေငြေပးေနတဲ့လူ မွ မဟုတ္ဘဲ။ ေျပာရမယ္ ဆုိရင္ သူမ်ား မယား ၾကာခုိေနရံု သက္သက္ လူပဲ။ ပိုက္ဆံလည္း ေပးတာ မဟုတ္ဘူး။ တစ္ခါ တစ္ေလမ်ား ဆုိရင္ မင္း ကေတာင္ ညစာ ၀ယ္ေကၽြးရေသးတယ္ မဟုတ္လား။ကိုယ္ဟာ သူမ်ား ေဆာက္ ျပီးသား အိမ္ထဲ ပဲ ၀င္၀င္ေနတတ္ တဲ့ … အဲ .. အဲ .. ”“၀င္ကစြပ္ ။”“အင္း အင္း .. ၀င္ကစြပ္ လို အေကာင္ မ်ိဳးပဲ။ ”သူမ ရယ္တယ္။“ရွင့္ကိုယ္ ရွင္ ဒီေလာက္ ထိ အထင္ေသးေနလိမ့္မယ္ လို႕ ကၽြန္မ မထင္ ထားဖူးဘူး။”သူမ စကားက သူ႕ကို ကသိ ကေအာက္ ျဖစ္သြားေစတယ္။ သူ စကားေျပာလုိက္တယ္။သူ စကားေျပာ ဖို႕ ပါးစပ္ကို ဟလိုက္ေပမယ္ လို႕ သူမ က လက္ကာျပတဲ့ အတြက္ သူ စကားေျပာ ဖို႕ပါးစပ္ ကို ျပန္ပိတ္လိုက္တယ္။“ကၽြန္မ အတြက္ေတာ့ ဘာမွ မထူးျခားဘူး။ ဒီမွာ .. စဥ္းစားၾကည့္စမ္းပါ။ ကၽြန္မ က ႏွစ္ဆယ့္ေလး နာရီ အျပည့္ လံုးလံုး အသက္ေမြး ၀မ္းေၾကာင္း အလုပ္ေတြ အတြက္ပဲရုန္းကန္ေနရေတာ့ မွာလား။ ကၽြန္မ အတြက္ ေပ်ာ္ရႊင္ ဖုိ႕ အခ်ိန္ ဆုိတာေလး မရွိသင့္ေတာ့ ဘူးလား။”“ကိုယ္နဲ႕ေနရတာ မင္းေပ်ာ္လို႕ လား။ ကိုယ္ က မင္းေတြ႕ဖူး တဲ့ ေယာက်ာ္းေတြ လို မင္း ကို ေပ်ာ္ရႊင္ မႈ အျပည့္ အ၀ ေပးနိုင္တဲ့ လူမ်ိဳး မို႕လို႕လား။ ျပီးေတာ့ မင္းေပ်ာ္ ခ်င္ရင္မင္း ကိုယ္ ပိုင္ အိမ္ေထာင္ၾကီး ရွိတာပဲ။ သူနဲ ႕ေပ်ာ္လို႕လည္း မငး္ကို သူက ပိုက္ဆံေပးမွာ မဟုတ္ဘူး။ ကိုယ့္လို ပဲေပါ့။ ဘာထူးျခားလို႕လဲ။ ”“သူနဲ႕လည္း ကၽြန္မ တခါတေလေပ်ာ္ပါတယ္။”သူ .. ဘာဆက္ေျပာရမလဲကို မသိေတာ့ဘူး။ ဒီမိန္းမ အေတာ္ေတာ့ ေျပာရဆုိရခက္တယ္။ တကယ္တမ္းေတြး ၾကည့္ရင္ သူဆုိတာက ပညာေတြတသီၾကီးတတ္တဲ့လူလည္း မဟုတ္ဘူး။ ရုပ္ေခ်ာ သေဘာမေနာေကာင္း အလုပ္ၾကိဳးစား တဲ့လူမ်ိဳးလည္း မဟုတ္ဘူး။ တစ္ႏွစ္၀င္ေငြဘယ္ေလာက္ဆုိတာမ်ိဳးအတိအက်ရွိတဲ့ေကာင္မ်ိဳးလည္း မဟုတ္ဘူး။“ရွင္ ကၽြန္မ ကို လက္ထပ္ မလား။”“ဟင့္အင္ ။ ” လို႕ သူျမန္ျမန္ ဆန္ဆန္ ပဲ ေျဖလိုက္တယ္။ သူမ ျပံဳးတယ္။“ဟုတ္တယ္ေလ။ ရွင္နဲ႕ ကၽြန္မၾကား မွာ လက္ထပ္တယ္ ဆုိတာ လိုမွ မလိုဘဲ။ ခုလည္း တူတူေနေန ရတာပဲ။ လက္ထပ္ လုိက္ရင္ လည္း တူတူေနရ မွာပဲ။ ဘာထူး သြားလို႕လဲ။”“ဘာပဲေျပာေျပာ မင္းကို ကိုယ္ ပတ္သက္ေန ရတာ လူ႕အဖြဲ႕အစည္းၾကီး ထဲမွာ စည္းပ်က္ေန သလိုျဖစ္ေနတယ္ လုိ႕ ခံစားေနရတယ္။ ဒီလို ခံစားေနရတဲ့ အတြက္ ကိုယ့္မွာ အခ်ိန္တိုင္းလို အျပစ္ျဖစ္ေနတယ္။ ကိုယ္ ဒီလို မခံစားခ်င္ေတာ့ဘူး။ ကိုယ္တို႕ ထပ္ မအိပ္ရေအာင္။”“ရွင္ေျပာတဲ့ လူ႕အဖြဲ႕ အစည္းၾကီး ဆုိတာ ဘယ္ဟာ ကိုေျပာတာလဲ။ လူ႕အဖြဲ႕အစည္းၾကီး ထဲမွာ ေနမယ္ ဆုိရင္ ဒီ စည္းမ်ဥ္း စည္းကမ္းေတြ ကို လိုက္နာပါ .. လို႕ ဘယ္သူ က စ ေျပာ ခဲ့တာလဲ။ ရွင္ေျပာ တဲ့ လူ႕အဖြဲ႕အစည္းၾကီး ထဲက လူ ဘယ္ႏွေယာက္ေလာက္ က ရွင္ေျပာ သလို အဲဒီ စည္းကမ္းေတြကို လိုက္နာေနတယ္ လို႕ ရွင္ထင္လို႕လဲ။”ေျပာရင္း ေျပာရင္း သူမ ေဒါသ ထြက္လာ သလိုပဲ။ အသံက်ယ္ လာသလို စကားေျပာ လည္း ျမန္ လာတယ္။ သူမ ေမးခြန္းေတြ ကို သူ႕ကိုယ္ သူ ျပန္ေမးလိုက္ မိတယ္။ သူ ..မေျဖ တတ္ဘူး။ ဘာေတြ ေမးမွန္းလည္း မသိဘူး။ တကယ္ဆုိ လူဆုိတာက လူ႕က်င့္၀တ္ နဲ႕ေတာ့ အညီေနထိုင္ ရမယ္ (သင့္တယ္) မဟုတ္လား။“ဘာပဲျဖစ္ျဖစ္ မင္းနဲ႕ ေနရတာ ကိုယ္ေက်ာမလံုဘူး။”“ကၽြန္မ ကေတာ့ လံုတယ္။”
သူမ ကိုၾကည့္လုိက္ေတာ့ သူမက သူ႕ကို မ်က္လံုးျပင္းျပင္းေတြ နဲ႕ ျပန္ၾကည့္ေနတာ ကို ေတြ႕ရ တယ္။ သူ ဘာမွ ဆက္မေျပာဘဲ သူမကို ျပန္ၾကည့္ေနလိုက္တယ္။ သူမ က ဆက္ေျပာတယ္။“ရွင့္ ကို ဒီေလာက္ ထိ သူရဲေဘာေၾကာင္လိမ့္မယ္ လို႕ ကၽြန္မ ထင္မထားဘူး။ ကၽြန္မကေတာင္ ဘာမွ မျဖစ္ပါဘူး လို႕ ဒီေလာက္ေျပာေနတာ။ ရွင္က ဘာျဖစ္ေနတာလဲ။
ကၽြန္မနဲ႕ ေနရတာ ရွင္ဘာ မ်ား နာက်င္ ထိခိုက္သြားရ လို႕လဲ။ကၽြန္မ ရွင့္ ကို ဘာလုပ္ေပးပါ၊ ညာလုပ္ေပးပါ လည္း ပူဆာေနတာ မဟုတ္ဘူး။ ကၽြန္မ ေမာပန္း လာတဲ့ အခ်ိန္ေတြ မွာ ရွင္နဲ႕ အ္ိပ္ခ်င္တယ္။ ဒါမွ မဟုတ္ ညလံုးေပါက္ ရွင္နဲ႕စကားေျပာေနမယ္။ ေျပာခ်င္ ေျပာေနမယ္ေပ့ါ ကၽြန္မ ဆုိလိုတာက..။ ဒါမွ မဟုတ္ ရွင္နဲ႕ ရုပ္ရွင္ ထြက္ၾကည့္မယ္။ ေလွ်ာက္လည္ ၾကမယ္။ ညလံုးေပါက္ ကားေလွ်ာက္ေမာင္းမယ္။”“မငး္အိမ္ေထာင္ နဲ႕ ဒါေတြလုပ္ လုိ႕ရသားပဲ။”“သူ မအားဘူး။”သူ ေျပာေျပာျပီးျပီး ခ်င္း သူမ က ဆက္ေျပာလိုက္တာျဖစ္တဲ့ အတြက္ ရုတ္တရက္ သူမ ဘာေျပာ လိုက္တယ္ ဆုိတာ ကိုေတာင္ သူ မသိလိုက္ဘူး။ ေနာက္နည္းနည္းေန မွ(သူ မအားဘူး) လို႕ ေျပာလိုက္တာပဲ လို႕ နားလည္လိုက္တယ္။ မအားရေအာင္ ဘာလုပ္ေန လို႕လဲလို႕ေတာ့ သူ မေမးလိုက္ ပါဘူး။ သူ႕အိမ္ေထာင္ က သူ႕အလုပ္နဲ႕ သူ သိပ္ရႈပ္တယ္ ဆုိတာ သူသိ ထားတယ္။“ဒီမယ္ .. ကၽြန္မ တို႕က လူမႈေရးေဖာက္ျပန္ေနတယ္ လို႕ ရွင္မေတြး ဘဲ တစ္ဆိတ္ေလာက္ ကၽြန္မေတြးသလို ေတြး ၾကည့္စမ္းပါ။ဒါဆုိ ရွင္ ကၽြန္မ ရင္ထဲမွာ ဘာေတြျဖစ္ေနတယ္ ဘယ္လို ခံစားေနရတယ္ ဆုိတာကို ရွင္ သိသြားလိမ့္မယ္။ ဘာလဲ … ကၽြန္မ တို႕က လူေတြျဖစ္ေနတဲ့ အတြက္ လူေတြနဲ႕ဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္းၾကီး ထဲမွာ လူေတြ သတ္မွတ္ထား တဲ့ စည္းကမ္းေတြကို မလိုက္နာ ဘဲ ေနလို႕ မရဘူး လို႕ ရွင္ဆုိလို ခ်င္တာလား။
မလိုက္နာဘဲ ကိုယ္ေနခ်င္ သလိုေရာ ကိုယ့္ဟာ ကိုယ္ ေနလို႕ မရဘူးလား။ မလိုက္ နာေတာ့ေရာ ဘယ္သူ က ကၽြန္မတို႕ကို အသက္ ဆက္ရွင္ေစဖုိ႕ နည္းလမ္းေတြ လာေပးၾက သလဲ။ လိုက္နာေတာ့ေရာ ဘယ္သူက ကၽြန္မတို႕ကို အသက္ဆက္ ရွင္ေစဖို႕ နည္းလမ္းေတြ လာေပးၾကသလဲ။”“မင္း ဘုရားသခင္ေဟာခဲ့ တဲ့ အေၾကာင္းအရာေတြ ကို မရင္းႏွီးဘူး ထင္တယ္။”
“နုိး .. ။ လူေသေတြ ရဲ႕ စကားကို ကၽြန္မ လက္မခံဘူး။ သူတို႕ စကားေတြဟာ သူတုိ႕ေခတ္မွာ မွန္ခ်င္ မွန္ခဲ့လိမ့္ မယ္။ ခုေခတ္ မွာ လူတိုင္း အတြက္ သူတို႕ စကားေတြဟာမမွန္နိုင္ေတာ့ ဘုူး။ ဆုိလိုခ်င္ တာက ဒိတ္ေအာက္ေနျပီ။”ဒီ မိန္းမ အေတာ္ေတာ့ေျပာရ ခက္တယ္။ ေျပာရ ခက္ေပမယ္လို႕ သူမေျပာေတာ့ဘူး။ အခုေဆြးေႏြးေန တဲ့ ေခါင္းစဥ္ ကလည္း ဘုရား သခင္ ယံုၾကည္ေရး မယံုၾကည္ေရးမဲခဲြေန တာ မဟုတ္ဘူး။ သူ ေျပာလိုက္တယ္။“မင္းနဲ႕ ကိုယ္ နဲ႕ကေတာ့ အေတြးအေခ ၚမွာ အေတာ္ ကေျပာင္းတိ ကေျပာင္းျပန္ျဖစ္ေန တာပဲ။ ကိုယ္ တုိ႕ ဆက္ညွိ လို႕လည္း ရမွာမဟုတ္ဘူး။ ကိုယ့္ဘက္ ကေတာ့ ရွင္းတယ္ ။ မင္း စီးပြားေရး အရ ကုန္ပစၥည္း နဲ႕ ေငြေၾကး လဲလွယ္တာ ကို မေျပာဘူး။ ဒါေပမယ္လို႕ မင္း အိမ္ေထာင္အေပၚ မွာ အျပစ္ ရွိသလို ခံစားရတဲ့ အတြက္ မင္းနဲ႕မပတ္သက္နိုင္ေတာ့ ဘူး။”သူမ က တစ္ခုခု ကို သေဘာက် သလို ျပံဳးတယ္။ ျပီးေတာ့ ရယ္တယ္။
“ကၽြန္မ ကေတာ့ ပတ္သက္ မွာ။ ရွင္ ေနာက္တစ္ေယာက္ နဲ႕ ပတ္သက္ခ်င္ေသးလား။ ရတယ္ ျပသနာ မရွိဘူး။ ကၽြန္မ ရွင့္ဆီ ကေတာင္းဆုိ တာက ကၽြန္မ နဲ႕ ညအတူ
အိပ္ေပး ဖုိ႕။ ဒီေလာက္ ပဲ။ က်န္တာ ဘာမွမလုိဘူး။”“ကိုယ့္ ဘက္က က်န္တာေတြ အားလံုးေပးနိုင္တယ္ လုိ႕ အာမ မခံနိုင္ဘူး။ ကိုယ့္အေျခ အေန လည္း မင္းသိတဲ့ အတိုင္းပဲ။ ဒါေပမယ္ လို႕ ေသခ်ာတာ တစ္ခုကေတာ့ မင္းေတာငး္ ဆုိတဲ့ (ဒီေလာက္ပဲ) ဆုိတဲ့ အခ်က္ ကို ကိုယ္ မလိုက္ေလ်ာနိုင္ဘူး။ ကိုယ္ေျပာခ်င္တာက..။ ”“ကၽြန္မ ဘာလုပ္ေပး ရင္ လိုက္ေလ်ာနိုင္မလဲ။”
အေတာ္ မွ အေတာ္ ကို ခက္တဲ့ အမ်ိဳးသမီး နဲ႕ ထိပ္တိုက္ၾကီး သူလာေတြ႕ေနတာပဲ။ သူ .. မ်က္ႏွာၾကက္ ကို ေမာ့ၾကည့္ျပီး ေလျပင္း တစ္ခ်က္ မႈတ္ထုတ္ လုိက္တယ္။
မ်က္ႏွာၾကက္ မွာ တိမ္ပံုေလးေတြ ဆြဲထားျပီး တိမ္ မရွိတဲ့ တျခားေနရာေတြ ကိုေတာ့ ၾကက္ေသြးေရာင္ ရယ္ မုိးျပာေရာင္ ရယ္ ျခယ္ထားတယ္။ ၾကယ္ကေလးေတြလည္း ပါတယ္။
သူတို႕ အိပ္ယာ နဲ႕ တည့္တည့္ၾကီး မွာ မွန္ အၾကီးၾကီးတစ္ခ်ပ္ ကပ္ထားေပးတယ္။သူတို႕ အတူ အိပ္ၾကတဲ့ အခ်ိန္ တုန္းက ဒီမွန္ၾကီး ကို သူ သတိ မထားမိဘူး။ ခု ေမာ့လိုက္မွ
ပထမဆံုး ျမင္မိတာပဲ။ မဆုိးဘူး လို႕ သူေတြးလိုက္တယ္။ တစ္ခ်က္ေလာက္ေတာ့ သူ မ်က္ႏွာ ၾကက္ အျပင္ အဆင္ကို ေငးေနမိေသးတယ္။ ဒါေပမယ္လို႕ ငါ စကားေျပာရဦးမွာ ပဲလို႕ ေတြးလိုက္မိ တဲ့ အတြက္ သူ ေခါင္းျပန္ ငံု႕ျပီး သူမ ကိုၾကည့္လိုက္တယ္။“ကိုယ္တုိ႕ လက္ထပ္ၾက မလား။ ခု လက္ရွိ မင္း အိမ္ေထာင္ကို ကြာလိုက္။ ဒါဆုိ အလုပ္ျဖစ္ျပီ။”
သူမ ေခါင္းခါတယ္။“ကၽြန္မ လိုခ်င္တာ ေပ်ာ္ဖို႕သက္သက္ပဲ။ ေပ်ာ္ဖုိ႕ သက္သက္ တစ္ခုတည္း နဲ႕ေတာ့ ဘာကိစၥနဲ႕ ကၽြန္မ အိမ္ေထာင္ ကို ကြာရမွာ တဲ့လဲ။ ကၽြန္မ အိမ္ေထာင္က ကၽြန္မကို ခ်စ္တယ္ ။ ရွင္ ကၽြန္မ ကို ဒီလိုခ်စ္နိုင္ မွာ မုိ႕လို႕လား။” ေသခ်ာ တာေပါ့။ သူ ဘယ္ခ်စ္နိုင္မလဲ။
သူမ ကုိ သူ ပတ္သက္ခဲ့ တာကလည္း ခ်စ္လို႕ မွ မဟုတ္ဘဲ။ တကယ္တမ္း မွာလည္း သူမကို သူ တစ္သက္လံုးေပါင္းဖုိ႕ ရည္ရြယ္ခ်က္ မရွိပါဘူး။ ခုေတာင္ မေပါင္း ခ်င္ေတာ့ဘူး။
ဒါေပမယ္ လို႕ ေတာ္ေတာ္ ခြက်တဲ့ မိန္းမ ပဲ။ ဒီလို ဆုိေတာ့လည္း ဟင့္အင္၊ ဟိုလိုဆုိေတာ့ လည္း ဟင့္အင္ ။ သူ ဘာဆက္လုပ္ရမွာလဲ။ သူတို႕ ေဆြးေႏြးပြဲဟာ ဒီလိုပဲ လယ္တယ္ လယ္တယ္ ျဖစ္ေနတယ္။အခ်ိန္ အေတာ္ၾကာတဲ့ အထိ သူမ နဲ႕ သူ စကား မေျပာျဖစ္ဘူး။ ႏွစ္ေယာက္လံုး ကုတင္ေမြ႕ ရာေပၚမွာ ေထာင့္မွန္ အေန အထားနဲ႕ ထိုင္ေန မိၾကတယ္။ သူ စကားေျပာဖုိ႕ သူမဘက္ လွည့္ လိုက္ေတာ့ သူမ သူ႕ဘက္ လွည့္လာတာနဲ႕ ၾကံဳတယ္။“မင္း အရင္ေျပာပါ။” လို႕ သူ က ေျပာလိုက္ေတာ့ သူမက ေျပာတယ္။
“တစ္ခါတစ္ေလ မွာ ကုိယ္လုပ္ ခ်င္တာကို လုပ္နုိင္ ဖို႕ စည္းကမ္းေတြ က်င့္၀တ္ေတြ ဆိုတာကို ခဏေလာက္ ေမ့ထား သင့္ ေမ့ထားရတယ္ ဆုိတာမ်ိဳး ရွင္တကယ္ မသိဘူးလားဟင္။”
သူမ အသံက နူးည့ံေနတယ္။ ခုနက ဂယက္ ရိုက္ေနလို႕ က်ယ္ေလာင္ေန ခဲ့တဲ့ သူ႕အသံက သူမ ရဲ႕ နူးညံ့တဲ့ အသံ ေၾကာင့္ ခပ္တုိးတုိးျပန္ျဖစ္သြားတယ္။သူ သက္ျပင္းခ် လိုက္တယ္။
“ကိုယ္ ေတြးဖူး ပါတယ္။ ဒါေပမယ္ လို႕ ကိုယ္ တို႕က လူေတြျဖစ္ေနတဲ့ အတြက္ေၾကာင့္… ”“ဘာလို႕ ဒါကို ပဲ ခဏခဏ ထပ္ထပ္ေျပာခ်င္ေနရ တာလဲ။ ”
သူမ ေဒါသ နဲ႕ ကုတင္ေပၚကေန ၀ုန္း ကနဲ ခုန္ထ လိုက္တယ္။ ရုတ္တရက္ ခုန္ထလိုက္ တာေၾကာင့္ သူမေပါင္ေပၚ မွာ တင္ထားတဲ့ ပိုက္ဆံအိတ္ၾကမး္ျပင္ေပၚ ျပဳတ္ က်သြား တယ္။ (သူမ ကေတာ့ သူမ ရဲ ႕ ေဒါသ ကိုပဲ သတိျပဳေနတဲ့ အတြက္ ပိုက္ဆံအိတ္ က်သြားတဲ့ အေပၚမွာသတိျပဳ မိဟန္ မရွိပါဘူး။) ေဒါသထြက္ေန တဲ့ သူမ ဟာ ကုတင္ေပၚထိုင္ေန တဲ့ သူ႕ကို ငံု႕ၾကည့္ေနတယ္။ သူ ဘာမွ မေျပာ လိုက္ဘူး။ သူမ ကိုပဲ ျပန္ၾကည့္ေနလိုက္တယ္။ သူမ သက္ျပင္းခ်တယ္။ ေဒါသေတြနဲ႕ေပါ့။“ဒီအေၾကာင္း ကိုပဲ ခဏခဏ ေဆြးေႏြးေနရတာ ပင္ပန္းျပီ လို႕ ရွင္ မထင္ဘူးလား။ ကၽြန္မ လိုခ်င္တာ ကို ရွင့္ကို ေျပာျပီးျပီ။ ရွင္ လည္း ရွင္ လိုခ်င္တာကို ကၽြန္မကို ေျပာျပီးျပီ။ ျပီးေတာ့ လည္း ကၽြန္မ တို႕ ထပ္ေတြ႕ေနၾကတာပဲ။ ဒီအပတ္ထဲ မွာတင္ ဒီအေၾကာင္း ကို ရွင္နဲ႕ ကၽြန္မ ေဆြးေႏြးၾကတာ ေျခာက္ေခါက္ ရွိေနျပီ။ ရွင္ ဘာလို႕ ဒီအေၾကာင္းကို ပဲ ခဏခဏ ထပ္ထပ္ေျပာခ်င္ေနရ တာလဲ။ ရွင္ ရူးေနတာ လား။ ကၽြန္မ ေမာလွျပီ။”သူ မရူးဘူးလို႕ စိတ္ထဲ က ေျပာလိုက္တယ္။ ဘာလို႕ ရူးရမွာလဲ။ ဒီ အပတ္ထဲမွာ သူမနဲ႕ ဘာ အေၾကာင္းမွ ကို မေဆြးေႏြး ရေသးဘူး။ သူမ နဲ႕ ဒီအပတ္ ထဲ ေတြ႕တာလည္း ဒါပထမဆံုး ပဲ။ ရူးခ်င္ ရူး သူမ ရူးေနတာလို႕ သူ သတ္မွတ္လိုက္ တယ္။ ဘာဆက္ေျပာရမယ္ ဆုိတာကိုလည္း သူမသိေတာ့ဘူး။ ေတြးလည္း မေတြးေတာ့ဘူး။ မေတြးလည္း မေတြးခ်င္ေတာ့ဘူး။
အခန္း ဟာ ေနက် သြားေပမယ္လို႕ အပူဒဏ္ က်န္ခဲ့တာေၾကာင့္ မတရား ပူေလာင္ေနတယ္။ သူ႕ေရွ႕မွာ ရပ္ေနတဲ့ သူမေၾကာင့္ ပိုျပီး ပူေနတယ္(လို႕ ခံစားရတယ္။) ။ သူ .. သူမကို တစ္ခ်က္ၾကည့္ျပီး ေခါင္းငံု႕လိုက္တယ္။မတ္တပ္ အေနအထားနဲ႕ သူမ ခဏရပ္ေနျပီး ခဏေနေတာ့ သူ႕နား မွာ ဖြဖြ ရရ လာထိုင္ တယ္ ။ သူ႕ရဲ႕ ဆံပင္ေတြ ကို တယုတယ ပြတ္သပ္တယ္။ သူ႕ရဲ႕ ႏႈတ္ခမ္းနဲ႕လည္ကုပ္ ကိုေရာပဲ။ျပီးေတာ့ သူ႕နား အနား ကို ကပ္ျပီး သူမတုိးတိုးေလး ေျပာတယ္။“ရွင္ ဒီေန႕ ေဆးေသာက္ျပီးျပီလားဟင္။”သူ ေဆးေသာက္ ဖို႕ မလိုေတာ့ဘူး ဆုိတဲ့ အေၾကာင္း သူမ ကို မေျပာလိုက္ဘူး။ ေနာက္ တစ္ခါ ဆုိ ဒီလို အယူအဆ မတူ တဲ့ မိန္းမမ်ိဳးေတြ နဲ႕ ထပ္ျပီး မပတ္သက္ေတာ့ ဖို႕ သူဆံုးျဖတ္ လိုက္ တယ္။ သူ႕ဟာ သူ မင္းသမီး မကလို႕ ဘာပဲျဖစ္ျဖစ္။သူ ျငိမ္္ေနတာ ကို သူမ ခဏေလာက္ၾကည့္ျပီး ၾကမ္းျပင္ေပၚ မွာ က်ေနတဲ့ သူမရဲ႕ အိတ္ ကို ျပန္ေကာက္ ယူလိုက္ တယ္။ (ၾကည့္ရတာ ျပန္ေတာ့မယ့္ ပံုပဲ။) ျပီးေတာ့ သူ႕နား မွာ လာျပန္ ထိုင္တယ္ “ရွင္ ဒီည နားဖို႕ လိုအပ္ေနတဲ့ ပံုပဲ။ နားလိုက္ေတာ့ေနာ္။ မနက္ျဖန္ ည ဒီမွာပဲ ထပ္ေတြ႕ ၾကေသး တာေပါ့။”
သူ ဘာမွ မေျပာလိုက္ဘူး။ တစ္ကိုယ္လံုး ဟာ ေလးလံေတာင့္တင္းေန သလို ခံစားရတယ္။ သူ အိပ္ခ်င္ေနျပီ။သူမ သူ႕ နားထင္ ကို နမ္းျပီး အသာ ထထြက္သြား တာကို သိလိုက္တယ္။ ျပီးေတာ့ သူမ အိပ္ခန္း တံခါး ကို ခ်က္ခနဲျမည္ေအာင္ ျပန္ပိတ္ေပးသြားတာ ကိုလည္း သိလိုက္တယ္။မနက္ျဖန္ ည ဆုိတာ ကို သူ ရင္ မခုန္ဘူး။ ရင္ မခုန္ေတာ့ဘူး။ သူ႕စိတ္ထဲ မွာ အိပ္ခ်င္ လာ တယ္။ ခ်က္ခ်င္း ဆုိသလိုပဲ သူ ကုတင္ေပၚမွာ ျပန္ျပီး အိပ္ေပ်ာ္သြားတယ္။
==========

သူ တစ်ရေးနိုးလာတော့ အိပ်ယာဟာ တအားပူနေပြီ။ နာရီက ညနေလေးနာရီ နှစ်ဆယ့်ရှစ် ကို ပြနေပြီ။ အပြင် မှာ နေက မကျသေးဘူး။ ဒီနိုင်ငံမှာ နွေရာသီ ဟာ သေမတတ် ပူတယ်။ ပူလွန်း အားကြီး လွန်းလို့ တစ်ကောင်ခွဲ အားရှိတဲ့ အဲကွန်း ဟာ သူတို့နှစ်ယောက် အိပ်နေတဲ့ အခန်းသေးသေးလေး ကိုပဲ မအေး မအေးနိုင်ဘူး။အိပ်ယာ ရဲ့ ဘေးအစွန်း မှာ တင်လွှဲ ထိုင်ရင်း ညက ချွတ်ထား ခဲ့တဲ့ စတိုင်ပဲန် နဲ့ အတွင်းခံ ကို ပြန်ဝတ် လိုက်တယ်။ ဝတ်ရင်း နဲ့ ဘေးနားမှာ အိပ်မောကျနေဆဲဖြစ်တဲ့ သူ့ရဲ့ အဖော် ကို သူကြည့်လိုက်တယ်။ တကယ်တမ်း သေချာကြည့်မယ် ဆိုရင် သူ့ရဲ့ ည အိပ်ဖော်ဟာ တီဗွီထဲ မှာပဲ ကြည့်ကောင်း တဲ့ ရွက်ကြမ်းရေကျို မိတ်ကပ်ဖုံး အမျိုးသမီး တစ်ယောက်သာ ဖြစ်တယ်။ဒါပေမယ့် လိင်ဆက်ဆံမှု မှာ တကယ်တမ်း က ရုပ်ရည် ဟာ အဓိက မကျဘူးလို့ သူထင်တာ ပဲ။ သေချာကြည့် လိုက်တော့ သူမက အိပ်မော အကျလွန်နေရာ က ပါးစပ်က သားရေတွေ ပါ ထွက်ကျနေတာ ကို တွေ့ရတယ်။ သူ .. မျက်နှာ ကို တစ်ချက် မဲ့လိုက်ပြီး ရေချိုးခန်းထဲ ကို ဝင် လိုက်တယ်။ ရေချိုးခန်းထဲ ကို ဝင်လိုက်တယ် ဆိုတာက ရေချိုးချင် အိမ်သာတက်ချင် လို့ရယ် လို့တော့ မဟုတ်ဘူး။သူ့ရဲ့ ညအိပ်ဖော် ပါးစပ် က ထွက်ကျနေတဲ့ သားရေတွေ ကို ရွံရှာ လာတဲ့ အတွက်ကြောင့်ပဲ။ရေချိုးခန်း ထဲမှာ ဘာလုပ်ရမယ်မှန်း မသိတာကြောင့် အိမ်သာ အိုးပေါ် မှာ ဘောငး်ဘီ မချွတ် ဘဲ သူ.. နာရီဝက် လောက်ထိုင်နေဖြစ်လိုက်တယ်။ ဒါမှမဟုတ် နာရီဝက်လောက် ထိုင်နေဖြစ် လိုက်တယ်လို့ စိတ်ကူးပစ်လိုက်တယ်။အိမ်သာ အိုးပေ ါ်မှာ ဘာမှ မလုပ်ဘဲ နာရီဝက်လောက် ထိုင်နေ လိုက်တာက သားရေတွေ ထွက်ကျအောင် ပိုးစိုး ပက်စက် အိပ်ပျော်နေတဲ့ လူ တစ်ယောက်နား မှာ နေရတာထက် စာရင် အများကြီး ပိုကောင်းမယ် လို့ သူထင်တာပဲ ။ ခဏနေတော့ အိမ်သာ အိုးပေါ်မှာ ထိုင်ရတာကို သူ… ငြီးငွေ့လာပြန်တယ်။ ရေချိုးခန်း အပြင်ဘက်မှာ ရှိတဲ့ သောက်ရေအေးအေးကို သူသောက် ချင်လာတယ်။ဒါပေမယ့် အပြင်ပြန် ထွက်ရင် သားရေနံ့တွေ ထွက်နေတဲ့ သူမ နဲ့ ထပ် တွေ့ရမှာ စိုး တာကြောင့် ရေချိုးခန်းဘေဇင်မှာ ရှိတဲ့ ရေကို သောက်ဖို့ သူကြိုးစား လိုက်တယ်။ သူကြိုးစား လိုက်ပေမယ် လို့ မအောင်မြင် လိုက်ဘူး။ ရေက ကလိုရင်းန့ံ တအားထွက်နေတယ်။ ဘုံဘိုင် က ရေကို သောက်ဖို့ သူ လက်လျှော့လိုက်ပြီး အိပ်ခန်းထဲ ကို ပြန်လာခဲ့တယ်။အိပ်ခန်းထဲ မှာ သူမ က နိုးနေပြီ။ ဝတ်စုံပြည့် နီးပါးတောင်ပြန် ဝတ်ပြီးနေပြီ။“ရေမချိုးတော့ဘူးလား။”သူက မေးတော့ သူမခေါင်း ခါပြတယ်။ သူ (စိတ်ထဲကနေ) ထပ်ပြီးတော့ မျက်နှာကို မဲ့ရွဲ့ပစ် လိုက်တယ်။“ဒီည ရှုတင် အမီပြန် သွားရမယ်။ ရေချိုးနေရင် မမီတော့ ဘူး။ မိတ်ကပ် လည်း ပြင်ရဦးမယ်။”လို့ သူမပြန်ပြောရင်း သူသောက်မယ် လို့ ကြံရွယ် ထားတဲ့ ရေဗူး ကို ယူသောက်လိုက်တယ်။ “ဒီရေဗူး ကို သူပြန် သွားရင် ငါလွှင့်ပစ် လိုက်တော့မယ်။” လို့ သူတွေးလိုက်တယ်။“ရေချိုး ခန်းထဲ ဝင်သွားတာ ကြာလိုက်တာ။ ကျွန်မတောင် လိုက်လာဦး မလို့ပဲ။”သူ ဘာမှ မပြောလိုက်ဘူး။ ပြောစရာတွေ ရှိပေမယ်လို့ ဘာပြောရမယ်မှန်း မသိတာကြောင့် သူဘာမှ မပြောလိုက် ဘူး။ ဒါပေမယ်လို့ ပြောကို ပြောရမယ်။ ဟုတ်တယ်။သူမ မသွားခင် မှာ သူ့စိတ်ထဲ တော်တော်ကြာကြာ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ ဒီကိစ္စကို ပြောကိုပြောရမယ်။“ဒီနေ့ ရှင့်ကြည့် ရတာတစ်မျိုးပဲ။ ညက ကျေနပ်မှု မရဘူးလား။”သူမ ဟာ လိင်မှုရေးရာ ကျွမ်းကျင် ပိုင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပဲ။ သူမဟာ အပြင်မှာ လည်း အခကြေးငွေ ယူပြီး လိင်မှုရေးရာ ဖြည့်ဆည်းပေးနေတဲ့ လူတစ်ယောက်ဖြစ်တယ်။ သူကတော့ ခြွင်းချက်ပေ့ါ။ သူ့ကိုတော့ သူမ က တံခါး မရှိ ဓါး မရှိ အချိန်မရွေး ဝင်ထွက် သွား လာခွင့်ပေးထားတယ်။ဝင်ထွက် သွားလာခွင့်ပေးထားတယ် လို့ ဆိုပေမယ်လို့ များသော အား ဖြင့်တော့ သူ ရှိရာကိုပဲ သူမ က အလာများ ပါတယ်။ ဒီလို အကျွမ်း တဝင်ရှိနေတဲ့ အမျိုးသမီး တစ်ယောက်နဲ့အတူနေ ရတာ သူ့ဘက် က ဘာများ မကျေနပ်စရာ အကြောင်းရှိမှာလဲ။ သူခေါင်းခါပြ လိုက်တယ်။“ဒါဆို ဘာဖြစ်နေတာ လဲ။”သူမ က စိတ်မရှည် သလို မေးတယ်။အနားမှာ ရှိနေ တဲ့ စီးကရက် တစ်ဝက် ကို မီးညှိ လိုက်ရင်း သူ … သူမ ကို ကြည့် လိုက်တယ်။ သူမ က သူ့အကြည့် ကို ပြန်တုံ့ပြန်ရင်း တီဗွီထဲ မှာ သူပြုံးပြလေ့ရှိတဲ့၊ အပြင်က သူ့ရဲ့ လိင် အလုပ်ရှင်တွေ ကို ပြုံးပြလေ့ ရှိတဲ့ အပြုံးမျိုး ကို သူ့ကိုပြုံးပြတယ်။ သူမ ကိုကြည့်ရတာ ဒီအပြုံး တစ်မျိုးတည်း ပဲ ပြုံးတတ်ပုံပဲ။အပြုံး နဲ့တူတူ သူ့ အနားကို ပါ ရောက်လာတယ်။ သူ.. ကိုယ် ကို မသိမသာ ကျုံ့လိုက်ရင်း သူမ ကိုမေးလိုက်တယ်။“ဒီညနေ ရှူ တင် မသွား လို့ မရဘူးလား။ ကိုယ်ပြော စရာလေးရှိလို့။”သာမန် အချိန်တွေ ဆိုရင်တော့ သူ ဒီလိုပြောလိုက်ရင် ခေါငး်ခါ မှာပဲ။ ဒါပေမယ်လို့ ဒီညမှာ သူမ ဘက်က သူ့င်္ဆီ က တစ်စုံတစ်ရာ ကို ထပ်မံမျှော်လင့်နေသေး ပုံ ရတာကြောင့် “ကောငး်ပြီလေ” လို့ ပြန်ပြောရင်း သူ့ရဲ့ မန်နေဂျာ ကို သူ ဒီည မလာနိုင်တော့ကြောင်း ဖုန်းဆက်ပြောလိုက် တယ်။ငါးမိနစ်လောက် အခြေ အတင် ပြောကြပြီးနောက် မှာ သူဖုန်းချ လိုက်တယ်။ ဖုန်းချ လိုက်ပြီး “ဘာပြောမှာ လဲ။” လို့ သူ့ကို မေးတယ်။သူ ချောင်း တစ်ချက် ဟန့်လိုက်တယ်။“ကိုယ်တို့ ပတ်သက်နေတာ နှစ်လကျော်ပြီနော်။”ပြောလိုက်ပြီး မှ သူ့ကိုယ်သူ “ငါတော်တော် ညံ့တာပဲ” လို့တွေးလိုက် မိတယ်။ တကယ်ဆို ဒီထက် ပိုပေါက်ရောက် မယ့် စကားမျိုးကို ရွေးပြောသင့် တာပေါ့။ဥပမာ .. “ ငါတို့ ပတ်သက် မှု ရပ်လိုက်ရအောင်။” ဆိုတာမျိုးပေါ့။ ဒါမှ သူမဘက်က “ဘာဖြစ် လို့လဲ။ ” ဘာညာ မေးလာ မှာပေါ့။ ခုတော့ သူမက ပါးစပ်ကြီး ပိတ်ပြီး သူဆက်ပြောမှာ ကို စောင့်နေ တယ်။ (စောင့်နေပုံရတယ်။)“ဒီလိုလေ။ ခုပတ်သက်နေတာကို ကိုယ်ပြန်ပြီးတွေးကြည့်လိုက်မိတယ်။ တကယ်ဆို မင်းနဲ့ကိုယ် မတွေ့သင့်ဘူးလို့ ကိုယ်ထင်တယ်။ မင်းနဲ့မှ မဟုတ်ပါဘူး။ကိုယ်ဘယ်အမျိုးသမီးနဲ့မှ မတွေ့သင့်ဘူးလို့ ထင်တယ်။ ထင်နေမိတယ်။ ဒီလိုပြောလို့ ကိုယ့်ကို ဂေးလို့ မထင်နဲ့နော်။ ကိုယ်ဂေးမဟုတ်တာ မင်းသိပါတယ်။ဒီတော့ .. ” သူ့ရဲ့ စကားလုံးတွေ ဟာ တောင်စဉ်ရေ မရဘူး။ ဒီလို သူလျှောက်ပြောနေ တာတွေ ကို သူမ က စီးကရက် တစ်လိပ် ကို လက်ကြားမှာ ညှပ်ရင်း ခပ်ပြုံးပြုံး အနေအထားနဲ့နားထောင်တယ်။ သူမ ကိုကြည့်ရတာ သူမ ဘဝမှာ ဒီလို စကားလုံးတွေ က ကြားဖူးနေကျ စကားလုံးတွေဖြစ်မယ် ထင်တယ်။ သူမကို ကြည့်လိုက် ရင်း သူဘာ ဆက်ပြောရမလဲမသိတော့ တာကြောင့် တိတ်တိတ်လေး ပြန်နေလိုက်တယ်။
ဒီတော့ သူမ က ပြောလာတယ်။“ကျွန်မနဲ့ အဆက်အသွယ်ဖြတ်ချင်ပြီပေါ့။ ဒီလိုပေါ့။”သူ .. “ ဟုတ်တယ်။” လို့ ခပ်တိုးတိုးလေး(သာမန်ထက် တိုးတဲ့အသံနဲ့) ပြန်ဖြေလိုက်တယ်။ သူမကိုတော့ မကြည့်ပါဘူး။ သူမကတော့ ကြည့်နေမယ်ဆိုတာသူသိနေတယ်။“ဘာကြောင့်လဲမေးရင် ရှင်ဖြေမှာလား။”ဖြေမယ်လို့ သူဆုံးဖြတ်လိုက်တယ်။“ဘာကြောင့်လဲဆိုတော့ မင်းက လက်ရှိအရမ်းနံမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသမီးလေ။”“ဒီတော့ ဘာဖြစ်လဲ။”“ပြီးတော့ မင်းက လက်ရှိ အိမ်ထောင်ကြီးနဲ့လေ။”“ဒီတော့ရော ဘာဖြစ်လဲ။”သူမ ပြန်မေးတာတွေကြောင့် သူဘာပြန်ဖြေရမယ်မှန်းမသိတော့ဘူး။ သူမက ဆက်ပြောတယ်။“ ကျွန်မက လက်ရှိနံမည်ကျော် မင်းသမီးဖြစ်နေတော့ ဘာဖြစ်သလဲ။ ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။ လက်ရှိ ကျွန်မက အိမ်ထောင်ရှိနေတော့ရော ဘာဖြစ်လဲ။ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။”“ကိုယ် မင်းရဲ့ အမြှောင် လင်ငယ် ဘဝနဲ့ မနေနိုင်တော့ဘူး။”“ဒါဆို ကျွန်မ ကို လက်ထပ်မလား။”“ဟင့်အင်။ ”“ကျွန်မ ထက် ပိုပြီးကျေနပ်စရာကောင်းတဲ့ လူတွေ့ထားတယ်လား။”“ကိုယ် ခုနက ပြောပြီးပြီလေ။ တခြား ဘယ်မိန်းမနဲ့မှ လည်း တွေ့ဖို့ မရှိတော့ပါဘူးလို့။”“ချက်ချင်းကြီး ဂေးသွား တာလား။”“ကိုယ်ခုနက အဲဒါကိုလည်း ပြောပြီးပြီလေ။”“ဒါဆို .. ” လို့ သူမစကားစ ပြီး ဆက်မပြောတော့ဘဲ ခေါင်းညိတ်တယ်။သူ .. သူမကို ကြည့်ပြီးဆက်ပြောလိုက်တယ်။“ကိုယ့်မှာ မင်းနဲ့တွေ့ခါစက ချစ်သူရှိတယ်။ မင်းသိတယ်နော်။”သူမ ခေါငး်ညိတ်တယ်။“အဲဒီ ချစ်သူနဲ့ ပြန်တွဲချင်လို့လား။”“ကိုယ်ပြောတာ ဆုံးအောင် နားထောင်ပါ။”သူက သူစကားပြောနေတုန်း ဖြတ်ပြော တာ မကြိုက်ဘူး။ သူကိုယ်တိုင် ကတော့ ဖြတ်ဖြတ်ပြော တတ် တဲ့ အကျင့် ရှိတယ်။ ဒါပေမယ် လို့ သူစကားပြောနေတုန်းသူများဖြတ်ပြောရင် မကြိုက်ဘူး။ သူပြောတာကို ဆုံးအောင်နားထောင်ပြီး မှ ပြောချင်ရာ ကို ပြော ဖို့ သူမကို သတိပေးရတာ လည်း ဒီအခေါက် နဲ့ဆို အခေါက်လေး ရာကျော်ပြီ ထင်တာပဲ။လှတဲ့ မိန်းမတွေ (လှအောင် ပြင်ဆင်နေတတ်တဲ့ မိန်းမတွေ) အတော် များများ ဒီလိုပဲ ဒုံးဝေးကြ သလားလို့တောင် သူတွေးမိတဲ့ အထိပဲ။“မင်းမှာ လည်း အိမ်ထောင် ရှိတယ်။ ဒါနဲ့ လည်း ကိုယ်တို့ အတူနေခဲ့ကြ တယ်နော်။”သူမ ခေါင်းလည်း မညိတ်၊ ခေါင်း လည်း မခါဘူး။ သူ့ကိုပဲ စိုက်ကြည့်နေတယ်။သူ့ ရင်ထဲမှာ ဖြစ်နေတဲ့ လိပ်ခဲ တည်းလည်း ကိစ္စ ကို သူအခုပြောလိုက်တယ်။“မင်းက စိတ်ကျေနပ်ဖို့ကောငး်တဲ့ မိန်းမ တစ်ယောက်ပါ။ ပြီးတော့ နိုင်ငံကျော် ရုပ်ရှင် မင်းသမီး တစ်ယောက်။ မင်းနဲ့ တွဲသွား တွဲလာ လုပ်ရတာ အင်မတန် သာယာဖိို့ကောင်း ပါတယ်။ လူတိုင်း က ကိုယ့်ကို အားကျတဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်ကြ တာကိုလည်း ကိုယ်သာယာ ပါတယ်။ ကိုယ်တွဲခဲ့ ဖူးတဲ့ ချစ်သူက မင်းလို ဘာမှ မပြည့်စုံတာ လည်း အမှန်ပဲ။ ”သူမ ပြုံးတယ်။ ကိုယ့်ကို ကိုယ် ဂုဏ်ယူ ဝင့်ကြွားစွာ ပြုံးတဲ့အပြုံးမျိုး။ မိန်းမတွေ ပဲ ပြုံး တတ်လေ့ ရှိတဲ့ အပြုံးမျိုး ။ အင်း . ဒီလိုပြောရတာ နည်းနည်းတော့ ကသိ ကအောက်နိုင်(သလိုရှိ) တယ်။ ဘာလို့လဲ ဆိုတော့ မိန်းမပြုံးတဲ့ အပြုံး ဆိုမှတော့မိန်းမတွေ ပဲ ပြုံးတတ်မှာပေါ့။ ယောကျာ်းတွေပြုံးတဲ့အပြုံးမျိုးလည်း ယောက်ျားတွေပဲ ပြုံးတတ်မှာပဲ။ ဒါမဆန်းဘူး။ ခုနက သူ ပြောလိုက်တဲ့ စကားဟာ သူ့စိတ်ထဲကတကယ်ပါလို့ ပြောလိုက်တာ တစ်ဝက်ကျော်ကျော်ပဲပါတယ်။ ကျန်တာက ညာတာပေါ့။ဥပမာပြောရမယ် ဆိုရင် “ကိုယ့်ချစ်သူ က မင်းလို မပြည့်စုံ ဘူး။” ဆိုတာပေါ့။ ဒါ.. မှားတယ်။မှားပြောလိုက် တယ် ဆိုတာကိုလည်း သူ့ကိုယ်သူ သိနေတယ်။ သူတွဲ ခဲ့ဖူးတဲ့ ချစ်သူက သာမန်ပြည်သူတွေ ထဲက မိန်းကလေး တစ်ယောက် ပဲ ဆိုတာတော့ မှန်ပါတယ်။ဒါပေမယ် လို့ သူမလောက် ဒုံးမဝေးဘူး။ သူမလောက်လည်း မလှဘူး။ အဲ … သူမလောက် လည်း အချစ်ရေးရာ မှာ မကျွမ်းကျင်ဘူး။
သူမကို ဒုံးဝေး တယ်လို့သွားပြော လိုက်ရင် သူနောက်ထပ် ထပ်ပြော မယ့် စကားတွေကို နား မထောင်တော့ ဘဲ သူမ ထ ထွက်သွားမှာ ကို စိုးတာကြောင့် အရင် ဆုံးမြှောက် ပင့်ပြော လိုက် တယ်။ (နောက်မှ ရိုက်ချမယ် ဆိုတဲ့ သဘောနဲ့ပေါ့။ သူ အရင်တွဲဖူး တဲ့ မိန်းကလေး ဆို ရင်တော့ သူ အခုလို စကားလမ်းကြောင်းနေပြီ ဆိုရင် ဘာဆက်ပြောတော့မယ် ဆိုတာကို ရိပ်မိ မှာပဲ။ ဒါပေမယ် လို့ သူမ ကတော့ ခုနကပြောပြီးတဲ့ အတိုင်း ဒုံးဝေးတဲ့ အတွက် သူဘာ ဆက်ပြော မယ်ဆိုတာကို ရိပ်မိပုံ မရဘူး။ ရိပ်မိ ချင် လည်း ရိပ်မိ မှာပေါ့လေ။မသိ ချင်ယောင်ဆောင်နေတာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။)“မင်းနဲ့ တူတူ အိပ်ရတဲ့ အခေါက်တိုင်း လည်း ကိုယ် အမြဲတမ်းပျော်ရွှင် သာယာ ခဲ့ရပါတယ်။ ဒါပေမယ် လို့ ကိုယ်တို့ တွေ မှားနေတယ်လို့ အမြဲ ခံစားနေရတယ်။ မငး်နဲ့ စတွေ့ကတည်း ကပဲ။”“ဒါဆို ဘာလို့ ကျွန်မနဲ့ ဆက်အိပ် ခဲ့သေးလဲ။”“မင်းကို ကိုယ် သဘော ကျလို့ပေါ့။ဒါပေမယ်လို့ သဘောကျတယ် ဆိုတာလေး တစ်ခုတည်း နဲ့တော့ မငး်နဲ့ ကိုယ် ဆက်တွဲနေဖို့ မသင့်ဘူးလေ။ မင်း အားမနာပေမယ် လို့ မငး်အိမ်ထောင် ကို ကိုယ်အားနာလာပြီ။ ပြီးတော့ မငး်ကို သဘော ကျတယ် ဆိုတာက မကြာခင် မှာ မင်းလည်း အသက်တွေကြီး လာတော့ မှာပဲလေ။ အသက်ကြီးလာပြီ ဆိုရင် ခုလောက်တော့ စိတ်ကျေနပ် ဖို့ မကောငး်တော့မှာ အမှန်ပဲ။အမှန်ပြောရရင် မင်းကို ကိုယ် သဘော ကျတာ မင်းရဲ့ အသက် အရွယ် အရ မင်းရဲ့ကျွမ်းကျင် ပိုင်နိုင်မှုတွေ ကို သဘော ကျတာ။ ဒီထက် မငး် အရွယ်ရင့် သွားရင် မင်း ဒီလိုတွေ မစွမ်းဆောင်နိုင်တော့ ရင် မင်းကို ကိုယ်သဘောကျတော့ မှာ မဟုတ်ဘူး။ မင်းနဲ့ မတွေ့ခင် တုန်း က ကိုယ် က လူ့ကျင့် ဝတ်တွေ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို လုံးဝ တသဝေ မတိမ်း လိုက်နာ ခဲ့တဲ့လူပါ။
မင်းနဲ့တွေ့ မှ ကိုယ် ဘယ်လိုဖောက်ပြန် သွားတယ် ဆိုတာကို ကိုယ့် ကို က်ိုယ်တောင် မယုံနိုင်လောက်အောင် ပဲ။ ဒါပေမယ်လို့ မင်းနဲ့ အိပ်ပြီး တိုင်း ကိုယ် အတွေးဝင်တယ်။ ခဏတာလောက် သာယာဖို့အတွက်နဲ့ ကိုယ်တို့တွေ လူ့အဖွဲ့အစည်းကြီး ကို ဖောက်ပြန်နေ မိကြပြီလို့။ ကိုယ်တွေး မိတိုင်း အပြစ် ရှိသလို ခံစားရတယ်။ ပြီးတော့ မင်းအိမ်ထောင် အပေါ်မှာ အားနာတယ်။ ”စကားတွေ အများကြီးပြောပြီးတော့ သူ .. မောသွားတယ်။ အနားမှာ ရှိနေတဲ့ ရေဗူး ကို ကောက်မော့ လိုက်တယ်။ ရေတွေ ပါးစပ် ထဲရောက်ပြီးသွား ကာမှ သတိရ လိုက်တယ် ။ ဒီရေဗူး ကို သူမ ခုနက ပါးစပ် မဆေး ဘဲ သောက်ထားတယ်။ သူ .. သူမ ပြန်သွားရင် လွှင့်ပစ် လိုက်တော့မယ် လို့ ကြံရွယ် ထားတဲ့ ရေဗူး။ခု သူ မေ့ပြီးသောက်လိုက် မိပြီ။ ရွံတာ လား မသတီ တာလား မသိတဲ့ ခံစားချက် တစ်ခုက သူ့ဗိုက်ထဲ ကနေ မောက်တက် လာတယ်။ သူမရှေ့မှာ ဆိုတော့လည်း ရေကို ပြန်ထွေးထုတ် လိုက်ဖို့က အားနာနေတယ်။ သူ .. ရေကို ပါးစပ် ထဲ ငုံထားပြီး ရေချိုးခန်း ထဲ ဝင် လိုက်တယ်။ဘေဇင် ထဲကို သူငုံထာ; တဲ့ရေတွေ ထွေးထုတ် ပစ်လိုက်တယ်။ ပြီးတော့ ပြန်ထွက် လာလိုက် တယ် ။ သူမကတော့ ခုနကနေရာ မှာ ခုနက ပုံစံအတိုင်းပဲ။ သူ့ကို တစ်ခုခုပြော ဖို့ စောင့်နေ တာဖြစ် မယ် (လို့ သူထင် တဲ့ အတွက် သူမနား ကို သွားလိုက်တယ်။)။“ကျွန်မ အိမ်ထောင် ကို ရှင်အားနာတယ် ။ ဟုတ်လား။”သူ ခေါင်းညိတ် လိုက်တယ်။ သူမ က ခေါငး်ခါတယ်။“ဒါဆို ကျွန်မ နဲ့ ပတ်သက်တဲ့ လူ မှန်သမျှ ကျွန်မအိမ်ထောင် ကို အားနာနေရတော့ မှာပဲ။”သူမ က ရယ်သွမ်းသွေး သလို ပြောတယ်။ သူဒေါသ ထွက်သွားတယ်။ သူက သူ့ကို တခြား လူတွေ နဲ့ နှိုင်းနှိုင်းပြီး မြင်တာမျိုး မကြိုက်ဘူး။ (တကယ်တော့ သူ ဟာလည်း တခြား လူတွေနဲ့ ဘာမှ မထူးခြား တဲ့ လူတစ်ယောက် ပါပဲ။) သူ ပြောလိုက်တယ်။“တခြား လူတွေနဲ့ ကိုယ့် ကို မနှိုင်းနဲ့လေ။ ကိုယ်က ကိုယ်ပဲ။” သူမရယ်တယ်။“ကျွန်မ မှာ အသက်မွေးဝမ်းကြောင်း အလုပ်နှစ်ခု ရှိတယ်။ တစ်ခု က ဗွီဒီယို ကင်မရာတွေ အရှေ့ မှာ သရုပ်ဆောင် တာ။ နောက်တစ်ခု က ကျွန်မ ဘက်က ကုန်ပစ္စည်းပေးပြီးသူတို့ က ငွေကြေးပေးတာ။ဒီနှစ်ခုလုံး က ကျွန်မ အတွက် အသက်မွေးဝမ်းကြောငး်ဖြစ်နေတဲ့ အတွက် နှစ်ခုလုံး ကို ကျွန်မရှောင် လို့မရဘူး။ အသက်မွေးဝမ်းကြောင်း ဆိုတဲ့ စကားကို ရှင်နားလည် ရဲ့လား။ နားမလည် လည်း နားလည် ချင်ယောင် ဆောင်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်မ မရှင်း ပြတတ် လို့ပဲ။ကျွန်မ အသက်ရှင်နေထိုင်နိုင်အောင် အတွက် ကျွန်မ ရထားတဲ ့အိမ်ထောင် က ဘာမှ အသုံး မဝင်ဘူး။ ဒီတော့ ကျွန်မ ဝမ်းစာ ကျွန်မ ရှာတယ်။ ဒီ အလုပ်ကို လုပ်နေတဲ့ အချိန်မှာ င့ါကိုဘယ်သူတွေ ဘယ်လိုမြင်နေမလဲ ဆိုတဲ့ အတွေးမျိုး ကို ကျွန်မ မတွေးဘူး။ဘယ်သူတွေ ဘယ်လိုမြင်မြင် ဒါ ကျွန်မ ရဲ့ အလုပ်ပဲ လို့ ကျွန်မ ခံယူထားတဲ့ အတွက် ဒီအလုပ်ကို စိတ်ရှင်းရှင်းနဲ့ ကျွန်မ လုပ်နိုင်တယ်။ ကျွန်မ အိမ်ထောင် အတွက် ရှင် အား နာနေတာ ဆိုရင်တော့ ဒီ အတွက်နဲ့ ပူ စရာ ဘာမှ မလိုဘူး လို့ ကျွန်မပြောပါရစေ။”“ဒါပေမယ် လို့ မင်း အခုပြောနေတဲ့ လူတွေက မင်းကို အခကြေးငွေပေးနေတဲ့ လူတွေလေ။ ကိုယ်က မင်းကို အခ ကြေးငွေပေးနေတဲ့လူ မှ မဟုတ်ဘဲ။ ပြောရမယ် ဆိုရင် သူများ မယား ကြာခိုနေရုံ သက်သက် လူပဲ။ ပိုက်ဆံလည်း ပေးတာ မဟုတ်ဘူး။ တစ်ခါ တစ်လေများ ဆိုရင် မင်း ကတောင် ညစာ ဝယ်ကျွေးရသေးတယ် မဟုတ်လား။ကိုယ်ဟာ သူများ ဆောက် ပြီးသား အိမ်ထဲ ပဲ ဝင်ဝင်နေတတ် တဲ့ … အဲ .. အဲ .. ”“ဝင်ကစွပ် ။”“အင်း အင်း .. ဝင်ကစွပ် လို အကောင် မျိုးပဲ။ ”သူမ ရယ်တယ်။“ရှင့်ကိုယ် ရှင် ဒီလောက် ထိ အထင်သေးနေလိမ့်မယ် လို့ ကျွန်မ မထင် ထားဖူးဘူး။”သူမ စကားက သူ့ကို ကသိ ကအောက် ဖြစ်သွားစေတယ်။ သူ စကားပြောလိုက်တယ်။သူ စကားပြော ဖို့ ပါးစပ်ကို ဟလိုက်ပေမယ် လို့ သူမ က လက်ကာပြတဲ့ အတွက် သူ စကားပြော ဖို့ပါးစပ် ကို ပြန်ပိတ်လိုက်တယ်။“ကျွန်မ အတွက်တော့ ဘာမှ မထူးခြားဘူး။ ဒီမှာ .. စဉ်းစားကြည့်စမ်းပါ။ ကျွန်မ က နှစ်ဆယ့်လေး နာရီ အပြည့် လုံးလုံး အသက်မွေး ဝမ်းကြောင်း အလုပ်တွေ အတွက်ပဲရုန်းကန်နေရတော့ မှာလား။ ကျွန်မ အတွက် ပျော်ရွှင် ဖို့ အချိန် ဆိုတာလေး မရှိသင့်တော့ ဘူးလား။”“ကိုယ်နဲ့နေရတာ မင်းပျော်လို့ လား။ ကိုယ် က မင်းတွေ့ဖူး တဲ့ ယောကျာ်းတွေ လို မင်း ကို ပျော်ရွှင် မှု အပြည့် အဝ ပေးနိုင်တဲ့ လူမျိုး မို့လို့လား။ ပြီးတော့ မင်းပျော် ချင်ရင်မင်း ကိုယ် ပိုင် အိမ်ထောင်ကြီး ရှိတာပဲ။ သူနဲ ့ပျော်လို့လည်း မငး်ကို သူက ပိုက်ဆံပေးမှာ မဟုတ်ဘူး။ ကိုယ့်လို ပဲပေါ့။ ဘာထူးခြားလို့လဲ။ ”“သူနဲ့လည်း ကျွန်မ တခါတလေပျော်ပါတယ်။”သူ .. ဘာဆက်ပြောရမလဲကို မသိတော့ဘူး။ ဒီမိန်းမ အတော်တော့ ပြောရဆိုရခက်တယ်။ တကယ်တမ်းတွေး ကြည့်ရင် သူဆိုတာက ပညာတွေတသီကြီးတတ်တဲ့လူလည်း မဟုတ်ဘူး။ ရုပ်ချော သဘောမနောကောင်း အလုပ်ကြိုးစား တဲ့လူမျိုးလည်း မဟုတ်ဘူး။ တစ်နှစ်ဝင်ငွေဘယ်လောက်ဆိုတာမျိုးအတိအကျရှိတဲ့ကောင်မျိုးလည်း မဟုတ်ဘူး။“ရှင် ကျွန်မ ကို လက်ထပ် မလား။”“ဟင့်အင် ။ ” လို့ သူမြန်မြန် ဆန်ဆန် ပဲ ဖြေလိုက်တယ်။ သူမ ပြုံးတယ်။“ဟုတ်တယ်လေ။ ရှင်နဲ့ ကျွန်မကြား မှာ လက်ထပ်တယ် ဆိုတာ လိုမှ မလိုဘဲ။ ခုလည်း တူတူနေနေ ရတာပဲ။ လက်ထပ် လိုက်ရင် လည်း တူတူနေရ မှာပဲ။ ဘာထူး သွားလို့လဲ။”“ဘာပဲပြောပြော မင်းကို ကိုယ် ပတ်သက်နေ ရတာ လူ့အဖွဲ့အစည်းကြီး ထဲမှာ စည်းပျက်နေ သလိုဖြစ်နေတယ် လို့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့ အတွက် ကိုယ့်မှာ အချိန်တိုင်းလို အပြစ်ဖြစ်နေတယ်။ ကိုယ် ဒီလို မခံစားချင်တော့ဘူး။ ကိုယ်တို့ ထပ် မအိပ်ရအောင်။”“ရှင်ပြောတဲ့ လူ့အဖွဲ့ အစည်းကြီး ဆိုတာ ဘယ်ဟာ ကိုပြောတာလဲ။ လူ့အဖွဲ့အစည်းကြီး ထဲမှာ နေမယ် ဆိုရင် ဒီ စည်းမျဉ်း စည်းကမ်းတွေ ကို လိုက်နာပါ .. လို့ ဘယ်သူ က စ ပြော ခဲ့တာလဲ။ ရှင်ပြော တဲ့ လူ့အဖွဲ့အစည်းကြီး ထဲက လူ ဘယ်နှယောက်လောက် က ရှင်ပြော သလို အဲဒီ စည်းကမ်းတွေကို လိုက်နာနေတယ် လို့ ရှင်ထင်လို့လဲ။”ပြောရင်း ပြောရင်း သူမ ဒေါသ ထွက်လာ သလိုပဲ။ အသံကျယ် လာသလို စကားပြော လည်း မြန် လာတယ်။ သူမ မေးခွန်းတွေ ကို သူ့ကိုယ် သူ ပြန်မေးလိုက် မိတယ်။ သူ ..မဖြေ တတ်ဘူး။ ဘာတွေ မေးမှန်းလည်း မသိဘူး။ တကယ်ဆို လူဆိုတာက လူ့ကျင့်ဝတ် နဲ့တော့ အညီနေထိုင် ရမယ် (သင့်တယ်) မဟုတ်လား။“ဘာပဲဖြစ်ဖြစ် မင်းနဲ့ နေရတာ ကိုယ်ကျောမလုံဘူး။”“ကျွန်မ ကတော့ လုံတယ်။”
သူမ ကိုကြည့်လိုက်တော့ သူမက သူ့ကို မျက်လုံးပြင်းပြင်းတွေ နဲ့ ပြန်ကြည့်နေတာ ကို တွေ့ရ တယ်။ သူ ဘာမှ ဆက်မပြောဘဲ သူမကို ပြန်ကြည့်နေလိုက်တယ်။ သူမ က ဆက်ပြောတယ်။“ရှင့် ကို ဒီလောက် ထိ သူရဲဘောကြောင်လိမ့်မယ် လို့ ကျွန်မ ထင်မထားဘူး။ ကျွန်မကတောင် ဘာမှ မဖြစ်ပါဘူး လို့ ဒီလောက်ပြောနေတာ။ ရှင်က ဘာဖြစ်နေတာလဲ။
ကျွန်မနဲ့ နေရတာ ရှင်ဘာ များ နာကျင် ထိခိုက်သွားရ လို့လဲ။ကျွန်မ ရှင့် ကို ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါ လည်း ပူဆာနေတာ မဟုတ်ဘူး။ ကျွန်မ မောပန်း လာတဲ့ အချိန်တွေ မှာ ရှင်နဲ့ အ်ိပ်ချင်တယ်။ ဒါမှ မဟုတ် ညလုံးပေါက် ရှင်နဲ့စကားပြောနေမယ်။ ပြောချင် ပြောနေမယ်ပေ့ါ ကျွန်မ ဆိုလိုတာက..။ ဒါမှ မဟုတ် ရှင်နဲ့ ရုပ်ရှင် ထွက်ကြည့်မယ်။ လျှောက်လည် ကြမယ်။ ညလုံးပေါက် ကားလျှောက်မောင်းမယ်။”“မငး်အိမ်ထောင် နဲ့ ဒါတွေလုပ် လို့ရသားပဲ။”“သူ မအားဘူး။”သူ ပြောပြောပြီးပြီး ချင်း သူမ က ဆက်ပြောလိုက်တာဖြစ်တဲ့ အတွက် ရုတ်တရက် သူမ ဘာပြော လိုက်တယ် ဆိုတာ ကိုတောင် သူ မသိလိုက်ဘူး။ နောက်နည်းနည်းနေ မှ(သူ မအားဘူး) လို့ ပြောလိုက်တာပဲ လို့ နားလည်လိုက်တယ်။ မအားရအောင် ဘာလုပ်နေ လို့လဲလို့တော့ သူ မမေးလိုက် ပါဘူး။ သူ့အိမ်ထောင် က သူ့အလုပ်နဲ့ သူ သိပ်ရှုပ်တယ် ဆိုတာ သူသိ ထားတယ်။“ဒီမယ် .. ကျွန်မ တို့က လူမှုရေးဖောက်ပြန်နေတယ် လို့ ရှင်မတွေး ဘဲ တစ်ဆိတ်လောက် ကျွန်မတွေးသလို တွေး ကြည့်စမ်းပါ။ဒါဆို ရှင် ကျွန်မ ရင်ထဲမှာ ဘာတွေဖြစ်နေတယ် ဘယ်လို ခံစားနေရတယ် ဆိုတာကို ရှင် သိသွားလိမ့်မယ်။ ဘာလဲ … ကျွန်မ တို့က လူတွေဖြစ်နေတဲ့ အတွက် လူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီး ထဲမှာ လူတွေ သတ်မှတ်ထား တဲ့ စည်းကမ်းတွေကို မလိုက်နာ ဘဲ နေလို့ မရဘူး လို့ ရှင်ဆိုလို ချင်တာလား။
မလိုက်နာဘဲ ကိုယ်နေချင် သလိုရော ကိုယ့်ဟာ ကိုယ် နေလို့ မရဘူးလား။ မလိုက် နာတော့ရော ဘယ်သူ က ကျွန်မတို့ကို အသက် ဆက်ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြ သလဲ။ လိုက်နာတော့ရော ဘယ်သူက ကျွန်မတို့ကို အသက်ဆက် ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြသလဲ။”“မင်း ဘုရားသခင်ဟောခဲ့ တဲ့ အကြောင်းအရာတွေ ကို မရင်းနှီးဘူး ထင်တယ်။”
“နိုး .. ။ လူသေတွေ ရဲ့ စကားကို ကျွန်မ လက်မခံဘူး။ သူတို့ စကားတွေဟာ သူတို့ခေတ်မှာ မှန်ချင် မှန်ခဲ့လိမ့် မယ်။ ခုခေတ် မှာ လူတိုင်း အတွက် သူတို့ စကားတွေဟာမမှန်နိုင်တော့ ဘုူး။ ဆိုလိုချင် တာက ဒိတ်အောက်နေပြီ။”ဒီ မိန်းမ အတော်တော့ပြောရ ခက်တယ်။ ပြောရ ခက်ပေမယ်လို့ သူမပြောတော့ဘူး။ အခုဆွေးနွေးနေ တဲ့ ခေါင်းစဉ် ကလည်း ဘုရား သခင် ယုံကြည်ရေး မယုံကြည်ရေးမဲခွဲနေ တာ မဟုတ်ဘူး။ သူ ပြောလိုက်တယ်။“မင်းနဲ့ ကိုယ် နဲ့ကတော့ အတွေးအခေ ါ်မှာ အတော် ကပြောင်းတိ ကပြောင်းပြန်ဖြစ်နေ တာပဲ။ ကိုယ် တို့ ဆက်ညှိ လို့လည်း ရမှာမဟုတ်ဘူး။ ကိုယ့်ဘက် ကတော့ ရှင်းတယ် ။ မင်း စီးပွားရေး အရ ကုန်ပစ္စည်း နဲ့ ငွေကြေး လဲလှယ်တာ ကို မပြောဘူး။ ဒါပေမယ်လို့ မင်း အိမ်ထောင်အပေါ် မှာ အပြစ် ရှိသလို ခံစားရတဲ့ အတွက် မင်းနဲ့မပတ်သက်နိုင်တော့ ဘူး။”သူမ က တစ်ခုခု ကို သဘောကျ သလို ပြုံးတယ်။ ပြီးတော့ ရယ်တယ်။
“ကျွန်မ ကတော့ ပတ်သက် မှာ။ ရှင် နောက်တစ်ယောက် နဲ့ ပတ်သက်ချင်သေးလား။ ရတယ် ပြသနာ မရှိဘူး။ ကျွန်မ ရှင့်ဆီ ကတောင်းဆို တာက ကျွန်မ နဲ့ ညအတူ
အိပ်ပေး ဖို့။ ဒီလောက် ပဲ။ ကျန်တာ ဘာမှမလိုဘူး။”“ကိုယ့် ဘက်က ကျန်တာတွေ အားလုံးပေးနိုင်တယ် လို့ အာမ မခံနိုင်ဘူး။ ကိုယ့်အခြေ အနေ လည်း မင်းသိတဲ့ အတိုင်းပဲ။ ဒါပေမယ် လို့ သေချာတာ တစ်ခုကတော့ မင်းတောငး် ဆိုတဲ့ (ဒီလောက်ပဲ) ဆိုတဲ့ အချက် ကို ကိုယ် မလိုက်လျောနိုင်ဘူး။ ကိုယ်ပြောချင်တာက..။ ”“ကျွန်မ ဘာလုပ်ပေး ရင် လိုက်လျောနိုင်မလဲ။”
အတော် မှ အတော် ကို ခက်တဲ့ အမျိုးသမီး နဲ့ ထိပ်တိုက်ကြီး သူလာတွေ့နေတာပဲ။ သူ .. မျက်နှာကြက် ကို မော့ကြည့်ပြီး လေပြင်း တစ်ချက် မှုတ်ထုတ် လိုက်တယ်။
မျက်နှာကြက် မှာ တိမ်ပုံလေးတွေ ဆွဲထားပြီး တိမ် မရှိတဲ့ တခြားနေရာတွေ ကိုတော့ ကြက်သွေးရောင် ရယ် မိုးပြာရောင် ရယ် ခြယ်ထားတယ်။ ကြယ်ကလေးတွေလည်း ပါတယ်။
သူတို့ အိပ်ယာ နဲ့ တည့်တည့်ကြီး မှာ မှန် အကြီးကြီးတစ်ချပ် ကပ်ထားပေးတယ်။သူတို့ အတူ အိပ်ကြတဲ့ အချိန် တုန်းက ဒီမှန်ကြီး ကို သူ သတိ မထားမိဘူး။ ခု မော့လိုက်မှ
ပထမဆုံး မြင်မိတာပဲ။ မဆိုးဘူး လို့ သူတွေးလိုက်တယ်။ တစ်ချက်လောက်တော့ သူ မျက်နှာ ကြက် အပြင် အဆင်ကို ငေးနေမိသေးတယ်။ ဒါပေမယ်လို့ ငါ စကားပြောရဦးမှာ ပဲလို့ တွေးလိုက်မိ တဲ့ အတွက် သူ ခေါင်းပြန် ငုံ့ပြီး သူမ ကိုကြည့်လိုက်တယ်။“ကိုယ်တို့ လက်ထပ်ကြ မလား။ ခု လက်ရှိ မင်း အိမ်ထောင်ကို ကွာလိုက်။ ဒါဆို အလုပ်ဖြစ်ပြီ။”
သူမ ခေါင်းခါတယ်။“ကျွန်မ လိုချင်တာ ပျော်ဖို့သက်သက်ပဲ။ ပျော်ဖို့ သက်သက် တစ်ခုတည်း နဲ့တော့ ဘာကိစ္စနဲ့ ကျွန်မ အိမ်ထောင် ကို ကွာရမှာ တဲ့လဲ။ ကျွန်မ အိမ်ထောင်က ကျွန်မကို ချစ်တယ် ။ ရှင် ကျွန်မ ကို ဒီလိုချစ်နိုင် မှာ မို့လို့လား။” သေချာ တာပေါ့။ သူ ဘယ်ချစ်နိုင်မလဲ။
သူမ ကို သူ ပတ်သက်ခဲ့ တာကလည်း ချစ်လို့ မှ မဟုတ်ဘဲ။ တကယ်တမ်း မှာလည်း သူမကို သူ တစ်သက်လုံးပေါင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ခုတောင် မပေါင်း ချင်တော့ဘူး။
ဒါပေမယ် လို့ တော်တော် ခွကျတဲ့ မိန်းမ ပဲ။ ဒီလို ဆိုတော့လည်း ဟင့်အင်၊ ဟိုလိုဆိုတော့ လည်း ဟင့်အင် ။ သူ ဘာဆက်လုပ်ရမှာလဲ။ သူတို့ ဆွေးနွေးပွဲဟာ ဒီလိုပဲ လယ်တယ် လယ်တယ် ဖြစ်နေတယ်။အချိန် အတော်ကြာတဲ့ အထိ သူမ နဲ့ သူ စကား မပြောဖြစ်ဘူး။ နှစ်ယောက်လုံး ကုတင်မွေ့ ရာပေါ်မှာ ထောင့်မှန် အနေ အထားနဲ့ ထိုင်နေ မိကြတယ်။ သူ စကားပြောဖို့ သူမဘက် လှည့် လိုက်တော့ သူမ သူ့ဘက် လှည့်လာတာနဲ့ ကြုံတယ်။“မင်း အရင်ပြောပါ။” လို့ သူ က ပြောလိုက်တော့ သူမက ပြောတယ်။
“တစ်ခါတစ်လေ မှာ ကိုယ်လုပ် ချင်တာကို လုပ်နိုင် ဖို့ စည်းကမ်းတွေ ကျင့်ဝတ်တွေ ဆိုတာကို ခဏလောက် မေ့ထား သင့် မေ့ထားရတယ် ဆိုတာမျိုး ရှင်တကယ် မသိဘူးလားဟင်။”
သူမ အသံက နူးည့ံနေတယ်။ ခုနက ဂယက် ရိုက်နေလို့ ကျယ်လောင်နေ ခဲ့တဲ့ သူ့အသံက သူမ ရဲ့ နူးညံ့တဲ့ အသံ ကြောင့် ခပ်တိုးတိုးပြန်ဖြစ်သွားတယ်။သူ သက်ပြင်းချ လိုက်တယ်။
“ကိုယ် တွေးဖူး ပါတယ်။ ဒါပေမယ် လို့ ကိုယ် တို့က လူတွေဖြစ်နေတဲ့ အတွက်ကြောင့်… ”“ဘာလို့ ဒါကို ပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရ တာလဲ။ ”
သူမ ဒေါသ နဲ့ ကုတင်ပေါ်ကနေ ဝုန်း ကနဲ ခုန်ထ လိုက်တယ်။ ရုတ်တရက် ခုန်ထလိုက် တာကြောင့် သူမပေါင်ပေါ် မှာ တင်ထားတဲ့ ပိုက်ဆံအိတ်ကြမး်ပြင်ပေါ် ပြုတ် ကျသွား တယ်။ (သူမ ကတော့ သူမ ရဲ ့ ဒေါသ ကိုပဲ သတိပြုနေတဲ့ အတွက် ပိုက်ဆံအိတ် ကျသွားတဲ့ အပေါ်မှာသတိပြု မိဟန် မရှိပါဘူး။) ဒေါသထွက်နေ တဲ့ သူမ ဟာ ကုတင်ပေါ်ထိုင်နေ တဲ့ သူ့ကို ငုံ့ကြည့်နေတယ်။ သူ ဘာမှ မပြော လိုက်ဘူး။ သူမ ကိုပဲ ပြန်ကြည့်နေလိုက်တယ်။ သူမ သက်ပြင်းချတယ်။ ဒေါသတွေနဲ့ပေါ့။“ဒီအကြောင်း ကိုပဲ ခဏခဏ ဆွေးနွေးနေရတာ ပင်ပန်းပြီ လို့ ရှင် မထင်ဘူးလား။ ကျွန်မ လိုချင်တာ ကို ရှင့်ကို ပြောပြီးပြီ။ ရှင် လည်း ရှင် လိုချင်တာကို ကျွန်မကို ပြောပြီးပြီ။ ပြီးတော့ လည်း ကျွန်မ တို့ ထပ်တွေ့နေကြတာပဲ။ ဒီအပတ်ထဲ မှာတင် ဒီအကြောင်း ကို ရှင်နဲ့ ကျွန်မ ဆွေးနွေးကြတာ ခြောက်ခေါက် ရှိနေပြီ။ ရှင် ဘာလို့ ဒီအကြောင်းကို ပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရ တာလဲ။ ရှင် ရူးနေတာ လား။ ကျွန်မ မောလှပြီ။”သူ မရူးဘူးလို့ စိတ်ထဲ က ပြောလိုက်တယ်။ ဘာလို့ ရူးရမှာလဲ။ ဒီ အပတ်ထဲမှာ သူမနဲ့ ဘာ အကြောင်းမှ ကို မဆွေးနွေး ရသေးဘူး။ သူမ နဲ့ ဒီအပတ် ထဲ တွေ့တာလည်း ဒါပထမဆုံး ပဲ။ ရူးချင် ရူး သူမ ရူးနေတာလို့ သူ သတ်မှတ်လိုက် တယ်။ ဘာဆက်ပြောရမယ် ဆိုတာကိုလည်း သူမသိတော့ဘူး။ တွေးလည်း မတွေးတော့ဘူး။ မတွေးလည်း မတွေးချင်တော့ဘူး။
အခန်း ဟာ နေကျ သွားပေမယ်လို့ အပူဒဏ် ကျန်ခဲ့တာကြောင့် မတရား ပူလောင်နေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ သူမကြောင့် ပိုပြီး ပူနေတယ်(လို့ ခံစားရတယ်။) ။ သူ .. သူမကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်တယ်။မတ်တပ် အနေအထားနဲ့ သူမ ခဏရပ်နေပြီး ခဏနေတော့ သူ့နား မှာ ဖွဖွ ရရ လာထိုင် တယ် ။ သူ့ရဲ့ ဆံပင်တွေ ကို တယုတယ ပွတ်သပ်တယ်။ သူ့ရဲ့ နှုတ်ခမ်းနဲ့လည်ကုပ် ကိုရောပဲ။ပြီးတော့ သူ့နား အနား ကို ကပ်ပြီး သူမတိုးတိုးလေး ပြောတယ်။“ရှင် ဒီနေ့ ဆေးသောက်ပြီးပြီလားဟင်။”သူ ဆေးသောက် ဖို့ မလိုတော့ဘူး ဆိုတဲ့ အကြောင်း သူမ ကို မပြောလိုက်ဘူး။ နောက် တစ်ခါ ဆို ဒီလို အယူအဆ မတူ တဲ့ မိန်းမမျိုးတွေ နဲ့ ထပ်ပြီး မပတ်သက်တော့ ဖို့ သူဆုံးဖြတ် လိုက် တယ်။ သူ့ဟာ သူ မင်းသမီး မကလို့ ဘာပဲဖြစ်ဖြစ်။သူ ငြိမ််နေတာ ကို သူမ ခဏလောက်ကြည့်ပြီး ကြမ်းပြင်ပေါ် မှာ ကျနေတဲ့ သူမရဲ့ အိတ် ကို ပြန်ကောက် ယူလိုက် တယ်။ (ကြည့်ရတာ ပြန်တော့မယ့် ပုံပဲ။) ပြီးတော့ သူ့နား မှာ လာပြန် ထိုင်တယ် “ရှင် ဒီည နားဖို့ လိုအပ်နေတဲ့ ပုံပဲ။ နားလိုက်တော့နော်။ မနက်ဖြန် ည ဒီမှာပဲ ထပ်တွေ့ ကြသေး တာပေါ့။”

သူ ဘာမှ မပြောလိုက်ဘူး။ တစ်ကိုယ်လုံး ဟာ လေးလံတောင့်တင်းနေ သလို ခံစားရတယ်။ သူ အိပ်ချင်နေပြီ။သူမ သူ့ နားထင် ကို နမ်းပြီး အသာ ထထွက်သွား တာကို သိလိုက်တယ်။ ပြီးတော့ သူမ အိပ်ခန်း တံခါး ကို ချက်ခနဲမြည်အောင် ပြန်ပိတ်ပေးသွားတာ ကိုလည်း သိလိုက်တယ်။မနက်ဖြန် ည ဆိုတာ ကို သူ ရင် မခုန်ဘူး။ ရင် မခုန်တော့ဘူး။ သူ့စိတ်ထဲ မှာ အိပ်ချင် လာ တယ်။ ချက်ချင်း ဆိုသလိုပဲ သူ ကုတင်ပေါ်မှာ ပြန်ပြီး အိပ်ပျော်သွားတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...