အိမ္ေထာင္ေရးေဖာက္ျပန္မႈေၾကာင္႔ မိသားစုတစ္ခုလုံး ေလးေလာင္းျပိဳင္အသတ္ခံရ


ကေလးငယ္မ်ားအပါအဝင္ မိသားစုတစ္ခုလုံးကို သတ္ၿပီး မီးရွို႔အစေဖ်ာက္ရန္ စီစဥ္ခဲ့သူ အမ်ိဳးသမီးတစ္ဦးကို ႐ုရွားရဲအဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ Vladislav Saaya ဆိုသူအမ်ိဳးသားကို သူ႕ရဲ႕ အိမ္နီးခ်င္းေတြက မေသာက္တတ္ မစားတတ္တဲ့ စီးပြားေရးသမားတစ္ဦး၊ မိသားစုကိုလည္း ခ်စ္ခင္ၾကင္နာတတ္သူအျဖစ္ မွတ္ခ်က္ျပဳထားပါတယ္။ 
ဒါေပမယ့္ Vladislav Saaya ရဲ႕ ေနာက္ကြယ္က အိမ္ေထာင္ေရးေဖာက္ျပန္မႈကို ဘယ္သူမွ မရိပ္မိခဲ့ပါဘူး။ တစ္ရက္မွာ သူ႕ရဲ႕ဇနီးျဖစ္သူ Lilia (၃၅ ႏွစ္)နဲ႕ ကေလးေတြ အိမ္မွာ မရွိတဲ့အခ်ိန္မွာ သူ႕ရဲ႕ ခ်စ္သူ Ruzanna Shvarts (၂၅ ႏွစ္) ဟာ သူမရဲ႕ညီမ Melina (၁၉ ႏွစ္) နဲ႕အတူ အိမ္ကိုေရာက္လာခဲ့ၿပီး ခ်စ္ရည္လူးခဲ့ၾကပါတယ္။

ကံဆိုးခ်င္ေတာ့ မိန္မျဖစ္သူ Lilia က ကေလေတြကို ေက်ာင္းႀကိဳၿပီး အလုပ္ကေန အိမ္ကို ေစာေစာျပန္ေရာက္တဲ့အခ်ိန္မွာ ပက္ပင္းတိုးခဲ့ပါတယ္။ ျပႆနာအႀကီးအက်ယ္ တက္ၾကၿပီး လင္မယားႏွစ္ေယာက္လုံးကို ဓါးနဲ႕ထိုးသတ္ခဲ့တဲ့အျပင္ အသက္ ၆ ႏွစ္နဲ႕ ၄ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦးကိုလည္း ေရႏွစ္သတ္ခဲ့ၿပီး လက္စေဖ်ာက္သည့္အေနနဲ႕ အိမ္ကို မီးရွို႔ခဲ့ပါတယ္။ အခင္းျဖစ္ပြားခ်ိန္တြင္ ၁၂ ႏွစ္အ႐ြယ္ သမီးအႀကီးဆုံးတစ္ဦးသာ အျပင္သြားေနတဲ့အတြက္ မိသားစုတြင္ တစ္ဦးတည္းလြတ္ေျမာက္ခဲ့ပါတယ္။

Ruzanna Shvarts ကို ဖမ္းဆီးခဲ့ခ်ိန္မွာ သူတို႔လင္မယား ရန္ျဖစ္ေနခ်ိန္မွာ သူမကထြက္လာခဲ့ၿပီး မိသားစုကို သတ္သူမွာ သူမ၏ ညီမ Melina ျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အမႈကိုစစ္ေဆးေနဆဲျဖစ္ၿပီး Melina အေနနဲ႕ သတ္ျဖတ္ရာမွာ သူမ၏ အစ္မကို ကူညီခဲ့ေၾကာင္းေတြ႕ရွိရပါက ျပစ္ဒဏ္က်ခံရမည္ျဖစ္သည္။
Credit: popolay.com


ကလေးငယ်များအပါအဝင် မိသားစုတစ်ခုလုံးကို သတ်ပြီး မီးရှို့အစဖျောက်ရန် စီစဉ်ခဲ့သူ အမျိုးသမီးတစ်ဦးကို ရုရှားရဲအဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် Vladislav Saaya ဆိုသူအမျိုးသားကို သူ့ရဲ့ အိမ်နီးချင်းတွေက မသောက်တတ် မစားတတ်တဲ့ စီးပွားရေးသမားတစ်ဦး၊ မိသားစုကိုလည်း ချစ်ခင်ကြင်နာတတ်သူအဖြစ် မှတ်ချက်ပြုထားပါတယ်။ 
ဒါပေမယ့် Vladislav Saaya ရဲ့ နောက်ကွယ်က အိမ်ထောင်ရေးဖောက်ပြန်မှုကို ဘယ်သူမှ မရိပ်မိခဲ့ပါဘူး။ တစ်ရက်မှာ သူ့ရဲ့ဇနီးဖြစ်သူ Lilia (၃၅ နှစ်)နဲ့ ကလေးတွေ အိမ်မှာ မရှိတဲ့အချိန်မှာ သူ့ရဲ့ ချစ်သူ Ruzanna Shvarts (၂၅ နှစ်) ဟာ သူမရဲ့ညီမ Melina (၁၉ နှစ်) နဲ့အတူ အိမ်ကိုရောက်လာခဲ့ပြီး ချစ်ရည်လူးခဲ့ကြပါတယ်။

ကံဆိုးချင်တော့ မိန်မဖြစ်သူ Lilia က ကလေတွေကို ကျောင်းကြိုပြီး အလုပ်ကနေ အိမ်ကို စောစောပြန်ရောက်တဲ့အချိန်မှာ ပက်ပင်းတိုးခဲ့ပါတယ်။ ပြဿနာအကြီးအကျယ် တက်ကြပြီး လင်မယားနှစ်ယောက်လုံးကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့အပြင် အသက် ၆ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ဦးကိုလည်း ရေနှစ်သတ်ခဲ့ပြီး လက်စဖျောက်သည့်အနေနဲ့ အိမ်ကို မီးရှို့ခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်တွင် ၁၂ နှစ်အရွယ် သမီးအကြီးဆုံးတစ်ဦးသာ အပြင်သွားနေတဲ့အတွက် မိသားစုတွင် တစ်ဦးတည်းလွတ်မြောက်ခဲ့ပါတယ်။

Ruzanna Shvarts ကို ဖမ်းဆီးခဲ့ချိန်မှာ သူတို့လင်မယား ရန်ဖြစ်နေချိန်မှာ သူမကထွက်လာခဲ့ပြီး မိသားစုကို သတ်သူမှာ သူမ၏ ညီမ Melina ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ အမှုကိုစစ်ဆေးနေဆဲဖြစ်ပြီး Melina အနေနဲ့ သတ်ဖြတ်ရာမှာ သူမ၏ အစ်မကို ကူညီခဲ့ကြောင်းတွေ့ရှိရပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

Credit: popolay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...