"Oh man မင်းမမှားဘူး မှန်တယ် မှန်တယ်....
မှားတာ မိန်းမတွေ ....
တနေ့ အချစ်သစ်တွေ့လို့ / အချစ်ဟောင်းတွေ့လို့ ပေါင်းချင်ရင် ကိုယ့် မကောင်း ပြောမဲ့ ယောကျားတွေ ကို ဘယ်လိုနည်းနဲ့ ချစ်ရမှန်းမသိတဲ့ မိန်းမတွေ့ရဲ့ အမှား...
အဲဒါကြောင့် လက်ထပ်စာချုပ်မှာ " နှစ်ဦးသဘောတူလက်ထပ်ပြီးစီးခြင်း နောင်တချိန်တွင် အကြောင်းကြောင်း ကြောင့် ဤလက်ထက်ခြင်းပျက်စီးခဲ့ပါက သတို့ သမီးတဦးတည်း၏အပြစ်ကြောင့်သာ ဖြစ်ပါသည် " လို့ကြိုရေးပြီးချုပ်ရင် နှစ်ဦးနှစ်ဖက် အချိန်ကုန်တော်တော် သက်သာမယ်လို့ စဉ်းစားမိတယ်...
Ladies ဘယ်နည်းနဲ့ဘဲ ချစ်ချစ် ယူ တို့ အမြဲမှားတာ ယုံထားးး....
အဆင်ပြေတုန်းက သူ သူ့မိန်းမကိုသိပ်ချစ်တာ ဆိုတဲ့ လုပ်ရပ်တွေ အကုန်လုံး သူအချစ်သစ်တွေ့ တဲ့ အချိန်လည်းရောက်ရော သူ့မိန်းမ ဒဏ်တွေကို ဒီလို သည်းခံခဲ့ရပါတယ် ဖြစ်ရော...
ဟုတ်တယ် လေ... သူတို့ဘက်က ကြည့်ပြီးပြောမယ်နော်.... သက်သာရင်ပြီးရော မိန်းမသဘော လုပ်လိုက်တော့ မိန်းမကို ချစ်လို့ ဖြစ်ပြီး အချစ်သစ်မတွေ့ခင်စပ်ကြား မိသားစုအပေါ် သိပ်ချစ်တဲ့ သူတော်ကောင်းကြီး... ဟော အချစ်သစ်လဲတွေ့ရော သိပ်သနားစရာကောင်းတဲ့ ကူမဲ့ကယ်မဲ့သူမရှိတဲ့ အညင်းပန်းအနှိပ်စက်ခံ မေတ္တာငတ် နေတဲ့ မင်းသားလေး... win win situation...
ယောကျားတိုင်း ဖောက်ပြန်မယ် လို့ပြောတာ မဟုတ်ပါ ဖောက်ပြန်တဲ့ ယောကျားတွေ ဒီလို ဆင်ခြေတွေ ပေးတတ်လို့ အချစ်ခံရတဲ့အိမ်ထောင်သည်အမျိုးသမီးတွေကို သတိရှိစွာ နွဲ့ဆိုး ဆိုးကြပါလို့..."
Source: Kha Nge Facebook
Goe
0 comments :
Post a Comment