မိန်ကလေးငယ်ငယ်တွေသတိထားကြပါ။ နေ့ခင်းကြောင်တောင်ပုံမှားရိုက်ပြီး မိန်းမချင်းလုနည်းအသစ်ပေါ်နေပါပြီ။
အဲ့ဒါကတော့ ခပ်ကြီးကြီးခပ်တောင့်တောင့် မိန်းမနှစ်ယောက်က ခပ်တည်တည်နဲ့ ရှေ့ကပိတ်ရပ်ပြီး ကောင်မ လင်ခိုးမ ဆိုပြီး ဘုမသိဘမသိ နဲ့ ဆံပင်ဆွဲပါးရိုက်ပြီး ငါ့လင်ဆီကခြူထား တဲ့ပစ္စည်းတွေ အကုန်ပြန်ပေးဆိုပြီး လည်ပင်းကဆွဲ ထားတဲ့ဆွဲကြိုးကိုအတင်း ဖြုတ်ယူတာပါ ။
အပျို လေးဆိုတော့ရုတ်တရက် လူမှား အရိုက်ခံရတယ်ထင်ပြီး မရှင်းတတ် ပတ်ဝန်းကျင်ကကြည့်နေတော့လည်းရှက် တဘက်ကလည်း ဆဲနည်းပေါင်းစုံနဲ့ လင်ရှားနေလား ကြောင်တောင်နှိုက်ချင်တဲ့ ကောင်မ ဒါနမူနာဆိုပြီး လူကြားထဲ ပုံ မှားရိုက်ပြီး ၀တ်လာတဲ့ရွှေချွတ်ယူခံရ တာပါ။
ပတ်ဝန်းကျင်အမြင်ကြတော့လည်း လူမူ့ရေးပြသနာပဲလို့ထင်ပြီးဝင်မပါကြတာရယ် ပြီးတော့ အသက်ငယ်ငယ်နဲ့ သူများ လင်ခိုးချင် တာနေ ပစေဆိုပြီး မကူညီချင်တာရယ် ကြောင့် နေ့ခင်းကြောင်တောင်မှာတောင် မိန်းမချင်းဗြောင်လုခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပါပြီ ။
ယောက်ျားလေးဆိုရင်လည်း ကြာကူလီ ကျူပ်မိန်းမကြာခိုလို့ ဆိုတဲ့စကားသုံးပြီး တခါမှ မမြင်ဖူးမတွေ့ဖူးပါပဲ လူမူ့ရေးပြ သနာလိုလို ပါတ်ဝန်းကျင်အမြင်မှာထင်ယောင်ထင်မှား ဖြစ်အောင်ဖန်တီး ရိုက်နှက်ပြီးမှ ဗြောင်လုတဲ့ လုယက်မူ့မျိုးတွေမို့ မိမိပါတ်ဝန်းကျင်မှာအဲ့လိုမျိုးတွေ မြင်တွေ့ရရင်လုယက်မူ့ကျူးးလွန်နေတာပါလား လို့သတိထားပြီးလက်ပိုက်ကြည့်မနေပဲ ၀ိုင်းဝန်းကူညီကြပါလို့
Credit to original
0 comments :
Post a Comment