ဖွေးဖွေးရဲ့ "သမ္မတကြီးထံပေးစာ"
ပရိတ်သတ်အတွက်အနှစ်သာရရှိပြီးဇာတ်လမ်း ဇာတ်အိမ်ကောင်းတဲ့ကားများကိုသာရွေးချယ်ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့သရုပ်ဆောင်ဖွေးဖွေးက ဒါရိုက်တာဝိုင်းရိုက်ကူမည့်''သမ္မတကြီးထံပေးစာ''ဇာတ်ကားကြီးတွင်သတင်းထောက်ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်သွာမည်ဖြစ်ကြောင်းသိရပါတ
'ဖွေးအခုကာဗွန်ဒိုင်အောက်ဆိုက်ဇာတ်ကားရိုက်နေတယ်။ဇွန်လမှာကိုဝိုင်းရိုက်မဲ့သမ္မတကြီးထံပေးစာဇာတ်ကားကြီးမှာလည်းဖွေးပါဝင်မယ်။အဲ့ဒီအတွက်ပြင်ဆင်နေတယ်။ကာရိုက်တာအတွက် ကိုဝိုင်းညွှန်ကြားချက် အတိုင်း လုပ်သွားမယ်။သတင်းထောက်ဇာတ်ရုပ်ကိုသရုပ်ဆောင်ရမှာဆိုတော့ ကိုယ်တိုင်လေ့လာတယ်။အတွေ့အကြုံများတဲ့ သတင်းထောက်တွေဆီမှာလေ့လာဖို့ရှိတယ်။ဇာတ်ရုပ်နဲ့လိုက်ဖက်အောင်လေ့လာဖြစ်တာပါ။ဒီကားလေးမှာတော့ဖွေအကောင်းဆုံးပြင်ဆင်ကြိုးစားသွားမှာဖြစ်ပါတယ်'' လို့ပြောပါတယ်။
ဇာတ်ကားနာမည်ကို ဆင်ဆာအဖွဲ့က ခွင့်မပြုခဲ့တဲ့အတွက် ရိုက်ကူးဖို့ နှောင့်နှေးနေခဲ့တဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းမှာတော့ ရိုက်ကူး ဖြစ်တော့မှာပါလို့ နာမည်ကျော် ဒါရိုက်တာဝိုင်းက The Voice ကို ပြောကြားပါတယ်။
“သမ္မတကြီးထံ ပေးစာဆိုတဲ့နာမည်ကို ဆင်ဆာအနေနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ အစ်ကို ပြောချင်တာကတော့ ဆင်ဆာသည် တင်းကျပ်တည်လို့ ပြောနေကြပေမယ့် တကယ့်တကယ် အကျိုးရှိမယ် ဇာတ်လမ်းမျိုးတွေ ရိုက်မယ်ဆိုရင်တော့ ခွင့်ပြုပေးနေပါတယ်။ ဒီကားကို ဩဂုတ် (သို့) စက်တင်ဘာမှာ အစ်ကိုတို့ စရိုက်မယ်”လို့ ယင်းဇာတ်ကားနဲ့ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။
မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ဆင်ဆာဖြတ်တောက်မှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်ကာလက ဆင်ဆာ အကဲဖြတ်အဖွဲ့တွေနဲ့ အနုပညာရှင်တွေကြားမှာ အပြန်အလှန် ပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး၊ မတ်လအတွင်းမှာတော့ ဆင်ဆာအတွက် ပြန်လည် ညှိနှိုင်းဆွေးနွေးကြဦးမယ်လို့လည်း အနုပညာလောကသားတွေထံမှ သိရှိရပါတယ်။
myanmarcelewiki.com
0 comments :
Post a Comment