Gwyneth Montenegro ဟာ ထိတ္လန္႔စရာ လူဆိုးဂိုဏ္းတစ္စုရဲ႕ အၾကမ္းဖက္၊ သားမယား ျပဳက်င့္ခံခဲ့ရၿပီးေနာက္ပိုင္း အမ်ဳိးသားေတြရဲ႕ အလိုကို ျဖည့္ဆည္းေပတဲ့ အေပ်ာ္မယ္လုပ္ငန္းမွာ ၁၂ ႏွစ္ၾကာ က်င္လည္လာခဲ့သူတစ္ေယာက္ပါ။ အခုအခါမွာ ၃၉ ႏွစ္အရြယ္ ေရာက္ရွိေနၿပီျဖစ္တဲ့ သူမဟာ သူမရဲ႕ အေတြ႕အႀကံဳေတြကို စာအုပ္ထုတ္ရင္း ၂၀၁၄ ခုႏွစ္မွာ နာမည္ႀကီးလာသူလည္း ျဖစ္ပါတယ္။ သူ႕ရဲ႕အေတြ႕အႀကံဳအရ ေယာက်္ားအမ်ားစုဟာ ပံုမွန္ ခ်စ္တင္းေႏွာဖို႔နဲ႔ အျပန္အလွန္ ေျပာဆိုရတာကို အလိုရွိၾကေပမဲ့ အားလံုးကေတာ့ သူတို႔ေတြရဲ႕ ကိုယ္ပိုင္ဆက္ဆံေရးအပိုင္းမွာ အားနည္းခ်က္ ကိုယ္စီ ရွိေနၾကသူေတြ ျဖစ္တယ္လို႔ ထုတ္ေဖာ္ခဲ့ပါတယ္။
ခရစ္ယာန္ဘာသာကို ယံုၾကည္၊ ကိုင္း႐ႈိင္းတဲ့ သူမဟာ အၾကမ္းဖက္၊ မုဒိမ္းက်င့္ခံရၿပီးေနာက္ အသက္ ၂၁ ႏွစ္အရြယ္မွာ အခေၾကးေငြယူၿပီး အေပ်ာ္မယ္ဘ၀ကို စတင္ေလွ်ာက္လွမ္းခဲ့သူ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္မွာ ေဆးစြဲ၊ မူး႐ူးၿပီး ကလပ္ကေန ထြက္လာတုန္း ေျခာက္ေယာက္ ကေန ရွစ္ေယာက္ အထိ ရွိတဲ့ အမ်ဳိးသားတစ္စုရဲ႕ အႏိုင္က်င့္၊ ေစာ္ကားခံခဲ့ရမႈက သူမဘ၀ကို ေျပာင္းလဲေစခဲ့တာလို႔လည္း ဆိုပါတယ္။ သူမနဲ႔ ခ်စ္တင္းႏွီးေႏွာဖူးသူေတြထဲမွာ နာမည္ႀကီး ေရွ႕ေနေတြ၊ ႏိုင္ငံေရးသမားေတြနဲ႔ အႏုပညာ အဆိုရွင္ေတြ ပါ၀င္ၾကၿပီး အဲဒီလိုလူေတြနဲ႔ဆိုရင္ တစ္နာရီ ၀န္ေဆာင္ခ အေမရိကန္ေဒၚလာ ငါးရာ ကေန တစ္ေထာင္ အၾကား ရရွိတယ္လို႔လည္း ၀န္ခံပါတယ္။
သူမရဲ႕လုပ္ငန္းဟာ သူမကို ၀တ္ေကာင္းစားလွေတြ ၀တ္ႏိုင္ေစၿပီး ကားေကာင္း စီးႏိုင္သလို ေပ်ာ္စရာခရီးေတြလည္း ထြက္ႏိုင္ေစတယ္လို႔ သိရၿပီး “တစ္ႀကိမ္တစ္ခါေလာက္ပဲ အခေၾကးေငြ ယူၿပီး လက္ခံၾကည့္မယ္ဆိုလည္း စြန္႔လႊတ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး၊ ဒါေပမဲဲ့ ကၽြန္မရဲ႕ ခံစားမႈကိုေတာ့ ပိုင္းကန္႔ထားပါတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မ ကိုယ္တိုင္ကလည္း ရြံစရာ ဒီေလာကႀကီးမွာ သာယာေနခဲ့တာကိုး” လို႔ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းဇာတိဖြား ျဖစ္တဲ့ သူမက News.com.au ကို ေျပာပါတယ္။ ၁၂ ႏွစ္အတြင္း အမ်ဳိးသားတစ္ေသာင္းနဲ႔ အိပ္စက္ခဲ့တယ္ ဆိုတဲ့ သူမရဲ႕ေျပာစကားအရ ဆိုရင္ သူမဟာ ပ်မ္းမွ် တစ္ရက္ႏႈန္းကို အမ်ဳိးသား ၂ ဒသမ ၂၈ ေယာက္ႏႈန္းနဲ႔ အိပ္စက္ခဲ့တာလို႔လည္း ဆိုႏိုင္ပါတယ္။
တျခား အမ်ဳိးသမီးေတြကိုလည္း ဆန္႔က်င္ဘက္အေဖာ္ကို ဘယ္လိုနားလည္ေပးရမယ္ ဆိုတာ သူမက အႀကံေပးၿပီး အမ်ဳိးသားေတြ ဘာကိုလိုခ်င္တာလဲ ဆိုတာနဲ႔ပတ္သက္လို႔ေတာ့ “ကၽြန္မရဲ႕ ေဖာက္သည္တိုင္းက အလြန္အကၽြံ တဏွာ႐ူးေတြခ်ည္း မဟုတ္ၾကပါဘူး၊ သူတို႔ တကယ္ နက္နက္႐ႈိင္း႐ႈိင္း လိုအပ္ေနတာက သူတိုု႔လိုအင္တပ္မက္မႈနဲ႔ ႏွစ္ကိုယ္ၾကား ဆက္ဆံေရးကိစၥေတြမွာ အတြင္းက်က် သိရၿပီး သူတို႔ရဲ႕အေဖာ္ကို မယံုသကၤာ မရွိရဘဲ စိတ္ခ်ယံုၾကည္ရဖို႔ပါ” လို႔ ထုတ္ေဖာ္၊ ဖြင့္ဟခဲ့ပါတယ္။
Ref: Daily Mail
ေက်ာ္လင္းေအာင္
Unicode
Gwyneth Montenegro ဟာ ထိတ်လန့်စရာ လူဆိုးဂိုဏ်းတစ်စုရဲ့ အကြမ်းဖက်၊ သားမယား ပြုကျင့်ခံခဲ့ရပြီးနောက်ပိုင်း အမျိုးသားတွေရဲ့ အလိုကို ဖြည့်ဆည်းပေတဲ့ အပျော်မယ်လုပ်ငန်းမှာ ၁၂ နှစ်ကြာ ကျင်လည်လာခဲ့သူတစ်ယောက်ပါ။ အခုအခါမှာ ၃၉ နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ သူမဟာ သူမရဲ့ အတွေ့အကြုံတွေကို စာအုပ်ထုတ်ရင်း ၂၀၁၄ ခုနှစ်မှာ နာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အတွေ့အကြုံအရ ယောကျာ်းအများစုဟာ ပုံမှန် ချစ်တင်းနှောဖို့နဲ့ အပြန်အလှန် ပြောဆိုရတာကို အလိုရှိကြပေမဲ့ အားလုံးကတော့ သူတို့တွေရဲ့ ကိုယ်ပိုင်ဆက်ဆံရေးအပိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိနေကြသူတွေ ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
ခရစ်ယာန်ဘာသာကို ယုံကြည်၊ ကိုင်းရှိုင်းတဲ့ သူမဟာ အကြမ်းဖက်၊ မုဒိမ်းကျင့်ခံရပြီးနောက် အသက် ၂၁ နှစ်အရွယ်မှာ အခကြေးငွေယူပြီး အပျော်မယ်ဘဝကို စတင်လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ ဆေးစွဲ၊ မူးရူးပြီး ကလပ်ကနေ ထွက်လာတုန်း ခြောက်ယောက် ကနေ ရှစ်ယောက် အထိ ရှိတဲ့ အမျိုးသားတစ်စုရဲ့ အနိုင်ကျင့်၊ စော်ကားခံခဲ့ရမှုက သူမဘဝကို ပြောင်းလဲစေခဲ့တာလို့လည်း ဆိုပါတယ်။ သူမနဲ့ ချစ်တင်းနှီးနှောဖူးသူတွေထဲမှာ နာမည်ကြီး ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေနဲ့ အနုပညာ အဆိုရှင်တွေ ပါဝင်ကြပြီး အဲဒီလိုလူတွေနဲ့ဆိုရင် တစ်နာရီ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ငါးရာ ကနေ တစ်ထောင် အကြား ရရှိတယ်လို့လည်း ဝန်ခံပါတယ်။
သူမရဲ့လုပ်ငန်းဟာ သူမကို ဝတ်ကောင်းစားလှတွေ ဝတ်နိုင်စေပြီး ကားကောင်း စီးနိုင်သလို ပျော်စရာခရီးတွေလည်း ထွက်နိုင်စေတယ်လို့ သိရပြီး “တစ်ကြိမ်တစ်ခါလောက်ပဲ အခကြေးငွေ ယူပြီး လက်ခံကြည့်မယ်ဆိုလည်း စွန့်လွှတ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ ခံစားမှုကိုတော့ ပိုင်းကန့်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ကိုယ်တိုင်ကလည်း ရွံစရာ ဒီလောကကြီးမှာ သာယာနေခဲ့တာကိုး” လို့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းဇာတိဖွား ဖြစ်တဲ့ သူမက News.com.au ကို ပြောပါတယ်။ ၁၂ နှစ်အတွင်း အမျိုးသားတစ်သောင်းနဲ့ အိပ်စက်ခဲ့တယ် ဆိုတဲ့ သူမရဲ့ပြောစကားအရ ဆိုရင် သူမဟာ ပျမ်းမျှ တစ်ရက်နှုန်းကို အမျိုးသား ၂ ဒသမ ၂၈ ယောက်နှုန်းနဲ့ အိပ်စက်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။
တခြား အမျိုးသမီးတွေကိုလည်း ဆန့်ကျင်ဘက်အဖော်ကို ဘယ်လိုနားလည်ပေးရမယ် ဆိုတာ သူမက အကြံပေးပြီး အမျိုးသားတွေ ဘာကိုလိုချင်တာလဲ ဆိုတာနဲ့ပတ်သက်လို့တော့ “ကျွန်မရဲ့ ဖောက်သည်တိုင်းက အလွန်အကျွံ တဏှာရူးတွေချည်း မဟုတ်ကြပါဘူး၊ သူတို့ တကယ် နက်နက်ရှိုင်းရှိုင်း လိုအပ်နေတာက သူတို့လိုအင်တပ်မက်မှုနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကိစ္စတွေမှာ အတွင်းကျကျ သိရပြီး သူတို့ရဲ့အဖော်ကို မယုံသင်္ကာ မရှိရဘဲ စိတ်ချယုံကြည်ရဖို့ပါ” လို့ ထုတ်ဖော်၊ ဖွင့်ဟခဲ့ပါတယ်။
0 comments :
Post a Comment