ဦးဝီရသူ ဓမၼလား အဓမၼလား

ေရေႏြးပူပဲျဖစ္ေနဦးေတာ့
မီးျငွိမ္းလို႔ေတာ့ရေသးတယ္။
===================================
တကယ္ေတာ့ ဒီဆရာေတာ္ကိစၥ လက္ေ႐ွာင္တာ မ်ားတယ္ ...
ခုေတာ့ ေရးခ်င္စိတ္ေပါက္လို႔ေရးလိုက္ဦးမယ္ ...
ဦးဝီရသူ ကို ဓမၼလား အဓမၼလား ခြဲျခားဖို႔ လက္မွတ္ေတြေကာက္ခံသတဲ့ ...
ဒီေနရာမွာ ေမးစရာ႐ွိတာက သူတို႔က ဓမၼ အဓမၼကို ဘယ္လိုပံုစံ ဘယ္လိုစံႏႈန္းေတြ နဲ႔ ခြဲျခားတိုင္းတာမွာလဲ ...
ဆိုၾကပါစို႔ ေလာကလူ႔သဘာဝမွာဆိုရင္ ေယဘုယ်အားျဖင့္ ဥပေဒေဖာက္ဖ်က္ရင္ လူဆိုးေပါ့ ...
တရားဥပေဒအရ အေရးယူလို႔ ရတယ္ ...
ဒါေပမဲ့
" ဟာ ဒီေကာင္ ကြၽန္ေတာ့္ဖိနပ္ကို ေနာက္ကေန တက္နင္းတယ္ .. သူ႔ကို အေရးေပးပါ ... ဒီေကာင္ လူဆိုးပါ " လုပ္လို႔ေတာ့ မရဘူးေလ ...
ဓမၼ ~ အဓမၼ ခြဲျခားဖို႔ဆိုေတာ့ ဓမၼလမ္းေၾကာင္းကပဲ သြားခ်င္ၾကတယ္ထင္ပါတယ္ ...
ဓမၼ ~ အဓမၼ ျပႆနာဆိုတာ ခုမွ မဟုတ္ပါဘူး ...
အရင္ကလည္း အမ်ားႀကီးပါ ...
ေၾကာင္ပန္း ၊ လူေသလူျဖစ္ ၊ မိုးျပာ အစ႐ွိသည္ျဖင့္ေပါ့ ...
အဓမၼဝါဒေတြျဖန္႔ခ်ိတယ္ဆိုလို႔ ရဟန္းသံဃာေတြကတင္ ျဖန္႔ခ်ိတာ မဟုတ္ဘူးေနာ္ လူပုဂၢိဳလ္ေတြလည္း ပါတယ္ ...
ဥပမာ ထြန္တံုးဦးထင္ ...
ေျပာခ်င္တာက ဓမၼေၾကာင္းက သြားမယ္ဆိုရင္လည္း ကိုယ္မႀကိဳက္တာ ေဟာေျပာေနလို႔ ေဟာေျပာေနရံုနဲ႔ အဓမၼလို႔ စြပ္စြဲလို႔ မရပါဘူး ...
ဘယ္အခ်က္ ဘယ္အခ်က္ေတြက ဓမၼလမ္းေၾကာင္းကေန ေသြဖည္ေနပါတယ္ဆိုၿပီး ေစာဒကာရပါတယ္ ...
တစ္ဖက္တည္းလည္း မဟုတ္ပါဘူး ...
စြဲခ်က္တင္တဲ့ ေစာကဒါနဲ႔
ျပန္ခုခံေခ်ပမဲ့ စုဒိတကာေတြ ႏွစ္ဖက္စံုညီပါ ...
ဆံုးျဖတ္တာေတာ့ စာတတ္ေပတတ္ဝိနည္းဓိုရ္ေတြနဲ႔ ဆံုးျဖတ္ရတာပါ ...
ဝိနည္းဓိုရ္ပုဂၢိဳလ္ေတြကလည္း ထင္သလို ရမ္းသမ္းၿပီး " ဟာကြာ သူတို႔ေဟာေနတာေတြက အဓိပၸါယ္မ႐ွိပါဘူး ... ဒါ အဓမၼပဲ " လို႔ ဆံုးျဖတ္လို႔ မရဘူး ...
အဆူဆူေသာက်မ္းဂန္မ်ားနဲ႔ခ်ိန္ထိုးစစ္ေဆးညိွႏိႈင္းၿပီးမွ ဓမၼလား အဓမၼလား ဆံုးျဖတ္ၾကရတာျဖစ္ပါတယ္ ...
႐ွင္ဥကၠဌရဲ႕ " လူေသလူျဖစ္ဝါဒ" က်မ္းငယ္ေလးက လက္တစ္ဝါးေလာက္သာထူေပမဲ့ ဘယ္လိုဘယ္အခ်က္ေတြေၾကာင့္ အဓမၼဝါဒအျဖစ္ ဆံုးျဖတ္ရတယ္ဆိုတဲ့ " လူေသလူျဖစ္ဝိနိစၦယ" စာအုပ္ကေတာ့ ေခါင္းအံုးအိပ္လို႔ေတာင္ ရေလာက္ပါတယ္ ...
ေျပာခ်င္တာက အရာရာ ဓမၼလမ္းေၾကာင္းက သြားရပါတယ္ ...
ဆံုးျဖတ္တဲ့ဝိနည္းဓိုရ္ဆရာေတာ္မ်ားကလည္း ဘယ္ရဟန္း ဘယ္လူပုဂၢိဳလ္ရဲ႕မ်က္ႏွာကိုမွ မၾကည့္ဘဲနဲ႔ သာသနာ့မ်က္ႏွာတစ္ခုတည္းၾကည့္ၿပီး မ်ွတစြာဆံုးျဖတ္ၾကတာပါ ...
ခုေတာ့ ဘာေစာဒကာ ဘာအခ်က္အလက္မွ မပါဘဲ ဓမၼ အဓမၼခြဲျခားေပးဖို႔ လက္မွတ္လိုက္ေကာက္ေနတယ္ဆိုတာေတာ့ ရီစရာႀကီးပါ ...
ေခတ္အဆက္ဆက္က ဝိနိစၦယေတြျပန္ၾကည့္ရင္ ဒီလက္မွတ္ေကာက္တဲ့လုပ္ရပ္က ဘယ္ေလာက္အဓိပၸါယ္ကင္းမဲ့သလဲဆိုတာ ေတြးၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္ ...
တကယ္တန္းက် ဘာသတၱိ ဘာ ဇ မွ မ႐ွိတဲ့လူေတြပါ ...
သူတို႔တကယ္သတၱိ႐ွိရင္ ဘာလက္မွတ္မွ လိုက္ေကာက္ေနစရာမလိုပါဘူး ...
လုပ္စရာ (၃)ရပ္႐ွိပါတယ္ ...
တရားက႑ကေန အဓမၼဝါဒ ေသခ်ာရင္ အခ်က္အလက္နဲ႔ ဝိနိစၦယတင္ၾကပါ ...
တကယ္သာ အဓမၼဆိုတာ ေသခ်ာရင္ ထိုက္သင့္တဲ့အေရးယူမႈမ်ိဳးလုပ္မွာပဲ ... ဥပမာ ေၾကာင္ပန္း ...
ဝိနိစၦယအတင္ခံရတယ္ ... သူတို႔မွားမွန္းသိတဲ့အတြက္ မွားတာကို ဝန္ခံသြားပါတယ္ ...
ဆက္လည္း အဓမၼဝါဒကို မျဖန္႔ခ်ိေတာ့ဘူး ...
ေျပာရရင္ ေပ်ာ့ေပ်ာင္းတယ္ေပါ့ ...
ဓမၼစက္နဲ႔ ၿပီးသြားတယ္ ...
ဒါေပမဲ့ ႐ွင္ဥကၠဌရဲ႕ လူေသလူျဖစ္က်ေတာ့ ဒီလိုမဟုတ္ေတာ့ပါဘူး ...
သူလည္း ဝိနိစၦယအတင္ခံရတယ္ ...
အဓမၼဝါဒအျဖစ္ ဆံုးျဖတ္ခံရတယ္ ...
ဒါေပမဲ့ သူတို႔က အင္အားေတာင့္ေတာ့ ေတာ္ေတာ္နဲ႔ လက္မေလ်ွာ့ပါဘူး ... တျခားေခါင္းစဥ္ေတြေအာက္ကေန ဒီလူေသလူျဖစ္ဝါဒကို ဆက္ျဖန္႔ခ်ိပါတယ္ ...
ေနာက္ဆံုးမွာ ဓမၼစက္ မထိေရာက္ေတာ့လို႔ ၊ ဓမၼစက္နဲ႔ မႏိုင္ေတာ့လို႔ အာဏာစက္ပါ ဝင္ပါလာရတယ္ ...
ဆိုလိုတာက တကယ္သာ အဓမၼဝါဒျဖစ္ခဲ့ရင္ ဓမၼစက္ေရာ အာဏာစက္ေရာ လက္တြဲၿပီး အေရးယူခဲ့တာေတြ အမ်ားႀကီးပါ ...
ေနာက္တစ္ခ်က္
ဓမၼစက္နဲ႔ ၿငိတာ မေသခ်ာဘူး ထား ...
တည္ဆဲဥပေဒေတြ ခ်ိဳးေဖာက္ရင္ ဥပေဒလမ္းေၾကာင္းအရ သြား ၊ ထိထိေရာက္ေရာက္ အေရးယူ ...
ဘယ္ပုဒ္မ ဘယ္ဥပေဒေတြကို ခ်ိဳးေဖာက္ထားတယ္ဆိုၿပီး အခ်က္အလက္နဲ႔ တိုင္ပါ ...
တရားဥပေဒစိုးမိုးေရးကို အလြန္တရာအေလးထားတဲ့အစုိးရလက္ထက္မွာ တကယ္ျပစ္မႈထင္႐ွားရင္ ေသခ်ာေပါက္ အေရးယူမွာပါ ...
ခုေတာ့ အဲ့လိုလည္း မဟုတ္ျပန္ပါဘူး ...
ေနာက္ဆံုး ႏွစ္ခုစလံုး ၿငိတာ သက္ေသမျပႏိုင္ဘူး
ငါတို႔က ဒီကိုယ္ေတာ္ကို ေသာက္ျမင္ကိုကတ္တာဆိုလည္း
သတၱိ႐ွိ႐ွိ ေခါင္းသြား႐ိုက္ခြဲၾကေပါ့ ...
ဦးဝီရသူက ပုန္းလ်ိွဳးကြယ္လ်ိွဳးေနေနတာလည္း မဟုတ္ဘူး ...
ဘယ္သူ ဘယ္ဝါမွန္း မသိရတဲ့ fb က အေကာင့္တု တစ္ခုလည္း မဟုတ္ဘူး ...
အဲ့လိုက်ျပန္ေတာ့လည္း သတၱိမ႐ွိၾကျပန္ဘူး ...
ခုေတာ့ဗ်ာ အဲ့ဒီဆန္းဆန္းတင့္ေနတဲ့လူေတြကို နားကို မလည္ႏိုင္ေတာ့ပါဘူး ...
တကယ့္ေသာက္ဆန္းႀကီးပါ ...

https://www.facebook.com/photo.php?fbid=1096722703804570&set=a.1096722560471251.1073743115.100004005531662&type=3&theater
ရေနွေးပူပဲဖြစ်နေဦးတော့
မီးငြှိမ်းလို့တော့ရသေးတယ်။
===================================
တကယ်တော့ ဒီဆရာတော်ကိစ္စ လက်ရှောင်တာ များတယ် ...
ခုတော့ ရေးချင်စိတ်ပေါက်လို့ရေးလိုက်ဦးမယ် ...
ဦးဝီရသူ ကို ဓမ္မလား အဓမ္မလား ခွဲခြားဖို့ လက်မှတ်တွေကောက်ခံသတဲ့ ...
ဒီနေရာမှာ မေးစရာရှိတာက သူတို့က ဓမ္မ အဓမ္မကို ဘယ်လိုပုံစံ ဘယ်လိုစံနှုန်းတွေ နဲ့ ခွဲခြားတိုင်းတာမှာလဲ ...
ဆိုကြပါစို့ လောကလူ့သဘာဝမှာဆိုရင် ယေဘုယျအားဖြင့် ဥပဒေဖောက်ဖျက်ရင် လူဆိုးပေါ့ ...
တရားဥပဒေအရ အရေးယူလို့ ရတယ် ...
ဒါပေမဲ့
" ဟာ ဒီကောင် ကျွန်တော့်ဖိနပ်ကို နောက်ကနေ တက်နင်းတယ် .. သူ့ကို အရေးပေးပါ ... ဒီကောင် လူဆိုးပါ " လုပ်လို့တော့ မရဘူးလေ ...
ဓမ္မ ~ အဓမ္မ ခွဲခြားဖို့ဆိုတော့ ဓမ္မလမ်းကြောင်းကပဲ သွားချင်ကြတယ်ထင်ပါတယ် ...
ဓမ္မ ~ အဓမ္မ ပြဿနာဆိုတာ ခုမှ မဟုတ်ပါဘူး ...
အရင်ကလည်း အများကြီးပါ ...
ကြောင်ပန်း ၊ လူသေလူဖြစ် ၊ မိုးပြာ အစရှိသည်ဖြင့်ပေါ့ ...
အဓမ္မဝါဒတွေဖြန့်ချိတယ်ဆိုလို့ ရဟန်းသံဃာတွေကတင် ဖြန့်ချိတာ မဟုတ်ဘူးနော် လူပုဂ္ဂိုလ်တွေလည်း ပါတယ် ...
ဥပမာ ထွန်တုံးဦးထင် ...
ပြောချင်တာက ဓမ္မကြောင်းက သွားမယ်ဆိုရင်လည်း ကိုယ်မကြိုက်တာ ဟောပြောနေလို့ ဟောပြောနေရုံနဲ့ အဓမ္မလို့ စွပ်စွဲလို့ မရပါဘူး ...
ဘယ်အချက် ဘယ်အချက်တွေက ဓမ္မလမ်းကြောင်းကနေ သွေဖည်နေပါတယ်ဆိုပြီး စောဒကာရပါတယ် ...
တစ်ဖက်တည်းလည်း မဟုတ်ပါဘူး ...
စွဲချက်တင်တဲ့ စောကဒါနဲ့
ပြန်ခုခံချေပမဲ့ စုဒိတကာတွေ နှစ်ဖက်စုံညီပါ ...
ဆုံးဖြတ်တာတော့ စာတတ်ပေတတ်ဝိနည်းဓိုရ်တွေနဲ့ ဆုံးဖြတ်ရတာပါ ...
ဝိနည်းဓိုရ်ပုဂ္ဂိုလ်တွေကလည်း ထင်သလို ရမ်းသမ်းပြီး " ဟာကွာ သူတို့ဟောနေတာတွေက အဓိပ္ပါယ်မရှိပါဘူး ... ဒါ အဓမ္မပဲ " လို့ ဆုံးဖြတ်လို့ မရဘူး ...
အဆူဆူသောကျမ်းဂန်များနဲ့ချိန်ထိုးစစ်ဆေးညှိနှိုင်းပြီးမှ ဓမ္မလား အဓမ္မလား ဆုံးဖြတ်ကြရတာဖြစ်ပါတယ် ...
ရှင်ဥက္ကဌရဲ့ " လူသေလူဖြစ်ဝါဒ" ကျမ်းငယ်လေးက လက်တစ်ဝါးလောက်သာထူပေမဲ့ ဘယ်လိုဘယ်အချက်တွေကြောင့် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ရတယ်ဆိုတဲ့ " လူသေလူဖြစ်ဝိနိစ္ဆယ" စာအုပ်ကတော့ ခေါင်းအုံးအိပ်လို့တောင် ရလောက်ပါတယ် ...
ပြောချင်တာက အရာရာ ဓမ္မလမ်းကြောင်းက သွားရပါတယ် ...
ဆုံးဖြတ်တဲ့ဝိနည်းဓိုရ်ဆရာတော်များကလည်း ဘယ်ရဟန်း ဘယ်လူပုဂ္ဂိုလ်ရဲ့မျက်နှာကိုမှ မကြည့်ဘဲနဲ့ သာသနာ့မျက်နှာတစ်ခုတည်းကြည့်ပြီး မျှတစွာဆုံးဖြတ်ကြတာပါ ...
ခုတော့ ဘာစောဒကာ ဘာအချက်အလက်မှ မပါဘဲ ဓမ္မ အဓမ္မခွဲခြားပေးဖို့ လက်မှတ်လိုက်ကောက်နေတယ်ဆိုတာတော့ ရီစရာကြီးပါ ...
ခေတ်အဆက်ဆက်က ဝိနိစ္ဆယတွေပြန်ကြည့်ရင် ဒီလက်မှတ်ကောက်တဲ့လုပ်ရပ်က ဘယ်လောက်အဓိပ္ပါယ်ကင်းမဲ့သလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ် ...
တကယ်တန်းကျ ဘာသတ္တိ ဘာ ဇ မှ မရှိတဲ့လူတွေပါ ...
သူတို့တကယ်သတ္တိရှိရင် ဘာလက်မှတ်မှ လိုက်ကောက်နေစရာမလိုပါဘူး ...
လုပ်စရာ (၃)ရပ်ရှိပါတယ် ...
တရားကဏ္ဍကနေ အဓမ္မဝါဒ သေချာရင် အချက်အလက်နဲ့ ဝိနိစ္ဆယတင်ကြပါ ...
တကယ်သာ အဓမ္မဆိုတာ သေချာရင် ထိုက်သင့်တဲ့အရေးယူမှုမျိုးလုပ်မှာပဲ ... ဥပမာ ကြောင်ပန်း ...
ဝိနိစ္ဆယအတင်ခံရတယ် ... သူတို့မှားမှန်းသိတဲ့အတွက် မှားတာကို ဝန်ခံသွားပါတယ် ...
ဆက်လည်း အဓမ္မဝါဒကို မဖြန့်ချိတော့ဘူး ...
ပြောရရင် ပျော့ပျောင်းတယ်ပေါ့ ...
ဓမ္မစက်နဲ့ ပြီးသွားတယ် ...
ဒါပေမဲ့ ရှင်ဥက္ကဌရဲ့ လူသေလူဖြစ်ကျတော့ ဒီလိုမဟုတ်တော့ပါဘူး ...
သူလည်း ဝိနိစ္ဆယအတင်ခံရတယ် ...
အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခံရတယ် ...
ဒါပေမဲ့ သူတို့က အင်အားတောင့်တော့ တော်တော်နဲ့ လက်မလျှော့ပါဘူး ... တခြားခေါင်းစဉ်တွေအောက်ကနေ ဒီလူသေလူဖြစ်ဝါဒကို ဆက်ဖြန့်ချိပါတယ် ...
နောက်ဆုံးမှာ ဓမ္မစက် မထိရောက်တော့လို့ ၊ ဓမ္မစက်နဲ့ မနိုင်တော့လို့ အာဏာစက်ပါ ဝင်ပါလာရတယ် ...
ဆိုလိုတာက တကယ်သာ အဓမ္မဝါဒဖြစ်ခဲ့ရင် ဓမ္မစက်ရော အာဏာစက်ရော လက်တွဲပြီး အရေးယူခဲ့တာတွေ အများကြီးပါ ...
နောက်တစ်ချက်
ဓမ္မစက်နဲ့ ငြိတာ မသေချာဘူး ထား ...
တည်ဆဲဥပဒေတွေ ချိုးဖောက်ရင် ဥပဒေလမ်းကြောင်းအရ သွား ၊ ထိထိရောက်ရောက် အရေးယူ ...
ဘယ်ပုဒ်မ ဘယ်ဥပဒေတွေကို ချိုးဖောက်ထားတယ်ဆိုပြီး အချက်အလက်နဲ့ တိုင်ပါ ...
တရားဥပဒေစိုးမိုးရေးကို အလွန်တရာအလေးထားတဲ့အစိုးရလက်ထက်မှာ တကယ်ပြစ်မှုထင်ရှားရင် သေချာပေါက် အရေးယူမှာပါ ...
ခုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ...
နောက်ဆုံး နှစ်ခုစလုံး ငြိတာ သက်သေမပြနိုင်ဘူး
ငါတို့က ဒီကိုယ်တော်ကို သောက်မြင်ကိုကတ်တာဆိုလည်း
သတ္တိရှိရှိ ခေါင်းသွားရိုက်ခွဲကြပေါ့ ...
ဦးဝီရသူက ပုန်းလျိှုးကွယ်လျိှုးနေနေတာလည်း မဟုတ်ဘူး ...
ဘယ်သူ ဘယ်ဝါမှန်း မသိရတဲ့ fb က အကောင့်တု တစ်ခုလည်း မဟုတ်ဘူး ...
အဲ့လိုကျပြန်တော့လည်း သတ္တိမရှိကြပြန်ဘူး ...
ခုတော့ဗျာ အဲ့ဒီဆန်းဆန်းတင့်နေတဲ့လူတွေကို နားကို မလည်နိုင်တော့ပါဘူး ...
တကယ့်သောက်ဆန်းကြီးပါ ...

https://www.facebook.com/photo.php?fbid=1096722703804570&set=a.1096722560471251.1073743115.100004005531662&type=3&theater

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...