အရှက်လုံရုံ တိပ်အမည်းများပတ်သည့် အမျိုးသမီးများဖက်ရှင် ရေပန်းစား


အဝတ်အစားမဝတ်ဘဲ အရှက်လုံနိုင်မယ့် နေရာလေးတွေသာ တိပ်အမည်းတွေပတ်ပြီး ကလပ်မှာ ကနေကြတဲ့ အမျိုးသမီးတွေရဲ့ဖက်ရှင်ဟာ ရေပန်းစားကျော်ကြားနေပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ဂျိုးအယ်လ်ဗာရက်စ်လို့ခေါ်တဲ့ အမျိုးသားတဦးက အမည်းရောင်တိပ်စီမံကိန်းလို့ ခေါ်တဲ့ “အနုပညာ” လုပ်ငန်းတခုကို စတင်လုပ်ဆောင်ခဲ့တာပါ။

သူရဲ့စိတ်ကူးက ရိုးရိုးလေးဖြစ်ပြီး ဘာအဝတ်အစားမှ မဝတ်ထားတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ အရှက်လုံရုံ တိပ်အမည်းတွေနဲ့ဖုံးပြီး ဖက်ရှင်တီထွင်ကာ ကလပ်မှာ ကကြတာပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဒီဖက်ရှင်က ကျော်ကြားလာပြီး အနက်ရောင်တိပ် ပရောဂျက်ကို အင်စတာဂရမ်မှာ ထောက်ခံသူ ၂ သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

ဂျိုးကလည်း သူ့ရဲ့အနုပညာကို “စိတ်ကူးကောင်းတဲ့ စိတ်လှုပ်ရှားဖွယ်အမြင်ရှိတဲ့ သရုပ်ပြမှုအဖြစ်” ညွှန်းဆိုလိုက်ပြီး ကမ္ဘာအနှံ့က ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ်လို့ ပြောပါတယ်။

မီယာမီအခြေစိုက် ဖက်ရှင်ဒီဇိုင်နာတဦးက အိမ်သုံးပစ္စည်းတွေနဲ့ လူသားရဲ့ ခန္ဓာကိုယ်အလှကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ဖက်ရှင်လို့ ပြောပါတယ်။

ခုချိန်မှာ ကုမ္ပဏီတခုအဖြစ် တည်ထောင်ထားတဲ့ အမည်းရောင်တိပ်ပရောဂျက်လုပ်ငန်းက လက်စ်ဗီးဂက်စ်၊ နယူးယော့ခ်၊ ကရစ်ဘီယမ်နဲ့ ဥရောပနိုင်ငံတချို့ကို သွားရောက်လုပ်ကိုင်ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ယူကေမှာလည်း တချို့လူတွေ ကြိုက်နိုင်တဲ့အတွက် အလုပ်ဖြစ်နိုင်တယ်လို့ မေရာရဲ့ မေလ ၁၅ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

Credit: DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...