
အင်္ဂလန်နိုင်ငံတွင် စားဖိုမှူးတစ်ဦးဖြစ်သူ မစ်စမစ် (Mike Smith)ဟာ ကမ္ဘာအစပ်ဆုံး ငရုတ်သီးမျိုးတစ်ခုကို မျိုးစပ်စိုက်ပျိုးခဲ့ပြီး စပ်လွန်းတဲ့အတွက် နဂါးထွက်သက်လို့ အမည်ပြောင်ပေးခဲ့ပါတယ်။ဒီငရုတ်သီးဟာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချဖို့ရည်ရွယ်ပြီးစိုက်ပျိုးခဲ့တာဖြစ်ပြီး ငရုတ်သီးက ထွက်တဲ့ အဆီဟာ ပြင်းထန်လွန်းတဲ့အတွက် အရေပြားကိုတို့လိုက်ရင် ထုံကျင်သွားပြီး မေ့ဆေးထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ် လို့သိရပါတယ်။
ဝေးလ်ပြည်နယ် မြောက်ပိုင်း စိန့် အဆက်ပ်မြို့တွင်နေထိုင်တဲ့ မစ်စမစ်ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ငရုတ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနေသူတစ်ယောက်လည်းဖြစ်တယ် လို့သိရပါတယ်။
ဒီငရုတ်သီးဟာ စကိုဗီလီ အတိုင်းအတာ (Scoville scale)တွင် ၂.၄၈ m အထိရှိခဲ့ပြီး အရမ်းပူလွန်းတဲ့အတွက် ငရုတ်သီးကို စားမိသူတစ်ယောက်ဟာ သေဆုံးနိုင်တယ်လို့ဆိုပါတယ်။(Scoville scale ဟာ ၁၉၁၂ ခုနှစ်က ၀ီလ်ဘာ စကိုဗီလီဆိုသူ ဓာတုဗေဒ ပညာရှင်ကိုဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပြီး ငရုတ်သီးများရဲ့ အစပ်ပြင်းထန်မှု အတိုင်းအတာကို ဖော်ပြတဲ့ အတိုင်းအတာ တစ်ခုဖြစ်ပါတယ်။)အမေရိကန် စစ်တပ်မှာ အသုံးပြုနေတဲ့ ငရုတ်ကောင်း စပရေးများဟာ Scoville scale ၂ m အထိစပ်တယ် လို့သိရပါတယ်။
အသက် ၅၃ နှစ်ရှိသူ စမစ်ကတော့ ” ကျွန်တော် ဒီငရုတ်သီးကိုတော့ တစ်ခါမှ စမ်းမစားကြည့်ဖူးပါဘူး။ဒါပေမဲ့ နဂါးထွက်သက် ငရုတ်သီး နည်းနည်းကို လျှာပေါ်တင်ကြည့်တဲ့ အခါမှာ မီးလောင်သွားသကဲ့သို့ ခံစားခဲ့ရပြီး ၁၀ စက္ကန့်လောင်အထိ ပူလောင်နေခဲ့ပါတယ်။နဂါးထွက်သက် ငရုတ်ဆီ တစ်စက်ခန့်ကို ရေတစ်ပုလင်းနဲ့ ရောလိုက်ရင်တောင် ၂.၄၈ m လောက်ရှိပါတယ်။ကျွန်တော်ဟာ ဒီငရုတ်သီးကို နော်တမ်ဟမ် ထရန့် တက္ကသိုလ် (Nottingham Trent University) နဲ့ ပူးပေါင်းတီထွင်စိုက်ပျိုးခဲ့တာဖြစ်ပြီး လူအများစုက မေ့ဆေးနဲ့ ဓာတ်မတည့်ကြတဲ့အတွက် ဆေးဘက်ဆိုင်ရာ အသုံးပြုနိုင်ဖို့ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။အရေပြားပေါ် ငရုတ်ဆီ အနည်းငယ်လောက်ချလိုက်ရုံနဲ့ လူတစ်ယောက်ဟာ ထုံသွားမှာ ဖြစ်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
ဒီငရုတ်သီးကို မေ့ဆေးကို ငွေကြေးမတတ်နိုင်၍ မ၀ယ်နိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ မေ့ဆေးနဲ့ ဓာတ်မတည့်တဲ့ သူများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားတယ် လို့သိရပြီး နဂါးထွက်သက်ငရုတ်သီးရဲ့ အနံ့ဟာ ပြင်းထန်လွန်းတဲ့အတွက် အလုံပိတ် ဘူးနဲ့သိမ်းထားရတယ် လို့သိရပါတယ်။ဒီ နဂါးထွက်သက် ငရုတ်ပင်ကို May ၂၃ ကနေ ၂၇ ရက်အတွင်း ချဲဆီးလ်မြို့မှာ ပြုလုပ်သွားမဲ့ ပန်းမာလ်ပြပွဲတော်မှာ ခင်းကျင်းပြသသွားမှာ ဖြစ်တယ် လို့သိရပါတယ်။
Shwemom
0 comments :
Post a Comment